၂၀၁၀-၂၀၁၉
အသီး
၂၀၁၉ အောက်တိုဘာလအထွေထွေညီလာခံအစည်းအဝေးပွဲ


13:29

အသီး

ထာဝရပျော်ရွှင်ခြင်းသည်ခရစ်တော်အားဖြင့်သာရနိုင်သောကြောင့်သင်တို့၏နှလုံးသားနှင့်မျက်လုံးများကို ကယ်တင်ရှင်ယေရှုခရစ်တော်ထံ၌ဗဟိုထားပါ။

သင်ဘာတွေးနေသလဲဆိုတာကျွန်တော်သိတယ်။ နောက်ထပ်ဟောပြောချက်တစ်ခုပဲကျန်တော့တယ်ပြီးရင် ဥက္ကဌ ရပ်ဆဲလ် အမ်.နယ်ဆင်၏ပြောကြားချက်ကိုကြားနာရမှာဖြစ်ပါတယ်။ ကျွန်တော်တို့၏ချစ်လှစွာသောပရောဖက်၏ဟောချက်အားမိနစ်အနည်းငယ်အတွင်းကြားနာရန်အဆင်သင့်ဖြစ်ဖို့သတိပေးခြင်းဖြစ်တယ်၊ကျွန်တော်ဒီနေ့ပြောကြားဖို့ရွေးချယ်ထားတာက အသီးအကြောင်းပဲဖြစ်ပါတယ်။

အသီး

ဘယ်လ်ရီသီးများ၊ဌက်ပျောသီးများ၊ဖရဲသီးများနှင့်သရက်သီးများ သို့မဟုတ် အခြားထူးခြားသောအသီးများဖြစ်သောခဝဲသီး သို့မဟုတ် သလဲသီး စသဖြင့်စားချင်ဖွယ်ကောာင်းသောအသီးမျိုးစုံတို့သည်အရောင်အသွး၊ဖွဲ့စည်းတည်ဆောက်ပုံများမတူညီပါ။

သူ၏အစေခံခြင်းတလျောက်၊ကယ်တင်ရှင်က ကောင်းသောအသီးသည်ထာဝရအနိစ္စကိုရနိုင်သောသဘောအားနှိုင်းယှဥ်ပြောပြခဲ့တယ်။ သူပြောခဲ့တာက “သူတို့၏အသီးကိုကြည့်ခြင်းဖြင့်သင်သိနိုင်တယ်”။ “ကောင်းသောအပင်တိုင်းသည်ကောင်းသောအသီးကိုယူဆောင်လာသည်”။ “အသီးသည်ထာဝရအသက်အားရည်ညွှန်းတယ်ဟု”သူကကျွန်တော်တို့အားလုံးအားခွန်အားပေးခဲ့တယ်။

ကျွန်တော်တို့ကောင်းကောင်းသိတဲ့၊ ထင်ရှားတဲ့အိမ်မက်တစ်ခုထဲမှာ ပရောဖက်လေဟိဟာ မှောင်မည်းပြီး ခြောက်ခြားဖွယ်ကောင်းသော တောရိုင်းထဲမှာ ရောက်နေကြောင်း သူ့ကိုယ်သူသတိထားမိခဲ့ပါတယ်။ ညစ်ညမ်းသောရေများ၊ အမှောင်ထု၊ ထူးဆန်းသောလမ်းများ၊ တားမြစ်ထားသောလမ်းကြောင်းများ၊ သံတန်းတစ်ခုနှင့်အတူ၊ “လူကိုပျော်ရွှင်းစေသည့်အသီးရှိတဲ့၊ လှပသောအပင်ဆီကိုရောက်တဲ့ ကျပ်တည်းကျဉ်းမြောင်းသောလမ်းကြောင်းတစ်ခုလည်းရှိပါတယ်။ လေဟိ၏အိမ်မက်ကိုပြန်ကြည့်လျှင် “ငါဒီအသီးကိုစားသုံးခဲ့တယ်၊ ကျွန်တော်စားသုံးဖူးသမျှအရာထဲတွင်ဒီအသီးဟာအချိုမှိန်ဆုံးအသီးဖြစ်တယ်ဆိုတာ”ပြောခဲ့တယ်။ ပြီးတော့ထို့အသီးသည်ကျွန်တော်၏စိတ်နှလုံးဝိညာဥ်အားအလွန်ဝမ်းမြောက်ခြင်းဖြင့်ပြည့်စုံစေခဲ့တယ်။” ဒီ အသီးဟာ” အခြားဘယ်အသီးထက်မဆို နှစ်လိုဖွယ်ကောင်းပါတယ်။”

အသက်ပင်နှင့် ၎င်း၏အရသာရှိသောအသီး

အသက်ပင်နှင့် ၎င်း၏အရသာရှိသောအသီး

ဤသစ်ပင်တွင်ရှိသောအဖိုးတန်အသီးသည်မည်သည့်အရာကိုပုံဆောင်သလဲ။ အဲဒါက “ဘုရားသခင်၏ချစ်ခြင်း” ကိုကိုယ်စားပြုပါတယ် ကျွန်တော်တို့အဘဘုရားသခင်၏အံ့ဩဖွယ် ရွေးနှုတ်ခြင်းအစီအစဥ်ကိုလည်း ကြေညာပါတယ်။ အကြောင်းမူကား၊ဘုရားသခင်၏သားတော်ကိုယုံကြည်သောသူအပေါင်းတို့သည်ပျက်စီးခြင်းသို့မရောက်၊ ထာဝရအသက်ကိုရစေခြင်း ငှာဘုရားသခင်သည် မိမိ၌ တပါးတည်းသောသားတော်ကို စွန့်တော်မူသည့်တိုင်အောင်လောကီသားတို့ကိုချစ်တော်မူ၏။

