အထွေထွေညီလာခံ
ယခု ကျွန်ုပ်မြင်လေပြီ
အောက်တိုဘာ ၂၀၂၅ အထွေထွေညီလာခံ


17:23

ယခု ကျွန်ုပ်မြင်လေပြီ

မော်မုန်ကျမ်းရဲ့ ကျွန်တော့်ဘဝအပေါ် သက်‌‌‌ရောက်မှုကတော့ မျက်စိကန်းသူရဲ့ မျက်လုံးတွေပေါ်မှာ တံတွေးနဲ့ ရွှံ့စေးလိမ်းကျံခြင်းထက် မလျော့တဲ့အံ့ဖွယ်အမှုဖြစ်ပါတယ်။

ရိုးသားဖြောင့်မတ်တဲ့ချစ်ခြင်းမေတ္တာဖြင့်၊ ကျွန်တော်တို့အားလုံးက ဥက္ကဋ္ဌ အုတ်ခ်စ်ရဲ့ ချီးကျူးဂုဏ်ပြုခြင်းလို ဥက္ကဋ္ဌ ရပ်ဆဲလ် အမ်၊ နယ်လ်ဆင်ရဲ့ ကွယ်လွန်ခြင်းအပေါ် အလားတူလုပ်ဆောင်ကြပါတယ်။ တူညီသောချစ်ခြင်းမေတ္တာနဲ့နက်ရှိုင်းသောပူဆွေးခြင်းများဖြင့်၊ မကြာသေးခင်က မီချီဂန်မှာ ဖြစ်ပျက်ခဲ့ပြီး ကမ္ဘာတစ်ဝှမ်းမှာ နေ့တိုင်းလိုလိုဖြစ်ပျက်နေတဲ့ ကံဆိုးမိုးမှောင်ကျမှုတွေကို ကျွန်တော်တို့အားလုံး သတိတရရှိနေပါတယ်။ ကျွန်တော်တို့က သခင်ယေရှုခရစ်တော်၌ ချစ်ခြင်းမေတ္တာနဲ့ယုံကြည်ခြင်းအားဖြင့် အဲဒီအရာတွေကို သတိတရရှိနေပါတယ်။

ရှင်ယောဟန်ခရစ်ဝင်အခန်းကြီး ကိုးမှာ ယေရှုနဲ့ သူ့ရဲ့တပည့်တော်တွေက အမိဝမ်းတွင်းကပင်မျက်စိကန်းနေတဲ့ တောင်းစားသူတစ်ယောက်အနားကနေ ဖြတ်သွားကြတဲ့အတွေ့အကြုံကို မှတ်တမ်းတင်ထားပါတယ်။ အဲဒီအခါ တပည့်တော်တွေက ယေရှုကို၊ ဒီလူရဲ့ ချို့ယွင်းချက် မူလဇစ်မြစ်နဲ့ရောဂါဖြစ်လာပုံအကြောင်း ဘာသာရေးဆိုင်ရာရှုပ်ထွေးတဲ့ မေးခွန်းတွေမေးခဲ့ကြပါတယ်။ သခင်က အလွန်ရိုးရှင်းပြီး အလွန်အံ့သြဖွယ်ကောင်းတဲ့ အရာကိုပြုလုပ်ခြင်းဖြင့် ပြန်ဖြေခဲ့ပါတယ်။ ကိုယ်တော်က မြေကြီးထဲကို တံတွေးထွေးပြီး ရွှံ့စေးအနည်းငယ်ကို ရောမွှေလိုက်ပါတယ်။ ပြီးတော့ အဲဒီရွှံ့ကို မျက်စိကန်းတဲ့သူရဲ့ မျက်လုံးတွေပေါ်မှာ လိမ်းကျံပေးလိုက်ပါတယ်၊ ရှိလောင်ရေကန်မှာဆေးကြောဖို့ သူ့ကိုကိုယ်တော်က ညွှန်ကြားခဲ့ပါတယ်။ မျက်စိမမြင်ရတဲ့သူက ဒီအရာအားလုံးကို နာခံစွာလုပ်ဆောင်ခဲ့ပြီး “မျက်​စိ​မြင်​လျက်ပြန်[​သွား]လေ၏၊”လို့ ကျမ်းစာက ဆိုထားပါတယ်။ အမှန်တရားကိုဆန့်ကျင်တဲ့ အာသီသတွေ ဒါမှမဟုတ် အငြင်းပွားမှုတွေ ဒါမှမဟုတ် မလိုမုန်းထားမှုတွေနဲ့ ဆန့်ကျင်ကွဲပြားစွာ၊ သက်သေအထောက်အထားဟာ အင်မတန်အရေးကြီးပါတယ်။

