ဘုရားသခင်နှင့်တွေ့ဖို့ပြင်ဆင်လော့
မြင့်မြတ်စွာ ခန့်အပ်ထားသောတာဝန်များကို ဖြောင့်မတ်ခြင်း၊ စည်းလုံးခြင်းနှင့် တူညီခြင်းတို့ဖြင့်အောင်မြင်အောက်ကြိုးစားခြင်းက ကျွန်တော်တို့ကို ဘုရားသခင်နှင့်တွေ့ဖို့ပြင်ဆင်ပါလိမ့်မယ်။
ဧလိဇာ အာ၊ စနိုးက (သူတက်ရောက်ခဲ့တဲ့) ကာ့တ်လန်းဗိမာန်တော်ဖွင့်ပွဲအကြောင်း ပြောပြတာကတော့ “ ဖွင့်ပွဲအခမ်းအနားကို အစမ်းပြုလုပ်တာဖြစ်နိုင်ပါတယ်၊ ဒါပေမယ့် ဒီအောက်မေ့ဖွယ်နေ့ရဲ့ ကောင်းကင်ဘုံဆိုင်ရာဖော်ပြချက်များကို သေခြင်းရှိတဲ့ဘယ်ဘာသာစကားကမျှရှင်းမပြနိုင်ပါဘူး။ လူအချို့ဆီကို ကောင်းကင်တမန်များပေါ်လာကြပါတယ်၊ မြင့်မြတ်တဲ့သဘောရှိခြင်းကို တက်ရောက်သူအားလုံး သတိပြုမိစဉ်မှာ၊ စိတ်နှလုံးရှိသမျှ မဖော်ပြနိုင်သောဝမ်းမြောက်ခြင်းနဲ့ ပြည့်စုံသောဘုန်းနှင့် ပြည့်ကြပါတယ်။”
ကာ့တ်လန်းဗိမာန်တော်ထဲမှာ ဖြစ်ခဲ့တဲ့ မြင့်မြတ်သောဖော်ပြချက်များဟာ ကျွန်တော်တို့ကောင်းကင်ဘုံရှင်အဘရဲ့ သားသမီးများ၏ ကယ်တင်ခြင်းနှင့် ချီးမြှောက်ခံရခြင်းကို ပြီးပြည့်စေဖို့ ယေရှုခရစ်တော်၏ပြန်လည်ပြင်ဆင်ထားသောအသင်းတော်ရည်ရွယ်ချက်ရဲ့ အခြေခံဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ ဘုရားသခင်နဲ့တွေ့ဖို့ ပြင်ဆင်သလို၊ ကာ့တ်လန်းဗိမာန်တော်ထဲမှာ ပြန်လည်ပေးအပ်ခဲ့တဲ့ သန့်ရှင်းမွန်မြတ်သောသော့ချက်များကို ပြန်ကြည့်ခြင်းအားဖြင့် ကျွန်တော်တို့ရဲ့ မြင့်မြတ်စွာခန့်အပ်ထားတဲ့ တာဝန်တွေဟာဘာတွေလဲဆိုတာ သိနိုင်ပါတယ်။
“တည်ဆောက်ရန် ကျွန်ုပ်တို့ကို ကိုယ်တော်မိန့်တော်မူသည့် … ဤအိမ်တော်ကိုလက်ခံတော်မူရန်” ဖွင့်ပွဲဆုတောင်းခြင်းမှာ၊ ပရောဖက်ဂျိုးဇက်စမစ်က ကိုယ်တော်ရှင်ကို နှိမ့်ချစွာတောင်းခံခဲ့ပါတယ်။
တစ်ပတ်ကြာပြီးနောက်၊ အီစတာတနင်္ဂနွေ့နေ့မှာ၊ ကိုယ်တော်ရှင်ဟာ ခမ်းနားတဲ့ရူပါရုံမှာ ပေါ်လာတော်မူပြီး၊ သူ့ဗိမာန်တော်ကို လက်ခံခဲ့ပါတယ်။ ယခုအီစတာတနင်္ဂနွေနေ့ကနေ လွန်ခဲ့တဲ့နှစ်ပေါင်း ၁၈၂ နှစ်နီးပါးက ၁၈၃၆ခု ၊ ဧပြီ ၃ ရက်နေ့မှာ အခုလိုဖြစ်ခဲ့ပါတယ်။ ပသခါနဲ့ အီစတာထပ်တူကျရာ ကြုံတောင့်ကြုံခဲအချိန်တွေထဲက ပသခါကာလလည်းဖြစ်ပါတယ်။ ရူပါရုံပြပြီးတဲ့နောက်မှာ မောရှေ၊ ဧလိုင်ယနဲ့ ဧလိယဆိုတဲ့ ရှေးပရာဖက်သုံးပါး ပေါ်ထွက်လာခဲ့ပြီး ဒီသာသနာတော်ကာလအပိုင်းအခြားမှာ ကိုယ်တော်ရှင်ရဲ့ပြန်လည်ပြင်ဆင်ထားတဲ့အသင်းတော်အတွက် သူ့ရည်ရွယ်ချက်ပြီးမြောက်ဖို့ လိုအပ်တဲ့သော့ချက်များကို လွှဲအပ်ခဲ့ပါတယ်။ အဲဒီရည်ရွယ်ချက်က ရိုးရှင်းပေမယ့်၊ ဣသရေလအမျိုးသားတို့ကို စုဝေးခြင်း၊ မိသားစုများအဖြစ်ပေါင်းစည်းခြင်းနဲ့ ကိုယ်တော်ရှင်ဒုတိယအကြိမ်ကြွလာတော်မူခြင်းအတွက်လောကကို ပြင်ဆင်ခြင်းအဖြစ် ပီပြင်စွာအနက်ဖွင့်ထားပါတယ်။
