အထွေထွေညီလာခံ
သေခြင်းရှိရာအသက်တာအတွက်မြင့်မြတ်သောအကူအညီများ
ဧပြီလ ၂၀၂၅ အထွေထွေညီလာခံ


14:41

သေခြင်းရှိရာအသက်တာအတွက်မြင့်မြတ်သောအကူအညီများ

ကောင်းကင်ဘုံရှင်အဘရဲ့အစီအစဉ်က ကျွန်တော်တို့ရဲ့သေခြင်းရှိရာခရီးစဉ်များတစ်လျှောက် ကျွန်တော်တို့ကို လမ်းညွှန်ပေးရန် အကူအညီတွေကို ပံ့ပိုးပေးထားပါတယ်။

၁။

ပရောဖက်ဂျိုးဇက်စမစ်အားဖြင့်၊ ကိုယ်တော်ရှင်ဟာ ကျွန်တော်တို့ရဲ့မြေကြီးသားမတိုင်မီ အသက်တာအကြောင်းအချို့ကို ဖော်ပြခဲ့ပါတယ်။ အဲဒီမှာ ကျွန်တော်တို့ဟာ ဘုရားသခင်ရဲ့ ဝိညာဉ်သားသမီးတွေအဖြစ် တည်ရှိခဲ့ကြပါတယ်။ ဘုရားသခင်ဟာ သူရဲ့သားသမီးတွေ တိုးတက်လာစေဖို့ ကူညီပေးလိုတာကြောင့်၊ ကျွန်တော်တို့ ခန္ဓာကိုယ်ရရှိနိုင်၊ အတွေ့အကြုံမှတစ်ဆင့် သင်ယူနိုင်၊ မြင့်မြတ်တဲ့ဂုဏ်ရည်တွေ ပျိုးထောင်နိုင်ပြီး၊ ဘုရားသခင်ရဲ့ပညတ်တော်တွေကို ကျွန်တော်တို့စောင့်ထိန်းခြင်းရှိမရှိ စမ်းသပ်ခံနိုင်ဖို့ ကမ္ဘာမြေတစ်ခုကို ဖန်ဆင်းရန် ဆုံးဖြတ်ခဲ့ပါတယ်။ အရည်အချင်းပြည့်မီသူတွေဟာ “ဘုန်းတော်ကို သူတို့၏ဦးခေါင်းများပေါ်၌ ထပ်လောင်း၍ ကာလအစဉ်အဆက် အမြဲရရှိကြ”ပါလိမ့်မယ် (အာဗြဟံ ၃:၂၆)။

ဒီမြင့်မြတ်တဲ့အစီအစဉ်ရဲ့ လိုအပ်ချက်တွေ အခြေခိုင်ဖို့အတွက်၊ ဘုရားသခင်ဟာ သူရဲ့တစ်ပါးတည်းသောသားတော်ကို ကျွန်တော်တို့ရဲ့ ကယ်တင်ရှင်အဖြစ် ရွေးချယ်ခဲ့ပါတယ်။ လူသားရဲ့ရွေးချယ်ပြုမူနိုင်ခွင့်ကို ဖျက်ဆီးပစ်မယ်လို့ အစားထိုးအကြံပြုခဲ့တဲ့ လူစီဖာဟာ၊ စာတန်ဖြစ်လာပြီး “ပစ်ချ” ခံခဲ့ရပါတယ်။ မြေကြီးပေါ်သို့ ပြည်နှင်ဒဏ်ခံရပြီး သေခြင်းရှိတဲ့အသက်တာရဲ့အခွင့်ထူးကို ငြင်းပယ်ခဲ့တဲ့၊ စာတန်ဟာ “လူသားတို့ကို လှည့်စားရန်နှင့် အလင်းကွယ်စေရန်၊ ထို့အတူ များနိုင်သမျှ များစွာသောသူတို့ကို [ဘုရားသခင်၏] အသံကို စေ့စေ့နားမထောင်လိုကြသည့် တိုင်အောင်ပင် သူ၏အလိုအတိုင်း ချုပ်နှောင်ခြင်းသို့ ပို့ဆောင်ရန်” ကြိုးပမ်းဖို့ အခွင့်ပေးခံခဲ့ရပါတယ် (မောရှေ ၄:၄)။

