အထွေထွေညီလာခံ
ကိုယ်တော်သည်ခရစ်တော်ဖြစ်၏
ဧပြီလ ၂၀၂၅ အထွေထွေညီလာခံ


11:12

ကိုယ်တော်သည်ခရစ်တော်ဖြစ်၏

(ရှင်မဿဲ ၁၆:၁၆)

ကျွန်မတို့ရဲ့ ကလေးတွေကို ယေရှုခရစ်တော်၌ ယုံကြည်စေချင်ပါတယ်၊ ယေရှုခရစ်တော်နှင့်ကိုယ်တော့်ရဲ့အသင်းတော်နဲ့ ပဋိညာဥ်အားဖြင့်သက်ဆိုင်စေလိုပါတယ်၊ ပြီးတော့ ယေရှုခရစ်တော်လို ဖြစ်လာဖို့ ကြိုးစားစေချင်ပါတယ်။

ကျွန်မတို့ရဲ့သား ၄တန်းတုန်းက၊ သူ့ရဲ့ အတန်းက အပျော်တမ်းအစိုးရတစ်ခုကို ပြုလုပ်ခဲ့ပြီးတော့ အီလိုင်ကို သူ့အတန်းဖော်တွေက အတန်းတရားသူကြီးအဖြစ် လုပ်ဆောင်ဖို့ ရွေးချယ်ခဲ့ကြပါတယ်။ တစ်နေ့မှာ ယုတဒုတိယခရိုင်တရားရုံးမှာ လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ တရားသူကြီးက လာလည်ခဲ့ပါတယ်၊ သူက သူ့ရဲ့ ရုံးသုံးဝတ်ရုံကို အီလိုင်ပေါ်တင်ပေးပြီးတော့၊ သူတို့အတန်းအတွက် ကျမ်းကျိန်ခြင်းကိုဆောင်ရွက်ခဲ့ပါတယ်။ ဒါက အီလိုင်ရဲ့ငယ်ရွယ်ပြီး၊ ပုံသွင်းရလွယ်တဲ့စိတ်ထဲမှာ ဥပဒေအကြောင်းနဲ့၊ ကိုယ်တော်တိုင် ပညတ်တရားရှင်ဖြစ်တဲ့၊ ယေရှုခရစ်တော်အကြောင်း သင်ယူဖို့ စိတ်အားထက်သန်မှုတစ်ခုကို တောက်လောင်စေခဲ့ပါတယ်။

နှစ်များစွာ လုံ့လရှိရှိကြိုးစားပြီးတဲ့နောက်မှာ၊ အီလိုင်က ဥပဒေကျောင်းအတွက် သူဦးစားပေးရွေးချယ်ထားတဲ့ ကျောင်းထဲကတစ်ကျောင်းနဲ့ လူတွေ့မေးမြန်းဖို့ ဖိတ်ခေါ်ခြင်းခံခဲ့ရပါတယ်။ သူသေချာပြောပြပါတယ်၊ “အမေ၊ ကျွန်တော့်ကို မေးခွန်း၁၀ခုမေးခဲ့တယ်။ နောက်ဆုံးမေးခွန်းက၊ ‘မင်းရဲ့ အမှားအမှန်ဝေဖန်ပိုင်းခြားနိုင်စွမ်းကို ဘယ်ကနေရရှိသလဲ။’ သမိုင်းတလျှောက်မှာ လူသားတွေဟာ သူတို့ရဲ့ဘဝတွေကို ရှေးစံနမူနာများအတိုင်း ပုံသွင်းနေထိုင်ခြင်းအားဖြင့် ကိုယ်ကျင့်တရားစံနှုန်းတွေကို လက်ခံရရှိခဲ့ပါတယ်လို့ ကျွန်တော်ပြောခဲ့ပါတယ်။ ကျွန်‌တော်ရဲ့အသက်တာကို ကြိုးစားပုံသွင်းဖို့ ကိုယ်ကျင့်တရားရဲ့စံနမူနာကတော့ ယေရှုခရစ်တော်ပဲဖြစ်ပါတယ်။ လူသားအားလုံးက ယေရှုခရစ်တော်ရဲ့ တောင်ပေါ်တရားဒေသနာတော် သင်ကြားခြင်းကို လိုက်နာကျင့်သုံးကြမယ်ဆိုရင်၊ ကမ္ဘာကြီးက ပိုကောင်းတဲ့၊ ပိုငြိမ်းချမ်းတဲ့နေရာတစ်ခု ဖြစ်လာပါလိမ့်မယ်လို့ ကျွန်တော်ပြောခဲ့ပါတယ်။” ပြီးတော့ လူတွေ့မေးမြန်းခြင်းပြီးတဲ့အခါမှာ၊ သူ့ကိုယ်သူစဥ်းစားခဲ့ပါတယ်၊ “ငါ့ရဲ့ ကလေးဘဝထဲက အိမ်မက်တွေတော့ သွားပါပြီ။ လောကီရေးရာပညာရေးအသိုင်းအဝိုင်ရဲ့ ဘယ်သူကမှ ယေရှုခရစ်တော်အကြောင်း ကြားချင်မှာမဟုတ်ဘူး။”

