၂၀၁၀-၂၀၁၉
လူသားကို ကြည့်ကြလော့
ဧပြီ ၂၀၁၈


17:41

လူသားကို ကြည့်ကြလော့

လူသားကို တကယ်ကြည့်ဖို့ နည်းလမ်းကို ရှာသောသူများဟာ ဘဝရဲ့အကြီးဆုံးဝမ်းမြောက်ခြင်းတွေ၊ ဘဝရဲ့ အလိုအပ်ဆုံးဖြစ်တဲ့ စိတ်ပျက်ခြင်းများငြိမ်းအေးရာရဲ့ တံခါးပေါက်ကို တွေ့ကြပါတယ်။

ကျွန်တော်ချစ်တဲ့ညီအစ်ကိုမောင်နှမများ၊ ချစ်သောမိတ်ဆွေများခင်ဗျာ၊ ဒီပျော်ရွှင်ဖွယ်ကောင်းတဲ့ အထွေထွေညီလာခံစနေတနင်္ဂနွေမှာ သင်တို့နဲ့အတူရှိရတာ ကျွန်တော်ကျေးဇူးတင်ပါတယ်။ အယ်လဒါ ဂေါင် နဲ့ ဆိုအာ၊ ပြီတော့၊ အရေးပါတဲ့ အမှုတော်ဆောင်တာဝန်အသစ်များကို ဒီညီလာခံအတွင်းမှာ လက်ခံရရှိခဲ့သူညီအစ်ကိုမောင်နှမများစွာတို့ကို ထောက်ခံရာမှာ သင်တို့နဲ့အတူ၊ ဟယ်ရီနဲ့ကျွန်တော် ရွှင်လန်းဝမ်းမြောက်ကြပါတယ်။

ကျွန်တော့ရဲ့ ချစ်သောမိတ်ဆွေဥက္ကဌသောမတ် အက်စ် မုန်ဆင်ကို ကျွန်တော်လွမ်းပေမယ့်၊ ကျွန်တော်တို့ရဲ့ ပရောဖက်နဲ့ဥက္ကဌဖြစ်တဲ့ ရပ်ဆဲလ် အမ်၊ နယ်လဆင်နဲ့ သူ့ရဲ့မွန်မြတ်သောအတိုင်ပင်ခံများကို ကျွန်တော်ချစ်ပါတယ်၊ ထောက်ခံထောက်မပါတယ်။

ကျွန်တော်ချစ်တဲ့ တမန်တော်တစ်ဆယ့်နှစ်ပါးအဖွဲ့ဝင်အပေါင်းအဖော်ညီအစ်ကိုများနဲ့ နောက် တစ်ဖန်ပိုပြီးနီးနီးကပ်ကပ် အလုပ်လုပ်ရမှာကိုလည်း ကျွန်တော်ကျေးဇူးတင်ဂုဏ်ယူမိပါတယ်။

ဒါတွေအားလုံးထက်၊ သန်းပေါင်းများစွာသောအမျိုးသားအမျိုးသမီးနဲ့ ကလေးများဟာ နေရာ သို့မဟုတ် အမှုတော်ဆောင်တာဝန်က ဘာပဲဖြစ်ဖြစ် သူတို့ရောက်ရာနေရာကထမ်းဆောင်ပြီး၊ ဘုရားသခင်ရဲ့နိုင်ငံတော်ကို တည်ထောင်ရင်း၊ ဘုရားသခင်နဲ့ သူ့သားသမီးများကို စိတ်နှလုံးအကြွင်းမဲ့အစေခံဖို့ကြိုးစားရန် လိုလိုလားလားရှိရာ၊ ယေရှုခရစ်တော်၏နောက်ပိုင်းကာလသန့်ရှင်းသူများအသင်းတော်ရဲ့ အသင်းသားတစ်ယောက်ဖြစ်ရတာ၊ ကျွန်တော်လေးနက်စွာနိမ့်ချပြီး၊ အင်မတန်ပျော်ပါတယ်။

ဒီနေ့ဟာ သန့်ရှင်းမွန်မြတ်တဲ့နေ့ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ကယ်တင်ရှင်က သေခြင်းရဲ့အနှောင်အဖွဲ့များ ကို ဖြတ်ပြီး သင်္ချိုင်းဂူမှအောင်မြင်စွာထမြောက်ရာ ကျက်သရေရှိတဲ့နံနက်ခင်းကို ကျွန်တော်တို့အမှတ်တရကျင်းပတဲ့ အီစတာတနင်္ဂနွေနေ့ဖြစ်ပါတယ်။

သမိုင်းမှာ အကြီးမြတ်ဆုံးနေ့

မကြာသေးမီက၊ အင်တာနက်မှာ ကျွန်တော်ရှာကြည့်ခဲ့ပါတယ်။ သမိုင်းလမ်းကြောင်းကို ဘယ်နေ့က အများဆုံးပြောင်းလဲခဲ့ပါသလဲ။

အဖြေတွေကတော့၊ အံ့အားသင့်ဖွယ် အထူးအဆန်းကနေ အသိအမြင်အတွေးနယ်ချဲ့စရာအထိ အစီအရီပေါ်လာခဲ့ပါတယ်။ အဲဒါတွေထဲမှာဆိုရင်၊ ယူကန်တန်ကျွန်းဆွယ်ကို သမိုင်းမတင်မီဥက္ကာခဲ ဝင်တိုက်မိတဲ့နေ့၊ သို့မဟုတ်၊ ၁၄၄၀ မှာ ဂျိုဟန်းနီးစ်ဂူတင်ဘတ် သူ့ပုံနှိပ်စက်ကို အပြီးသတ်တဲ့အချိန်၊ အားလုံးသိကြတဲ့အတိုင်း ၁၉၀၃ မှာ ရိုက်ညီနောင်က လူသားတကယ် ပျံနိုင်တဲ့အကြောင်း လောကကို သက်သေပြတဲ့နေ့လည်း ပါပါတယ်။