ကိုယ်တော့်သားသမီးတွေရဲ့ သေခြင်းရှိရာမှာ တိုးတက်မှုအတွက် ဘုရားသခင်ရဲ့ကြီးမြတ်တဲ့အစီအစဉ်တွင် အခြေခံလိုအပ်ချက်ကတော့ “ခပ်သိမ်းသောအရာ၌ရှိတဲ့ ဆန့်ကျင်ဘက်” ကို တွေ့ကြုံခံစားရဖို့ဖြစ်ပါတယ် (၂ နီဖိုင်း ၂:၁၁)။ ဆွဲငင်အားနိယာမကိုဆန့်ကျင်၍ အားစိုက်ထုတ်ခြင်းမရှိဘဲ ကျွန်တော်တို့ရဲ့ ကာယကြွက်သားတွေဟာ ဖွံ့ဖြိုးပြီး ထိန်းသိမ်းထားနိုင်မှာမဟုတ်သလို၊ သေခြင်းရှိရာမှာတိုးတက်မှုတွင်လည်း လူသားဟာ စာတန်ရဲ့သွေးဆောင်ဖြားယောင်းခြင်းတွေနဲ့ တခြားသေခြင်းရှိရာဆန့်ကျင်ဘက်အမျိုးမျိုးကို ဆန့်ကျင်ပြီးအားစိုက်ထုတ်ဖို့ လိုအပ်ပါတယ်။ ဝိညာဉ်ရေးရာတိုးတက်မှုအတွက် အရေးကြီးဆုံးကတော့ အကောင်းအဆိုးကို ရွေးချယ်ဖို့ လိုအပ်ချက်ပဲဖြစ်ပါတယ်။ ကောင်းမှုတွေကို ရွေးချယ်တဲ့သူတွေဟာ သူတို့ရဲ့ထာဝရကြမ္မာဆီသို့ တိုးတက်လာကြပါလိမ့်မယ်။ သေခြင်းရှိရာ သွေးဆောင်မှုအမျိုးမျိုးမှာ အားလုံးပြုလုပ်ကြသလို—မကောင်းမှုတွေကို ရွေးချယ်တဲ့သူတွေဟာ ချစ်သောဘုရားသခင်ပံ့ပိုးပေးဖို့ ရည်ရွယ်ထားတဲ့၊—မြင့်မြတ်တဲ့အကူအညီကို လိုအပ်ကြပါလိမ့်မယ်။

၂။

အဖိုးအခပေးဖို့ ဒုက္ခဝေဒနာခံစားတော်မူပြီး နောင်တရတဲ့အပြစ်တွေအတွက် ခွင့်လွှတ်ပေးတော်မူမယ့်၊ ကယ်တင်ရှင် ယေရှုခရစ်တော်ကို ပေးခြင်းဟာ ဘုရားသခင်ရဲ့ အထက်မြက်ဆုံးသေခြင်းရှိရာအကူအညီဆိုတာ အသေအချာပဲ ဖြစ်ပါတယ်။ ကိုယ်တော်ရှင်ယေရှုခရစ်တော်၌ ယုံကြည်ခြင်းဟာ ဧဝံဂေလိရဲ့ ပထမအခြေခံသဘောတရားဖြစ်ရတဲ့အကြောင်းရင်းကို ကရုဏာကြီးပြီး အသရေတင့်တဲ့ ထိုအပြစ်ဖြေခြင်းက ရှင်းပြပေးထားပါတယ်။ ကိုယ်တော်ရဲ့အပြစ်ဖြေခြင်းဟာ “သေသူတို့၏ရှင်ပြန်ထမြောက်ခြင်းကိုလည်း ဖြစ်ပေါ်စေခြင်း”(အယ်လမာ ၄၂:၂၃)နဲ့“လောကီသားတို့၏အပြစ်များအတွက် အပြစ်ဖြေတော်မူခြင်း” (အယ်လမာ ၃၄:၈)ဖြင့်၊ ကျွန်တော်တို့ရဲ့ နောင်တရတဲ့ အပြစ်ခပ်သိမ်းကို ပယ်ဖျက်ပေးပြီး သေခြင်းရှိရာ အနာရောဂါဝေဒနာတွေမှ မစရန် ကိုယ်တော်ရှင်အား တန်ခိုးတော်ကိုပေးပါတယ်။