နောက်နှစ်ပတ်ကြာတော့၊ အီလိုင်က ပညာသင်ဆုနဲ့ ကျောင်းဝင်ခွင့်ရရှိခဲ့ပါတယ်။ သေချာဆုံးဖြတ်ချက်မချခင်မှာ၊ ကျွန်မတို့ တက္ကသိုလ်ဝန်းထဲကို သွားလည်ခဲ့ကြပါတယ်။ ဥပ‌ဒေကျောင်းက ရဲတိုက်ကြီးနဲ့တူပြီးတော့ လှပတဲ့ရေအိုင်ကိုမြင်ရတဲ့ တောင်ကုန်းပေါ်မှာ မြင့်မြင့်မားမား တည်ရှိနေပါတယ်။ ထူးထူးခြားခြားပါပဲ၊ ကျွန်မတို့ ခမ်းနားထည်ဝါတဲ့ စာကြည့်တိုက်နှင့် ခံ့ညားလှတဲ့ စင်္ကြံတွေပေါ်မှာလျှောက်ရင်း၊ တောင်ပေါ်တရားဒေသနာထဲက အရည်အသွေးတွေကို အောင်လံတံခွန်တွေနဲ့ ကျောက်တုံးတွေမှာ ရေးထွင်းထားတာကို တွေ့ခဲ့ရပါတယ်။

တောင်ပေါ်တရားဒေသနာတော်က ၎င်းရဲ့သင်ကြားမှုတွေမှာ အစပျိုးကာ မိန့်မှာတော်မူခဲ့သမျှထဲမှာ အမှန်တကယ်ပဲ ရေးသားမှတ်သားစရာအကောင်းဆုံးဟောပြောချက်ဖြစ်ပါတယ်။ ဘယ်တရားဒေသနာကမှ ကျွန်မတို့ကို ယေရှုခရစ်တော်ရဲ့ စရိုက်လက္ခဏာအကြောင်း၊ သူ့ရဲ့ ဘုရားသခင့်ဂုဏ်ရည်တွေ၊ နဲ့ ကိုယ်တော်ကဲ့သို့ဖြစ်လာရန် ကျွန်မတို့ရဲ့နောက်ဆုံးရည်ရွယ်ချက်ကို ပိုနားလည်လာဖို့ ကူညီပေးနိုင်မှာမဟုတ်ပါဘူး။

ယေရှုခရစ်တော်၏တစ်သက်တာတပည့်တော်ဖြစ်ခြင်းက—ကျွန်မတို့ရဲ့အိမ်တွေနဲ့ မူလတန်းအရွယ်ဖြစ်တဲ့အသက်၁၈လမှာ စတင်ပါတယ်။ ကျွန်မတို့ရဲ့ ကလေးတွေကို ယေရှုခရစ်တော်၌ ယုံကြည်စေချင်ပါတယ်၊ ယေရှုခရစ်တော်နဲ့ ကိုယ်တော့်ရဲ့အသင်းတော်ကို ပဋိညာဥ်အားဖြင့်သက်ဆိုင်စေလိုပါတယ်၊ ပြီးတော့ ယေရှုခရစ်တော်လို ဖြစ်လာဖို့ ကြိုးစားစေချင်ပါတယ်။

ယေရှုခရစ်တော်၌ယုံကြည်ခြင်း

ပထမ၊ ယေရှုခရစ်တော်၌ ယုံကြည်ပါ။

အသက်မုန့် တရားဒေသနာအပြီးမှာ၊ “[ကိုယ်တော်၏] တပည့်တော်များ” က ကိုယ်တော်ရဲ့ သင်ကြားမှုများနဲ့ သြဝါဒကို လက်ခံဖို့ခက်ခဲခဲ့ကြပြီး၊ သူတို့ “ကိုယ်တော်နှင့် မပေါင်းဘဲ၊ ဆုတ်သွားကြ” ပါတယ်။ အဲ့ဒီနောက် ယေရှုက တစ်ကျိပ်နှစ်ပါးသောတပည့်တော်တို့ကို လှည့်ပြီး အလွန်ဝမ်းနည်းစရာကောင်းတဲ့ မေးခွန်းကိုမေးပါတယ်၊ “သင်တို့သည်လည်း ထွက်သွားခြင်းငှာ အလိုရှိကြသလော”

ရှင်ပေတရု ပြန်ဖြေပါတယ်၊

“သခင်၊ အကျွန်ုပ်တို့သည် အဘယ်သူထံသို့ သွားရမည်နည်း။ ထာဝရအသက်နှင့် ယှဥ်သောစကားသည် ကိုယ်တော်၌တည်ပါ၏။

“… ကိုယ်တော်သည် ခရစ်တော်တည်းဟူသော အသက်ရှင်တော်မူသော ဘုရားသခင်၏သားတော် ဖြစ်‌တော်မူသည်ကို အကျွန်ုပ်တို့ ယုံကြည်သတ်မှတ်ကြပါသည်။”

