၂၀၁၀-၂၀၁၉
ကျွန်တော်တို့ရဲ့ဝိညာဥ်များကို ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်များအပေါ်ထိန်းချုပ်ခွင့်ပေးခြင်း
၂၀၁၉ အောက်တိုဘာလအထွေထွေညီလာခံအစည်းအဝေးပွဲ


15:36

ကျွန်တော်တို့ရဲ့ဝိညာဥ်များကို ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်များအပေါ်ထိန်းချုပ်ခွင့်ပေးခြင်း

ဒီဘဝ၏အရေးကြီးသောအရာများထဲမှတစ်ခုသည် ကျွန်တော်တို့ ထာဝရဝိညာဥ်တော်၏သဘာဝကိုမည်သို့အလေးထားရမည်နှင့် ဆိုးသောစိတ်ဆန္ဒများကိုထိန်းချုပ်ခြင်းဖြစ်တယ်ဆိုတာရှင်းလှပါတယ်။

ညီအကိုမောင်နှမများခင်ဗျာ၊ မနှစ်က အောက်တိုဘာအထွေထွေညီလာခံနီးလာတဲ့အခါ ဥက္ကဌဂျိုးဇက် အက်ဖ် စမစ် ကိုအောက်တိုဘာလ ၃၊ ၁၈၁၈ မှာပေးခဲ့တဲ့ဝိညာဥ်ကမ္ဘာရဲ့ ဗျာဒိတ်တော်ပြခြင်းအကြောင်း နှစ်၁၀၀ပြည့်အထိမ်းအမှတ်အကြောင်းကိုပြောဖို့ပြင်ဆင်ခဲ့ပါတယ်။

ကျွန်တော့ရဲ့ မိန့်ခွန်းကို ဘာသာပြန်ဖို့ ပို့လိုက်ပြီးရက်အနည်းငယ်မှာ၊ ကျွန်တော့ရဲ့ချစ်လှစွာသောထာဝရလက်တွဲဖော် ဘာဘရာဟာ သူ့ရဲ့ လူ့ဇာတိအစမ်းသပ်ခံခြင်း ကာလကိုပြီးဆုံးပြီး ဝိညာဥ်ကမ္ဘာထဲကို ထွက်သွားခဲ့ပါတယ်။

နေ့ရက်တွေကမှ ရက်သတ္တပတ်တွေလတွေကူးပြောင်းလာသည်နှင့်အမျှ အခုဆိုရင် ဘာဘရာဆုံးတာ တစ်နှစ်ပြည့်ပါပြီ။ “သင်တို့သည်ချစ်ခြင်းဖြင့်အတူနေထိုင်ကြလော့၊သေဆုံး၍ဆုံးရှုံးရသောသူများအတွက်ငိုကြွေးကြလော့”ဆိုသောကျမ်းပိုဒ်ကိုကျွန်တော်ပို၍ကျေးဇူးတင်မိပါတယ်။ ဘာဘရာ နှင့် ကျွန်တော်က ၆၇နှစ်လောက်“ချစ်ခြင်းဖြင့်အတူနေထိုင်” ဖို့ကောင်းချီးရခဲ့ပါတယ်။ သို့သော်လည်း ကျွန်တော်တို့ချစ်ရတဲ့သူများ“ဆုံရှုံးရခြင်းအတွက် ငိုကြွေးလော့”ဆိုတဲ့အဓိပ္ပာယ်ကို အင်မတန်စစ်မှန်တဲ့နည်းနဲ့ ကျွန်တော်သင်ယူခဲ့ရပါတယ်။ သူ့ကိုအရမ်းချစ်ပြီးသတိရပါတယ်။

ကျွန်တော်တို့တော်တော်များများက တခြားသူတွေကျွန်တော်တို့အတွက်ဘာလုပ်ပေးလဲဆိုတာ သူတို့ပျောက်ကွယ်သွားသည်အထိ ပြည့်ပြည့်ဝဝကျေးဇူးမတင်မိဘူးလို့ထင်ပါတယ်။ ဘာဘရာကအမြဲတမ်းအလုပ်ရှုပ်တယ်ဆိုတာကျွန်တော်သိခဲ့ပါတယ်။ သို့သော်လည်း မိသားစု၊ အသင်းတော် နှင့် အဖွဲ့အစည်းကသူရဲ့အချိန်ကိုတောင်းဆိုကြတယ်ဆိုတာကျွန်တော်အပြည့်အဝနားမလည်ခဲ့ပါဘူး။ နေ့တိုင်းအာရုံစိုက်အားထုတ်ပြီးအချိန်ပေါင်းများစွာလုပ်ရတဲ့လုပ်ငန်းဆောင်တာများကျွန်တော်တို့မိသားစုအတွက်အများကြီးရှိခဲ့ပါတယ်။ ထိုအရာတွေထဲမှာသူမရဲ့အသံမြှင့်ပြီးပြောဆိုခြင်း၊ မကြင်နာသောစကားလုံးတွေပြောဆိုခြင်းမိသားစုကတစ်ခါမှမကြားဖူးပါဘူး။