ကယ်တင်ရှင်၏နှိုင်းယှဥ်မရနိုင်သောအသေခံအပြစ်ဖြေခြင်းကောင်းကြီးမဂ်လာကထို့အဖိုးတန်အသီးကိုပုံဆောင်တယ်။ ကျွန်တော်တို့ဟာ လူ့ဇာတိနောက်မှာ တစ်ဖန် အသက်ပြန်ရှင်ရုံမက၊ ယေရှုခရစ်တော်၌ ကျွန်တော်တို့၏ ယုံကြည်ခြင်း၊ နောင်တရခြင်း၊ ပညတ်တော်များကို စောင့်ထိန်းခြင်းတို့အားဖြင့် ကျွန်တော်တို့၏အပြစ်များကနေ ခွင့်လွှတ်ခံရနိုင်ပြီး တစ်နေ့မှာ ကျွန်တော်တို့အဘနဲ့ သူ့သားတော်တို့ရဲ့ရှေ့မှာ သန့်ရှင်းစင်ကြယ်စွာရှိကြမှာဖြစ်ပါတယ်။

ဧဝံဂေလိသတင်းအားပြန်လည်ဆောင်ယူခြင်း၏ပဋိညာဥ်များစသဖြင့် နှစ်ခြင်းခံခြင်း၊သန့်ရှင်းသောဝိညာဥ်ဆုကျေးဇူးအားရရှိခြင်းနှင့်ဘုရားသခင်၏မြင့်မြတ်အခွင့်အာဏာရှိသောအိမ်တော်သို့ဝင်ရာက်ခြင်းအကြောင်းသည်အသက်ပင်၏အသီးကိုစားသုံးခြင်းကိုပုံဖော်သည်။ ယေရှုခရစ်တော်၏ ကျေးဇူးတော်အားဖြင့် ပြီးတော့ကျွန်တော်တို့၏ပဋိညာဥ်များကို အလေးထားခြင်းအားဖြင့်၊ ကျွန်တော်တို့ရဲ့ဖြောင့်မတ်သောမိသားစုနဲ့ ထာဝရကာလတလျှောက် အတူနေရခြင်းဆိုတဲ့ တိုင်းတာ၍မရနိုင်တဲ့ဂတိတော်ကို ကျွန်တော်တို့ရရှိကြမှာဖြစ်ပါတယ်။

ကောင်းကင်တမန်က အဲဒီအသီးကို “ စိတ်ဝိညာဉ်အတွက် ဝမ်းမြောက်စရာအကောင်းဆုံး” လို့ ဖော်ပြခဲ့တာ အံ့ဩစရာမဟုတ်ပါဘူးခင်ဗျာ။ ဒါဟာတစ်ကယ်မှန်တယ်။

မှန်ကန်စွာနေထိုင်ခြင်း၏စိန်ခေါ်မှု

ကျွန်တော်တို့အားလုံးလေ့လာခဲ့သလို၊ပြန်လည်ဆောင်ယူခြင်းဧဝံဂေလိတရားတော်၏အဖိုးတန်သောအသီးက်ုစားသုံးပြီးနောက်ယေရှုခရစ်တော်အားစစ်မှန် ယုံကြည်ဖြောင့်မတ်စွာနေထိုင်ဖို့သည်လွယ်ကူသည်မဟုတ်။ ဒီအထွေထွေညီလာခံမှာ အကြိမ်များစွာ ဟောပြောခဲ့ကြပြီးခဲ့သလိုပါပဲ၊ ကျွန်တော်တို့ရဲ့စိတ်နှလုံးကို ကယ်တင်ရှင်ဆီကနေ၊ ပြီးတော့ သူ့နောက်ကို လိုက်လျှောက်ခြင်းအားဖြင့် ကျွန်တော်တို့ တွေ့ကြုံခဲ့ရပြီးဖြစ်တဲ့ ဝမ်းမြောက်မှုများနဲ့ အလှတရားများဆီကနေ ဆွဲထုတ်ရန် ကြိုးစားအားထုတ်တဲ့ နှောင့်ယှက်မှုတွေ၊ လှည့်စားမှုတွေ၊ ရှုပ်ထွေးမှုနဲ့ ပုန်ကန်မှု၊ ဖြားယောင်းမှုတွေနဲ့ သွေးဆောင်မှုတွေကို ကျွန်တော်တို့ဆက်၍ ရင်ဆိုင်ကြရပါတယ်။

ထို့ဒုက္ခဆင်းရဲများကြောင့်၊လေဟိ၏အိမ်ထဲတွင်လည်းသတိပေးခြင်းများပါဝင်တယ်။ မြစ်၏အခြားတစ်ဖက်တွင် တန်ဖိုးကြီးမားသောအဆောက်အအုံကြီးတစ်ခုရှိတယ်ထို့ထဲရှိလူများကယေရှုခရစ် တော်ထံသို့လိုက် လျှောက်နေသောသူများကိုအားရပါးရလက်ညွှန်းထိုးလှောင်ပြောင်နေကြတယ်။