ရှင်ပေတရု သရုပ်ဖော်ခဲ့သလို၊ ယုံကြည်ခြင်းဆိုတာ “တစ်စုံတစ်ဦးအပေါ်မှာ ယုံကြည်မှုရှိခြင်း သို့မဟုတ် အမှန်တရားအတိုင်း တစ်ခုခုကိုလက်ခံခြင်း” ဖြစ်ပါတယ်။ ပြီးတော့ ကျွန်မတို့ရဲ့ ယုံကြည်ခြင်းက ကယ်တင်ခြင်းသို့ဦးတည်ဖို့အတွက်၊ ကိုယ်တော်ရှင် ယေရှုခရစ်တော်ထံမှာ ဗဟိုပြုထားရပါမယ်။ “ယေရှုခရစ်တော်တည်ရှိကြောင်း ကျွန်မတို့မှာ သေချာမှုတစ်ခု၊ ကိုယ်တော်ရဲ့ [စစ်မှန်]တဲ့စရိုက်လက္ခဏာ[နဲ့သဘာဝ]ကို [နားလည်မှု]တစ်ခုနဲ့ ကိုယ်တော်ရဲ့ အလိုတော်အရ နေထိုင်ဖို့ကြိုးစားနေကြကြောင်း အသိပညာတစ်ခုရှိတဲ့အခါ ကျွန်မတို့ဟာ[ယေရှု]ခရစ်တော်၌ ယုံကြည်ခြင်းကို ကျင့်သုံးနေကြပါတယ်။”

ကျွန်မတို့ရဲ့ ချစ်လှစွာသောပရောဖက်၊ ဥက္ကဋ္ဌ ရပ်ဆဲလ် အမ်၊ နယ်လ်ဆင်က ကြေညာခဲ့ပါတယ်၊ “ယေရှုခရစ်တော်၌ ယုံကြည်ခြင်းဟာ ယုံကြည်ခြင်းအားလုံးရဲ့ အုတ်မြစ်၊ မြင့်မြတ်သောတန်ခိုးရဲ့ နည်းလမ်းဖြစ်ပါတယ်။”

ကျွန်မတို့ကလေးတွေ ယေရှုခရစ်တော်ထံမှာ ယုံကြည်ခြင်းအားကောင်းလာပြီး ကိုယ်တော့်ရဲ့ အထွတ်အမြတ်တန်ခိုးတော်ကို ရရှိနိုင်အောင် ဘယ်လိုကူညီနိုင်ပါသလဲ။ ကျွန်မတို့ရဲ့ ကယ်တင်ရှင်ကိုယ်တော်တိုင်ထက် တခြားကိုကြည့်ဖို့မလိုပါဘူး။

“[ကိုယ်တော်ရှင်] လူတို့အား ဟော​ပြောလျက် ၊ မိန့်တော်မူ​သည်​ကား၊

“ငါသည်​ကား၊ ယေရှုခရစ်တော်​ဖြစ်၏။ …

“ထ၍ လာ​ကြလော့။ …

“… လူ​အစု​အဝေးသည် ရှေ့သို့​ထွက်​လာ၍၊ သူ၏​နံ​ဘေးတော်ကို သူတို့​လက်ဖြင့် စမ်း​သပ်ကြ၏၊ သူ၏​လက်နှင့် သူ၏​ခြေတို့မှ သံရိုက်ရာ​ချက်တို့ကိုလည်း တို့စမ်းကြ၏။ … တစ်ယောက်​ပြီး​တစ်​ယောက် ရှေ့သို့​ထွက်လျက်၊ ဤအမှုကို ပြု၍၊ သူတို့၏​မျက်စိဖြင့် ကြည့်ကြ၊ ထို့အတူ၊ သူတို့၏​လက်ဖြင့် တို့စမ်းကြ၊ ထို့အတူ၊ သူ​သည်ကား၊ ပရောဖက်တို့​ရေး​ထားသည့် ကြွ​လာတော်မူမည့်​သူ​ဖြစ်ကြောင်းကို ဧကန်​အမှန်​သိသက်​သေ​ခံကြ၏။”

ဒီအရာက ငယ်ရွယ်တဲ့ကလေးတွေရဲ့ ဘဝမှာဘယ်လိုဖြစ်နိုင်ကြောင်း သင်တို့စဥ်းစားဆင်ခြင်ကြဖို့ ကျွန်မဖိတ်ခေါ်ပါတယ်။ ယေရှုခရစ်တော်နဲ့ သူရဲ့ ဧဝံဂေလိတရားတော်ရဲ့ သက်သေခံချက်များကို သူတို့ကြားကြပါသလား။ ကိုယ်တော်ရဲ့ အမှုတော်ဆောင်ခြင်းနဲ့ ဘုရားဖြစ်ခြင်းရဲ့ ရိုသေလေးစားဖွယ်ကောင်းသော၊ ဝတ်ပြုကိုးကွယ်ထိုက်သော ပုံရိပ်များကို သူတို့ မြင်ကြပါသလား။ ကိုယ်တော်ရဲ့ အမှန်တကယ်ရှိခြင်းနဲ့ ဘုရားဂုဏ်တော်ကို သက်သေခံနေတဲ့ သန့်ရှင်းသောဝိညာဥ်တော်ကို သူတို့ ခံစားပြီး သတိပြုမိကြပါသလား။ ကိုယ်တော့်ရဲ့ သတင်းစကားနဲ့ သာသနာကို သူတို့သိကြပါသလား။