ဧလိယနဲ့ မောရှေနှစ်ဦးစလုံးပေါ်ထွက်လာခြင်းဆိုတာဟာ “ယုဒရိုးရာဓလေ့နဲ့ ထင်ရှားသော ပြိုင်တူဖြစ်ခြင်း တစ်ခုဖြစ်ပါတယ်။ အဲဒီဖြစ်ခြင်းအရ၊ ‘အချိန်ကုန်’တဲ့အခါ မောရှေနဲ့ဧလိယ အတူတကွရောက်လာပါလိမ့်မယ်။” ကျွန်တော်တို့ရဲ့ဩဝါဒမှာ၊ ဒီပေါ်ထွက်လာခြင်းက ပြန်လည်ဆောင်ယူခြင်းအခြေခံသော့ချက်အချို့ ကို ပြီးမြောက်ခြင်းဖြစ်ပါတယ် ”ကာလအချိန်စေ့စုံခြင်း၏သာသနာတည်ရာ နောက်ဆုံးကာလမှာ နောက်ဆုံးအကြိမ်အဖြစ် ပေးထားတာဖြစ်ပါတယ်။”
ကာ့တ်လန်းဗိမာန်တော်ဟာ နေရာနဲ့အရွယ်အစားနှစ်မျိုးစလုံးမှာ အတော်မထင်မရှားရှိခဲ့ပါတယ်။ ဒါပေမယ့်၊ လူသားအဖို့ အလွန်ကြီးမားတဲ့ထူးခြားမှုအနေနဲ့ကတော့ထာဝရ-ပုံရိပ်ဖြစ်ခဲ့ပါတယ်။ ယေရှုခရစ်တော်၏ဧဝံဂေလိတရားတော်ရဲ့ ထာဝရကယ်တင်ခြင်းဘိသိက်မင်္ဂလာများအတွက် ယဇ်ပုရောဟိတ်အခွင့်သော့ချက်များကို ရှေးပရောဖက်များက ပြန်လည်ပေးအပ်ခဲ့ပါတယ်။ ဒီအမှုက သစ္စာရှိသောအသင်းသားများ၏ ပြင်းထန်သောဝမ်းမြောက်ခြင်းကို ဖြစ်စေခဲ့ပါတယ်။
အသင်းတော်ရဲ့မူလရည်ရွယ်ချက်ကို ပုံဆောင်တဲ့ မြင့်မြတ်စွာခန့်အပ်ထားသောတာဝန်များအတွက် “အထက်မှတန်ခိုး” ကို ဒီသော့ချက်တွေက ပေးပါတယ်။ အဲဒီအံ့ဩဖွယ်အီစတာနေ့က၊ ကာ့တ်လန်းဗိမာန်တော်ထဲမှာ သော့ချက်သုံးချက်ကို ပြန်လည်ပေးအပ်ခဲ့ပါတယ်။
ပထမဆုံး၊ မောရှေပေါ်လာပြီး၊ မြေကြီးလေးမျက်နှာမှ ဣသရေလလူမျိုးတို့ကို စုစည်းခြင်းဖြစ်တဲ့ သာသနာပြုလုပ်ငန်းရဲ့သော့ချက်များကို ပေးအပ်ခဲ့ပါတယ်။
ဒုတိယ၊ ဧလိုင်ယပေါ်လာပြီး၊ အာဗြဟံပဋိညာဉ်ကို ပြန်လည်ပေးအပ်ခြင်းပါဝင်တဲ့ အာဗြဟံ၏ဧဝံဂေလိတရားတော်သာသနာရဲ့သော့ချက်များကို ပေးအပ်ခဲ့ပါတယ်။ ပဋိညာဉ်သော့ချက်ရဲ့ရည်ရွယ်ချက်ဟာ ဘုရားသခင့်နိုင်ငံတော်၏အသင်းသားများကိုပြင်ဆင်ဖို့ဖြစ်ကြောင်း ဥက္ကဌရပ်ဆဲလ် အမ်၊ နယ်လဆင်က သွန်သင်ပြီးဖြစ်ပါတယ်။ သူပြောတာကတော့၊ “ ကျွန်တော်တို့ ဘယ်သူတွေလဲဆိုတာ ကျွန်တော်တို့သိပါတယ်၊ ပြီးတော့ ကျွန်တော်တို့ဆီကနေ ဘုရားသခင် ဘာကိုမျှော်လင့်သလဲဆိုတာ ကျွန်တော်တို့သိပါတယ်။
တတိယ၊ ဧလိယပေါ်လာပြီး၊ ဒီသာသနာရှိ ပေါင်းစည်းခြင်းတန်ခိုးရဲ့သော့ချက်များကို ပေးအပ်ခဲ့ပါတယ်။ အဲဒါကတော့ မိသားစုသမိုင်းလုပ်ငန်း၊ ပြီးတော့ အသက်ရှင်သူများနဲ့ သေသူများ၏ကယ်တင်ခြင်းကို ထောက်ကူသော ဗိမာန်တော်ဘိသိက်မင်္ဂလာများဖြစ်ပါတယ်။
