ကိုယ်တော်ရှင်ခရစ်တော်ယနေ့ထမြောက်ပြီ
ဒီနေ့ဟာ အီစတာတနင်္ဂနွေနေ့ဖြစ်ပါတယ်။ “သေပြီးလို့ သင်္ဂြိုဟ်ခံပြီးမှ တတိယနေ့မှာ တစ်ဖန်ထမြောက်တော်မူတဲ့” အသက်ရှင်တဲ့ယေရှုခရစ်တော်အကြောင်း ကျွန်တော်ရိုသေစွာသက်သေပြုပြီး၊ လေးနက်စွာသက်သေခံပါတယ်။
ချစ်သောညီအစ်ကိုမောင်နှများခင်ဗျာ၊ ကျွန်တော်တို့ရဲ့သားတွေ အတော်ငယ်ငယ်တုန်းက၊ သူတို့ကို အမဲလိုက်ခွေးကလေးများအကြောင်း အိပ်ရာဝင်ပုံပြင်ကို ကျွန်တာ်ပြောပြပြီး၊ “ ကိုယ်တော်ရှင်ယေရှုခရစ်တော်ယနေ့ထမြောက်ပြီ,”အပါအဝင် အိပ်ရာဝင်ဓမ္မတေးတွေကို ညည်းပြပါတယ်။ တစ်ခါတစ်လေမှာ၊ ကျွန်တော်က ကျီစယ်ရင်းနဲ့ “အခုအိပ်ချိန်ရောက်ပြီ၊ ဟာလေလုယ” လို့ စကားလုံးတွေကို ပြောင်းပစ်ပါတယ်။ အများအားဖြင့် ကျွန်တော်တို့ရဲ့ သားတွေ မြန်မြန်အိပ်ပျော်ကြပါတယ်။ ဒါမှမဟုတ်၊ သူတို့ အိပ်ပျော်ပြီလို့ ကျွန်တော်ထင်ရင် သီချင်းအဆိုရပ်လိမ့်မယ်ဆိုတာ သူတို့သိကြပါတယ်။
ကျွန်တော့ဘေးမှာ ကျွန်တော့ရဲ့ချစ်သောစူဇန်နဲ့အတူ၊ ကျွန်တော့ကို အသက်ရှုမှားစေပြီး၊ ဒီလွန်ခဲ့တဲ့ ရက်များမှာ ငိုနေစေခဲ့တဲ့ ကိုယ်တော်ရှင်ထံမှ ဒီသန့်ရှင်းမွန်မြတ်တဲ့အမှုတော်ဆောင်တာဝန်ကို ဥက္ကဌရပ်ဆဲလ် အမ်၊ နယ်လဆင်က ကျွန်တော့လက်တွေကို သူ့လက်ထဲမှာ အမြတ်တနိုးဆုပ်ကိုင်ပြီး၊ အပ်နှင်းကတည်းက၊ ပြင်းထန်တဲ့ ခံစားချက်များကို စကားလုံးများ၊ ကျွန်တော့စကားလုံးများကတောင် မဖော်ပြနိုင်ပါဘူး။
ဒီအီစတာဥပုသ်မှာ “ဟာလေလုယ”လို့ ကျွန်တော်ဝမ်းမြောက်စွာသီဆိုပါတယ်။ ကျွန်တော်တို့ရဲ့ ထမြောက်တဲ့ကယ်တင်ရှင်ရဲ့ ရွေးနှုတ်သောချစ်ခြင်းသီချင်းက (ကျွန်တော်တို့ကို ဘုရားသခင်နဲ့၊ ပြီးတော့ အချင်းချင်း ဆက်သွယ်တဲ့) ညီညွတ်ခြင်းပဋိညာဉ်များနဲ့ (ဇာတိပကတိယောက်ျား၊ မိန်းမကို ချွတ်ပယ်ဖို့နဲ့ သန့်ရှင်းသောဝိညာဉ်တော်)၏ ဖျောင်းဖျတော်မူခြင်းကို ဝန်ခံစေဖို့ ကူညီတဲ့) ခရစ်တော်၏အပြစ်ဖြေခြင်းမင်္ဂလာတို့ကို ဂုဏ်ပြုပါတယ်။
ကျွန်တော်တို့ရဲ့ပဋိညာဉ်များနဲ့ ကျွန်တော်တို့ကယ်တင်ရှင်ရဲ့ အပြစ်ဖြေခြင်းမင်္ဂလာက အတူတကွအထောက်အကူပြုပြီး၊ မြင့်မြတ်စေပါတယ်။ တည်မြဲခြင်းနဲ့လွတ်မြောက်ခြင်းမှာ ကျွန်တော်တို့ကို အတူတကွကူညီပါတယ်။ အတူတကွ၊ ပိုပြီးအဆင်ပြေစေတယ်၊ ထိန်းသိမ်းတယ်၊ သန့်ရှင်းစေပြီးတော့ ရွေးနှုတ်ပါတယ်။