ယေရှုခရစ်တော်နှင့်သူ၏အသင်းတော်တို့ဖြင့် သက်ဆိုင်ခြင်း

ဒုတိယ၊ ယေရှုခရစ်တော်နှင့်သူ၏အသင်းတော်တို့ဖြင့် သက်ဆိုင်ခြင်း

ဗင်္ယာမိန်​မင်းကြီးရဲ့ လူတွေဟာ ​စိတ်နှလုံး၌ ကြီးစွာသော​ပြောင်းလဲခြင်းကို ခံစားခဲ့ကြရပြီး ပဋိညာဥ်အားဖြင့် သူတို့ရဲ့အသက်တာများကို ဘုရားသခင်၏အလိုတော်ကိုပြုလုပ်ရင်း နှစ်မြှုပ်ထားခဲ့ကြပါတယ်။ ဘုရားသခင်နဲ့ ယေရှုခရစ်တော်အားဖြင့် သူတို့ပြုလုပ်ခဲ့တဲ့ပဋိညာဥ်များကြောင့်၊ သူတို့ကို “ခရစ်တော်၏​သားသမီးများ၊ သူ၏​သားများနှင့် သူ၏​သမီးများဟု အခေါ်ခံရသည်” ယေရှုခရစ်တော်၏နောက်ပိုင်းကာလသန့်ရှင်းသူများအသင်းတော်၏ အသင်းသားများအနေနဲ့၊ ကျွန်မတို့မှာ ကိုယ်တော့်ရဲ့ နိုင်ငံတော်နဲ့ ကိုယ်တော်ပြန်ကြွလာတော်မူခြင်းအတွက် ပြင်ဆင်ဖို့ ပဋိညာဥ်ဆိုင်ရာ တာဝန်တစ်ခုရှိပါတယ်။

ဘုရားသခင်ရဲ့ပဋိညာဥ်လမ်းကြောင်းပေါ်၌ တစ်သက်တာရှိစေရန်အတွက် ကလေးများကိုပြင်ဆင်ပေးတဲ့ အထောက်အကူပစ္စည်းများဖြစ်ပါတယ်။

ကျွန်မတို့ ကလေးတွေကို သန့်ရှင်းမွန်မြတ်တဲ့ပဋိညာဥ်တွေပြုလုပ်ပြီး စောင့်ထိန်းနိုင်အောင် ဘယ်လိုကူညီပေးနိုင်ပါသလဲ။ လာ၍၊ ငါ့နောက်လိုက်လော့စာအုပ်ရှိ၊ နောက်ဆက်တွဲ က နှင့် ခ မှာ၊ စကားစမြည်ပြောခြင်းနဲ့ သင်ခန်းစာတွေကို တွေ့ရပါတယ်၊ အဲဒါတွေက ကျွန်မတို့ မိသားစုတွေကို ခွန်အားပေးပြီး၊ ဆရာတွေနဲ့ ခေါင်းဆောင်တွေရဲ့ မြင့်မြတ်တဲ့ပဲ့ကိုင်မှုအောက်မှာ ကလေးတွေကို ဘုရားသခင်ရဲ့ပဋိညာဥ်လမ်းကြောင်းပေါ်မှာ တစ်သက်တာရှိစေရန်ပြင်ဆင်ပေးရာမှာ ထောက်ကူပေးပါတယ်။

ယေရှုခရစ်တော်ကဲ့သို့ဖြစ်လာခြင်း

တတိယ၊ ယေရှုခရစ်တော်ကဲ့သို့ဖြစ်လာခြင်း ဖြစ်ပါတယ်။

မော်မုန်ကျမ်းမှာ၊ ကယ်တင်ရှင်က သူ့ရဲ့အသစ်ခေါ်ထားတဲ့ တပည့်တော်တွေကို အနီးကပ်ဆုံးအတုယူဖို့ ဆိုဆုံးမခဲ့ပါတယ်၊ “သင်တို့သည် အဘယ်သို့​သောလူမျိုး ဖြစ်​သင့်သနည်း။ သင်တို့ကို ငါ​အမှန်​ဆို​သည်ကား ငါ​ကဲ့သို့ပင်တည်း။”

ဗတ္တိဇံခံပြီး အတည်ပြုပြီးတဲ့ကလေးတွေကို သူတို့ကိုယ်တိုင်နဲ့ တခြားသူတွေကို ယေရှုခရစ်တော်ထံမှာ စုဝေးဖို့ သူတို့ရဲ့ ပဋိညာဥ်ဆိုင်ရာ တာဝန်တွေကို ဖြည့်ဆည်းနိုင်ဖို့ ကျွန်မတို့ဘယ်လိုကူညီနိုင်ပါသလဲ။ တစ်သက်တာတပည့်တော်ဖြစ်ဖို့အတွက် ကျွန်မတို့က “နှုတ်ကပတ်တရားကို နာရုံမျှသာပြုသောသူမဟုတ်၊ တရားကိုကျင့်သောသူဖြစ်ကြ”ရန် လိုအပ်ပါတယ်။