ဒီမေးခွန်းကိုပဲ သင်တို့ကို မေးရင်၊ ဘယ်လိုဖြေကြမှာပါလဲ။

ကျွန်တော့စိတ်ထဲမှာတော့ အဖြေကရှင်းပါတယ်။

သမိုင်းမှာ အရေးအကြီးဆုံးနေ့ကို ရှာဖို့ဆိုရင်၊ လွန်ခဲ့တဲ့နှစ်ပေါင်း ၂,၀၀၀ နီးပါးက၊ ဂေသရှေမန်ဥယျာဉ်ထဲမှာ ယေရှုခရစ်တော် လေးနက်သောဆုတောင်းခြင်းနဲ့ ဒူးထောက်ပြီး ကျွန်တော်တို့အပြစ်တွေအတွက် ရွေးနှုတ်ရာအဖြစ် သူ့ကိုယ်ကို ပေးဆပ်ခဲ့တဲ့အဲဒီညနေကို ကျွန်တော်တို့ပြန်သွားရမှာဖြစ်ပါတယ်။ အဲဒါက ယေရှုခရစ်တော်၊ ဘုရားသခင်သော်မှ၊ ချွေးပေါက်တိုင်းက သွေးထွက်တဲ့ ကိုယ်နဲ့စိတ်ဝိညာဉ်နှစ်ခုစလုံးမှာ အနှိုင်းမဲ့တဲ့ ဝေဒနာခံစားခြင်းဖြစ်တဲ့ ဒီကြီးမြတ်ပြီး၊ အတိုင်းမသိသောယဇ်ပူဇော်ခြင်းကာလအတွင်းမှာဖြစ်ပါတယ်။ အားလုံးကို ကျွန်တော်တို့ရနိုင်စေဖို့ စုံလင်သောချစ်ခြင်းကြောင့်၊ ကျွန်တော်တို့ကို သူအားလုံး ပေးခဲ့ပါတယ်။ သူရဲ့ မြင့်မြတ်သောယဇ်ပူဇော်ခြင်းဟာ၊ နားလည်ဖို့ခက်ပြီး၊ ကျွန်တော်တို့ရဲ့နှလုံးသားနဲ့ စိတ်အကြွင်းမဲ့ဖြင့်သာခံစားဖို့ဖြစ်ပြီး၊ သူ့ရဲ့မြင့်မြတ်သောဆုကျေးဇူးအတွက် ခရစ်တော်အပေါ်မှာတင်တဲ့ ကျွန်တော်တို့ရဲ့တစ်လောကလုံးနဲ့ဆိုင်တဲ့ကျေးဇူးအကြွေးအကြောင်း ကျွန်တော်တို့ကို သတိပေးပါတယ်။

နောက်ပြီးတော့၊ အဲဒီညမှာ၊ ယေရှုဟာ သူ့ကို ပြက်ရယ်ပြုကြ၊ ရိုက်နှက်ကြ၊ ရှက်ဖွယ်သေခြင်းဖြင့် ပြစ်ဒဏ်ချမှတ်ကြသူ ဘာသာရေး၊ နိုင်ငံရေးဩဇာရှိသူများရှေ့ကို အခေါ်ခံရခဲ့ပါတယ်။ သူဟာ နောက်ဆုံးမှာ၊ “အမှုပြီး”သည်အထိ၊ ပြင်းစွာသောဝေဒနာကို ခံရင်း လက်ဝါးကပ်တိုင်ပေါ်မှာတွဲလွဲနေခဲ့ပါတယ်။ အသက်မဲ့တဲ့သူ့ကိုယ်ကို ငှားထားတဲ့သင်္ချိုင်းဂူထဲမှာ ချထားခဲ့ပါတယ်။ အဲဒီနောက်မှာ၊ တတိယမြောက်နေ့ရဲ့နံနက်မှာ၊ ယေရှုခရစ်တော်၊ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့သားတော်ဟာ၊ ကျက်သရေရှိတဲ့၊ အံ့မခန်းခြင်း၊ အလင်းနဲ့၊ အာနုဘော်တို့ရဲ့ ရှင်ပြန်ထမြောက်သူအဖြစ် ထမြောက်ခဲ့ပါတယ်။

ဟုတ်ကဲ့၊ သမိုင်းတစ်လျှောက်မှာ နိုင်ငံတွေ၊ လူတွေရဲ့ အကြောင်းကံကို အကြီးအကျယ်သက်ရောက်တဲ့ အဖြစ်အပျက်များစွာရှိပါတယ်။ ဒါပေမယ့်၊ အဲဒါတွေအားလုံးကို ပေါင်းလိုက်ရင်တောင်မှ၊ ပထမအီစတာနံနက်မှာဖြစ်ပျက်ခဲ့တဲ့အရာရဲ့အရေးကြီးမှုနဲ့ စပြီးမနှိုင်းယှဉ်နိုင်ပါဘူး။