ပရောဖက်ဂျိုးဇက်စမစ်က ပြောခဲ့ပါတယ်။ ကျွန်တော်တို့ပြောကြတဲ့အရာဟာ မြေကြီးပေါ်မှာ မှတ်ထား သို့မဟုတ်ချည်နှောင်ထား၊ ကောင်းကင်ဘုံမှာလည်းချည်နှောင်ထားတဲ့တန်ခိုးဖြစ်ပြီး အချို့သောသူများအဖို့ အလွန်ရဲရင့်တဲ့ဩဝါဒတစ်ခုဖြစ်ဖွယ်ရှိပါတယ်။ သို့သော်လည်း၊ လောကခေတ်ကာလတိုင်းမှာ၊ ကိုယ်တော်ရှင်က တကယ့်ဗျာဒိတ်တော်အားဖြင့် အမျိုးသားတစ်စုံတစ်ဦး သို့မဟုတ်၊ အမျိုးသားအဖွဲ့တစ်ခုခုသို့ ယဇ်ပုရောဟိတ်အခွင့်သာသနာကာလကို ပေးတဲ့အခါတိုင်း ဒီတန်ခိုးကို အမြဲပေးခဲ့ပါတယ်။”
ဒီခေတ်မှာလည်း အဲဒီလိုပါပဲ။ အခြားဘယ်နေရာမှာမှ မရရှိနိုင်တဲ့ သန့်ရှင်းမွန်မြတ်သောပဋိညာဉ်များနဲ့ ဘိသိက်မင်္ဂလာများကို နိုင်ငံ ၄၃ ခုရှိ ကိုယ်တော်ရှင်ရဲ့သန့်ရှင်းသောအိမ်တော် ၁၅၉ ခုမှာ လက်ခံရရှိကြပါတယ်။ ကတိတော်ကောင်းချီးမင်္ဂလာများဟာ ပြန်လည်အပ်နှင်းထားတဲ့ ယဇ်ပုရောဟိတ်သော့ချက်များ၊ ဩဝါဒ၊ အခွင့်အာဏာ၊ ကျွန်တော်တို့ရဲ့ယုံကြည်ခြင်းကို ပြသခြင်း၊ နာခံခြင်းတို့အားဖြင့် ကျရောက်လာပြီး၊ အခုချိန်နဲ့ထာဝရမှာ ကျွန်တော်တို့မျိုးဆက်များ၌ ကျွန်တော်တို့ထံပေးတဲ့ သူ့ရဲ့သန့်ရှင်းသောဝိညာဉ်တော်၏ကတိတော်များလည်း ကျရောက်လာပါတယ်။
ကျွန်တော်တို့ရဲ့တစ်ကမ္ဘာလုံးဆိုင်ရာအသင်းတော်အနှံ့မှာရှိတဲ့နိုင်ငံသား၊ အမျိုးစု၊ အသီးသီးဘာသာစကားကိုပြောတဲ့ ချစ်သောညီအစ်ကိုမောင်နှမများခင်ဗျာ၊ ခြေလှမ်းတိုင်းမှာ သင်တို့ရဲ့ အသက်ရှင်သောယုံကြည်ခြင်း၊ မျှော်လင့်ခြင်းနဲ့မေတ္တာတရားတို့အတွက် ကျေးဇူးတင်ပါတယ်။ မူရင်းပြန်ဖော်ထားတဲ့၊ ဧဝံဂေလိတရားတော်သက်သေခံချက်နှင့် အတွေ့အကြုံတို့ရဲ့ အပြည့်အစုံ အစုအဝေးတစ်ခုဖြစ်လာခြင်းအတွက် ကျေးဇူးတင်ပါတယ်။
ချစ်သောညီအစ်ကိုမောင်နှမများခင်ဗျာ၊ ကျွန်တော်တို့ဟာ တစ်ယောက်နဲ့တစ်ယောက် သက်ဆိုင်ကြပါတယ်။ ကျွန်တော်တို့ဟာ အမှုကိစ္စမှန်သမျှ၊ နေရာမှန်သမျှမှာ၊ “စည်းလုံးခြင်းနဲ့ ချစ်ခြင်းတို့ဖြင့် အတူတကွတစ်သားတည်း” ဖြစ်နိုင်ကြပါတယ်။ ကျွန်တော်တို့ အယောက်တိုင်းကို ကိုယ်တော်ရှင်ယေရှုခရစ်တော် ဖိတ်ခေါ်သလိုပါပဲ၊ ကျွန်တော်တို့ဘယ်မှာရှိရှိ၊ ကျွန်တော်တို့ရဲ့အခြေအနေတွေဘာပဲဖြစ်ဖြစ်၊ ကျေးဇူးပြု၍ “လာပြီးကြည့်ကြပါ။”