ကယ်တင်ရှင် ယေရှုခရစ်တော်။

ကောင်းကင်ဘုံရှိ ချစ်သောအဘရဲ့အစီအစဉ်ဟာ၊ ကျူးလွန်ခဲ့တဲ့အပြစ်တွေကို အသရေတင့်တဲ့ ပယ်ဖျက်ခြင်းနဲ့ ခွင့်လွှတ်ခံရခြင်းတို့အပြင်၊ အစကတည်းက အပြစ်ကျူးလွန်ခြင်းမှကာကွယ်ခြင်း အပါအဝင် ကျွန်တော်တို့ကို ကာကွယ်ရန် အခြားဆုကျေးဇူးများစွာကို ပံ့ပိုးပေးထားပါတယ်။ ကျွန်တော်တို့ရဲ့သေခြင်းရှိရာအသက်တာဟာ အမြဲအမိအဖတို့ဖြင့် စတင်ပါတယ်။ အကောင်းဆုံးကတော့၊ မိဘနှစ်ဦးစလုံးဟာ ကျွန်တော်တို့ရဲ့တိုးတက်မှုကို လမ်းညွှန်ပေးဖို့ မတူညီတဲ့ဆုကျေးဇူးတွေနဲ့ ရှိနေကြပါတယ်။ အဲလိုမဟုတ်ရင်တော့၊ သူတို့ရဲ့ဖြစ်တည်ခြင်းလှစ်ဟာမှုက ကျွန်တော်တို့ ကျော်လွှားရမယ့်အခက်အခဲရဲ့ အစိတ်အပိုင်း ဖြစ်သွားမှာပါ။

၃။

ကောင်းကင်ဘုံရှင်အဘရဲ့အစီအစဉ်က ကျွန်တော်တို့ရဲ့သေခြင်းရှိရာခရီးစဉ်များ တစ်လျှောက် ကျွန်တော်တို့ကို လမ်းညွှန်ပေးဖို့ အခြားအကူအညီတွေကို ပံ့ပိုးပေးထားပါတယ်။ အဲတာတွေထဲမှ လေးခုကို ကျွန်တော်ပြောပြပါမယ်။ ဒီအကူအညီတွေဟာ တစ်ခုနဲ့တစ်ခုနှီးနွှယ်နေတာကြောင့် ကျေးဇူးပြုပြီး ကျွန်တော်ပြောတဲ့ နံပါတ်အရေအတွက်လေးခုကို မကိုင်ဆွဲထားပါနဲ့နော်။ ဒါ့အပြင်၊ အကူအညီတွေသာမက အခြားကရုဏာပြည့် အကာအကွယ်တွေလည်း ရှိနေသေးလို့ပါ။

ပထမ၊ ခရစ်တော်ရဲ့အလင်း သို့မဟုတ် ဝိညာဉ်တော်အကြောင်း ကျွန်တော် ပြောပါမယ်။ မော်ရော်နိုင်းကျမ်းရှိ သူရဲ့ကြီးမြတ်တဲ့သွန်သင်ချက်မှာ၊ မော်ရော်နိုင်းက “ခရစ်တော်၏ဝိညာဉ်တော်ကို လူတိုင်းကိုပေးထားသည်မှာ၊ အကောင်းနှင့်အဆိုးကို ခွဲခြား၍သိနိုင်စေခြင်းငှာ ဖြစ်၏” (မော်ရော်နိုင်း ၇:၁၆)ဟုဆိုပြီး သူ့အဘကို ကိုးကားထားပါတယ်။ မျက်မှောက်ခေတ် ဗျာဒိတ်တော်တွေမှာလည်း ဒီတူညီတဲ့သွန်သင်ချက်ကို ကျွန်တော်တို့ဖတ်ရပါတယ်။

“ဝိညာဉ်တော်သည် လောကထဲသို့ ဝင်လာသူတိုင်းအား အလင်းကို ပေးတော်မူ၏။ ဝိညာဉ်တော်၏အသံကို စေ့စေ့နားထောင်သည့်သူများတည်းဟူသော လောကတစ်လျှောက်၌ရှိသူတိုင်းကို ဝိညာဉ်တော်သည် အလင်းသို့ရောက်စေ၏” (ဩဝါဒနှင့်ပဋိညာဉ်များ ၈၄:၄၆)။

တဖန်၊ “အကြောင်းမူကား၊ နှိမ့်ချ၍ ကြေကွဲသောသူတို့အား အလင်းသို့ ရောက်စေရန်၊ ထို့အတူ ဘုရားမဲ့ နေသော သူတို့အား ပြစ်ဒဏ်ချမှတ်ခြင်းသို့ ရောက်စေရန် ငါ၏ဝိညာဉ်တော်ကို လောကထဲသို့ စေလွှတ်ထား၏” (ဩဝါဒနှင့်ပဋိညာဉ်များ ၁၃၆:၃၃)။