ယေရှုခရစ်တော်ရဲ့ အတိုင်းမသိသောယဇ်ပူဇော်ခြင်းနဲ့ ရှင်ပြန်ထမြောက်ခြင်းကို သမိုင်းထဲမှာ၊ ကမ္ဘာစစ်တွေ၊ ကပ်ဆိုးဘေးအန္တရာယ်တွေ၊ ဘဝအပြောင်းအလွှဲသိပ္ပံရှာဖွေတွေ့ရှိချက်တွေထက် ပိုပြီးဩဇာလွှမ်းမိုးတဲ့ အရေးအကြီးဆုံးအဖြစ်အပျက် ဖြစ်စေတဲ့အရာက ဘယ်အရာပါလဲ။

ယေရှုခရစ်တော်ကြောင့်၊ ကျွန်တော်တို့ တစ်ဖန် အသက်ရှင်နိုင်ကြပါတယ်။

အဖြေကတော့၊ ကျွန်တော်တို့အယောက်တိုင်း ရင်ဆိုင်ရတဲ့ ကျော်မရနိုင်တဲ့စိန်ခေါ်မှုကြီးနှစ်ခုထဲမှာ ရှိပါတယ်။

ပထမ၊ ကျွန်တော်တို့အားလုံးသေကြပါတယ်။ သင်ဘယ်လောက်ပဲငယ်ငယ်၊ လှလှ၊ ကျန်းမာကျန်းမာ၊ သို့မဟုတ်၊ သတိထားထား၊ တစ်နေ့မှာ သင့်ခန္ဓာကိုယ်ဟာ အသက်မဲ့လာပါလိမ့်မယ်။ မိတ်ဆွေတွေ၊ မိသားစုတွေ သင့်အတွက် ငိုကြွေးပါလိမ့်မယ်။ ဒါပေမယ့် သူတို့က သင့်ကို ပြန်မခေါ်ယူနိုင်ပါဘူး။

သို့သော်ငြားလည်း၊ ယေရှုခရစ်တော်ကြောင့်၊ သင့်ရဲ့သေခြင်းဟာ ယာယီခဏတာဖြစ်ပါလိမ့်မယ်။ သင့်ရဲ့ဝိညာဉ်က တစ်နေ့မှာ သင့်ရဲ့ခန္ဓာကိုယ်နဲ့ ပြန်ပေါင်းပါလိမ့်မယ်။ ရှင်ပြန်ထမြောက်တဲ့ခန္ဓာကိုယ်ဟာ သေခြင်းရဲ့ဩဇာကို ခံရမှာမဟုတ်ပါဘူး သင်ဟာ ထာဝရကာလတွေမှာနေရပြီး၊ နာကျင်မှုနဲ့ရုပ်ဝေဒနာခံစားရခြင်းတို့မှ လွတ်ပါလိမ့်မယ်။

အသက်ကို စွန့်ပြီး တစ်ဖန်ပြန်ယူတဲ့ ယေရှုခရစ်တော်ကြောင့် ဒီလိုမျိုးဖြစ်ပါလိမ့်မယ်။

သူ့ကို ယုံကြည်တဲ့သူအားလုံးအတွက် ဒီလိုပြုတော်မူခဲ့တာပါ။

သူ့ကို မယုံကြည်တဲ့သူအားလုံးအတွက် ဒီလိုပြုတော်မူခဲ့တာပါ။

သူ့ကို ပြက်ရယ်ပြုကြ၊ ကဲ့ရဲ့ကြ၊ သူ့နာမတော်ကို ကျိန်ဆဲကြသူတွေအတွက်တောင်မှ ဒီလိုပြုတော်မူခဲ့တာပါ။

ယေရှုခရစ်တော်ကြောင့်၊ ကျွန်တော်တို့ ဘုရားသခင်နှင့်အတူ နေနိုင်ကြပါတယ်။

ဒုတိယ၊ ကျွန်တော်တို့အားလုံး အပြစ်ပြုကြပြီးပါပြီ။ “အဘယ်မစင်ကြယ်သောအရာမျှ သူ့နိုင်ငံတော်ထဲကို မဝင်ရောက်နိုင်တာကြောင့်၊” ကျွန်တော်တို့အပြစ်များက ကျွန်တော်တို့ကို ဘုရားသခင်နဲ့အတူနေခြင်းမှ အမြဲတားပါလိမ့်မယ်။

ရလဒ်အနေနဲ့၊ အမျိုးသား၊ အမျိုးသမီးနဲ့ ကလေးတိုင်း မျက်မှောက်တော်မှ အပိတ်ခံရကြပါတယ်—အဲဒါကတော့၊ ကျွန်တော်တို့အပြစ်တွေအတွက်၊ ရွေးနှုတ်ရာအဖြစ်၊ ယေရှုခရစ်တော်၊ အစွန်းအထင်းမရှိတဲ့သိုးသူငယ်က သူ့အသက်ကို ပေးဆပ်တဲ့အချိန်အထိဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုရင်၊ ယေရှုမှာ တရားမျှတခြင်းအတွက် ပေးစရာအကြွေးမရှိပါဘူး၊ သူက ကျွန်တော်တို့ရဲ့အကြွေးကို ဆပ်နိုင်ပါတယ်။ စိတ်ဝိညာဉ်တိုင်းအတွက်တရားမျှတခြင်းလိုအပ်ချက်ကိုလည်း ပြည့်မီစေပါတယ်။ အဲဒီအထဲမှာ၊ သင်တို့နဲ့ ကျွန်တော်လည်း ပါဝင်ပါတယ်။