ကာ့တ်လန်းဗိမာန်တော်မှာ ပြန်လည်ပေးအပ်ထားတဲ့ သော့ချက်များပေါ်အခြေခံပြီး၊ ဒီမြင့်မြတ်စွာခန့်အပ်ထားသောတာဝန်များကို ကြီးကြပ်တဲ့ စီမံခန့်ခွဲမှုကောင်စီသုံးခုဟာ ပထမအဆင့်ဥက္ကဌအဖွဲ့နဲ့ တမန်တော်တစ်ဆယ့်နှစ်ပါးအဖွဲ့ရဲ့ လမ်းညွှန်မှုဖြင့် အသင်းတော်ရုံးချုပ်မှာ ရှိပါတယ်။ အဲဒါတွေကတော့၊ သာသနာပြုစီမံခန့်ခွဲမှုကောင်စီ၊ ယဇ်ပုရောဟိတ်အခွင့်နဲ့ မိသားစုစီမံခန့်ခွဲမှုကောင်စီ၊ ပြီးတော့ ဗိမာန်တော်နဲ့ မိသားစုသမိုင်း စီမံခန့်ခွဲမှုကောင်စီတို့ဖြစ်ပါတယ်။
ဒီမြင့်မြတ်စွာခန့်အပ်ထားတဲ့တာဝန်များကို ပြီးပြည့်စေရာ၌၊ ဒီနေ့ ကျွန်တော်တို့ဘယ်နေရာကရပ်တည်ကြပါသလဲ။
ပထမ၊ မောရှေရဲ့ ဣသရေလလူမျိုးတို့ကို စုစည်းခြင်းသော့ချက်ပြန်လည်အပ်နှင်းခြင်းနဲ့ပါတ်သက်လို့၊ ယခုအချိန်မှာ သာသနာပြု ၇၀,၀၀၀ နီးပါးဟာ ကိုယ်တော်ရဲ့ ရွေးကောက်သူများကို စုစည်းဖို့ ကိုယ်တော်ရဲ့ဧဝံဂေလိတရားတို့ကို ဟောပြောလျက် ကမ္ဘာတစ်လွှားပျံ့နှံ့နေပါတယ်။ ဒါကတော့၊ တပါးအမျိုးသားများနဲ့ ဣသရေလအမျိုးသားနှစ်မျိုးစလုံးမှာ နီဖိုင်းကြိုတင်မြင်ခဲ့တဲ့ ကြီးမြတ်ပြီး အံ့ဩဖွယ်ကောင်းတဲ့အမှုတော် ပြီးပြည့်စေခြင်းရဲ့အစဖြစ်ပါတယ်။ ဘုရားသခင်၏သန့်ရှင်းသူများ မြေကြီးမျက်နှာပြင်တစ်ခုလုံးမှာရှိပေမယ့်၊ သူတို့ရဲ့ဆိုးညစ်ခြင်းကြောင့် အရေအတွက်နည်းငယ်သာဖြစ်မယ့် ကျွန်တော်တို့ကာလကို နီဖိုင်းကသိမြင်ခဲ့ပါတယ်။ ဘာပဲဖြစ်ဖြစ်၊ သူတို့ဟာ “ဖြောင့်မတ်ခြင်းနဲ့၊ ကြီးစွာသောဘုန်းတော်ရှိတဲ့ ဘုရားသခင်၏တန်ခိုးနဲ့ စွဲကိုင်ထားကြတာကို” သူကြိုတင်မြင်ခဲ့ပါတယ်။ ပြန်လည်ပြင်ဆင်ထားတဲ့အသင်းတော်ရဲ့သမိုင်းတစ်လျှောက်ကိုကြည့်မယ်ဆိုလျှင်၊ သာသနာပြုကြိုးပမ်းမှုဟာ အထူးခြားအပြောင်မြောက်ဆုံးဖြစ်ခဲ့ပါတယ်။ နီဖိုင်းရဲ့ရူပါရုံပြီးပြည့်ခြင်းကို ကျွန်တော်တို့မြင်နေရပါပြီ။ ကျွန်တော်တို့အရေအတွက်အတော်နည်းပေမယ့်၊ ကယ်တင်ရှင်ရဲ့အမှာစကားကို တုန့်ပြန်မယ့်သူများအတွက် ကျွန်တော်တို့ရဲ့ ကြိုးပမ်းမှုနဲ့ အကူအညီကို ကျွန်တော်တို့ဆက်ပြီးပြုကြပါမယ်။
ဒုတိယ၊ ဧလိုင်ယပေါ်လာပြီး၊ အာဗြဟံ၏ဧဝံဂေလိတရားတော်သာသနာတော်ကို ပေးအပ်လျက်၊ ကျွန်တော်တို့ရဲ့နောက်မျိုးဆက်အားလုံး ကျွန်တော်တို့နဲ့ ကျွန်တော်တို့ရဲ့ အမျိုးအနွယ်များမှာ ကောင်းချီးခံစားရမယ်ဆိုတာကြေငြာနေပါတယ်။ သန့်ရှင်းသူများကို စုံလင်စေခြင်းနဲ့ ဘုရားသခင်၏နိုင်ငံတော်အတွက် သူတို့ကို ပြင်ဆင်ရာမှာ အရေးကြီးတဲ့လမ်းညွှန်မှုကို ဒီညီလာခံမှာ ဖော်ပြခဲ့ပြီးပါပြီ။ အသင်းလူကြီးနဲ့ ယဇ်ပုရောဟိတ်မင်းအဖွဲ့များနဲ့စပ်လျဉ်းပြီး၊ ယဇ်ပုရောဟိတ်ကဏ္ဍတုန်းကကြေညာချက်က ယဇ်ပုရောဟိတ်အခွင့်တန်ခိုးနဲ့အာဏာကို ထိန်းချုပ်ခြင်းမှလွှတ်ပေးပါလိမ့်မယ်။ အိမ်လည်နဲ့ အလည်အပတ်သွန်သင်ခြင်း၊ ယခု”အမှုတော်ဆောင်ခြင်း”ဟာ ဒီကဏ္ဍမှာ အလွန်ပီပြင်စွာသွန်သင်ခဲ့သည့်အတိုင်း နောက်ပိုင်းကာလသန့်ရှင်းသူများကို ဘုရားသခင်နဲ့တွေ့ဖို့ ပြင်ဆင်ပါလိမ့်မယ်။
တတိယ၊ ဧလိယက ဒီသာသနာရဲ့ ပေါင်းစည်းခြင်းသော့ချက်များကို ပေးအပ်ခဲ့ပါတယ်။ ယခုကာလမှာ အသက်ရှင်ကြတဲ့ကျွန်တော်တို့အတွက်၊ ဗိမာန်တော်နဲ့ မိသားစုသမိုင်းလုပ်ငန်းတိုးတက်ခြင်းဟာ အရမ်းအောင်မြင်တဲ့သဘောဖြစ်ပါတယ်။ ဒီခြေလှမ်းက ဆက်သွားပြီး၊ ကယ်တင်ရှင်ဒုတိယအကြိမ်ကြွလာတော်မူခြင်းသို့တိုင်အောင်၊ သူကြွလာတော်မူရာ၌ မြေကြီးတစ်ခုလုံး ”ရှင်းရှင်းအချည်းနှီး”မဖြစ်စေဖို့ အရှိန်မြှင့်မှာဖြစ်ပါတယ်။
မိသားစုသမိုင်းလုပ်ငန်းဟာ နည်းပညာအားဖြင့် ကောင်းကင်ကောင်းချီးကို ခံစားရပြီး၊ လွန်ခဲ့တဲ့နှစ်အနည်းငယ်အတွင်းမှာ သိသိသာသာတိုးတက်ခဲ့ပါတယ်။ ကျွန်တော်တို့ဟာ ဒီမြင့်မြတ်စွာခန့်အပ်ထားတဲ့ တာဝန်နဲ့ ကျေနပ်အားရလာပြီး အန်တီဂျိန်းသို့မဟုတ် အခြားဆွေမျိုးအချို့က အဲဒီတာဝန်ကို ဖြေရှင်းလိမ့်မယ်လို့ မျှော်လင့်လျှင်၊ ပညာမဲ့ရာရောက်ပါလိမ့်မယ်။ ဥက္ကဌ ဂျိုးဇက်ဖီးလဒင်း စမစ်ရဲ့ အသံတုန်တဲ့ကောက်ချက်များကို ကျွန်တော်ဝေငှပါရစေ။ “ဒီကြီးမြတ်တဲ့တာဝန်ဝတ္တရားမှ ဘယ်သူမျှ လွတ်ငြိမ်းခွင့်မရပါဘူး။ အနှိမ့်ချဆုံး အသင်းလူကြီး သို့မဟုတ် ညီအစ်မတစ်ယောက်ထံမှ ကဲ့သို့ပင် တမန်တော်တစ်ပါးထံမှလိုအပ်ပါတယ်။ အရပ်ဒေသ၊ သို့မဟုတ် ဂုဏ်ထူးသို့မဟုတ်၊ အသင်းတော်ထဲမှာ ကြာမြင့်သောအစေခံခြင်းက တစ်စုံတစ်ယောက်ကို သေသူတစ်ဦးရဲ့ကယ်တင်ခြင်းအတွက် အခွင့်မရှိဘူးဆိုပြီး လစ်လျူရှုမှာမဟုတ်ပါဘူး။”
ကျွန်တော်တို့မှာ ယခုဆိုရင် ဗိမာန်တော်များ ကမ္ဘာအနှံ့မှာရှိပြီး၊ ဗိမာန်တော်နှင့်အလွန်ဝေးလို့ လိုအပ်ချက်ရှိသူများကို ကူညီဖို့ အသင်းသားသက်သာအထောက်အပံ့ရန်ပုံငွေအင်အားများလည်းရှိပါတယ်။
တစ်ဦးချင်းအနေနဲ့၊ သာသနာပြုလုပ်ငန်း၊ ဗိမာန်တော်နှင့် မိသားစုသမိုင်းလုပ်ငန်း၊ ပြီးတော့၊ ဘုရားသခင်နဲ့တွေ့ဖို့ပြင်ဆင်ခြင်း အောင်မြင်အောင်ကြိုးစားရာမှာ ကျွန်တော်တို့ရဲ့ ကြိုးပမ်းမှုကို ကောင်းကောင်းတွက်ဆနိုင်ပါလိမ့်မယ်။
ဖြောင့်မတ်ခြင်း၊ စည်းလုံးခြင်း၊ ပြီးတော့ ကိုယ်တော်ရှင်ရှေ့မှာ တူညီခြင်းတို့က ဤသန့်ရှင်းမွန်မြတ်သောတာဝန်များကို အထောက်အမပြုပါတယ်။