ဥက္ကဋ္ဌ ဂျိုးဇက် ဖီးလ်ဒင်း စမစ်က ဒီကျမ်းစာတွေကို အခုလိုရှင်းပြခဲ့ပါတယ်၊ “ကိုယ်တော်ရှင်သည် လူသားများကို (ဤလောကသို့ မွေးဖွားလာသည့်အခါ) အလင်းနှင့် သမ္မာတရားကိုရှာတွေ့ရန် အကူအညီမဲ့ စမ်းတဝါးဝါး မထားထားဘဲ၊ လူတိုင်းသည် …ခရစ်တော်၏ဝိညာဉ်တော် သို့မဟုတ် သမ္မာတရားအလင်း၏ လမ်းညွှန်မှု၊ ညွှန်ကြားချက်၊ အကြံဉာဏ်တို့ကိုရရှိခွင့်ဖြင့် မွေးဖွားလာကြပါသည်။”

ကျမ်းစာများကို လေ့လာခြင်း။

ဖြောင့်မတ်တာကို ရွေးချယ်နိုင်ဖို့ ကိုယ်တော်ရှင်ပေးထားတဲ့ ဒုတိယကြီးမားတဲ့အကူအညီတွေကတော့ ကယ်တင်ခြင်းအစီအစဉ် (ပျော်ရွှင်မှုအစီအစဉ်)ရဲ့ အစိတ်အပိုင်းအဖြစ်ကျမ်းစာပါ မြင့်မြတ်တဲ့အတွဲလိုက် လမ်းညွှန်မှုတွေပဲ ဖြစ်ပါတယ်။ ဒီလမ်းညွှန်မှုတွေကတော့ ပညတ်တော်တွေ၊ ဘိသိက်မင်္ဂလာတွေနဲ့၊ ပဋိညာဉ်တွေပဲဖြစ်ပါတယ်။

ပညတ်တော်တွေက ထာဝရအသက်သို့တိုးတက်ဖို့ ကျွန်တော်တို့အတွက် ကောင်းကင်ဘုံရှင်အဘ ချမှတ်ထားတဲ့လမ်းကြောင်းလို့ အဓိပ္ပါယ်ရပါတယ်။ ပညတ်တော်တွေဆိုတာ ဘယ်သူ့ကိုအပြစ်ပေးရမလဲလို့ ဘုရားသခင်ဆုံးဖြတ်တဲ့နည်းလမ်းအဖြစ် ထင်မှတ်ကြတဲ့သူတွေဟာ ဘုရားသခင်ရဲ့ ချစ်ခြင်းပျော်ရွှင်မှုအစီအစဉ်ရဲ့ ရည်ရွယ်ချက်ကို နားလည်ကြမှာမဟုတ်ပါဘူး။ အဲဒီလမ်းကြောင်းပေါ်မှာ၊ ကယ်တင်ရှင်နဲ့ လိုအပ်တဲ့ဆက်ဆံရေးကို ကျွန်တော်တို့တဖြည်းဖြည်းရရှိနိုင်ကြပါတယ်၊ ပြီးတော့ ကျွန်တော်တို့အားလုံးအတွက် ဘုရားသခင်အလိုရှိတဲ့ ပန်းတိုင်ဆီသွားတဲ့လမ်းမှာ ကျွန်တော်တို့ကိုကူညီဖို့အတွက် ကိုယ်တော်ရဲ့တန်ခိုးတော်တိုးမြှင့်ရန် အရည်အချင်းပြည့်မီလာကြပါတယ်။ ကျွန်တော်တို့ရဲ့ကောင်းကင်ဘုံရှင်အဘဟာ သူရဲ့သားသမီးအားလုံးကို ဘုရားသခင်နဲ့ ကယ်တင်ရှင်စံမြန်းရာ ဆီလက်ရှယ်လ်နိုင်ငံတော်သို့ ပြန်လာစေလိုပြီး၊ အဲဒီ ဆီလက်ရှယ်လ်ဘုန်းအသရေမှာ နေထိုင်သူတွေရဲ့ အသက်တာမျိုးကို ရရှိစေလိုပါတယ်။