ကိုယ်တော်ရှင်ရဲ့အသက်အငယ်ဆုံးတပည့်တော်တွေကို ဖိတ်ခေါ်ချက်တွေကမ်းလှမ်းတဲ့အခါ၊ သူတို့ကိုဦးဆောင်ဖို့၊ သူတို့ကိုလမ်းပြဖို့၊ သူတို့ဘေးမှာလျှောက်လှမ်းဖို့နဲ့ သူတို့ကိုနည်းလမ်းကူညီရှာပေးဖို့ အခွင့်အရေးတိုင်းကို ကျေးဇူးပြုပြီး လက်ခံပါ။ ဒီငယ်ရွယ်သူတွေက သင်ကြားဖို့၊ သက်သေခံဖို့၊ ဆုတောင်းဖို့ သို့မဟုတ် အစေခံဖို့ ပြင်ဆင်တဲ့အခါ၊ သူတို့ကို အကြုံပြုပေးပါ၊ ဒါမှ သူတို့ဟာ ယုံကြည်မှုရှိလာပြီး သူတို့ရဲ့တာဝန်တွေကို ဆောင်ရွက်ရာမှာ ပျော်ရွှင်မှုကို တွေ့ကြုံရပါတယ်။ ဒီအသင်းတော်က သူတို့ရဲ့အသင်းတော်ဖြစ်ပြီး၊ ကယ်တင်ရှင်ပြန်ကြွလာတော်မူခြင်းအတွက် ပြင်ဆင်ရာမှာ သူတို့က အရေးကြီးတဲ့ အခန်းကဏ္ဍကပါဝင်တယ်ဆိုတာ သိလာဖို့ ကူညီပေးရန် လမ်းပြမှုရှိတဲ့နည်းလမ်းတွေကိုရှာဖွေပါ။

ယေရှုခရစ်တော်က ကျွန်မတို့အသက်တာတွေရဲ့ အချက်အချာဖြစ်လာတဲ့အမျှ၊ ကျွန်မတို့ ဘာကို ဆန္ဒရှိသလဲ၊ ဘယ်လိုဆန္ဒရှိသလဲ၊ ဆိုတာ ထာဝရပြောင်းလဲသွားမှာဖြစ်ပါတယ်။ ပြောင်းလဲခြင်းအမှုက အရာအားလုံးကို ပြောင်းလဲသွားစေပါတယ်။ အဲဒါက ကျွန်မတို့ရဲ့ပင်ကိုယ်ဗီဇကို ပြောင်းလဲစေပြီးတော့ “အကျွန်ုပ်တို့သည် မကောင်းမှုကို ပြုရန်စိတ်ညွတ်ခြင်းမရှိတော့၊ ကောင်းမှုကိုသာ အစဉ်မပြတ်​ပြုလိုကြပါ၏။” ဒါက ကျွန်မတို့ရဲ့အချိန်တွေ၊ ‌အထောက်အပံ့တွေကိုဘယ်လိုသုံးလဲ၊ ဘာတွေဖတ်ရှု၊ နားထောင်၊ ဝေမျှလည်း ဆိုတာတွေကို ပြောင်းလဲပေးပါတယ်။ ဒါက ကျွန်မတို့ ထူးချွန်တဲ့၊ ပညာရပ်ဆိုင်ရာ၊ အလုပ်ရရှိစေနိုင်ရန်ဆုံးဖြတ်‌ပေးတဲ့ လူတွေ့မေးမြန်းခြင်းမှာ ပြန်လည်ဖြေကြားပုံကိုတောင် ပြောင်းလဲစေပါတယ်။

ကျွန်မတို့ ယေရှုခရစ်တော်ရဲ့ အလင်းတော်ကို ကျွန်မတို့အသက်တာရဲ့ နေရာတိုင်းမှာ အသက်သွင်းပေးဖို့လိုပါတယ်။ ကိုယ်တော်ရဲ့ သေခြင်းရှိရာမတိုင်မီ ဘုရားဖြစ်ကြောင်းမှန်ကန်ခြင်း၊ ကိုယ်တော်ရဲ့အထွတ်အမြတ်သာသနာနဲ့၊ သေခြင်းထောင်ကိုဖောက်ထွင်းသော ကိုယ်တော်ရဲ့ရှင်ပြန်ထမြောက်ခြင်း တွေကို ကျွန်မတို့ရဲ့ အိမ်တွေနဲ့ ဒီအသင်းတော်ရဲ့အစည်းအဝေးတိုင်းမှာ သက်သေမခံကြဘူးဆိုရင်၊ ကျွန်မတို့ရဲ့ ချစ်ခြင်း၊အမှုတော်ဆောင်ခြင်း၊ ရိုးသားခြင်း၊ နှိမ့်ချခြင်း၊ ကျေးဇူးတော်ချီးမွမ်းခြင်းနဲ့ စာနာရိုင်းပင်းတတ်မှု သတင်းစကားတွေဟာ အသိတရားနဲ့နေထိုင်ခြင်းအတွက် အားပေးစကားတစ်ခုထက် မပိုတော့ပါဘူး။ ယေရှုခရစ်တော်မရှိရင် ‌ပြောင်းလဲဖို့တန်ခိုးတော်မရှိပါဘူး၊ ကြီးမားစွာထားရှိတဲ့ ရည်ရွယ်ချက်မရှိတော့ပါဘူး၊ ဘဝရဲ့ အခက်အခဲတွေကို ပြေလည်စေခြင်းမရှိတော့ပါဘူး။ ယေရှုခရစ်တော်ရဲ့တပည့်တော်ဖြစ်ခြင်းက ကျွန်မတို့အတွက် သာမန်ကာလျှံကာဖြစ်လာမယ်ဆိုရင်၊ ကျွန်မတို့ကလေးတွေအတွက် ကြီးမားတဲ့ကပ်ဘေး ဆိုက်ရောက်နိုင်ပါတယ်။