ဖြောင့်မတ်ခြင်းနဲ့ပတ်သက်လို့၊ ဒီအသက်တာဟာ ကျွန်တော်တို့အားလုံးအတွက် ဘုရားသခင်နဲ့တွေ့ဖို့ ပြင်ဆင်ရာအချိန်ဖြစ်ပါတယ်။ တစ်ဦးချင်းသို့မဟုတ် အဖွဲ့လိုက် ဘုရားသခင်ရဲ့ပညတ်တော်များကို စောင့်ထိန်းရန် ပျက်ကွက်တဲ့အခါ ဝမ်းနည်းဖွယ်အကျိုးဆက်များရဲ့ ပုံသက်သေအမျိုးမျိုးကို မော်မုန်ကျမ်းကပေးပါတယ်။
ကျွန်တော့အသက်တာကာလမှာ, လောကီကိစ္စများနဲ့ ပူပန်မှုများဟာ အရေးမကြီး၊ အရေးမပါတဲ့ဝါသနာမှ ဆိုးရွားတဲ့စာရိတ္တပျက်ခြင်းအထိ အစွန်းတစ်ခုမှတစ်ခုသို့ ကူးခဲ့ပါတယ်။ အများနဲ့မကိုက်ညီတဲ့စာရိတ္တပျက်ခြင်းပေါ်လာပြီး လူသိရှင်ကြားရှုတ်ချခံရတာဟာ ချီးကျူးထိုက်ပါတယ်။ အဲဒီလို အများနဲ့မကိုက်ညီတဲ့စာရိတ္တပျက်ခြင်းက ဘုရားသခင်ရဲ့ပညတ်များနဲ့ လူ့အဖွဲ့အစည်းရဲ့ပညတ်များကို ဆန့်ကျင်ပါတယ်။ ဘုရားသခင်ရဲ့အကြံအစည်တော်ကို နားလည်တဲ့သူများဟာ အပြစ်တစ်ခုလည်းဖြစ်တဲ့၊ အများနဲ့လည်းကိုက်ညီတဲ့စာရိတ္တပျက်ခြင်းကို ဆန့်ကျင်သင့်ပါတယ်။ မိသားစုကြေညာချက်က လောကကို သတိပေးတာကတော့၊ “ကာမအပြစ်ကင်းစင်ခြင်းပဋိညာဉ်များကို ချိုးဖောက်တဲ့သူ၊ ဇနီးခင်ပွန်းသို့မဟုတ် သားသမီး (သို့မဟုတ် အခြားတစ်ယောက်ယောက်ကိုလည်းပဲ) မတရားနှိပ်စက်တဲ့သူတိုင်းသည် တစ်နေ့တွင်ဘုရားသခင်ရှေ့မှာ တာဝန်ရှိလိမ့်မည်။”
ကျွန်တော်တို့လျှောက်ကြည့်တာနဲ့၊ ဆိုးညစ်ခြင်းရဲ့ဖျက်ဆီးခြင်းနဲ့ အမြဲတစေစွဲကပ်ခြင်းကို မြင်ရပါတယ်။ တစ်ဦးချင်းစီအနေနဲ့ ကျွန်တော်တို့ကယ်တင်ရှင်ရဲ့ အဆုံးစွန်တရားစီရင်ခြင်းကို တကယ်စိတ်ဝင်စားမယ်ဆိုလျှင်၊ ကျွန်တော်တို့နောင်တရဖို့ အားထုတ်သင့်ပါတယ်။ လူများစွာတို့ဟာ ဘုရားသခင်အတွက် တာဝန်ရှိတယ်လို့ မထင်ကြတော့ဘဲ၊ လမ်းညွှန်မှုအတွက် ကျမ်းစာများသို့မဟုတ် ပုရောဖက်များထံသို့ မလှည့်ကြတော့မှာကို ကျွန်တော်စိုးရိမ်မိပါတယ်။ ကျွန်တော်တို့၊ လူ့အဖွဲ့အစည်းအနေနဲ့ အပြစ်ရဲ့အကျိုးဆက်များကို ဆင်ခြင်ကြမယ်ဆိုလျှင်၊ ကိလေသောညစ်ညမ်းခြင်းနဲ့ အမျိုးသမီးများအား သိက္ခာချခြင်းတို့ကို လူထုတစ်ခဲနက်ဆန့်ကျင်ခြင်း ရှိမှာဖြစ်ပါတယ်။ မော်မုန်ကျမ်းထဲမှာ အယ်လမာက သူ့သားကော်ရန်တန်ကို ပြောပြခဲ့သလိုပါပဲ” ဆိုးညစ်ခြင်းသည် အဘယ်သောအခါကမျှ ပျော်ရွှင်ခြင်းမဖြစ်ခဲ့စဖူး”ပါဘူး။
စည်းလုံးခြင်းနဲ့ပတ်သက်လို့၊ ကယ်တင်ရှင်ဟောကြားခဲ့တာကတော့၊ “ သင်တို့သည် တစ်လုံးတစ်ဝတည်း မဟုတ်ကြလျှင် ငါ၏လူများမဟုတ်ကြ။” ရန်တွေ့ခြင်းဝိညာဉ်ဟာ နတ်ဆိုးထံမှဖြစ်တယ်ဆိုတာ ကျွန်တော်တို့သိကြပါတယ်။