ကောင်းပါပြီ၊ ဒီအလွန်တရာအံ့ဩဖွယ်အမှုကြောင့် သူတို့ရဲ့ရှိသယောင်ယူဆထားတဲ့အာဏာအပေါ် ယေရှုရဲ့ယခင်ရှိပြီးသားခြိမ်းခြောက်မှု ထပ်တိုးလာမှာကိုကြောက်တဲ့၊ ကယ်တင်ရှင်ရဲ့ ရန်သူတွေက မျက်စိပြန်မြင်ရသူ ရှေ့မှာရပ်ကာ “[ယေရှု]သည် လူဆိုးဖြစ်ကြောင်းကို ငါတို့သိ၏” လို့ ဒေါသထွက်ပြီး ပြောခဲ့ကြပါတယ်။ အဲဒီလူက ခဏလောက် နားထောင်ပြီးတော့မှ၊ “လူဆိုးဖြစ်သည် … ၊ ကို အကျွန်ုပ်မသိ၊ [သို့သော်]အကျွန်ုပ်သည် အထက်ကမျက်စိကန်း၍ ယခုမျက်စိမြင်သည် အကြောင်းတစ်ခု ကို အကျွန်ုပ်[အမှန်]သိသည်”လို့ ပြောခဲ့ပါတယ်။

ယေရှုက ဒီပြောင်းလဲသွားမှုအတွက် ပထမဆုံးအနက်အဓိပ္ပါယ်ကို ပေးခဲ့ပါတယ်၊ သူ့ရဲ့ တပည့်တော်တွေကို “ဘုရားသခင်၏အမှုတော်ကို ထင်ရှားစေမည့်အကြောင်း”ကြောင့် ဒီလိုဖြစ်လာခဲ့တယ်လို့ မိန့်တော်မူခဲ့ပါတယ်။ ဒီဇာတ်လမ်းထဲမှာ ကယ်တင်ရှင်ရဲ့ လုပ်ဆောင်မှုကို မျက်စိကန်းသောသူရဲ့ မျက်လုံးတွေကို “လူးခြင်း”လို့ နှစ်ကြိမ်တိုင်တိုင် ရည်ညွှန်းခဲ့တာကို သတိရပါ၊ ဒါဟာ ဆေးကြောခြင်းနဲ့ ပြီးဆုံးရမယ့် လုပ်ဆောင်မှုတစ်ခုပါ။ “ဘုရားသခင်၏ အမှုတော်ကို ထင်ရှားစေ[ခြင်း]”ဆိုတဲ့ ဒီဖော်ပြချက်က ဘိသိက်မင်္ဂလာဆောင်ရွက်ခြင်းကို ညွှန်းဆိုနေတာဖြစ်နိုင်ပါတယ်။