ဘိသိက်မင်္ဂလာတွေ နဲ့ ပဋိညာဉ်တွေ ဟာ ထာဝရအသက်တာလမ်းကို ပို့ဆောင်ပေးတဲ့ ပညတ်တရားရဲ့ အစိတ်အပိုင်းဖြစ်ပါတယ်။ ဘိသိက်မင်္ဂလာတွေနဲ့၊ ၎င်းတို့ကတစ်ဆင့် ဘုရားသခင်နဲ့ပြုလုပ်တဲ့ မြင့်မြတ်တဲ့ပဋိညာဉ်တွေဟာ အဲဒီလမ်းကြောင်းတစ်လျှောက် လိုအပ်တဲ့ခြေလှမ်းတွေနဲ့လက်ရန်းတွေဖြစ်ပါတယ်။ ပညတ်တော်တချို့ကို စောင့်ထိန်းမယ်လို့ ကြိုတင်ကတိပြုပြီး အဲဒီကတိတွေကို စောင့်ထိန်းတဲ့သူတွေကို ဘုရားသခင်ရဲ့အစီအစဉ်အရ ကိုယ်တော်ရဲ့အမြင့်မြတ်ဆုံးကောင်းချီးတွေ ပေးထားတယ်ဆိုတာ ဖော်ပြတဲ့အနေနဲ့ ပဋိညာဉ်တွေရဲ့ အခန်းကဏ္ဍကို ကျွန်တော်စဉ်းစားချင်မိပါတယ်။

မှန်ကန်တဲ့ရွေးချယ်မှုတွေပြုလုပ်ဖို့ ဘုရားသခင်ပေးတဲ့အခြားအကူအညီတွေကတော့ သန့်ရှင်းသောဝိညာဉ်တော်ရဲ့ ထင်ရှားစွာပြတော်မူခြင်းတွေပဲဖြစ်ပါတယ်။ သန့်ရှင်းသောဝိညာဉ်တော်ဟာ ဘုရားသခင်ဖြစ်တည်မှုရဲ့ တတိယမြောက်အဖွဲ့ဝင်ဖြစ်ပါတယ်။ ကျမ်းစာမှာ အဓိပ္ပာယ်ဖွင့်ထားတဲ့၊ သူရဲ့တာဝန်ကတော့၊ အဘနဲ့သားတော်အကြောင်း သက်သေခံဖို့၊ ကျွန်တော်တို့ကို သွန်သင်ပေးဖို့၊ ခပ်​သိမ်း​သော​အ​ရာ​တို့​ကို မှတ်​မိစေ​ဖို့နဲ့ ခပ်​သိမ်း​သောသ​မ္မာ​တ​ရား​သို့ ကျွန်တော်တို့အား လမ်းညွှန်ပေးဖို့ဖြစ်ပါတယ်။ မော်မုန်ကျမ်းရဲ့ စစ်မှန်မှုနဲ့ပတ်သက်တဲ့ စုံစမ်းမေးမြန်းမှုတစ်ခုကိုတုံ့ပြန်တဲ့ ဝိညာဉ်ရေးရာသက်သေခံချက်ကဲ့သို့၊ သန့်ရှင်းသောဝိညာဉ်တော်၏ ထင်ရှားစွာပြတော်မူခြင်းရဲ့ မှတ်တမ်းများစွာ ကျမ်းစာတွေထဲမှာ ပါဝင်ပါတယ်။ ထင်ရှားစွာပြတော်မူခြင်းကို ဗတ္တိဇံခံပြီးနောက်အပ်နှင်းတဲ့၊ သန့်ရှင်းသောဝိညာဉ်တော် ဆုကျေးဇူးနဲ့ မရောထွေးသင့်ပါဘူး။