လွန်ခဲ့တဲ့နှစ်မှာ များစွာသောအမှတ်တရတွေကိုကျွန်တော်အများကြီးစဥ်းစားခဲ့ပါတယ်။ ကလေးခုနှစ်ယောက်ရဲ့အမေဖြစ်ဖို့ သူမပြုလုပ်ခဲ့တဲ့ ရုပ်ပိုင်းဆိုင်ရာတောင်းဆိုမှုများလွန်းတဲ့ရွေးချယ်မှု အကြောင်းကို ကျွန်တော်စဥ်းစားခဲ့ပါတယ်။ အိမ်ကိုပိုကောင်းအောင်ပြုလုပ်ပေးဖို့ကသူမရဲ့တစ်ခုတည်းသောလိုချင်တယ့်အလုပ်ပဲဖြစ်ပါတယ်။ ပြီးတော့သူမက အရာများစွာမှာထူးချွန်ပြောင်မြောက်ပါတယ်။

မကြာခဏပင်၊ သူမကျွန်တော်နှင့်ကလေးတွေကိုဘယ်လိုစောင့်ရှောက်ခဲ့လည်းဆိုတာစဥ်းစားမိပါတယ်။ အစားအသောက်ပြင်ဆင်ခြင်းတစ်ခုတည်းကကို ကြောင့်ကြမှုများတဲ့ အလုပ်တစ်ခုဖြစ်ပါတယ်။ မိသားစုအပတ်တိုင်းဝတ်ထားတဲ့၊ တောင်လိုပုံနေတဲ့ အဝတ်တွေလျှော်ခြင်း၊ ကလေးတွေကို ဖိနပ်တွေ၊ အဝတ်အစားတွေကို လိုက်ဖက်အောင်ဝတ်ပေးရခြင်းဆိုတာတွေကို မပြောလိုပါဘူး။ ကျွန်တော်တို့ရဲ့အရေးကြီးတဲ့ ကိစ္စအကြောင်းအရာတွေကိုလည်းသူကို အကြိမ်များစွာပြောပြကြပါတယ်။ ထိုအရာတွေကကျွန်တော်တို့အတွက်အရေးကြီးတဲ့အတွက်သူ့အတွက်လည်းအရေးကြီးပါတယ်။ သူမက အံ့သြချီးကျူးစရာကောင်းလှသော ဇနီး၊ မိခင်၊ သူငယ်ချင်း၊ အိမ်နီးချင်း နှင့် ဘုရားသခင်၏သမီးတစ်ယောက်လည်းဖြစ်ပါတယ်။

အခုသူ ပြောင်းသွားပါပြီ။ သူမဘဝရဲ့နောက်ဆုံးလအနည်းငယ်အတွင်း၊ ကျွန်တော်ရုံးက ပြန်လာချိန်မှာ သူရဲ့ဘေးမှာထိုင်ဖို့၊ မှတ်ဉာဏ်ချွတ်ယွင်းခြင်းက သူ့ကို နေ့လည်ကတင် သူကြည့်ခဲ့ပြီးတဲ့အရာကို မှတ်မိဖို့ အခွင့်မပေးတာကြောင့် သူ့အကြိုက်ဆုံးသီချင်းတစ်ချို့ကို ကျွန်တော်တို့ ထပ်ခါထပ်ခါနားထောင်ကြရင်း သူ့လက်တွေကိုဆုပ်ကိုင်ပေးဖို့ ဆုံးဖြတ်ခဲ့ရလို့ ကျွန်တော်ပျော်ပါတယ်။ အဲသလို လက်ကိုဆုပ်ကိုင်တဲ့ အထူးအချိန်တွေဟာ အခုအခါမှာ ကျွန်တော်အဖို့ အလွန်အင်မတန်တန်ဖိုးရှိလှပါတယ်။