ဒီမှာထင်ရှားတဲ့ အမှန်တရားနောက်တစ်ခုကတော့ ကောင်းကင်နဲ့မြေကြီးရဲ့ ဖန်ဆင်းရှင် အသုံးပြုခဲ့တဲ့ တန်ဆာပလာတွေဖြစ်ပြီး ဒီအလွန်တရာအံ့ဖွယ်ဩဖွယ်အမှုကိုပြုဖို့ အသုံးပြုခဲ့သမျှဟာ တံတွေးနဲ့ လက်တစ်ဆုပ်စာမြေကြီးပဲ ဖြစ်ပါတယ်။ ဒီလို ဖြစ်နိုင်ခြေအလွန်နည်းတဲ့ ပါဝင်ပစ္စည်းတွေက ဘုရားသခင်ဟာ သူရွေးချယ်တဲ့ ဘာနည်းလမ်းနဲ့ပဲဖြစ်ဖြစ် ကျွန်တော်တို့ကို ကောင်းချီးပေးနိုင်ကြောင်း ထင်ရှားစေပါတယ်။ ယော်ဒန်မြစ်ကို ဆန့်ကျင်တဲ့ နေမန်လိုမျိုး ဒါမှမဟုတ် တိုင်ပေါ်က မြွေကို ကြည့်ရှုဖို့ ငြင်းဆန်ကြတဲ့ ဣသရေလအမျိုးသားတွေလိုမျိုးပေါ့၊ ပါဝင်ပစ္စည်းတွေနဲ့ တန်ဆာပလာတွေက အလွန့်အလွန်ရိုးရှင်းပုံပေါ်တာကြောင့် ရွေးနုတ်ခြင်းရဲ့ အရင်းအမြစ်ကို ပယ်ချဖို့ ဘယ်လောက်လွယ်ကူလိုက်ပါသလဲ။

ဒါပေမယ့် မော်မုန်ကျမ်း၌ တချို့အရာတွေဟာ ရှင်းလင်း၍အဖိုးထိုက်တယ် ဆိုတာသတိရပါ။ ယေရှုရဲ့ မွေးဖွားခြင်းမတိုင်ခင်မှာ၊ “ပမာဏပြုစရာ အဆင်းတင့်တယ်ခြင်းမရှိ။ ချစ်လိုဘွယ်သော မျက်နှာလက္ခဏာနှင့် မပြည့်စုံ” လို့ပရောဖက်ပြုဟောခဲ့ကြသလိုမျိုးပါပဲ။ ဘုရားသခင်ဟာ သူ့ရဲ့ကြီးမြတ်တဲ့သတင်းစကားကို အသစ်ခန့်အပ်ထားတဲ့ အလွန်ထက်သန်သောလူမှုသက်သာရေးအဖွဲ့ ဥက္ကဋ္ဌ ဒါမှမဟုတ် နယူးယောက်ရဲ့ မွေးမြူရေးခြံက စာမတတ်တဲ့ကောင်လေး ဒါမှမဟုတ် အသစ်စက်စက် သာသနာပြုအသစ်တစ်ဦး ဒါမှမဟုတ် နွားစားခွက်ထဲက ကလေးငယ်မှတဆင့် ဘယ်နှကြိမ်လောက် ပေးပို့ခဲ့ပြီးပါပြီလဲ။

ဒါဆိုရင် ကျွန်တော်တို့ဆုတောင်းချက်တွေရဲ့ အဖြေတွေက ရိုးရိုးရှင်းရှင်း ဒါမှမဟုတ် ရှုပ်ထွေးတဲ့နည်းလမ်းတွေနဲ့ ရောက်လာရင်ရော ဘာလုပ်ကြပါမလဲ။ တံတွေးနဲ့ ရွှံ့စေး ဘယ်လောက်ပဲလိုအပ်ပါစေ၊ ကျွန်တော်တို့ဟာ ခရစ်တော်ရဲ့ဧဝံဂေလိတရားတော်မှာ ဆက်လက်ကြိုးစားနေထိုင်ဖို့ ဆန္ဒရှိကြပါသလား။ ဘာကိုလုပ်နေလဲ ဒါမှမဟုတ် ဘာကြောင့်လဲဆိုတာ ကျွန်တော်တို့အတွက် အမြဲမရှင်းလင်းနိုင်ဘဲဖြစ်ပြီးတော့၊ ခဏခဏဆိုသလို “ကိုယ်တော်ရှင်၊ ဖုံးကွယ်ထားတာမရှိတဲ့ ကောင်းချီးတစ်ခုကို မရနိုင်ဘူးလားရှင့်” လို့ ပြောတဲ့ သက်ကြီးညီအစ်မတစ်ယောက်လိုမျိုး ကျွန်တော်တို့အားလုံး အနည်းငယ်ခံစားရပါလိမ့်မယ်။