ဘာတွေပဲဖြစ်နေနေ၊ ဘာတွေပဲဖြစ်လာလာ ကျွန်တော့ကယ်တင်ရှင်ကို၊ ကျွန်တော့ချစ်သောစူဇန်နဲ့ ကျွန်တော်တို့မိသားစုကို၊ ကျွန်တော့ညီအစ်ကိုများကို၊ ပြီးတော့သင်တို့တစ်ဦးချင်းကို၊ ကျွန်တော်ချစ်တဲ့ညီအစ်ကိုမောင်နှမများကို ကျွန်တော့စိတ်ဝိညာဉ်အစွမ်းရှိသမျှနဲ့ ဒီနေ့မှာ၊ နှိမ့်ချစွာ သစ္စာအဓိဌာန်ပြုပါတယ်။
ထိုက်တန်ပြီး ထာဝရတည်တဲ့အရာတိုင်းဟာ ဘုရားသခင်၊ ကျွန်တော်တို့ရဲ့ ချစ်သော ထာဝရအဘနဲ့ သူ့သား၊ ယေရှုခရစ်တော်၊ သူ့ရဲ့ အပြစ်ဖြေခြင်းမင်္ဂလာတို့ရဲ့ အသက်ရှင်တဲ့အမှန်တရားမှာ ရှိပြီး၊ သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် သက်သေပြုထားပါတယ်။ ဒီနေ့ဟာ အီစတာတနင်္ဂနွေနေ့ဖြစ်ပါတယ်။ “သေပြီးလို့ သင်္ဂြိုဟ်ခံပြီးမှ တတိယနေ့မှာ တစ်ဖန်ထမြောက်တော်မူပြီး၊ ကောင်းကင်ဘုံကို တက်သွားတဲ့” အသက်ရှင်တဲ့ယေရှုခရစ်တော်အကြောင်း ကျွန်တော်ရိုသေစွာသက်သေပြုပြီး၊ လေးနက်စွာသက်သေခံပါတယ်။ သူဟာ အာလဖနဲ့ ဩမေဃဖြစ်ပါတယ်။ အစကတည်းက ကျွန်တော်တို့နဲ့အတူရှိပြီး၊ သူဟာ အဆုံးတိုင်အောင် ကျွန်တော်တို့နဲ့အတူရှိပါတယ်။
ပရောဖက် ဂျိုးဇက်စမစ်ကနေစပြီး၊ ကျွန်တော်တို့ ဝမ်းမြောက်စွာ ထောက်ခံတဲ့ ကျွန်တော်တို့ရဲ့ချစ်သော ဥက္ကဌရပ်ဆဲလ် အမ်၊ နယ်လဆင်အထိ နောက်ပိုင်းကာလပရောဖက်များကို ကျွန်တော်သက်သေခံပါတယ်။ ကျွန်တော်တို့ရဲ့ မူလတန်းကလေးများ သီဆိုကြသလိုပေါ့၊ “ပရောဖက်နောက်ကို လိုက်လျှောက်ပါ၊ သူကလမ်းခရီးကို သိပါတယ်။” ယေရှုခရစ်တော်အကြောင်း အခြားသောသက်သေခံချက်ဖြစ်တဲ့ မော်မုန်ကျမ်းအပါအဝင်၊ သန့်ရှင်းသောကျမ်းစာများမှာ ပရောဖက်ပြုဟောထားတဲ့အတိုင်း၊ မေရှိယဒုတိယအကြိမ်ကြွလာခြင်းရဲ့ ပြင်ဆင်ရာအဖြစ် ကိုယ်တော်ရှင်ရဲ့နိုင်ငံတော်ကို မြေကြီးပေါ်မှာ နောက်တစ်ဖန် တည်ထောင်ထားတယ်ဆိုတာ ကျွန်တော်သက်သေပြုပါတယ်။ ယေရှုခရစ်တော်၏ စင်ကြယ်ပြီး၊ သန့်ရှင်းမွန်မြတ်သောနာမတော်အားဖြင့်၊ အာမင်။