သူရဲ့သစ္စာရှိသားသမီးတွေအတွက် ဘုရားသခင်ရဲ့အရေးအပါဆုံးအကူအညီတစ်ခုကတော့ သန့်ရှင်းသောဝိညာဉ်တော်ဆုကျေးဇူးဖြစ်ပါတယ်။ နောင်တရပြီး ရေဖြင့်ဗတ္တိဇံခံပြီးနောက် တရားဝင်အပ်နှင်းပေးတယ်ဆိုတဲ့အချက်ဟာ အဲဒီ ဆုကျေးဇူးရဲ့အရေးပါမှုကို ထင်ရှားပေါ်လွင်စေပါတယ်၊ “ထို့နောက်တွင်၊ မီးဖြင့်လည်းကောင်း သန့်ရှင်းသောဝိညာဉ်တော်ဖြင့်လည်းကောင်း၊ သင်တို့၏အပြစ်များမှလွှတ်ခြင်းသို့ ရောက်၏” (၂ နီဖိုင်း ၃၁:၁၇)။ အပြစ်များမှလွှတ်ခြင်းခံရသူတွေ—အဲဒီနောက် နေ့စဉ်နောင်တရခြင်းဖြင့် သူတို့ရဲ့စင်ကြယ်မှုကို ပုံမှန်အသစ်တဖန်ပြုပြီး ပွဲတော်ဘိသိက်မင်္ဂလာမှတစ်ဆင့် သူတို့ပြုလုပ်ထားတဲ့ ပဋိညာဉ်နှင့်အညီ နေထိုင်သူတွေဟာ—သန့်ရှင်းသောဝိညာဉ်တော်၊ ကိုယ်တော်ရှင်ရဲ့ဝိညာဉ်တော်က “သူတို့၌ … အစဉ်အမြဲတည်ရှိစေ”မယ်ဆိုတဲ့ ကတိတော်အတွက် အရည်အချင်းပြည့်မီပါတယ် (ဩဝါဒနှင့်ပဋိညာဉ်များ ၂၀:၇၇)။

ဥက္ကဋ္ဌ ဂျိုးဇက် ဖီးလ်ဒင်း စမစ်။

ဒါကြောင့်၊ ဥက္ကဋ္ဌ ဂျိုးဇက် ဖီးလ်ဒင်း စမစ်က သွန်သင်ခဲ့ပါတယ်၊ သန့်ရှင်းသောဝိညာဥ်တော်က “အဘ၏အလိုတော်ကို သူတို့ဆောင်ရွက်ခဲ့ပြီး သူတို့ဘာသာပြောင်းလဲချိန်တွင် ယုံကြည်စိတ်ချစေရန် ဘုရားသခင်၏အရာများနှင့်စပ်လျဉ်း၍ လူတို့၏စိတ်နှလုံးကို ဉာဏ်အလင်းရစေပါသည်၊ သူတို့အသက်တာတစ်လျှောက် အဖော်တစ်ဦးအဖြစ် တည်မြဲသောသက်သေခံချက် သူတို့ထဲ၌ရှိစေပါသည်၊ သမ္မာတရားရှိသမျှသို့ သေချာ၍ လုံခြုံသောလမ်းပြအဖြစ် လုပ်ဆောင်၍၊ ရွှင်လန်းဝမ်းမြောက်ခြင်းဖြင့် နေ့စဉ်သူတို့ကိုပြည့်စေကာ၊ လူသားခပ်သိမ်းကို ကောင်းမှုပြုရန်၊ အမှားပြုမည့်အစား အမှားအတွက်ခံယူရန်၊ ကြင်နာမှုနှင့် ကရုဏာ၊ စိတ်ရှည်ခြင်းနှင့် ချစ်ခြင်းမေတ္တာရှိရန် စိတ်ညွတ်မှုကိုဖြစ်စေပါသည်။ မခန့်မှန်းနိုင်သော ဤဆုကျေးဇူးဖြစ်သော၊ ဤမြတ်ပုလဲကို ပိုင်ဆိုင်သူအားလုံးသည် ဖြောင့်မတ်ခြင်းကို အဆက်မပြတ် ငတ်မွတ်နေတတ်ကြပါသည်။ ဥက္ကဋ္ဌ စမစ်က အခုလိုနိဂုံးချုပ်ထားပါတယ်၊ “သန့်ရှင်းသောဝိညာဉ်တော်၏အကူအညီမပါဘဲ၊ အဘယ်လူသားမျှ ကျပ်တည်းကျဉ်းမြောင်းသည့်လမ်းတွင် လျှောက်လှမ်းနိုင်မည်မဟုတ်ပါ။””