နောက်သမ္မာတရားတစ်ခုရဲ့ အထောက်အထားကို စဥ်းစားကြည့်ပါ၊ ဒီတစ်ခုကတော့ သန့်ရှင်းမြင့်မြတ်တဲ့ ယဇ်ပု‌ရောဟိတ်အခွင့်နဲ့ ပတ်သက်ပါတယ်။ ကိုယ်တော်ရှင်ရဲ့ကိုယ်ပိုင်အသင်းတော်ဖွဲ့စည်းခြင်းကို မှတ်တမ်းတင်ရာမှာ၊ ရှင်လုကာရဲ့ ပထမဆုံးစာကြောင်းက၊ “တစ်​ကျိပ်​နှစ်​ပါး​သော တ​ပည့်​တော်​တို့​ကို စု​ဝေး​စေ​တော်​မူ​ပြီး​မှ၊ တန်​ခိုး​နှင့်အ​ခွင့်​တန်​ခိုး​ကို ပေး​တော်​မူ၏”လို့ ဖတ်ရပါတယ်၊ ဒီဆုကျေးဇူးတွေကို ထင်ရှားတဲ့ အရည်အချင်းတွေအပေါ် အခြေခံပြီး ပေးတာမဟုတ်သလို ထုံးတမ်းစဉ်လာ ဒါမှမဟုတ် မွေးရာပါအခွင့်အရေးအရ ဆုံးဖြတ်ပြီးပေးတာလည်း မဟုတ်ပါဘူး။ ၎င်းတို့ကို ဘာသာရေးပညာစာသင်ကျောင်း ဒါမှမဟုတ် ဓမ္မသင်တန်းတစ်ခုက ချီးမြှင့်ပေးတာလည်း မဟုတ်ပါဘူး။ ၎င်းတို့ကို မြင့်မြတ်တဲ့အခွင့်အာဏာအားလုံးရဲ့ အရင်းအမြစ်ဖြစ်တဲ့၊ သခင်ယေရှုခရစ်တော်ထံမှစ၍ စဉ်ဆက်မပြတ် လက်တင်ပြီးအခွင့်အာဏာရှိထားသူတစ်ဦးရဲ့ လက်တင်ပေးခြင်းအားဖြင့်သာ အပ်နှင်းပါတယ်။

ပြီးတော့ ကရုဏာတရားရဲ့ဆုကျေးဇူးကို နားလည်သဘောပေါက်တဲ့ အသင်းတော်တစ်ခုမှာ၊ ဒီကောင်းချီးတွေနဲ့ ပဋိညာဉ်တွေဟာ ကွယ်လွန်သွားတဲ့ ကျွန်တော်တို့ရဲ့ဆွေမျိုးတွေ၊ ကျွန်တော့်တို့ထက်အရင် ကွယ်လွန်သွားတဲ့ ကျွန်တော်တို့ရဲ့မိသားစုတွေဆီကို ရောက်သွားတာကို မြင်ရမယ်ဆိုရင် ထိုအသင်းတော်ရဲ့ မှန်ကန်ခြင်းအတွက် နောက်ထပ်အံ့သြစရာကောင်းတဲ့ အထောက်အထားတစ်ခုဖြစ်လိမ့်မယ်မဟုတ်ပါလားခင်ဗျာ။ သူတို့ဟာ ဧဝံဂေလိတရားတော်ကို သိရှိခွင့်မရခဲ့တဲ့အတွက် ဒါမှမဟုတ် မြင့်မြတ်တဲ့ဘိသိက်မင်္ဂလာတွေနဲ့ ပဋိညာဉ်တွေ မရနိုင်တဲ့ အချိန် ဒါမှမဟုတ် နေရာမှာ မွေးဖွားလာခဲ့ရတဲ့အတွက် သူတို့ကို အပြစ်ပေးသင့်ပါသလား။ ယေရှုခရစ်တော်၏‌နောက်ပိုင်းကာလသန့်ရှင်းသူများအသင်းတော်မှာ ဒီကွယ်လွန်သူတွေအတွက် ကရုဏာတော်ပြည့်ဝတဲ့၊ ကယ်တင်ခြင်းဆိုင်ရာအမှုတော်တွေကို နေ့ရောညပါ တစ်ဆင့်ခံပြုလုပ်ပေးနိုင်တဲ့ ကိုယ်တော်ရှင်ရဲ့ သန့်ရှင်းမြင့်မြတ်ပြီး ဆပ်ကပ်ထားတဲ့ အိမ်တော်တွေရှိတဲ့အပြင်၊ အသက်ရှင်သူတွေအတွက်လည်း ဝတ်ပြုကိုးကွယ်ခွင့်တွေနဲ့ ဘိသိက်မင်္ဂလာတွေကိုပေးနေတဲ့ အသင်းတော်တစ်ခုဖြစ်ပါတယ်။ ကျွန်တော်သိသလောက်ဆိုရင်၊ အသက်ရှင်သူတွေနဲ့ သေသူတွေအတွက်ပါ ဘုရားသခင်ရဲ့ အနန္တချစ်ခြင်းမေတ္တာဖြစ်တဲ့၊ ဒီလိုသီးခြားအထောက်အထားကို ကမ္ဘာပေါ်က ဘယ်နေရာမှာမှ မမြင်ရနိုင်ပါဘူး။ သမ္မာတရားတော်ကို သရုပ်ဖော်နေတဲ့ အသင်းတော်တစ်ခုမှလွဲရင်ပေါ့။ ဒါကတော့ ယေရှုခရစ်တော်ရဲ့နောက်ပိုင်းကာလသန့်ရှင်းသူများအသင်းတော်ဖြစ်ပါတယ်။