ထို့အဆောက်အဦးရှိလူများကပညတ်တော်စောင့်ထိန်းနေသောသူများအားအဓိပ္ပာယ်မရှိလှောင်ပြောင်ရယ်မော ခြင်း၊ခရစ်တော်ထံ၌ယုံကြည်ခြင်းကိုသရော်နေပြီးစီရင်ချက်ပျောက်ဆုံးရန်မျော်လင့်နေကြတယ်။ သူများလှောင်ပြောင်ခြင်းများကြောင့်သံသယဝင်ပြီးယုံကြည်သူများစတင်အထင်အမြင်သေးကာအသီးကိုမြည်းစမ်းခဲ့ကြသောသူအချို့တို့သည်ဧဝံဂေလိတရားတော်အားစတင်ရှက်ရွံ့ခြင်းကိုခံစားရတယ်။ လောက၏ အမှားလှည့်ဖြားမှုများက သူတို့ကို သွေးဆောင်ကြပါတယ်။ သူတို့ဟာ အပင်ဆီကနေ၊ ပြီးတော့ အသီးဆီကနေ၊ ကျမ်းစာစကားများထဲကနေ သွေဖည်ကြပါတယ်၊ “တားမြစ်ထားသောလမ်းကြောင်းများသို့ ရောက်ပြီး ပျောက်ဆုံးကြပါတယ်။”

ထိုသို့တန်ဖိုးကြီးသာအဆောက်အအုံများနှင့်ကြီးမားလျင်မြန်သောစုံစမ်းခြင်းရန်သည်ယနေ့လက်ရှိကမ္ဘာပေါ်တွင် ပို၍များလာတယ်။ လက်ညှိုးထိုးသူတွေနဲ့၊ ပြက်ရယ်ပြုသူတွေက သူတို့ရဲ့ အင်တာနက်အသံချက်စက်နဲ့ နေ့ရောညရော မြည်တမ်းနေကြတဲ့အချိန်မှာ နယ်ချဲ့ခြင်းကလည်း ကျွန်တော်တို့ရဲ့အိမ်တွေကို ဖုံးအုပ်ဖို့မျှော်လင့်ရင်း ပြန့်နှံ့နေပါတယ်။

“ရန်သူက သက်သေခံချက်များကို ပျက်စီးစေဖို့နဲ့ ကိုယ်တော်ရှင်ရဲ့အမှုတော်ကို ဟန့်တားဖို့ သူ့ရဲ့အားထုတ်မှုကို လေးဆလောက်တိုးချဲ့နေပါတယ်” လို့ဥက္ကဌ နယ်ဆင်ကရှင်းပြခဲ့ပါတယ်။ “ငါတို့သည် သူတို့ကို ဂရုပြုခြင်းမရှိကြ” လို့ဆိုတဲ့ လေဟိ၏စကားများကို ကျွန်တော်တို့ သတိရကြပါစို့။”

ကျွန်တော်တို့ကြောက်ရွံ့ခြင်းမလိုပေမဲ့ကျွန်တော်တို့သတိပြုရမယ်။ တစ်ခါတလေမှာ၊ သေးငယ်တဲ့အရာလေးတွေက ကျွန်တော်တို့ရဲ့ ဝိညာဉ်ပကတိညီမျှမှုမှောက်လှန်နိုင်ပါတယ်။ မယုံကြည်သူမိတ်ဆွေများ၊ယုံကြည်ခြင်းကိုလှောင်ပြောင်သောသူများ၊မကောင်းသောအမှားများကျူးလွန်သူ၊သင့်၏ချိုမြိန်မှုများ၊စင်ကြယ်မှုများ၊အဖိုးတန်သောအသက်ပင်၏အသီးစားသုံးပြီးဝိညာဥ် ခွန်အားကောင်းချီးများထဲမှသင့်ကိုအဝေးအားခေါ်ဆောင်မည့်သူများအားကျေးဇူးပြု၍သင်ရဲ့မေးခွန်းများကိုမမေးပါနဲ့။ ထာဝရပျော်ရွှင်ခြင်းသည်ခရစ်တော်အားဖြင့်သာရနိုင်သောကြောင့်သင်တို့၏နှလုံးသားနှင့်မျက်လုံးများကို ကယ်တင်ရှင်ယေရှုခရစ်တော်ထံ၌ဗဟိုထားပါ။

ဂျေဆင်ဟော၏ယုံကြည်ခြင်း

ဂျွန်လတုန်းက ကျွန်တော်ရယ်ကျွန်တော်ဇနီးခေသီရယ် ဂျေဆင်ဟော၏နာရေးကိုသွားဖြစ်ခဲ့တယ်။ အဲ့အချိန်တုန်းကသူ့အသက်၄၈နှစ်ဖြင့်ကွယ်လွန်ခဲ့ပြီးသူဟာအမျိုးသားယဇ်ပုရောဟိတ်ဥက္ကဌအဖြစ်အစေခံခဲ့တယ်။

သူရဲ့အသက်တာပြောင်းလဲခြင်းအကြောင်းဂျေဆင်ကဒိလိုပြောခဲ့တယ်။

ကျွန်တော်အသက်၁၅နှစ်တုန်းကကျွန်တော်ကားမတော်တဆမှုဖြစ်ပျက်ခဲ့တယ်။ ကျွန်တော်ရဲ့လည်ပင်းကြိုးခဲ့တယ်ပြီးတော့ကျွန်တေ့ာ်အောက်ပိုင်းသေဆုံးခဲ့တယ်။ ကျွန်တော်၏လက်နှင့်ခြေထောက်ကိုကျွန်တော်လုံးဝမထိန်းချုပ်နိုင်ခဲ့ဖူး။ ကျွန်တော်မတ်တပ်မရပ်နိုင်လမ်းမလျှောက်နိုင်ကိုယ့်ဘာသာကိုယ်တောင်အစားအစာမစားနိုင်ခဲ့ဖူး။ ကျွန်တော်အသက်ကောင်းကောင်းမရူနိုင်၊ စကားလည်းကောင်းကောင်းမပြောနိုင်ခဲ့ဖူး။