ကျွန်မတို့ရဲ့ ကလေးတွေကိုချစ်တယ်လို့ ပြောတဲ့အခါ၊ သူတို့ရဲ့ကောင်းကင်ဘုံရှင်အဘနဲ့ကယ်တင်ရှင်ယေရှုခရစ်တော်က သူတို့ကို ချစ်တယ်ဆိုတာကိုလည်း ကျွန်မတို့ပြောပါသလား။ ကျွန်မတို့ရဲ့ ချစ်ခြင်းက နှစ်သိမ့်ခြင်းနဲ့ လမ်းပြလှုံ့ဆော်ခြင်း ပေးကောင်းပေးနိုင်ပါတယ်၊ ဒါပေမယ့် သူတို့ရဲ့ ချစ်ခြင်းက သန့်ရှင်းစင်ကြယ်ခြင်း၊ ချီးမြှောက်ခြင်းနဲ့၊ အနာကင်းစေခြင်း ပေးနိုင်ပါတယ်။

ဒီယေရှုက ပုံပြင်ဆန်သောယေရှု၊ သို့မဟုတ် ရိုးရိုးသာမန်ယေရှု၊ သို့မဟုတ် ဇာတိခန္ဓာကိုယ်မရှိသောယေရှု၊၊ သို့မဟုတ် မကြည်ညိုထိုက်သောယေရှု၊ သို့မဟုတ်၊ နားလည်ရခက်ခဲသောယေရှု၊ မဖြစ်သင့်ပါဘူး၊ သို့သော် ဘုန်းထင်ရှားသော၊ ​အနန္တတန်ခိုး​ရှင်၊ ရှင်ပြန်ထမြောက်တော်မူသော၊ ချီးမြှောက်သော၊ ကိုးကွယ်ထိုက်သော၊ အာဏာစက်ကြီးသော၊ ဘုရားသခင်၏တစ်ပါးတည်းသောသားတော်၊ ကယ်တင်ရန်တန်ခိုးကြီးသော သူဖြစ်သင့်ပါတယ်။ တစ်နေ့မှာ ဖိလစ်ပိုင်နိုင်ငံက ကလေးငယ်လေးတစ်ဦး ကျွန်မကို စိတ်ဝင်စားဖွယ်ရာ သက်သေခံခဲ့သလိုပါပဲ၊ “ကျွန်မတို့ဟာ ကယ်တင်ခြင်းအတွက်ထိုက်တန်ပါတယ်။” သူ၏သန့်ရှင်းမွန်မြတ်သောနာမတော် “[ကြီးစွာသော]အပြစ်ဖြေစရာအကြောင်းဖြစ်စေခြင်းငှာ ခန့်ထားတော်မူ” သော ယေရှုခရစ်တော်၏နာမတော်ဖြင့်၊အာမင်။

မှတ်စုများ

  1. ရှု ရှင်မဿဲ ၅-၇

  2. ဥက္ကဋ္ဌ ထောမက်စ် အက်စ်၊ မွန်ဆင်န်က တောင်ပေါ်တရားဒေသနာတော်သည် “မိန့်တော်မူခဲ့သည့်ထဲမှ အကောင်းဆုံးတရားတော်” ဟုပြောခဲ့ပါသည်၊ (“The Way Home,” အန်ဇိုင်း၊ မေ ၁၉၇၅၊ ၁၅)။

  3. ရှု “Seek Christlike Attributes,” အခန်း ၆ Preach My Gospel: A Guide to Sharing the Gospel of Jesus Christ (၂၀၂၃)၊ ၁၂၃–၃၈။

  4. ရှင်ယောဟန် ၆:၆၆၊ အလေးပေးထည့်သွင်းထားသည်။

  5. ရှင်ယောဟန် ၆:၆၇

  6. ရှင်ယောဟန် ၆:၆၈-၆၉၊ အလေးပေးထည့်သွင်းထားသည်။

  7. Guide to the Scriptures၊ “Belief, Believe,” ဧဝံဂေလိစာကြည့်တိုက်။

  8. ရှု တမန်တော်ဝတ္ထု ၄:၁၀-၁၂မောဇိယ ၃:၁၇မော်ရော်နိုင်း ၇:၂၄-၂၆ယုံကြည်ခံယူချက်များ ၁:၄

  9. Topics and Questions, “Faith in Jesus Christ,” ဧဝံဂေလိစာကြည့်တိုက်၊ လည်းရှု Lectures on Faith (၁၉၈၅)၊ ၃၈။

  10. ရပ်ဆဲလ် အမ်၊ နယ်လ်ဆင်၊ “ခရစ်တော်ထမြောက်ပြီ၊ သူ့၌ယုံကြည်ခြင်းသည် တောင်တို့ကို ရွေ့စေလိမ့်မည်၊” လီယာဟိုနာ၊ မေ ၂၀၂၁၊ ၁၀၂။

  11. ၃ နီဖိုင်း ၁၁:၉-၁၀၊ ၁၄-၁၅၊ အလေးပေးထည့်သွင်းထားသည်။

  12. ရှု မောဇိယ ၅:၂၊အယ်လမာ ၅:၁၂-၁၄

  13. မောဇိယ ၅:၇

  14. ရှု ရပ်ဆဲလ် အမ် ၊နယ်လ်ဆင်၊ “သခင်ယေရှုခရစ်တော်တဖန်ကြွလာတော်မူမည်၊” လီယာဟိုနာ၊ နို၊ ၂၀၂၄၊ ၁၂၁-၂၂။

  15. ရှု နောက်ဆက်တွဲ က၊ “For Parents—Preparing Your Children for a Lifetime on God’s Covenant Path,” နှင့် နောက်ဆက်တွဲ ခ၊ “For Primary—Preparing Children for a Lifetime on God’s Covenant Path,” တွင် Come, Follow Me—For Home and Church: Doctrine and Covenants 2025.