စစ်မှန်တဲ့သမ္မာတရားရဲ့အထောက်အထားနဲ့အတူ ကျွန်တော်ရဲ့ ပထမဆုံးအမြင်အာရုံကိုပေးတဲ့၊ အသက်တာကိုပေးတဲ့ ကြုံတွေ့ရခြင်းက ရွှံ့စေးလူးပေးခြင်းနဲ့လာတာမဟုတ်ခဲ့သလို ရှိလောင်ရေကန်ကလာတာလည်း မဟုတ်ခဲ့ပါဘူး။ မဟုတ်ပါဘူး၊ ကိုယ်တော်ရှင်ထံမှ ကျွန်တော့်ကိုကုသပေးခြင်းကို ဆောင်ယူခဲ့တဲ့ ကိရိယာကတော့ စာအုပ်တစ်အုပ်ထဲကစာမျက်နှာတွေနဲ့လာပါတယ်။ ဟုတ်ပါတယ်၊ မော်မုန်ကျမ်း၊ ယေရှုခရစ်တော်အကြောင်း အခြားသောသက်သေခံချက်ဖြစ်ပါတယ်။ ဒီစာအုပ်အကြောင်း ပြောဆိုချက်တွေဟာ မယုံကြည်သူတွေရဲ့ တိုက်ခိုက်မှုနဲ့ ပယ်ချမှုကို ရင်ဆိုင်ခဲ့ရပါတယ်၊ ဒီစိတ်ဆိုးမှုဟာ မျက်စိပြန်မြင်ရသူ ကြုံခဲ့ဖူးတဲ့အရာတွေကို မဖြစ်နိုင်ကြောင်း ပြောခဲ့ကြတဲ့သူတွေရဲ့ မနာလိုဝန်တိုမှုနဲ့ မကြာခဏသွားတူနေပါတယ်။