၄။

ကျွန်တော်တို့ရဲ့သေခြင်းရှိရာခရီးစဉ်တွေမှာ လမ်းညွှန်ပေးတဲ့ အားကောင်းတဲ့အကူအညီတွေများစွာ ရှိနေတာတောင်၊ ကျွန်တော်တို့ရဲ့ ကယ်တင်ရှင်နဲ့ ရွေးနုတ်ရှင်၊ ယေရှုခရစ်တော်နဲ့ သူတို့သတ်မှတ်ထားတဲ့တွေ့ဆုံမှုအတွက် မပြင်ဆင်တဲ့သူတွေများစွာ ရှိနေသေးတာက စိတ်ပျက်စရာကောင်းနေပါတယ်။ ဒီညီလာခံမှာ မကြာခဏလိုလိုဟောပြောခဲ့တဲ့၊ ကိုယ်တော်ရှင်ရဲ့ အပျိုကညာဆယ်ဦးပုံဥပမာက၊ ကိုယ်တော်နဲ့တွေ့ဆုံဖို့ ဖိတ်ခေါ်ခံရသူတွေအနက်၊ တစ်ဝက်က ပြင်ဆင်မထားခဲ့ဘူးလို့ ဖော်ပြထားပါတယ်။

အပျိုကညာဆယ်ဦး။

တတ်ကြွစွာမပါဝင်တဲ့ကာလတွေကြောင့် သူတို့ရဲ့ဝိညာဉ်ရေးရာတိုးတက်မှုကို နှောင့်ယှက်ခံခဲ့ရတဲ့ သာသနာပြုပြန်တွေ၊ အသင်းတော်ရဲ့သွန်သင်ချက်နဲ့ လှုပ်ရှားမှုတွေမှာ ပါဝင်ဖို့ပျက်ကွက်ခြင်းဖြင့် သူတို့ရဲ့ဝိညာဉ်ရေးရာတိုးတက်မှုထိခိုက်ခံရတဲ့ လူငယ်တွေ၊ မေလခိဇေဒက်ယဇ်ပုရောဟိတ်အခွင့်အာဏာခန့်အပ်ခြင်းကို ရွှေ့ဆိုင်းထားတဲ့ အမျိုးသားတွေ၊ တစ်ခါတစ်ရံ မြင့်မြတ်တဲ့ရှေ့ဆောင်သူတွေ သို့မဟုတ် ထိုက်တန်တဲ့မိဘတွေရဲ့ သားမြေးမြစ်တွေဖြစ်တဲ့—သန့်ရှင်းတဲ့ဗိမာန်တော်မှာ ပဋိညာဉ်ပြုလုပ်စောင့်ထိန်းနိုင်ရဲ့သားနဲ့ မပြုလုပ်ထားတဲ့ အမျိုးသားအမျိုးသမီးတွေနဲ့ပတ်သက်တဲ့ ဒီမပြင်ဆင်ထားတဲ့ ပုံနမူနာတွေကို ကျွန်တော်တို့အားလုံး သိကြပါတယ်။

ကိုယ်ပိုင်ဆုတောင်းချက်။

အသင်းသားတွေဟာ ကိုယ်ပိုင်ဆုတောင်းခြင်း၊ ကျမ်းစာပုံမှန်လေ့လာခြင်းနဲ့ မကြာခဏနောင်တရခြင်းတို့ဖြစ်တဲ့ အခြေခံဝိညာဉ်ရေးရာထိန်းသိမ်းရေးအစီအစဉ်ကို လိုက်လျှောက်ဖို့ ပျက်ကွက်တဲ့အခါ အဲလိုသွေဖည်မှုများစွာ ဖြစ်ပေါ်လာတတ်ပါတယ်။ ဆန့်ကျင်ဘက်အနေနဲ့၊ အချို့က ပွဲတော်မင်္ဂလာသုံးဆောင်ခြင်းဖြင့် အပတ်စဉ် ပဋိညာဉ်တွေအသစ်တဖန်ပြုလုပ်ခြင်းကို လျစ်လျူရှုထားကြပါတယ်။ အချို့က အခြားသူတွေအတွက်အရေးပါလှတဲ့ ကျွန်တော်တို့ရဲ့ အမှုတော်ဆောင်ခြင်းတွေအတွက် ကိုယ်တော်ရှင်ရဲ့သွန်သင်ချက်များစွာနဲ့အခွင့်အရေးတွေမှာ ကိုယ်တော်ပံ့ပိုးပေးထားတာတွေထက် သူတို့ရဲ့အနာဂတ်လိုအပ်ချက်တွေအဖြစ် ထင်မြင်ယူဆတဲ့အရာကို အစားထိုးကာ၊ အသင်းတော်က သူတို့ရဲ့လိုအပ်ချက်တွေကို မဖြည့်ဆည်းပေးနေဘူးလို့ ပြောနေကြပါတယ်။