ကောင်းကင်ဘုံ၌ရှိတော်မူသောကျွန်တော်တို့၏အဖဘုရားသခင်သာလျှင်ကျွန်တော်၏လက်များကိုအကောင်းတိုင်းလုပ်နိုင်မယ်ဆိုတာကျွန်တော်သိတယ်လို့တောင်းဆိုခဲ့တယ်။ ကျေးဇူးပြု၍ အဖ ကျေးဇူးပြု၍။…

“ကျွန်တော့ ခြေထောက်တွေကိုစောင့်ရှောက်ပေးပါ-အဘ၊ ကျွန်တော့လက်တွေ သုံးရဖို့ကိုသာ ကျွန်တော် ဆုတောင်းခဲ့ပါတယ်။”

ဂျေဆင်သူ၏လက်များဖြင့်ဆုတောင်းရန်အခွင့်ဘယ်တော့မှမရခဲ့ဖူး။ အဖိုးတန်တဲ့အဆောက်အအုံဘက်ကလာသောအသံကိုသင်ကြားခဲ့သလား။ “ဂျေဆင်ဟော၊ဘုရားသခင်သင့်ရဲ့ဆုတောင်းသံကိုမကြားဖူး! ချစ်ခြင်းဖြင့်ပြည့်စုံတဲ့ဘုရားသခင်ဆိုလျှင်၊သူသင့်ကိုဒီလိုမျိုးဘယ်လိုထားနိုင်မလဲ။ ခရစ်တော်အပေါ်မှာဘာကြောင့်ယုံကြည်ခြင်းဆက်ရှိနေအုန်းမလဲ။ ဂျေဆင်ဟောက သူတို့အသံတွေကိုကြားပါတယ်၊ ဒါပေမယ့်၊ သူဂရုမပြုခဲ့ပါဘူး။ သူကအသက်ပင်၏အသီးကိုစားသုံးခဲ့တယ်။ ခရစ်တော်အပေါ်တွင်သူ၏ယုံကြည်ခြင်းများမပျောက်ကွယ်ခဲ့။ သူဟာ တက္ကသိုလ်ကနေ ဘွဲ့ရခဲ့ပါတယ်၊ ဗိမာန်တော်ထဲမှာ ကိုလက်တီ ကိုးမန်နဲ့ လက်ထပ်ခဲ့ပါတယ်၊ သူမကို သူ့ဘဝရဲ့အချစ်လို့ ဖော်ပြခဲ့ပါတယ်။ လက်ထပ်ပြီး၁၆နှစ်ကြားပြီးနောက် အံ့သြဖွယ်ရာများဖြစ်လာခဲ့တယ် ကိုလီမန် သူတို့၏အဖိုးတန်သားလေးကိုမွေးဖွားပေးခဲ့တယ်။

ဂျေဆင်နှင့် ကိုလက်တီဟော
ဟောမိသားစု

သူတို့၏ယုံကြည်ခြင်းဘယ်လိုတိုးပွားခဲ့တာလဲ။ ဘုရားသခင်၏အကြံအစီအစဥ်ကိုယုံကြည်ခြင်းကြောင့်လို့ ကိုလက်လ် ကရှင်းပြခဲ့တယ်။ ထို့အရာကကျွန်တော်တို့ကိုမျှော်လင့်ခြင်းပေးတယ်။ ဂျေဆင်၏ကောင်းမွန်သောအနာဂတ်ကာလပတ်လုံးကိုကျွန်တော်တို့သိခဲ့တယ်။ အရှုံးပေးချင်တဲ့အခါ၊ ရှေ့ကိုဆက်ပြီးမျှော်လင့်စေရန် စွမ်းဆောင်နိုင်စေတဲ့ အပြစ်ဖြေခြင်းယဇ်၏အရှင်၊ ကယ်တင်ရှင်တစ်ပါးဖြင့် ကျွန်တော်တို့ကို ဘုရားသခင်ပံ့ပိုးပေးတော်မူကြောင်း ကျွန်တော်တို့သိကြပါတယ်။”

ကိုလီမန်ဟော

ဂျေဆင်၏နာရေး၌ ဟောပြောရာမှာ၊ ၁၀ နှစ်သား ကိုလီမန်က သူ့ကို သူ့အဖေသင်ပေးခဲ့တာကို ပြောပြပါတယ် “ကောင်းကင်ဘုံရှင်အဘမှာ ကျွန်တော်တို့အတွက် အစီအစဉ်တစ်ခုရှိပါတယ်၊ မြေကြီးသားဘဝက အံ့ဩစရာပါ၊ ပြီးတော့ ကျွန်တော်တို့ဟာ မိသားစုများနဲ့ နေနိုင်ခဲ့ကြပါတယ်။ ဒါပေမဲ့ကျွန်တော်တို့အခက်အခဲများရှိမယ်ပြီးတော့အမှားတွေလည်းရှိမယ်။

ကိုလီမန်ဆက်ပြောခဲ့တယ်-“ကောင်းကင်ဘုံရှင်အဖက သူ၏သားတော်ကိုဤ ကမ္ဘာမြေသို့စေလွတ်ခဲ့တယ်။ သူလုပ်ဆောင်ရမည်ကပြည့်စုံစေရန်ဖြစ်တယ်။ လူတွေကိုကယ်တင်ရန်။ သူတို့ကိုချစ်ရန်။ ပြီးတော့ကျွန်တော်တို့အားလုံး၏နာကျင်မှုခံစားချက်များနှင့်အပြစ်များကိုခံစားပေးခဲ့တယ်။ ထို့နောက်သူကျွန်တော်တို့အတွက်အသေခံခဲ့တယ်။ “သူထိုသို့လုပ်ခဲ့တဲ့အတွက်ကြောင့်၊ကျွန်တော်တို့အခုဘယ်လိုခံစားနေရသလဲဆိုတာကိုယေရှုသိတယ်လို့၊ကိုလီမန်ကထပ်ပြောခဲ့တယ်။