  16. ၃ နီဖိုင်း ၂၇:၂၇၊ လည်းရှု၂ နီဖိုင်း ၂:၆-၈မော်ရော်နိုင်း ၇:၄၈။ ကျမ်းစာများက ဆီလက်ရှယ်လ်နိုင်ငံတော်အားအမွေခံကြမည့်သူတို့သည် ယေရှုခရစ်တော်၏ကရုဏာတော်အားဖြင့်၊ ကိုယ်တော့်ကဲ့သို့ဖြစ်လာသော ဖြောင့်မတ်ကြသူများဖြစ်ကြပါသည်ဟု သင်ကြားထားပါသည်။

  17. ရှု “A Message for Children from President Russell M. Nelson” (ဗီဒီယို၊ မိတ်ဆွေ မှ မိတ်ဆွေ ၂၀၂၁ ထုတ်လွှင့်)၊ ဧဝံဂေလိစာကြည့်တိုက်။

  18. ရှင်ယာကုပ် ၁:၂၂

  19. ရှု “ဘုရား၏သားဖြစ်သည်၊” ဓမ္မသီချင်းများ၊ နံပါတ်၊ ၃၀၁၊ လည်းရှု ရှင်ယောဟန် ၁၄:၆

  20. ရှု အထွေထွေလက်စွဲစာအုပ်၊ ယေရှုခရစ်တော်၏နောက်ပိုင်းကာလသန့်ရှင်းသူများ အသင်းတော်၌ အမှုတော်ဆောင်ခြင်း၁၂၊၂၊၁၊၂၂၉၊၂၊၁၊၄၊ ဧဝံဂေလိစာကြည့်တိုက်။

  21. ရှု အထွေထွေလက်စွဲစာအုပ်၂၉၊၂၊၂

  22. ရှု အထွေထွေလက်စွဲစာအုပ်၁၂၊၂၊၁၊၂၂၉၊၆

  23. ရှု အထွေထွေလက်စွဲစာအုပ်၁၂၊၂၊၁၊၃၊ “Primary Children Invited to Serve Other Children in 2025,” Newsroom, ဇန်၊ ၉၊ ၂၀၂၅၊ newsroom.ChurchofJesusChrist.org။

  24. ရှု တမန်တော်ဝတ္ထု ၁:၁၁၁ သက်သာလောနိတ် ၄:၁၆ဩဝါဒနှင့် ပဋိညာဉ်များ ၁:၁၂၃၄:၆–၇၄၉:၇

  25. မောဇိယ ၅:၂

  26. ရှု ရှင်ယောဟန် ၈:၁၂ဩဝါဒနှင့်ပဋိညာဉ်များ ၉၃:၂

  27. ရှု အယ်လမာ ၁၉:၆

  28. ရှု သြဝါဒနှင့် ပဋိညာဥ်များ ၇၆:၄

  29. ရှု ရှင်ယောဟန် ၃:၁၄-၁၇

  30. ရှု ၁ ကောရိန္သု ၁၅:၂၀-၂၃

  31. ရှု ဘက်ခီ ကာဗန်၊ “ဂရုတစိုက်နှင့် အမှတ်တမဲ့၊” လီယာဟိုနာ၊ မေ ၂၀၁၉၊ ၉-၁၁။

  32. ရှု ၂ နီဖိုင်း ၂၅:၂၆

  33. ရှု ရှင်ယောဟန် ၃:၁၆၁၃:၃၄-၃၅၁ နီဖိုင်း ၁၉:၉

  34. ရှု မောရှေ ၆:၅၉-၆၀ မော်ရော်နိုင်း ၁၀:၃၃

  35. ရှု ဩဝါဒနှင့်ပဋိညာဉ်များ ၁၄:၇၈၄:၃၆-၃၈မောရှေေ ၁:၃၉။ ဥက္ကဋ္ဌ ဂျိုးဇက် ဖီးလ်ဒင် စမစ်သ်က ရေးသားခဲ့ပါသည်၊ “ခမည်းတော်က သားတော်အားဖြင့်ကတိတော်ပြုခဲ့သည်မှာ သူ၏ပညတ်တော်များကို နာခံသူတို့အား သူ့၌ရှိသမျှကိုပေးတော်မူမည်။ သူတို့သည် အသိပညာ၊ ဉာဏ်ပညာနှင့်၊ တန်ခိုးတော်တို့ ၌၊ ကျေးဇူးတော်မှကျေးဇူးတော်ကိုဆက်၍၊ ၎င်းတို့စုံလင်သောနေ့ရောက်သည်အထိ သူတို့အပေါ်၌တိုးတက်တော်မူမည်” (Doctrines of Salvation၊ comp. ဘရူ့စ် အာရ် မက်ခွန်နီ [၁၉၅၅]၊ ၂:၃၆)။