ကျွန်တော်တို့ခေတ်မှာ၊ စည်လုံးခြင်းအတွက် ကျမ်းစာဆိုင်ရာအရေးတကြီးလိုအပ်ချက်ဟာ ကြီးစွာလစ်လျူရှုခံရပါတယ်၊ ပြီးတော့၊ လူများစွာအဖို့ အလေးထားမှုက ကိုယ့်လူမျိုးစုအကျိုးသာကြည့်ခြင်းအယူအဆ၊ အများအားဖြင့်၊ အဆင့်အတန်း၊ ကျားမ၊ မျိုးရိုးနဲ့ ဥစ္စာဓနပေါ်မှာ အခြေခံလျက်ရှိကြပါတယ်။ အများစုမဟုတ်လျှင်တောင်မှ၊ နိုင်ငံများစွာမှာ လူတွေဟာ ဘယ်လို အသက်မွေးရမလဲဆိုတာ များစွာကွဲပြားကြပါတယ်။ ကိုယ်တော်ရှင်ရဲ့အသင်းတော်ထဲမှာ၊ ကျွန်တော်တို့စွဲကိုင်ပြီး၊ သွန်သင်တဲ့ တစ်ခုတည်းသောယဉ်ကျေးမှုကတော့ ယေရှုခရစ်တော်ရဲ့ ဧဝံဂေလိတရားယဉ်ကျေးမှုပဲဖြစ်ပါတယ်။ ကျွန်တော်တို့အားထုတ်တဲ့ စည်းလုံးခြင်းကတော့၊ ကယ်တင်ရှင်နဲ့၊ ပြီးတော့၊ သူရဲ့သွန်သင်ချက်များနဲ့ စည်းလုံးဖို့ဖြစ်ပါတယ်။.
အသင်းတော်ရဲ့မူလရည်ရွယ်ချက်များကို ကျွန်တော်တို့ကြည့်တဲ့အခါ၊ အဲဒါတွေဟာ ကိုယ်တော်ရှင်ရှေ့မှာတူညီခြင်းနဲ့ ယေရှုခရစ်တော်ရဲ့ ဧဝံဂေလိတရားယဉ်ကျေးမှုနောက်လိုက်လျှောက်ခြင်းအပေါ်မှာ အခြေခံပါတယ်။ သာသနာပြုလုပ်ငန်းနဲ့ပတ်သက်လို့၊ နှစ်ခြင်းမင်္ဂလာအတွက်အဓိကအရည်အချင်းတွေကတော့၊ ဘုရားသခင်ရှေ့မှာ ကိုယ့်ကိုယ်ကို နှိမ့်ချခြင်း၊ ပြီးတော့ ကြေကွဲတဲ့နှလုံးသားနဲ့ ကျိုးပဲ့တဲ့စိတ်ဖြင့် ထွက်လာခြင်းဖြစ်ပါတယ်။ ပညာရေး၊ ဥစ္စာဓန၊ မျိုးရိုး သို့မဟုတ် ဇာတိနိုင်ငံဆိုတောတွေကို စဉ်းတောင်မစဉ်းစားပါဘူး။
ထပ်ပြောရမယ်ဆိုလျှင်၊ သာသနာပြုများဟာ ခေါ်တဲ့နေရာမှာ နှိမ့်ချစွာ အစေခံကြပါတယ်။ သူတို့တတွေဟာ လောကီအဆင့်အတန်းစံနှုန်းများ သို့မဟုတ် အနာဂါတ်အသက်မွေးလုပ်ငန်များအတွက်ပြင်ဆင်ခြင်းအပေါ်မှာအခြေခံပြီး အစေခံဖို့ မကြံစည်ကြပါဘူး။ သူတို့တာဝန်အပေးခံရတဲ့နေရာတိုင်းမှာ၊ သူတို့ရဲ့ စိတ်နှလုံး၊ အစွမ်းသတ္တိ၊ စိတ်နှင့် ခွန်အားရှိသမျှဖြင့်အစေခံကြပါတယ်။ သူတို့ရဲ့သာသနာပြုအဖော်များကို သူတို့မရွေးချယ်ကြပါဘူး၊ ပြီးတော့၊ သူတို့ဟာ ယေရှုခရစ်တော်ရဲ့အသင်းတော်၏နှလုံးသားမှာရှိတဲ့ ခရစ်တော်ကဲ့သို့သောစရိုက်လက္ခဏာများ ဖွံ့ဖြိုးဖို့ လုံ့လဝီရိယထက်သန်စွာ ကြိုးစားကြပါတယ်။
ကျွန်တော်တို့ရဲ့ အရေးအကြီးဆုံးဆက်ဆံရေးအတွက် လမ်းညွှန်မှုကို ကျမ်းစာများက ပေးပါတယ်။ ကယ်တင်ရှင်က ပထမပညတ်တော်မှာ သင်၏ဘုရားသခင်ကိုယ်တော်ရှင်ကို ချစ်ဖို့ဖြစ်တယ်လို့ သွန်သင်ခဲ့ပါတယ်။ ဒုတိယကတော့၊ “ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှချစ်”ဖို့ဖြစ်ပါတယ်။
ကယ်တင်ရှင်က ထပ်ပြီးရှင်းပြခဲ့တာကတော့ လူတိုင်းဟာ ကျွန်တော်တို့နဲ့စပ်ဆိုင်တဲ့သူဖြစ်တဲ့အကြောင်းပါပဲ။ မော်မုန်ကျမ်းက အမျိုးသား၊ လူမျိုးစုများ၊ သို့မဟုတ် အတန်းအစားဆိုတာ မရှိရမည့်အကြောင်းရှင်းလင်းစေပါတယ်။ ဘုရားသခင်ရှေ့မှာ ကျွန်တော်တို့စည်းလုံးညီညွတ်ရပါမယ်။