“ယေရှုသေဆုံးပြီးသုံးရက်အကြာတွင်-ပြီးပြည့်စုံသောခန္ဓာကိုယ်နဲ့အတူတဖန်ပြန်လည် ထမြောက်ခဲ့တယ်လို့၊ကိုလီမန်ဆက်ပြောခဲ့တယ်။ ဒါဟာကျွန်တော်အတွက်အလွန်အရေးကြီးတယ် -ကျွန်တော်အဖေကလည်းပြည့်စုံသော ခန္ဓာကိုယ်နဲ့အတူပြန်လည်ထမြောက်ပြီးကျွန်တော်တို့မိသားစုအတူတကွပြန်လည်နေနိုင်မယ်ဆိုတာ” ကျွန်တော်သိတယ်။

ဟောမိသားစု

ကိုလီမန်က “ကျွန်တော် ကလေးဘဝကတည်းက၊ ညတိုင်းပဲ ကျွန်တော့အဖေက ကျွန်တော့ကို ”အဖေမင်းကိုချစ်တယ်၊ ကောင်းကင်ဘုံရှင်အဘက မင်းကိုချစ်တယ်၊ ပြီးတော့ မင်းကလိမ္မာတဲ့ကောင်လေးတယောက်ဖြစ်တယ်လို့”ပြောခဲ့ပါတယ်လို့ ပြောပြီး နိဂုံးချုပ်ခဲ့ပါတယ်။

ဝမ်းမြောက်ခြင်းသည် ယေရှုခရစ်တော်ကြောင့်ဖြစ်လာ၏

ဘာကြောင့်ဟောမိသားစုကဝမ်းမြောက်ခြင်းနဲ့မျှော်လင့်ခြင်းရှိသလဲဆိုတာကိုဥက္ကဌ ရပ်ဆဲလ် အမ် နယ်ဆင်ကဖော်ပြခဲ့တယ်။ သူပြောခဲ့တာက-

ဘာပဲလုပ်လုပ်ကျွန်တော်တို့၏အသက်တာကိုသာကြည့်ပြီးလုပ်ဆောင်ခြင်းဖြင့် ကျွန်တော်တို့ရဲ့နေ့စဥ်နေထိုင်မှုအသက်တာတွင်ဝမ်းမြောက်ခြင်းနည်းနည်းသာခံစားရမယ်။

ယေရှုခရစ်တော်နှင့်သူ၏ဧဝံဂေလိတရားပြီးတော့ဘုရားသခင်၏ကယ်တင်ခြင်းအစီအစဥ်ဖြင့် ဦးစားပေးနေထိုင်သောအခါ ကျွန်တော်တို့၏အသက်တာတွင်ဖြစ်ပျက်နေသောအရာများ သို့မဟုတ်မဖြစ်သေးသောအရာများအတွက်ကျွန်တော်တို့အတိုင်းမသိဝမ်းမြောက်ခြင်းကိုခံစားနိုင်တယ်။ သူကြောင့်သာဝမ်းမြောက်ခြင်းဖြစ်လာတယ်။ ဝမ်းမြောက်ခြင်း၏အရင်းအမြစ်သည်ခရစ်တော်ဖြစ်တယ်။

ကျွန်တော်တို့လောကီကမ္ဘာကြီးကိုပဲကြည့်နေလျှင် … ကျွန်တော်တို့ဝမ်းမြောက်ခြင်းကိုဘယ်တော့မှမသိနိုင်။… ဝမ်းမြောက်ခြင်းဆိုတာ ယေရှုခရစ်တော်သွန်သင်ခဲ့တဲ့အတိုင်း ဖြောင့်မတ်သောဘဝတစ်ခုနဲ့ ရှင်သန်ရန် ရည်ရွယ်ချက်ရှိရှိကြိုးစားခြင်းမှ ဖြစ်လာသောအရာဖြစ်ပါတယ်။

သင်ပြန်လာမည့်အချိန်၌ ရရှိမည့်ကတိတော်

သင်အသက်တာမှာအသက်ပင်၏အသီးကိုတစ်ခါတစ်ရံမေ့လျော့မယ်ဆိုလျှင်၊ကယ်တင်ရှင်၏လက်ကသင့်ကိုအမြဲစောင့်ကြိုနေတယ်ဆိုတာကျွန်တော်ကတိပေးတယ်။ “နောင်တရ၍ ငါ့ထံသို့ ပြန်လာလော့ဟု”သူကကျွန်တော်တို့ကို အမြတ်တနိုးခေါ်ပါတယ်။” သူ၏အသက်သီးကတော့ရာသီတိုင်းတွင်အမြဲရှိပြီးပါများတယ်။ အဲဒါကို ငွေနဲ့ဝယ်လို့မရနိုင်ပါဘူး၊ ရိုးရိုးသားတောင်းဆိုသူ အဘယ်သူမျှလည်း ငြင်းပယ်မခံရပါဘူး။