ကျွန်တော်တို့အပြစ်တွေအတွက် ယေရှုခရစ်တော်က အဖိုးအခပေးထားပါတယ်။

အားလုံးအတွက်ပါပဲ။

သမိုင်းထဲက အဲဒီအရေးအကြီးဆုံးနေ့မှာ၊ ယေရှုခရစ်တော်က သေခြင်းရဲ့တံခါးကို ဖွင့်ပေးပြီး၊ ကျွန်တော်တို့ကို ထာဝရတည်မြဲတဲ့အသက်တာရဲ့ သန့်ရှင်းမွန်မြတ်တဲ့ခန်းမတွေထဲကို ဝင်ရောက်ခြင်းမှတားဆီးတဲ့ အဆီးအတားများကိုဖယ်ပေးခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့ ကိုယ်တော်ရှင်၊ ကယ်တင်ရှင်ကြောင့်၊ သင်တို့နဲ့ကျွန်တော် အဖိုးတန်ဆုံးနဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ဆုကျေးဇူးကို ရခဲ့ကြပါတယ်—ကျွန်တော်တို့ရဲ့အတိတ်က ဘာပဲဖြစ်ဖြစ်၊ ကျွန်တော်တို့ နောင်တသံဝေဂရနိုင်ပြီး၊ ကောင်းကင်ဘုံရှင်အဘရဲ့ သစ္စာရှိသောသားသမီးများနဲ့ ဝိုင်းရံလျက် အမြင့်မြတ်ဆုံးအလင်းနဲ့ ဘုန်းတော်ဆီသို့သွားရာလမ်းကို လိုက်နိုင်ကြပါတယ်။

ကျွန်တော်တို့ ဘာကြောင့်ရွှင်လန်းဝမ်းမြောက်ကြပါသလဲ

ဒါက အီစတာနင်္ဂနွေနေ့မှာ ကျွန်တော်တို့ဂုဏ်ပြုတဲ့အရာဖြစ်ပါတယ်—ကျွန်တော်တို့အသက်တာကို ဂုဏ်ပြုကြပါတယ်။

ယေရှုခရစ်တော်ကြောင့်၊ ကျွန်တော်တို့ဟာ ကျွန်တော်တို့ချစ်တဲ့သူများကို ပွေ့ဖက်ပြီး၊ ပြင်းထန်သောဝမ်းမြောက်ခြင်းနဲ့ ပြည့်လျှံသောကျေးဇူးတင်ခြင်းမျက်ရေတွေကျပြီး သေခြင်းရဲ့စိတ်ပျက်ရာမှထကြပါလိမ့်မယ်။ ယေရှုခရစ်တော်ကြောင့်၊ ကျွန်တော်တို့ဟာ ထာဝရသားများ၊ အဆုံးမရှိသောလောကများအဖြစ် တည်ရှိပါလိမ့်မယ်။

ယေရှုခရစ်တော်ကြောင့်၊ ကျွန်တော်တို့အပြစ်တွေကို ဖျက်ပစ်နိုင်ရုံမျှမက၊ အဲဒါတွေကိုမေ့ပျောက်နိုင်ပါလိမ့်မယ်။

ကျွန်တော်တို့ဟာ စင်ကြယ်ပြီး၊ ချီးမြှောက်ခံရသူများဖြစ်လာနိုင်ကြပါတယ်။

သန့်ရှင်းသော

ကျွန်တော်တို့ချစ်တဲ့ ကယ်တင်ရှင်ကြောင့်၊ ကျွန်တော်တို့ဟာ ထာဝရအသက်တာထဲသို့ စီးရာစမ်းရေတွင်းမှရေကို အမြဲသောက်နိုင်ကြပါတယ်။ ကျွန်တော်တို့ဟာ မတွေးနိုင်တဲ့ကျက်သရေ၊ စုံလင်တဲ့ပျော်ရွှင်ခြင်းတို့နဲ့ ကျွန်တော်တို့ရဲ့ ထာဝရဘုရင်ရဲ့နေစရာအခန်းများထဲမှာ နေထိုင်နိုင်ကြပါတယ်။

ကျွန်တော်တို့ လူသားကို ကြည့်ကြပါသလား။

ဒါတွေအားလုံးရှိပေမယ့်၊ ယေရှုခရစ်တော်ပေးခဲ့တဲ့ အဖိုးတန်ဆုကျေးဇူးကို သတိမပြုကြ၊ သို့မဟုတ် မယုံကြည်ကြသူတွေ ဒီနေ့လောကထဲမှာ များစွာရှိကြပါတယ်။ သူတို့ဟာ ယေရှုခရစ်တော်အကြောင်းကိုကြားရပြီး၊ သမိုင်းပုံရိပ်တစ်ခုအဖြစ် သူ့အကြောင်းကို သိကောင်းသိကြပါလိမ့်မယ်။ ဒါပေမယ့်၊ သူအမှန်တကယ် ဘယ်သူလဲဆိုတာကိုတော့ မသိမြင်ကြပါဘူး။

ဒီအကြောင်းကို ကျွန်တော်စဉ်းစားမိတဲ့အခါ၊ ကယ်တင်ရှင် မသေမီနာရီအနည်းငယ်မှာ ယုဒပြည်သား ရောမလူအရာရှိ၊ ပုန္တိပိလတ်ရှေ့မှာ ရပ်နေတဲ့ ကယ်တင်ရှင်အကြောင်းကို သတိရစေပါတယ်။

