၂၀၁၀-၂၀၁၉
အမှုတော်ဆောင်ခြင်း
ဧပြီ ၂၀၁၈


2:15

အမှုတော်ဆောင်ခြင်း

အခြားသူများကို ကြည့်ရှုစောင့်ရှောက်ခြင်းနဲ့ အမှုတော်ဆောင်ခြင်းအတွက်၊ ပိုပြီးသစ်လွင်တဲ့၊ ပိုပြီးသန့်ရှင်းတဲ့နည်းလမ်းကို ကျွန်တော်တို့အကောင်အထည်ဖော်ကြပါမယ်။

အယ်လ်ဒါဂေါင်နဲ့ အယ်လ်ဒါဆော၊ သင်တို့ရဲ့လှိုက်လှဲသောယုံကြည်ခြင်းဖော်ပြချက်အတွက် ကျေးဇူးတင်ပါတယ်။ သင်တို့နဲ့ သင်တို့ရဲ့လက်တွဲဖော်များအတွက် ကျွန်တော်တို့အလွန်အင်မတန်ကျေးဇူးတင်ပါတယ်။

ချစ်သောညီအစ်ကိုမောင်နှမများခင်ဗျာ၊ ကျွန်တော်တို့ရဲ့အသင်းသားများ ဘုရားသခင်ရဲ့ပညတ်တော်များ၊ အထူးသဖြင့်၊ ဘုရားသခင်ကို ချစ်ဖို့နဲ့ ကိုယ်နဲ့စပ်ဆိုင်တဲ့သူများကို ချစ်ဖို့ဆိုတဲ့ ကြီးမြတ်သောပညတ်တော်နှစ်ခုကို စောင့်ထိန်းရာမှာ ကျွန်တော်တို့ဘယ်လိုကူညီနိုင်မလဲဆိုတာနဲ့ပတ်သက်လို့၊ ကိုယ်တော်ရှင်ထံမှ လမ်းညွှန်ချက်ကို ကျွန်တော်တို့ အစဉ်အမြဲရှာကြပါတယ်။

ကယ်တင်ရှင်ရဲ့နည်းအားဖြင့် ကျွန်တော်တို့လူများရဲ့ ဝိညာဉ်ပကတိနဲ့ဇာတိပကတိလိုအပ်ချက်များအတွက် အမှုတော်ဆောင်ဖို့ ပိုကောင်းတဲ့နည်းလမ်းကို ကျွန်တော်တို့ရှာနေခဲ့တာ လပေါင်းများစွာ ကြာခဲ့ပါပြီ။

ကျွန်တော်တို့သိကြတဲ့အတိုင်းပါပဲ၊ အိမ်လည်သွန်သင်ခြင်းနဲ့ အလည်အပတ်သွန်သင်ခြင်းတို့ကို ရပ်နားဖို့ ကျွန်တော်တို့ဆုံးဖြတ်ချက်ချပြီးကြပါပြီ။ အဲဒီအစား၊ အခြားသူများကို ကြည့်ရှုစောင့်ရှောက်ခြင်းနဲ့ အမှုတော်ဆောင်ခြင်းအတွက်၊ ပိုပြီးသစ်လွင်တဲ့၊ ပိုပြီးသန့်ရှင်းတဲ့နည်းလမ်းကို ကျွန်တော်တို့အကောင်အထည်ဖော်ကြပါမယ်။ ဒီကြိုးပမ်းမှုများကို “အမှုတော်ဆောင်ခြင်း”လို့ ကျွန်တော်တို့ ရိုးရှင်းစွာဖော်ပြကြပါမယ်။

ထိရောက်သောအမှုတော်ဆောင်ခြင်း ကြိုးပမ်းမှုများဟာ၊ ညီအစ်မများရဲ့ မွေးရာပါဆုကျေးဇူးများအားဖြင့်၊ ယဇ်ပုရောဟိတ်အခွင့်ရဲ့ အတုမရှိသောတန်ခိုးအားဖြင့် အထောက်အကူရပါတယ်။ ရန်သူရဲ့စဉ်းလဲသောပရိယာယ်များမှ ထိုကဲ့သို့သောအကာအကွယ်ကို ကျွန်တော်တို့အားလုံး လိုအပ်ကြပါတယ်။

ယဇ်ပုရောဟိတ်အခွင့်မှ တာဝန်ကျညီအစ်ကိုများ၊ လူမှုသက်သာရေးအဖွဲ့နဲ့ လူငယ်အမျိုးသမီးများမှ တာဝန်ကျညီအစ်မများ ကမ္ဘာတစ်ဝှမ်းလုံးရှိ အသင်းတော်ရဲ့အသင်းသားများကို အစေခံခြင်းနဲ့ ကြည့်ရှုစောင့်ရှောက်ခြင်းမှာ ယခုဘယ်လို အလုပ်လုပ်ကြတော့မယ်ဆိုတာကို တမန်တော်တစ်ဆယ့်နှစ်ပါးအဖွဲ့ဝင် အယ်လ်ဒါဂျဖရီ အာ၊ ဟော်လန်နဲ့၊ လူမှုသက်သာရေးအဖွဲ့အထွေထွေဥက္ကဌ ညီအစ်မ ဂျင်း ဘီ၊ ဘင်ဟမ်တို့က ရှင်းပြပါလိမ့်မယ်။

ပထမဥက္ကဌအဖွဲ့နဲ့ တစ်ဆယ့်နှစ်ပါးအဖွဲ့တို့ဟာ မိမိတို့အမှာစကားများကို အတည်ပြုရာမှာ တညီတညွတ်တည်းရှိကြပါတယ်။ အသင်တော်ရဲ့သမိုင်းမှာ ဒီကဏ္ဍသစ်ကို ကျွန်တော်တို့ ကျေးဇူးတင်စွာ၊ ဆုတောင်းချက်ထက်သန်စွာ ဖွင့်လှစ်ကြပါတယ်။ ယေရှုခရစ်တော်၏နာမတော်အားဖြင့်၊ အာမင်။

မှတ်စု

  1. လုကာ ၁၀း၂၇ တွင်ကြည့်ပါ။