မည်သူမဆိုထို့အသီး၏အရသာကိုခံစားနိုင်ရန်ထို့အသက်ပင်ကိုပြန်သွားနိုင်ရန်အတွက်ကောင်းကင်ဘုံ အဖထံဆုတောင်းခြင်းအားဖြင့်။ သူ၏အသေခံအပြစ်ပေးခြင်းသတ္တိနှင့်ယေရှုခရစ်တော်ကိုယုံကြည်ပါ။ သင်တို့ဟာ “အတွေးတိုင်းမှာ” ကယ်တင်ရှင်ကို မျှော်လင့်ကြတာနဲ့အမျှ၊ အပင်ရဲ့အသီးဟာ သင်တို့ရဲ့အသီး နောက်တစ်ဖန်ဖြစ်လိမ့်မည့်အကြောင်း၊ သင်တို့အဖို့ အရာသာရှိတဲ့အရာ၊ သင်တို့စိတ်ဝိညာဉ်အဖို့ ဝမ်းမြောက်စရာ၊ ၊ ဘုရားသခင်ရဲ့ ခပ်သိမ်းသောဆုကျေးဇူးတို့အထဲမှ အကြီးမြတ်ဆုံးအရာ ဖြစ်လိမ့်မယ့်အကြောင်း သင်တို့ကို ကျွန်တော် ကတိပေးပါတယ်။

လစ်ဘဆင်ဗိမာန်တော်ဆက်ကပ်ခြင်း၌ ပေါ်တူဂီသန့်ရှင်းသူများနှင့် အတူတွေ့ရသည့် အသင်းလူကြီးအန်ဒါဆင်

ပြီးခဲ့တဲ့သုံးပတ်ကစပြီးယနေ့အထိ ကယ်တင်ရှင်၏ဝမ်းမြောက်ခြင်းအသီးကိုကျွန်တော်နဲ့ကျွန်တော့်ဇနီး ခေသီနှင့်အတူလစ္စဘွန်းပေါ်တူဂီဗိမ္မာန်တော်ကိုသွားတတ်ရောက်ခဲ့ချိန်တွင်မြင်တွေ့ခဲ့ရတယ်။ ၁၉၇၅ခုနှစ်တွင်ပေါ်တူဂီသို့လွတ်လပ်စွာကိုးကွယ်ရန်ဘာသာရေးစတင်ခဲ့ပြီးစစ်မှန်သောယေရှုခရစ်တော်၏ပြန်လည်ဆောင်ယူခြင်းဧဝံဂေလိသတင်းစကားလည်းပွင့်လင်းလာတယ်။ ယခင်ကသန့်ရှင်းသူများသည်သူတို့၌ဝတ်ပြုရာနေရာမရှိ၊ဘုရားကျောင်းမရှိ၊ဗိမ္မာန်တော်မရှိပဲထောင်ပေါင်းများစွာသောဝမ်းမြောက်ပြီးဘုရားနင့်နီးစေကြိုးစား၍တန်ဖိုးရှိသောအသက်ပင်၏အသီး၏ဝမ်းမြောက်ခြင်းကြောင့်ယခုအခါတွင် လစ္စဘွန်းပေါ်တူဂီတွင်များစွာသောဘုရားသခင်၏အိမ်တော်များစွာရှိနေပြီဖြစ်တယ်။ ကျွန်တော်ဒီနောက်ဆုံးကာလသန့်ရှင်းသူများ၏ကယ်တင်ရှင်ကိုသာကြည့်သောသူတို့၏စိတ်နှလုံးကို ကျွန်တော်လေးစားမိပါတယ်။

“ငါ့၌ တည်သောသူ၌၊ ငါသည် တည်တော်မူ၏၊ ထိုသူသည် များစွာသောအသီးကို သီးစေ၏။ အကြောင်းမူကား၊ ငါမပါဘဲနှင့် သင်သည် မည်သည့်အရာကိုမျှ မပြုနိုင်” လို့ ကယ်တင်ရှင်မိန့်တော်မူခဲ့ပါတယ်။

ဒီမနက်ကမ္ဘာလုံးတွင်နေထိုင်သောဘုရားကျောင်း၏အဖွဲ့ဝင်များကိုပြောတာက “ကျွန်တော်၏ချစ်လှစွာသောညီအစ်ကိုမောင်နှမများခင်ဗျာ၊သင်တို့ဟာယေရှုခရစ်တော်၏သင်ကြားခြင်းများနောက်လိုက်ဒီအသီးတွေရဲ့ပုံဥပမာများဖြစ်တယ်လို့ဥက္ကဌ နယ်ဆင်ကပြောခဲ့တယ်”။ အဲဒီနောက် သူက “သင့်ကို ကျေးဇူတင်ပါတယ် လို့ ထပ်ပြောခဲ့ပါတယ်။ သင်တို့ကို ကျွန်တော်ချစ်ပါတယ်။”

ကျွန်တော်တို့သင့်ကိုချစ်တယ် ဥက္ကဌ နယ်ဆင်။

ကျွန်တော်တို့၏ချစ်စွာသောပရောဖက်ကဘုရားသခင်၏ရူပါရုံများသူ့ရတယ်ဆိုတာကျွန်တော်က မျက်မြင်သက်သေဖြစ်တယ်။ သူကဘုရားသခင်၏ပရောဖက်ဖြစ်တယ်။ လေဟိကဲ့သို့၊ဘုရားသခင်၏မိသားစုဖြစ်သောကျွန်တော်တို့ကိုအသက်ပငိ၏အသီးကိုစားသုံးဖို့ ဥက္ကဌရပ်ဆဲလ် အမ် နယ်ဆင် ကကျွန်တော်တို့ကိုဖိတ်ခေါ်တယ်၊ ကျွန်တော်တို့နှိမ့်ချခြင်းရှိပြီးသူ၏အတိုင်ပင်ခံများအားလိုက်လျှောက်ရန်ခွန်အားရှိရမယ်။