နှိမ့်ချခြင်းနဲ့ ကိုယ်တော်ရှင်ကို ကိုးစားခြင်းဟာ အဲလိုသွေဖည်မှုတွေအတွက် ကုစားနည်းတွေဖြစ်ပါတယ်။ မော်မုန်ကျမ်းကသင်ကြားပေးတဲ့အတိုင်း၊ ကိုယ်တော်ရှင်ဟာ “သူ့အား ကိုးစားသောသူတို့ကို ကောင်းချီးပေး၍၊ အောင်မြင်စေ” ပါတယ်။ (ဟေလမန် ၁၂:၁)။ ဘုရားသခင်ရဲ့ပညတ်တော်တွေနဲ့ ကိုယ်တော့်ပရောဖက်တွေရဲ့ သွန်သင်ချက်တွေကို လူသားတွေရဲ့ နောက်ဆုံးပေါ်တွေ့ရှိချက်တွေနဲ့ လူ့အသိပညာကို ဆန့်ကျင်၍ နှိုင်းယှဉ်ကြည့်သူအားလုံးအတွက်တော့ ကိုယ်တော်ရှင်ကို ကိုးစားခြင်းက အထူးလိုအပ်ချက်တစ်ခု ဖြစ်ပါတယ်။

ချစ်လှစွာသောကောင်းကင်ဘုံရှိအဘက သူ့ရဲ့သားသမီးတွေ သူ့ဆီပြန်လာအောင် ကူညီပေးနိုင်တဲ့ သေခြင်းရှိရာ အကူအညီများစွာအကြောင်း ကျွန်တော်ပြောကြားခဲ့တာပါခင်ဗျာ။ ဒီမြင့်မြတ်တဲ့အစီအစဥ်မှာ ကျွန်တော်တို့ရဲ့အပိုင်းကတော့ ဘုရားသခင်ကိုယုံကြည်ပြီး ဒီမြင့်မြတ်တဲ့အကူအညီတွေကိုရှာဖွေပြီး အသုံးပြုဖို့ဖြစ်ပါတယ်၊ အထူးအရေးကြီးဆုံးကတော့ သူ့ရဲ့ချစ်စွာသောသားတော်၊ ကယ်တင်ရှင်နှင့် ရွေးနုတ်ရှင်၊ ယေရှုခရစ်‌တော်၏အပြစ်ဖြေခြင်းမှ အကူအညီဖြစ်ပါတယ်။ ကျွန်တော်တို့ ဒီအခြေခံသဘောတရားတွေကို သင်ကြားပြီး လိုက်နာကျင့်သုံးကြမယ်လို့ ကျွန်တော် ဆုတောင်းပါတယ်၊ ယေရှုခရစ်တော်၏နာမတော်အားဖြင့်၊ အာမင်။

မှတ်စုများ

  1. ရှု အာဗြဟံ ၃:၂၂

  2. ရှု အာဗြဟံ ၃:၂၄-၂၅

  3. ရှု မောရှေ ၄:၁-၄

  4. ရှု ၂ နီဖိုင်း ၂:၁၁၊ ၁၅-၁၆

  5. ရှု အယ်လမာ ၇:၁၁-၁၄

  6. ဂျိုးဇက် ဖီးလ်ဒင်း စမစ်၊ Doctrines of Salvation, comp. ဘရူ့စ် အာရ် မက်ခွန်နီ [၁၉၅၄]၊ ၁:၄၅။ ဤအလင်းသည် “ခပ်သိမ်းသောအရာ၌ရှိ” သော ဘုရားသခင်၏တန်ခိုးတော်ဖြစ်သည်ဟု ဥက္ကဋ္ဌ စမစ်က ထည့်သွင်းထားပါသည်၊ ဩဝါဒနှင့်ပဋိညာဉ်များကျမ်း ၈၈:၁၃၊ ရှု Doctrines of Salvation၊ ၁:၅၂)။

  7. ရှု ရှင်ယောဟန် ၁၄:၂၆၁၆:၁၃၂ နီဖိုင်း ၃၁:၁၈

  8. ရှု မော်ရော်နိုင်း ၁၀:၄၊ ၈၊ လည်းရှု ၂ နီဖိုင်း ၂၆:၁၃ဩဝါဒနှင့်ပဋိညာဉ်များ ၁၈:၁၈၁ ကောရိန္သု ၁၂:၇

  9. Teachings of Presidents of the Church: Joseph Smith (၁၉၉၈)၊ ၇၀။

  10. ရှု ရှင်မဿဲခရစ်ဝင် ၂၅:၁–၂