လူတွေက စိတ်ဆိုးစွာနဲ့၊ ဒီစာအုပ်ဖြစ်လာတဲ့ နည်းလမ်းတွေဟာ လက်တွေ့မကျဘူး၊ မယုံနိုင်ဖွယ်မရှိဘူး၊ ရှက်ဖွယ်ကောင်းတယ်၊ မသန့်ရှင်းဘူးလို့တောင် ကျွန်တော့်ကို ပြောကြပါတယ်။ အခုဆိုရင်၊ ဒီလိုစကားတွေက ဒီစာအုပ်ရဲ့ ဖြစ်ပေါ်လာခြင်းကိုသိသယောင်ယူဆနေတဲ့ လူတိုင်းဆီကလာတဲ့ ပြင်းထန်တဲ့အသုံးအနှုန်းတွေဖြစ်ပါတယ်။ ထိုအရာများနဲ့ ပတ်သက်တဲ့တစ်ခုတည်းသောဖော်ပြချက်ကတော့ ဒီကျမ်းကို “ဘုရားသခင်၏ဆုကျေးဇူးနှင့် တန်ခိုးတော်” အားဖြင့် ဘာသာပြန်ထားခဲ့ခြင်းဖြစ်တယ်ဆိုတာပါပဲ။ အဲတာဟုတ်ပါတယ်။ ဒါအကုန်ပါပဲ။ ကိစ္စရပ်တိုင်းမှာ၊ မော်မုန်ကျမ်းရဲ့ ကျွန်တော့်ဘဝအပေါ် သက်‌‌‌ရောက်မှုကတော့ မျက်စိကန်းသူရဲ့ မျက်လုံးတွေပေါ်မှာ တံတွေးနဲ့ ရွှံ့စေးလိမ်းကျံခြင်းထက် မလျော့တဲ့အံ့ဖွယ်အမှုဖြစ်ပါတယ်။ မော်မုန်ကျမ်းဟာ၊ ကျွန်တော့်အတွက်တော့၊ ကျွန်တော့်စိတ်ဝိညာဉ်ရဲ့ဘေးကင်းလုံခြုံမှုသံတန်းတစ်ခု၊ ထူးကဲသာလွန်ပြီးထိုးထွင်းသိမြင်နိုင်တဲ့ ဗျာဒိတ်တော်ရဲ့အလင်း၊ အမှောင်ထုလာတဲ့အခါ ကျွန်‌တော်လျှောက်ရမယ့်လမ်းကို အလင်းပေးတဲ့ဆီမီး ဖြစ်နေခဲ့ပါတယ်။ ပြီးတော့ အမှောင်ထုဟာ သေချာပေါက်ရှိနေသလို၊ သေချာပေါက် ရောက်လာဦးမှာဖြစ်ပါတယ်။

ကျွန်တော့်ကယ်တင်ရှင်ရဲ့ အနန္တချစ်ခြင်းမေတ္တာနဲ့ ရွေးနုတ်တဲ့ကျေးဇူးတော်အကြောင်း ကျွန်တော့်ကို နားလည်စေတဲ့ဒီစာအုပ်ကြောင့်၊ အသစ်စက်စက်ကောင်းချီးပေးခံရတဲ့သူရဲ့ မိဘတွေက သူတို့သား “အသက်အရွယ်နှင့်ပြည့်စုံ”တာကြောင့် သူတို့သားပြောတာကို နားထောင်သင့်ကြောင်းပြောခဲ့သလို ဒီမှာလည်း ခိုင်လုံသော ကျွန်တော့်သက်သေခံချက်ကို သင်တို့နဲ့မျှဝေချင်ပါတယ်ခင်ဗျာ။ ဟုတ်ပါတယ်၊ ကျွန်တော်လည်း‌ အဲလိုပါပဲ။ သူ့ကိုလေးလေးစားစား နားထောင်ပေး‌ဖို့ အရွယ်ရောက်နေပြီဖြစ်တယ်လို့၊ သူတို့က အကြံပြုခဲ့ကြပါတယ်။ ဟုတ်ပါတယ်၊ ကျွန်တော်လည်း‌ အဲလိုပါပဲ။ ကျွန်တော့်ရဲ့ ၈၅ နှစ်ပြည့် မွေးနေ့ရောက်ဖို့ နှစ်လလောက်ပဲ လိုပါတော့တယ်။ ကျွန်တော်ဟာ သေခြင်းတရားရဲ့နှုတ်ခမ်းဝကိုရောက်ခဲ့ပြီး ပြန်လာခဲ့ဖူးပါတယ်။ ကျွန်တော်ဟာ ဘုရင်တွေ၊ ပရောဖက်တွေ၊ ဥက္ကဋ္ဌတွေ၊ တမန်တော်တွေနဲ့အတူ လျှောက်လှမ်းခဲ့ဖူးပါတယ်။ အကောင်းဆုံးအနေနဲ့၊ ကျွန်တော်ဟာ အခါအားလျော်စွာ ဘုရားသခင်ရဲ့ သန့်ရှင်းသောဝိညာဉ်တော်လွှမ်းမိုးမှု ခံခဲ့ရပါတယ်။ ကျွန်တော့်ရဲ့ သက်သေခံချက်ဟာ အနည်းဆုံး ဒီနေရာမှာ အလေးထားမှုအနည်းငယ်ရရှိသင့်တယ်လို့ ယုံကြည်ပါတယ်။