ယေရှုခရစ်တော်သည်ဘုရားသခင်၏သားတော်ဖြစ်တယ်ဆိုတာကျွန်တော်နှိမ့်ချစွာသက်သေခံတယ်။ သူ၏ချစ်ခြင်း၊စွမ်းအားနှင့်ယေရှုခရစ်တော်၏ကျေးဇူးတော်သည်အရာအားလုံးထက်တန်ဖိုးရှိသောအရာတို့ကိုသယ်ဆောင်ပေးတယ်။ ယေရှုခရစ်တော်၏ နာမတော်အားဖြင့် ကျွန်တော် သက်သေခံပါတယ်၊ အာမင်။

မှတ်စုများ

  1. ရှင်မဿဲ ၇:၁၆

  2. ရှင်မဿဲ ၇:၁၇

  3. ရှင်ယောဟန် ၄း၃၆.

  4. ၂၀၀၇ ခုနှစ် ဇန္နဝါရီလ အစောပိုင်းတုန်းက၊ ခုနစ်ကျိပ်ဥက္ကဌအဖွဲ့ဝင်တစ်ဦးအနေဖြင့် ၂၀၀၇ ခုနှစ် မတ်လမှာ ဟောပြောရမည့် ဘရင်ဟမ်ယမ်းတက္ကသိုလ်ဝတ်ပြုအစည်းအဝေးမိန့်ခွန်းကို ပြင်ဆင်နေစဉ်မှာ ဒေးဗစ်အေဘက်ဒနာကို အလားတူပရတ်သတ်ရှေ့မှာဟောပြောမယ့် သူ့ရဲ့ ၂၀၀၇ ခုနှစ် ဖေဖော်ဝါရီလမိန့်ခွန်းအတွက် သူဘာကို ပြင်ဆင်နေသလဲလို့ ကျွန်တော်မေးခဲ့ပါတယ်။ သူ့မိန့်ခွန်းက သံတန်းကို မြဲမြံစွာစွဲကိုင်ထားခြင်းအကြောင်းဖြစ်တယ်လို့ သူဖြေတဲ့အခါ ကျွန်တော်အင်မတန်အံ့အားသင့်တွေဝေခဲ့ရပါတယ်။ ဒီဟာက ကျွန်တော့မိန့်ခွန်းအတွက် ကျွန်တော်ရွေးချယ်ခဲ့တဲ့ခေါင်းစဉ်နဲ့ ထပ်တူဖြစ်နေပါတယ်။ ကျွန်တော်တို့ရဲ့စာသားတွေကို တစ်ယောက်နဲ့တစ်ယောက်ဖလှယ်ကြပြီးနောက်၊ ကျွန်တော်တို့ရဲ့ ချဉ်းကပ်ပုံတွေ မတူဘူးဆိုတာ ကျွန်တော်တို့ သိကြရပါတယ်။ “အသက်ရေလှောင်ကန်”လို့ ခေါင်းစဉ်တပ်ထားတဲ့ သူ့မိန့်ခွန်းက၊ သံတန်း၊ သို့မဟုတ် ဘုရားသခင်ရဲ့နှုတ်ကပတ်တော်ကို ကျမ်းစာများအဖြစ် အလေးပေးထားပါတယ်။ သူ့မိန့်ခွန်းမှာ သူကမေးထားပါတယ်၊ “ကျွန်တော်တို့ကို သံတန်းအား မြဲမြံစွာစွဲကိုင်နိုင်စွမ်းရှိစေမယ့်နည်းမျိုးဖြင့် ကျမ်းစာများကို သင်နှင့် ကျွန်တော် နေ့စဉ်၊ ဖတ်ရှု၊ လေ့လာ၊ အသေအချာ ရှာဖွေကြပါသလား” (speeches.byu.edu).

    အဲဒီနောက်၊ ကျွန်တော်အသင်းလူကြီးဘက်ဒနာနဲ့ စကားပြောပြီး တစ်ပတ်ကြာပြီးနောက၊ ဥက္ကဌဘွိုက်ကေ၊ ပက်ကာ ရဲ့ ဘီဝိုင်ယူ ဝတ်ပြုအစည်းအဝေးမိန့်ခွန်းက “လေဟိ၏အိပ်မက်နှင့် သင်” လို့ ခေါင်းစဉ်တပ်ထားပါတယ်။ ဥက္ကဌပက်ကာက သံတန်းကို ကိုယ်ပိုင်ဗျာဒိတ်တော်အဖြစ်၊ ပြီးတော့ သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ကျွန်တော်တို့ဆီကို လာတဲ့ လမ်းပြလှုံ့ဆော်ခြင်းအဖြစ် အလေးပေးထားပါတယ်။ “သင်သည် အတန်းကို စွဲကိုင်ထားလျှင်၊ သန့်ရှင်းသောဝိညာဉ်တော်နှင့်အတူ ရှေ့ကိုဆက်သွားမယ့် သင့်ရဲ့လမ်းကို သင် သတိပြုမိ နိုင်ပါတယ်” လို့ သူပြောခဲ့ပါတယ်။ သံတန်းကို ဆုပ်ကိုင်ထားပါ၊ လွတ်မသွားပါစေနဲ့။ သန့်ရှင်းသောဝိညာဉ်တော်၏တန်ခိုးအားဖြင့် ၊ သင်သည် ဘဝတစ်လျှောက် သင်၏လမ်းကို သင် သတိပြုမိ နိုင်ပါတယ်” (ဇန်၊ ၁၆၊ ၂၀၀၇၊ speeches.byu.edu).