ပိလတ်က ယေရှုကို လောကရှုထောင့်သက်သက်ကနေ ကြည့်ပါတယ်။ ပိလတ် လုပ်စရာအလုပ်တစ်ခုရှိပါတယ်၊ အဲဒီမှာ ရောမမြို့အတွက် အခွန်ကောက်ခြင်းနဲ့ ငြိမ်းချမ်းရေးကို ထိန်းသိမ်းခြင်းဆိုတဲ့ အဓိကလုပ်ငန်းနှစ်ခုပါဝင်ပါတယ်။ ဒီနှစ်ခုစလုံးမှာ အတားအဆီးဖြစ်သူလို့ သူတို့အခိုင်အမာဆိုတဲ့လူကို ယုဒလွှတ်တော်က သူ့ရှေ့ကို ခေါ်လာခဲ့ပါပြီ။

သူ့အကျဉ်းသားကို စစ်ဆေးမေးမြန်းပြီးမှ၊ ”ဤသူ၌ အဘယ်အပြစ်ကိုမျှ ငါမတွေ့”လို့ ပိလတ်က ကြေညာပါတယ်။ ဒါပေမယ့်၊ ယေရှုကို စွပ်စွဲသူများကျေနပ်စေဖို့ပြုရမယ်လို့ သူခံစားမိတယ်၊ ဒါကြောင့် ပသခါကာလမှာ အကျဉ်းသားတစ်ယောက်ကို လွှတ်ဖို့အခွင့်ပေးတဲ့ ဒေသထုံးစံတစ်ခုကို ပိလတ်အသုံးပြုခဲ့ပါတယ်။ နာမည်ဆိုးဓားပြလူသတ်သမား ဗာရဗ္ဗအစား ယေရှုကို သူလွှတ်ပေးစေဖို့ သူတို့အလိုမရှိကြဘူးလား။

ဒါပေမယ့် အုတ်အုတ်ကျက်ကျက်လူအုပ်က ပိလတ်အား ဗာရဗ္ဗကို လွှတ်ပေးပြီး ယေရှုကို လက်ဝါးကပ်တိုင်မှာကွပ်မျက်စေဖို့ တောင်းဆိုခဲ့ပါတယ်။

“ဘာကြောင့်လဲ” “ဘယ်အပြစ်ကို သူပြုဘိသလဲ”လို့ ပိလတ်ကမေးပါတယ်။

ဒါပေမယ့်၊ “သူ့ကို လက်ဝါးကပ်တိုင်မှာကွပ်မျက်ပါ” လို့သာ သူတို့အော်ကြပါတယ်။

လူအုပ်ကိုကျေနပ်စေဖို့ နောက်ဆုံးကြိုးပမ်းရာမှာ၊ ပိလတ်ဟာ သူ့လူတွေ ယေရှုကို ရိုက်ပုတ်စေဖို့ အမိန့်ပေးခဲ့ပါတယ်။ အဲဒီလိုသူတို့ရိုက်ပြီး၊ သူ့ကို သွေးအလိမ်းလိမ်းနဲ့ဒဏ်ရာရစေခဲ့ပါတယ်။ သူ့ကို ပြက်ရယ်ပြုကြပါတယ်။ ခေါင်းပေါ်မှာဆူးပင်ဦးရစ်ကိုတင်ပြီး၊ နီမောင်းတဲ့ဝတ်လုံကို ခြုံစေခဲ့ပါတယ်။

ဒီလိုပြုတာက လူအုပ်ရဲ့သွေဆာခြင်းကို ကျေနေစေလိမ့်မယ်လို့ ပိလတ်က တွေးမိကောင်းတွေးမိခဲ့ပါလိမ့်မယ်။ လူသားကို သူတို့သနားကောင်းသနားခဲ့ပါလိမ့်မယ်။ ”ဤသူ၌ အဘယ်အပြစ်ကိုမျှ ငါမတွေ့ကြောင်း သင်တို့သိစေခြင်းငှာ၊ … “ရှုလော့၊ သူ့ကို သင့်တို့ထံ ငါထုတ်ပြ၏” “လူသားကို ကြည့်ကြလော့” လို့ ပိလတ်ကဆိုပါတယ်။

ဘုရားသခင်ရဲ့သားတော်ဟာ ယေရုရှလင်ကလူတွေရဲ့ရှေ့မှာ ဇာတိခန္ဓာကိုယ်နဲ့ရပ်ခဲ့ပါတယ်။

သူတို့ဟာ ယေရှုကို မြင်နိုင်ပါရက်နဲ့ တကယ်မကြည့်ခဲ့ကြပါဘူး။

သူတို့မှာမြင်ဖို့မျက်လုံးမရှိကြပါဘူး။

ပုံခိုင်းပြီးပြောရမယ်ဆိုရင်၊ ကျွန်တော်တို့လည်း “လူသားကို ကြည့်ကြ” ဖို့ ဖိတ်ခေါ်ခံရပါတယ်။ လောကမှာ သူ့အကြောင်း သဘောအယူအဆတွေအမျိုးမျိုးရှိပါတယ်။ သူဟာ ဘုရားသခင်ရဲ့သားတော်ဖြစ်တော်မူကြောင်းကို ရှေးခေတ်နဲ့ယခုခေတ် ပရောဖက်များက သက်သေခံကြပါတယ်။ ကျွန်တော်လည်း သက်သေခံပါတယ်။ ကျွန်တော်တို့အယောက်တိုင်း ကိုယ်တိုင်သိလာဖို့ဆိုတာ အရေးလည်းပါ၊ အရေးလည်းကြီးပါတယ်။ ဒါကြောင့်၊ ယေရှုခရစ်တော်ရဲ့ သက်တော်စဉ်နဲ့ အမှုတော်ဆောင်ခြင်းကို စဉ်းစားဆင်ခြင်တဲ့အခါ၊ သင်တို့ ဘာကို မြင်ကြပါသလဲ။