ယခုဆိုရင်၊ ညီအစ်ကိုမောင်နှမများခင်ဗျာ၊ ယေရှုခရစ်တော်၏နောက်ပိုင်းကာလသန့်ရှင်းသူများအသင်းတော်ဟာ ဓမ္မသစ်အသင်းတော်ရဲ့ စစ်မှန်တဲ့ပြန်လည်ဆောင်ယူခြင်းနဲ့—ထို့ထက်ပိုတဲ့—အသင်းတော်ဖြစ်ကြောင်း ကျွန်တော့်ရဲ့ စိတ်နှလုံးအပြည့်နဲ့ လက်ခံယုံကြည်လာခဲ့ပါတယ်၊ ဘာလို့လဲဆိုတော့ ထိုပြန်လည်ဆောင်ယူခြင်းရဲ့ အထောက်အထားကို ကျွန်တော်မငြင်းဆိုနိုင်လို့ပဲဖြစ်ပါတယ်။ အဲဒီပထမဆုံး အတွေ့အကြုံတွေကတည်းကစပြီး၊ ဒီနေ့အထိ ကျွန်တော်ပြောခဲ့တဲ့အရာတွေဟာ မှန်ကန်တယ်ဆိုတဲ့ အခြား အထောက်အထားတစ်ထောင်—တစ်သောင်းလောက် ကျွန်တော့်မှာရှိခဲ့တယ်လို့ ကျွန်တော်ယူဆပါတယ်။ ဒါကြောင့် ယေရုရှလင်မြို့လမ်းမပေါ်က ဝပ်တွားလျက်ရှိတဲ့ကျွန်တော့်မိတ်ဆွေနဲ့ပူးပေါင်းရတာ အခု ကျွန်တော် အရမ်းဝမ်းမြောက်မိပါတယ်၊ ကျွန်တော့်ရဲ့ အားနည်းနေတဲ့အသံနဲ့ပဲ သီချင်းသီဆိုလိုက်ပါတယ်၊

အံ့ဖွယ်ကျေးဇူး—ချိုမြိန်လွန်းလှ—

ကျွန်ုပ်အား ကယ်တင်ပြီ။

လမ်းပျောက်သော်လည်း၊ တွေ့ရှိခံရ၊

မမြင်၊ ယခုမြင်ပြီ။

ယေရှုခရစ်တော်၏နာမတော်၌၊ အာမင်။

မှတ်စုများ

  1. ရှု ရှင်ယောဟန် ၉:၁-၇

  2. ရှု ရှင်ယောဟန် ၉:၁၃–၂၅

  3. ရှင်ယောဟန် ၉:၃

  4. ရှု ရှင်ယောဟန် ၉:၆-၁၁

  5. ရှင်ယောဟန် ၉:၃

  6. ရှု ၄ ဓမ္မရာဇဝင် ၅:၁-၁၅

  7. ရှု တောလည်ရာ ၂၁:၄–၉၁ နီဖိုင်း ၁၇:၄၁အယ်လမာ ၃၃:၁၈–၂၂

  8. ဟေရှာယအနာဂတ္တိကျမ်း ၅၃:၂

  9. ရှင်လုကာ ၉:၁

  10. သြမနိ ၁:၂၀၊ လည်းရှု သြဝါဒနှင့် ပဋိညာဥ်များကျမ်း ၂၀:၃၅

  11. ရှင်ယောဟန် ၉:၂၃

  12. Amazing Grace,” Hymns—For Home and Church, ဧဝံဂေလိစာကြည့်တိုက်။