သန့်ရှင်းမွန်မြတ်သောဘိသိက်မင်္ဂလာများနဲ့ မြင့်မြတ်သောတာဝန်များကို ဒီအဆိုပေါ်မှာတည်ဆောက်ထားပါတယ်။ ဗိမာန်တော်ထဲမှာ သင်တို့ကိုယ်တိုင်ရဲ့အတွေ့အကြုံများဟာ ကျွန်တော့အတွေ့အကြုံများနဲ့ ဆင်တူလိမ့်မယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်။ ဆန်ဖရန်စစ္စကိုရှိ ကျွန်တော့အလုပ်လောကမှ ထွက်လာပြီး အုတ်ကလန်းဗိမာန်တော်ကို ရောက်မယ့်အချိန်မှာ၊ ချစ်ခြင်းနဲ့ ငြိမ်းချမ်းခြင်းတို့ရဲ့ ခိုင်မြဲတဲ့ခံစားမှုကို ကျွန်တော်တွေ့ကြုံပါလိမ့်မယ်။ အဓိကအပိုင်းကတော့ ကျွန်တော်ဟာ ဘုရားသခင်နဲ့ သူ့ရည်ရွယ်ချက်များနဲ့ ပိုပြီးနီးလာတယ်လို့ သိနေခြင်းပါပဲ။ ကယ်တင်ခြင်းဘိသိက်မင်္ဂလာများဟာ ကျွန်တော့မူလရည်မှန်းချက်ဖြစ်ပါတယ်၊ ဒါပေမယ့်၊ အဲဒီသာယာတဲ့ခံစားမှုများရဲ့ ထူးခြားတဲ့အပိုင်းကတော့၊ ဗိမာန်တော်ကို စိမ့်ဝင်ပျံ့နှံ့တဲ့ တူညီခြင်းနဲ့ စည်းလုံးခြင်းတို့ဖြစ်ပါတယ်။ လူတိုင်းအဖြူရောင်အဝတ်ကို ဝတ်ထားပါတယ်။ ဥစ္စာဓန၊ အဆင့်အတန်း၊ သို့မဟုတ် ပညာရေးအောင်မြင်မှု အထောက်အထားမရှိပါဘူး။ ကျွန်တော်တို့အားလုံးဟာ ညီအစ်ကိုမောင်နှမများဖြစ်ကြပြီး မိမိတို့ကိုယ်ကို ဘုရားသခင်ရှေ့မှာ နှိမ့်ချလျက်ရှိကြပါတယ်။
သန့်ရှင်းမွန်မြတ်တဲ့ ပေါင်းစည်းခြင်းအခန်းထဲမှာ၊ ထာဝရလက်ထပ်ခြင်းဘိသိက်မင်္ဂလာဟာ လူတိုင်းအတွက် အတူတူဖြစ်ပါတယ်။ အနှိမ့်ချဆုံးအသိုင်းအဝိုင်းမှစုံတွဲနဲ့ အချမ်းသာဆုံးအသိုင်းအဝိုင်းမှစုံတွဲဟာ အတိအကျတူညီတဲ့အတွေ့အကြုံကို ရရှိတယ်ဆိုတဲ့အချက်ကို ကျွန်တော်နှစ်သက်ပါတယ်။ သူတို့ဟာအမျိုးအစားတူတဲ့ ဝတ်ရုံကို ဝတ်ဆင်ဆင်ပြီး၊ တူညီတဲ့ယဇ်ပလ္လင်တစ်ဝိုက်မှာ တူညီတဲ့ပဋိညာဉ်ကို ပြုကြပါတယ်။ သူတို့ဟာ တူညီတဲ့ထာဝရယဇပုရောဟိတ်အခွင့်ကောင်းချီးမင်္ဂလာများကိုလည်း ရရှိကြပါတယ်။ ကိုယ်တော်ရှင်ရဲ့သန့်ရှင်းမွန်မြတ်သောအိမ်တော်အဖြစ် သန့်ရှင်းသူများရဲ့ဆယ်ဖို့တစ်ဖို့အလှူငွေများနဲ့ တည်ဆောက်ထားတဲ့ဗိမာန်တော်ထဲမှာ ဒီအမှုကို ပြီးမြောက်စေပါတယ်။
မြင့်မြတ်စွာခန့်အပ်ထားသော တာဝန်များကို ဖြောင့်မတ်ခြင်း၊ စည်းလုံးခြင်း၊ ပြီးတော့ ကိုယ်တော်ရှင်ရှေ့မှာ တူညီခြင်းတို့အပေါ်အခြေခံလျက် ပြီးမြောက်စေခြင်းက ကိုယ်တိုင်ပျော်ရွှင်ခြင်း၊ ပြီးတော့ ဒီလောကထဲ၌ ငြိမ်းချမ်းခြင်းတို့ကို ဖြစ်စေပြီး၊ နောက်လာမယ့်လောကမှာ ထာဝရအသက်တာအတွက် ကျွန်တော်တို့ကို ပြင်ဆင်ပါတယ်။ အဲဒါက ကျွန်တော်တို့ကို ဘုရားသခင်နဲ့တွေ့ဖို့ ပြင်ဆင်ပါတယ်။