လူသားကို တကယ်ကြည့်ဖို့ နည်းလမ်းကို ရှာသောသူတွေဟာ ဘဝရဲ့အကြီးဆုံးဝမ်းမြောက်ခြင်းတွေနဲ့၊ ဘဝရဲ့ အလိုအပ်ဆုံးဖြစ်တဲ့ စိတ်ပျက်ခြင်းများငြိမ်းအေးရာရဲ့ တံခါးပေါက်ကို တွေ့ကြပါတယ်။

ဒါကြောင့်၊ သင်တို့မှာ ဝမ်းနည်းမှုတွေ၊ ပူဆွေးမှုတွေနဲ့ဝိုင်းရံခံရတဲ့အခါ၊ လူသားကို ကြည့်ကြပါ။

သင်တို့ ပျောက်ဆုံးတယ် သို့မဟုတ် မေ့လျော့ခံရတယ်လို့ ခံစားမိရင်၊ လူသားကို ကြည့်ကြပါ။

သင်တို့ စိတ်ပျက်နေကြ၊ စွန့်ပစ်ခံရ၊ သံသယပွားနေကြ၊ ပျက်စီးကြ၊ သို့မဟုတ်၊ အရေးနိမ့်ကြတဲ့အခါ။ လူသားကို ကြည့်ကြပါ။

သူက သင်တို့ကို နှစ်သိမ့်ပါလိမ့်မယ်။

သူက သင်တို့ကို အနာငြိမ်းစေပြီး၊ သင်တို့ခရီးကို အဓိပ္ပာယ်ရှိစေပါလိမ့်မယ်။ သူ့ဝိညာဉ်တော်ကို သွန်းလောင်းပြီး၊ သင်တို့နှလုံးသားကို ကြီးစွာသောဝမ်းမြောက်ခြင်းနဲ့ ပြည့်စေပါလိမ့်မယ်။

သူဟာ အားနည်းသူတွေကို အားပေးပါတယ်။ စွမ်းအားမရှိသူတွေကို ခွန်အားတိုးပွားစေပါတယ်။

ကျွန်တော်တို့ လူသားကို တကယ်ကြည့်တဲ့အခါ၊ သူ့အကြောင်းကို သိရပြီး၊ ကျွန်တော်တို့ဘဝကို သူနဲ့ ကိုက်ညီဖို့ ကြိုးပမ်းကြပါတယ်။ ကျွန်တော်တို့ နောင်တရပြီး၊ ကျွန်တော်တို့ရဲ့ သဘောသဘာဝကို သန့်စင်စေဖို့ ကြိုးစားရင်း၊ နေ့တိုင်း သူနဲ့အနည်းငယ် ပိုပိုနီးလာကြပါတယ်။ ကျွန်တော်တို့ သူ့ကို ယုံကြည်စိတ်ချပါတယ်။ ကျွန်တော်တို့ဟာ သူ့ပညတ်တော်များကိုစောင့်ထိန်းခြင်း၊ ကျွန်တော်တို့ရဲ့ သန့်ရှင်းမွန်မြတ်သောပဋိညာဉ်များအတိုင်း နေထိုင်ခြင်းတို့အားဖြင့် သူ့ကိုချစ်ကြောင်းပြကြပါတယ်။

တစ်နည်းပြောရရင်၊ ကျွန်တော်တို့ဟာ သူ့ရဲ့တပည့်တော်များဖြစ်လာကြပါတယ်။

သူ့ရဲ့သန့်စင်စေတဲ့အလင်းက ကျွန်တော်တို့စိတ်ဝိညာဉ်များကို ပြည့်ဝစေပါတယ်။ သူ့ဘုန်းတော်က ကျွန်တော်တို့ကို အားတက်စေပါတယ်။ ကျွန်တော်တို့ရဲ့ဝန်ထုပ်များပေါ့လာပြီး၊ ကျွန်တော်တို့ရဲ့ငြိမ်းချမ်းခြင်းက နက်ရှိုင်းလာပါတယ်။ ကျွန်တော်တို့ဟာ လူသားကို တကယ်ကြည့်တဲ့အခါ၊ ကျွန်တော်တို့ကို ဘဝခရီးမှာ အကွေ့အကောက်အဖုအထစ်များတစ်လျှောက် လမ်းပြလှုံ့ဆော်ပြီး၊ ထောက်မတဲ့ ကောင်းချီးအနာဂတ်ကတိတော်ကို ရရှိကြပါတယ်။ နောက်ပြန်ကြည့်မယ်ဆိုရင်၊ မြင့်မြတ်သောပုံစံတစ်ခုရှိတဲ့အကြောင်း၊ အစက်အပြောက်များ အမှန်ဆက်တယ်ဆိုတဲ့အကြောင်းကို ကျွန်တော်တို့အသိအမှတ်ပြုကြပါလိမ့်မယ်။

သင်တို့ဟာ သူ့ရဲ့ယဇ်ကို လက်ခံတာနဲ့အမျှ၊ သူ့တပည့်တော်များဖြစ်လာပြီး၊ နောက်ဆုံးမှာ၊ သင်တို့လောကီခရီးရဲ့အဆုံးကို ရောက်ကြပါတယ်။ ဒီဘဝမှာသင်တို့ ကြံ့ကြံ့ခံပြီးတဲ့ ဝမ်းနည်းခြင်းတွေကနေ ဘာတွေဖြစ်လာမှာပါလဲ။