  36. ရှု ၃ နီဖိုင်း ၁၇:၇

  37. ရှု ၂ ပေတရု ၁:၁၆–၁၈ဂျိုးဇက်စမစ်—သမိုင်း ၁:၁၇

  38. ရှု သြဝါဒနှင့်ပဋိညာဉ်များ ၁၁၀:၁-၄

  39. ရှု ဒယ်လင် အိတ်ချ်၊ အုတ်ခ်စ်၊ “Apostasy and Restoration,” အန်ဇိုင်း၊မေ ၁၉၉၅၊ ၈၄-၈၆။

  40. ရှု အသင်းလူကြီး ဒီ၊ တော့ဒ် ခရစ္စတိုဖာဆန်၊

    “သန့်ရှင်းမွန်မြတ်သောအသိရှိဖို့ အရေးကြီးပုံက ဒီလိုရိုးရှင်းလှပါတယ်၊ တစ်စုံတစ်ယောက်က သန့်ရှင်းမြင့်မြတ်သောအရာတွေကို ကျေးဇူးမတင်တတ်ဘူးဆိုရင်၊ ၎င်းတို့ကို သူဆုံးရှုံးရပါလိမ့်မယ်။ ကြည်ညိုလေးစားမှုမရှိရင်၊ ပေါ့ပေါ့တန်တန်သဘောထားခြင်း တိုးပွားလာပြီးတော့ အပြုအမူအနေအထိုင်လျော့ရဲလာပါမယ်။ သူက ဘုရားသခင်နဲ့ပြုလုပ်ထားတဲ့ ပဋိညာဥ်တွေကပေးနိုင်မယ့် တည်ငြိမ်ကြည်လင်ခြင်းတွေနဲ့တဖြည်းဖြည်းဝေးကွာလာမှာဖြစ်ပါတယ်။ သူ့ရဲ့ ဘုရားသခင်အပေါ် တာဝန်သိတဲ့အလေးထားခြင်း လျော့နည်းလာပြီးတော့ မေ့လျော့သွားပါလိမ့်မယ်။ အဲ့ဒီနောက်မှာ၊ သူက သူ့ရဲ့ ကိုယ်ပိုင်သက်တောင့်သက်တာရှိမှုကိုသာ ဂရုစိုက်ပြီးတော့ သူ့ရဲ့ မထိန်းသိမ်းနိုင်တဲ့ အာသီသတွေကို ကျေနပ်အောင်ပြုလုပ်မှာပဲဖြစ်ပါတယ်။ နောက်ဆုံးမှာ၊ သူက သန့်ရှင်းမွန်မြတ်တဲ့အရာတွေကို စပ်ဆုပ်ရွံရှာလာပြီးတော့၊ ဘုရားသခင်ကိုတောင်သာမက၊ သူ့ကိုယ်သူပါ စက်ဆုပ်ရွံရှာလာမှာဖြစ်ပါတယ်။

    “တစ်နည်းအားဖြင့်၊ သန့်ရှင်းမွန်မြတ်သောအသိရှိခြင်းဖြင့်၊ လူတစ်ဦးက နားလည်ခြင်းနဲ့ သမ္မာတရားမှာတိုးတက်ပါတယ်။ သန့်ရှင်းသောဝိညာဥ်‌တော်က သူ့ရဲ့ မကြာခဏဘေးမှာအမြဲရှိတဲ့ အဖော်ဖြစ်လာပါတယ်။ သူက ပိုပိုပြီး သန့်ရှင်းရာအရပ်တို့၌ ရပ်နိုင်ပြီး သန့်ရှင်းသောအရာတွေနဲ့အပ်နှင်းခြင်းခံရမှာ ဖြစ်ပါတယ်။ အဆိုးမြင်ဝါဒနဲ့ မျှော်လင့်ချက်ပျက်သုဉ်းခြင်းရဲ့ ဆန့်ကျင်ဘက်ဖြစ်ပြီး၊ သူ့ရဲ့အဆုံးသတ်က ထာဝရအသက်တာဖြစ်ပါတယ်” (“A Sense of the Sacred” [ဘရင်ဂ်ဟမ်ရန်း တက္ကသိုလ် ဝတ်ပြုပွဲ၊ နို ၇၊ ၂၀၀၄]၊ ၁၊ speeches.byu.edu)။

  41. ရှု တမန်တော်ဝတ္ထု ၁၇:၂၃အယ်လမာ ၃၀:၅၂-၅၃

  42. ရှု ရှင်ယောဟန် ၁၇:၃-၅

  43. ရှု မောဇိယ ၃:၅

  44. ရှု ရှင်လုကာ ၂၄:၁-၆၃ နီဖိုင်း ၁၁

  45. ရှု ဖိလိပ္ပိသြဝါဒစာ ၂:၉-၁၁

  46. ရှု ၂ နီဖိုင်း ၂၅:၂၉

  47. ရှု ထွက်မြောက်ရာကျမ်း ၁၉:၁၆ရှင်လုကာ ၄:၃၂ရှင်ယောဟန် ၁:၁၂ ရောမ ၁၃:၁ ၁ နီဖိုင်း ၁၇:၄၈

  48. ရှု ရှင်ယောဟန် ၃:၁၆

  49. ရှု ၂ နီဖိုင်း ၃၁:၁၉အယ်လမာ ၇:၁၄၃၄:၁၈

  50. ရောမ ၃:၂၅၊ လည်းရှု ၁ ရှင်ယောဟန် ၂:၂၄:၁၀