သင်တို့ရဲ့လက်ရှိအခြေအနေဘာပဲဖြစ်ဖြစ်၊ သင်တို့အယောက်စီတိုင်းဟာ သင်တို့ရဲ့သင်းအုပ်နဲ့တိုင်ပင်ပြီး၊ ဗိမာန်တော်ထောက်ခံချက်နဲ့ထိုက်တန်စေဖို့ ကျွန်တော်တို့ဆုတောင်းပါတယ်။
ပို၍များစွာသောအသင်းသားများ ဗိမာန်တော်ကိုသွားဖို့ ပြင်ဆင်နေကြတဲ့အတွက် ကျွန်တော်တို့ကျေးဇူးတင်ပါတယ်။ ဗိမန်တော်ထောက်ခံချက်ကိုင်ဆောင်သူ အရွယ်ရောက်ထိုက်တန်သူအရေအတွက် ထူးခြားသောတိုးလာခြင်းဟာ နှစ်ပေါင်းများစွာကြာပါပြီ။ ထိုက်တန်သောလူငယ်များအတွက် အကန့်အသတ်ရှိ ထောက်ခံချက်များဟာ လွန်ခဲ့တဲ့ နှစ်နှစ်မှာ သိသိသာသာတိုးလာခဲ့ပါတယ်။ အသင်းတော်ရဲ့ သစ္စာရှိသောအဓိကအသင်းဝင်ထင်ရှားစွာ ပိုပြီးအားမကြီးခဲ့ဖူးပါဘူး။
နိဂုံးချုပ်အနေနဲ့၊ အသင်းတော်၏ မြင့်မြတ်စွာခန့်အပ်ထားသောတာဝန်များကို ကြီးကြပ်တဲ့ အသင်းတော်အသက်ကြီးခေါင်းဆောင်များဟာ မြင့်မြတ်သောအကူအညီရရှိစေဖို့ ကျေးဇူးပြု၍ သေချာပါစေ။ ဒီလမ်းညွှန်မှုဟာ ဝိညာဉ်တော်ဆီမှလာပြီး၊ တစ်ခါတစ်ရံ ကယ်တင်ရှင်ထံမှ တိုက်ရိုက်လာပါတယ်။ ဝိညာဉ်ပကတိလမ်းညွှန်မှုနှစ်မျိုးစလုံးကို ပေးထားပါတယ်။ ထိုကဲ့သို့သောအကူအညီကို လက်ခံရရှိတာ ကျွန်တော်ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် လမ်းညွှန်မှုကို ကိုယ်တော်ရှင်ရဲ့အချိန်မှာ ပေးထားပါတယ်၊ ပညတ်တစ်ခုပြီးတစ်ခု၊ နည်းတစ်ခုပြီးတစ်ခုပေးတာက၊ “အလုံးစုံသိမြင်တဲ့ ကိုယ်တော်ရှင်က ကျွန်တော်တို့ကို သွန်သင်ဖို့ တမင်သက်သက်ရွေးချယ်တဲ့အခါမှာဖြစ်ပါတယ်။” အသင်တော်တစ်ခုလုံးအတွက် လမ်းညွှန်မှုကိုတော့ သူ့ပရောဖက်ကိုသာ ပေးပါတယ်။
ကျွန်တော်တို့အားလုံးဟာ ဒီညီလာခံမှာ ဥက္ကဌ ရပ်ဆဲလ် အမ်၊ နယ်လဆင်ကို ကျွန်တော်တို့ရဲ့ ပရောဖက်နဲ့ ယေရှုခရစ်တော်၏နောက်ပိုင်းကာလသန့်ရှင်းသူများအသင်းတော်၏ဥက္ကဌအဖြစ်ထောက်မဖို့ အထူးအခွင့်အရေးကို ရရှိခဲ့ကြပါတယ်။ ကျွန်တော်တို့လက်များကို ဥက္ကဌနယ်လဆင်ရဲ့ ခေါင်းပေါ်မှာတင်ပြီးတော့၊ ဥက္ကဌ ဒလျံ အိပ်ခ်ျ အုတ်က အသံတော်အဖြစ်ဆောင်ရွက်ပြီး၊ သူ့ကို အသင်းတော်၏ဥက္ကဌအဖြစ် ရွေးထားပြီး ခန့်အပ်တဲ့အခါ၊ တစ်ဆယ့်နှစ်ပါးတို့ဟာ အဖွဲ့လိုက်နဲ့ တစ်ဦးချင်းအလိုက် ထူးခြားတဲ့ဝိညာဉ်ပကတိအတွေ့အကြုံကို ရရှိကြပါတယ်။ သူဟာ ကြိုတင်ခန့်ထားခံရပြီး၊ ကျွန်တော်တို့ခေတ်အတွက် ကိုယ်တော်ရှင်ရဲ့ပရောဖက်ဖြစ်ဖို့ သူ့အသက်တာတစ်လျှောက်လုံး ပြင်ဆင်ခဲ့တယ်ဆိုတာ ကျွန်တော်သက်သေခံပါတယ်။ ယေရှုခရစ်တော်၏နာမတော်အားဖြင့်၊ အာမင်။