အဲဒါတွေပျောက်သွားပါလိမ့်မယ်။

သင်တို့ရင်ဆိုင်ရတဲ့ စိတ်ပျက်ခြင်းတွေ၊ သစ္စာဖောက်ခြင်းတွေ၊ ညှဉ်းဆဲခြင်းတွေကရော၊

ပျောက်သွားပါပြီ။

သင်တို့ဖြတ်ကျော်ခဲ့ရတဲ့ ဝေဒနာခံစားရခြင်း၊ စိတ်ဒုက္ခ၊ အပြစ်ရောက်ခြင်း၊ အရှက်နဲ့ ပြင်းစွာသောဝေဒနာတွေကရော။

ပျောက်သွားပါပြီ။

မေ့သွားပါပြီ။

ကျွန်တော်တို့ရဲ့သားမြေးများ သူတို့အပြစ်များမှ လွတ်စေခြင်းငှာ ဘယ်အရင်းအမြစ်ကို မှီခိုနိုင်မည်အကြောင်း သိနိုင်ကြစေခြင်းအတွက်၊ ကျွန်တော်တို့ ခရစ်တော်အကြောင်းကို ပြောကြ၊ ခရစ်တော်၌ ရွှင်လန်းဝမ်းမြောက်ကြ၊ ခရစ်တော်အကြောင်း ဟောပြောကြ၊ ခရစ်တော်အကြောင်းပရောဖက်ပြု၍ဟောကြရတာ အံ့ဩစရာမကောင်းပါဘူးလားခင်ဗျာ။

ကျွန်တော်တို့ဟာ လူသားကို တကယ်ကြည့်ကြဖို့ စိတ်နှလုံးအကြွင်းမဲ့ဖြင့် ကြိုးစာရတာ အံ့ဩစရာမကောင်းပါဘူးလားခင်ဗျာ။

ကျွန်တော်ချစ်တဲ့ ညီအစ်ကိုမောင်နှမများခင်ဗျာ၊ လူသားသမိုင်းမှာ အရေးအကြီးဆုံးနေ့ဟာ ယေရှုခရစ်တော်၊ ဘုရားသခင်ရဲ့အသက်ရှင်တဲ့သားတော်က ဘုရားသခင်ရဲ့သားသမီးအားလုံးအတွက် သေခြင်းနဲ့အပြစ်ကို အောင်နိုင်တဲ့နေ့ဖြစ်တယ်ဆိုတာ ကျွန်တော်သက်သေခံပါတယ်။ သင်တို့ဘဝနဲ့ ကျွန်တော့ဘဝမှာ အရေးအကြီးဆုံးနေ့ဆိုတာ “လူသားကို ကြည့်ကြ” ဖို့ ကျွန်တော်တို့သိရတဲ့အချိန်၊ သူ တကယ် ဘယ်သူလဲဆိုတာ ကျွန်တော်တို့သိမြင်ရတဲ့အချိန်၊ သူ့ရဲ့ အပြစ်ဖြေခြင်းတန်ခိုးတော်ကို ကျွန်တော်တို့စိတ်နှလုံးအကြွင်းမဲ့ဖြင့် စားသုံးတဲ့အချိန်၊ ကျွန်တော်တို့ အားသစ်လောင်းတဲ့စိတ်ထက်သန်မှုနဲ့ ခွန်အားတို့ဖြင့် သူ့နောက်ကိုလိုက်ဖို့ ကတိကဝတ်ပြုတဲ့အချိန်ပဲဖြစ်ပါတယ်။ အဲဒီနေ့ဟာ၊ ကျွန်တော်တို့ဘဝတစ်လျှောက်၊ ထပ်ခါထပ်ခါ တစ်ဖန်ပြန်ဖြစ်နေတဲ့နေ့တစ်နေ့ဖြစ်ပါစေ။

ကျွန်တော်တို့ “လူသားကို ကြည့်ကြ”တာနဲ့အမျှ၊ ဒီလောကအသက်တာနဲ့ လာမယ့်ထာဝရအသက်တာမှာ ကျွန်တော်တို့ဟာ၊ အဓိပ္ပာယ်ရှိခြင်း၊ ဝမ်းမြောက်ခြင်းနဲ့ ငြိမ်းချမ်းခြင်းကို တွေ့ကြလိမ့်မယ်ဆိုတဲ့အကြောင်း၊ ကျွန်တော့သက်သေခံချက်နဲ့ ကောင်းချီးမင်္ဂလာကို သင်တို့အတွက် ထားခဲ့ပါတယ်။ ယေရှုခရစ်တော်၏သန့်ရှင်းမွန်မြတ်သောနာမတော်အားဖြင့်၊ အာမင်။