    ကျွန်တော့ရဲ့ ၂၀၀၇ ခုနှစ်မတ်လ အကြောင်းအရာ၊ “ပရောဖက်တို့၏စကားများကို မြဲမြံစွာစွဲကိုင်လော့“ကတော့ အသက်ရှင်တဲ့ပရောဖက်တို့ရဲ့စကားများကို ကိုယ်စားပြုတဲ့ သံတန်းဖြစ်ပါတယ်။ (မတ် ၄၊ ၂၀၀၇၊ speeches.byu.edu).

    ဒီမိန့်ခွန်းသုံးခုရဲ့ဆက်သွယ်ချက်က တိုက်ဆိုင်မှုမဟုတ်ပါဘူး။ ဒီမိန့်ခွန်းသုံးခုကို အလားတူပရိတ်သတ်အတွက် ပြင်ဆင်ခဲ့တဲ့၊ သံတန်းရဲ့ သို့မဟုတ် (၁) ကျမ်းစာများ၊ သို့မဟုတ် ရှေးပရောဖက်တို့၏စကားများ၊ (၂) အသက်ရှင်သောပရောဖက်တို့၏စကားများ၊ (၃) သန့်ရှင်းသောဝိညာဉ်တော်၏ တန်ခိုး ဆိုတဲ့ ဘုရားသခင့် နှုတ်ကပတ်တော်ရဲ့ ကဏ္ဍသုံးခု ခွဲခြားပြထားတဲ့နေရာမှာ ကိုယ်တော်ရှင်ရဲ့ လက်တော်က အလုပ်လုပ်တော်မူပါတယ်။ အဲဒါက ကျွန်တော့အဖို့ အရေးကြီးတဲ့သင်ယူခြင်းအတွေ့အကြုံတစ်ခုဖြစ်ပါတယ်။

  5. ၁-နီဖိုင်း ၈:၄–၁၂ တွင်ကြည့်ပါ။

  6. ၁-နီဖိုင်း ၁၁:၂၅

  7. ယောဟန် ၃၀:၁၆

  8. ဒေဗစ် အေ ဘက်တနာ၊လေဟိ၏အိမ်မက် “မြဲမြံစွာသံကြိုးကိုကိုင်ထားခြင်းလီယာဟိုနာ ၇ အောက်တိုဘာ ၂၀၁၁ ၃၂-၃။

  9. ၁ နီဖိုင်း ၁၁:၂၃။

  10. ၁ နီဖိုင်း ၂၂:၂၅။

  11. ဘွိုင်း ခေ ပက်ခါ “သင်နှင့်လေဟိ၏အိမ်မက်” (Brigham Young University devotional, ဂျွန်လ. ၁၆, ၂၀၀၇), speeches.byu.edu. တွင်ကြည့်ပါ။

  12. ရပ်ဆဲလ်အမ် နယ်လဆင်၊ “ကျွန်တော်တို့ပိုကောင်းအောင်လုပ်နိုင်ပြီး ပိုကောင်းလာနိုင်ပါသည်၊” လီယဟိုနာ ၊ မေ ၂၀၁၉၊ ၆၉။

  13. ၁ နီဖိုင်း ၂၂:၂၅။

  14. စတီဖန် ဂျေဆင် ဟော “အိမ်လက်ဆောင်အီရာအသစ်မဂ္ဂဇင်း ဒီဇင်ဘာ .၁၉၉၄.၁၂။

  15. စတီဖန် ဂျေဆင် ဟော “လက်လှမ်းကူညီခြင်းအီရာအသစ်မဂ္ဂဇင်း အောက်တိုဘာ ၁၉၉၅.၄၆.၄၇။

  16. ကိုလီတီ ဟောထံမှ အယ်ဒါ အန်ဒါဆင်သည်ပုဂ္ဂိုလ်ရေးစာပေးစာယူခွင့်တောင်းခဲ့တယ်။

  17. ကိုလီတီ ဟောထံမှ အယ်ဒါ အန်ဒါဆင်သည်ပုဂ္ဂိုလ်ရေးစာပေးစာယူခွင့်တောင်းခဲ့တယ်။

  18. ကိုလီမန် ဟောအားဖြင့် နာရေးတွင်ပြောကြားပြီး၊ခယ်လီတီဟောအားဖြင့်အယ်ဒါ အန်ဒါဆင်ကဝေဌခဲ့တယ်။

  19. ရပ်ဆဲလ် အမ် နယ်လ်ဆင်၊ “ရပ်ဆဲလ် အမ် နယ်ဆင် ဝမ်းမြောက်ခြင်းနှင့်ဝိညာဥ်ပိုင်းဆိုင်ရာအသက်ရှင်ခြင်းလိယာဟိုနာ နိုဝင်ဘာ ၂၀၁၆ ၈၂၊၈၄။

  20. ၃ နီဖိုင်း ၂၁-၁၆

  21. ၂ နီဖိုင်း ၂၆:၂၅၊၃၃ တွင်ကြည့်ပါ။

  22. ဩဝဒနှင့် ပဋိညာဉ်များ ၆-၃၆

  23. ၁ နီဖိုင်း ၁၅-၃၆.

  24. ရှင်ဟောဟန် ၁၅-၅

  25. ရပ်ဆဲလ် အမ် နယ်လ်ဆင်၊ “ဒုတိယကြီးမားသောပညတ်တော်” လီယာဟိုနာ နိုဝင်ဘာ ၊၂၀၁၉၊ ၁၀၀။