မှတ်စုများ

  1. မောဇိယ ၁၅း၂၃ တွင်ကြည့်ပါ။

  2. ယောဟန် ၁၉း၃၀

  3. အယ်လမာ ၁၁း၄၅တွင်ကြည့်ပါ။

  4. ဗျာဒိတ်ကျမ်း ၂၁း၄ တွင်ကြည့်ပါ။

  5. ကောရိန္သုဩဝါဒစာ ပထမစောင် ၁၅း၂၁–၂၃ တွင်ကြည့်ပါ။

  6. ၃ နီဖိုင်း ၂၇း၁၉

  7. ယောဟန် ၄း၁၄ တွင်ကြည့်ပါ။

  8. လုကာ ၂၃း၂ တွင်ကြည့်ပါ။

  9. ယောဟန် ၁၈း၃၈။ ယေရှုအား တရားစီရင်ရခြင်းကို ရှောင်ရှားဖို့၊ ပိလတ်သည် အမှုကို ဟေရုဒ်အန္တိပထံသို့ လွှဲပေးရန်ကြိုးစားသည်။ ဗတ္တိဇံဆရာယောဟန်ကို သတ်ရန်အမိန့်ပေးခဲ့သူ ဟေရုဒ်သည် (မဿဲ ၁၄း၆–၁၁တွင်ကြည့်ပါ) ယေရှုကို ပြစ်ဒဏ်ချမှတ်မည်ဆိုလျှင်၊ ပိလတ်သည် တရားစီရင်ခြင်းကို အတည်ပြုနိုင်ပြီး၊ ထိုအမှုကို ရိုးရိုးအရပ်ကိစ္စတစ်ခုဖြစ်၍၊ ငြိမ်းချက်ခြင်းကို ထိန်းသိမ်းခြင်းငှာ သူသဘောတူကြောင်း ဆိုနိုင်ပေ၏။ သို့ရာတွင်၊ ယေရှုသည် ဟေရုဒ်ကို စကားတစ်ခွန်းမျှမဆိုသဖြင့်(လုကာ ၂၃း၆–၁၂ တွင်ကြည့်ပါ) ဟေရုဒ်က သူ့ကို ပိလတ်ထံသို့ ပြန်ပို့၏။

  10. မာကု ၁၅း၆–၇ယောဟန် ၁၈း၃၉–၄၀ တွင်ကြည့်ပါ။ ဓမ္မသစ်ကျမ်းကျွမ်းကျင်သူတစ်ဦးက “ပသခါပွဲတွင်၊ ရောမမြို့ဝန်သည် သေဒဏ်အကျခံရသည့် နာမည်ဆိုးအကျဉ်းသားတစ်စုံတစ်ယောက်ကို ယုဒပြည်သူပြည်သားတို့ထံ လွှတ်ပေးသည့် ထုံးစံရှိဟန်တူပေသည်” ဟုရေးပါသည် (အဲလ်ဖရက် အက်ဒါဟိန်း၊ မေရှိယယေရှု၏သက်တော်စဉ်နှင့် ကာလများ [၁၈၉၉]၊ ၂း၅၇၆)။ အမည်ဗာရဗ္ဗမှာ “အဘ၏သား”ဟု ဆိုလိုသည်။ ယေရုရှလင်မှလူတို့အား ဤလူနှစ်ယောက်ကြား ရွေးချယ်ခွင့်ပေးခြင်း၏ရယ်စရာအဖြစ်မှာ စိတ်ဝင်စားစရာကောင်းပါသည်။

  11. မာကု ၁၅း၁၁–၁၄ တွင်ကြည့်ပါ။

  12. ဤရိုက်ပုတ်ခြင်းသည် အလွန်ဆိုရွားပြီး “ကြားကာလသေခြင်း” ဟုခေါ်၏ ( အက်ဒါဟိန်း၊ မေရှိယယေရှု)၊ ၂း၅၇၉)။

  13. ယောဟန် ၁၉း၁–၃ တွင်ကြည့်ပါ။

  14. ယောဟန် ၁၉း၄–၅တွင်ကြည့်ပါ။

  15. ဤလူတို့၏စိတ်နှလုံးသည် ဆိုးရွားလာပြီး၊ သူတို့နားသည် ထိုင်း၍ သူတို့မျက်စိကိုမှိတ်ထားကြ၏။ အချိန်မရွေး၊ သူတို့မျက်စိဖြင့်မြင်ရ၊ နားဖြင့်ကြားရလျက်၊ သူတို့စိတ်နှလုံးဖြင့် နားလည်ကြပြီး၊ ပြောင်းလဲကြမည်ဆိုလျှင်၊ သူတို့ကို ငါအနာကင်းစေမည်”ဟု ယေရှုအရင်က သတိပြုမိခဲ့၏။ ထို့နောက်တွင်၊ သူ့တပည့်တော်များကို “ သို့ရာတွင်၊ သင်တို့မျက်စိသည် မြင်သောကြောင့် မင်္ဂလာရှိက၏၊ သင်တို့နားသည်လည်း ကြားသောကြောင့် မင်္ဂလာရှိ၏” ဟု သူနူးညံ့စွာဆို၏ (မဿဲ ၁၃း၁၅–၁၆)။ ကျွန်တော်တို့သည် ကျွန်တော်တို့စိတ်နှလုံးကို မာကျောစေဖို့ အခွင့်ပေးကြမည်လော၊ သို့မဟုတ် ကျွန်တော်တို့သည် လူသားကို အမှန်ကြည့်နိုင်ကြခြင်းငှာ ကျွန်တော်တို့မျက်စိနှင့် စိတ်နှလုံးကို ဖွင့်ကြမည်လော။

  16. မောဇိယ ၄း၂၀ တွင်ကြည့်ပါ။

  17. ဟေရှာယ ၄၀း၂၉

  18. ဒီးတာ အက်ဖ် ဥဒေါ့၊ “သေခြင်းရှိရာ စွန့်စားခန်း” ( တစ်ကမ္ဘာလုံးဆိုင်ရာ အရွယ်ရောက်လူငယ်များအတွက် ကိုးကွယ်မှုဆိုင်ရာ အစည်းအဝေး၊ ဇန်၊ ၁၄၊ broadcasts.lds.org.

  19. ၂ နီဖိုင်း ၂၅း၂၆