ညီအကိုမောင်နှမများခင်ဗျာ၊ကျေးဇူးပြုပြီး သင်ရဲ့မိသားစုတွေရဲ့မျက်လုံးတွေကိုချစ်ခြင်းမေတ္တာနဲ့ကြည့်ဖို့အခွင့်အရေးမလွတ်ပါစေနဲ့။ သားသမီးများနှင့်မိဘများ၊ သင်တို့ရဲ့ချစ်ခြင်းနဲ့ ကျေးဇူးတင်မှုတွေကိုဖော်ပြပြီး တစ်ယောက်နဲ့တစ်ယောက်အဆက်အသွယ်လုပ်ပါ။ ကျွန်တော်ကဲ့သို့ပင် တစ်နေ့မှာနိုးလာပြီး အလွန်အရေးကြီးတဲ့ဆက်သွယ်ရမယ့်အချိန်တစ်ခုကကုန်လွန်သွားပြီဆိုတာသတိထားမိပါလိမ့်မယ်။ ကျေးဇူးတော်ချီးမွမ်းခြင်းနှင့်ပြည့်နေသောနှလုံးသား၊ ကောင်းသောအမှတ်တရများ၊ အမှုတော်ဆောင်ခြင်းနှင့် ချစ်ခြင်းမေတ္တာများစွာတို့ဖြင့်နေ့စဥ်နေထိုင်ပါ။

လွန်ခဲ့တဲ့နှစ်အတွင်းမှာ ကျွန်တော်ဟာ ကောင်းကင်ဘုံရှင်အဖရဲ့အစီအစဥ်အကြောင်း အရင်ကထက် ပိုပြီးနက်နက်ရှိုင်းရှိုင်းနှလုံးသွင်းမိပါတယ်။ သူ၏သားကောရန်တန်ကိုသင်သောအခါတွင် အယ်လ်မာက “ကြီးမြတ်သည့်ပျော်ရွှင်ခြင်းအစီအစဥ်”ဟုကိုယ်စားပြုထားပါတယ်

ထိုအစီအစဥ်ကိုကျွန်တော်စဥ်းစားတဲ့အခါ ကျွန်တော့စိတ်ထဲကို အခုဆက်တိုက်ရောက်လာတဲ့ စကားလုံးကတော့ “ပြန်လည်ပေါင်းစည်းခြင်း”ပဲဖြစ်ပါတယ်။ အဲဒါဟာ၊ကျွန်တော်တို့ရဲ့ ချစ်သောကောင်းကင်ဘုံရှင်အဘ ရေးဆွဲထားတဲ့အစီအစဥ်ဖြစ်ပါတယ်။ အဲဒီမှာ မိသားစုများပြန်လည်ပေါင်းစည်းခြင်းရဲ့ ကြီးကျယ်ခမ်းနားပြီး၊ အသရေထင်ရှားသော အခွင့်အလမ်းများဆိုတဲ့ ဗဟိုချက်ရှိပါတယ်။ ဘုရားသခင်၏အိမ်တော်သားများအဖြစ်၊ ခင်ပွန်းများနှင့် ဇနီးများ၊ မိဘများနှင့် ကလေးများ၊ မျိုးဆက်တစ်ခုမှ တစ်ခု ထာဝရပြန်လည်ပေါင်းစည်းခြင်းဖြစ်ပါတယ်။

ထိုအတွေးကကျွန်တော် ဘာဘရာ နဲ့အတူတဖန်ပြန်နေထိုင်ဖို့အတွက် သေချာမှုနှင့်နှစ်သိမ့်မှုတို့ကိုကျွန်တော့်ဆီသယ်ဆောင်လာပေးပါတယ်။ သူမရဲ့နောက်ဆုံးသောအချိန်မှာ ခန္ဓာကိုယ်နဲ့စိတ်က ခံစားနေရသော်လည်း သူမရဲ့ ဝိညာဥ်ကအားကောင်းပြီး မြင့်မြတ်သန့်ရှင်းပါတယ်။ အရာအားလုံးမှာသူမကကိုယ့်ကိုကိုယ်ပြင်ဆင်ထားခဲ့ပါတယ်။ သို့ပါမှ ထို့နေ့ရက်သို့ရောက်လာသောအခါ သူမက “ဘုရားသခင်၏နှစ်သက်စရာကောင်းသောစီရင်တော်မူရာတိုင်”ရှေ့တွင်ယုံကြည်စိတ်ချမှုအပြည့်နှင့် ငြိမ်းချမ်းခြင်းဖြင့်ရပ်နိုင်မှာဖြစ်ပါတယ်။ ဒါပေမယ့်ကျွန်တော်ကတော့နောက်၂ရက်လောက်ဆိုရင် အသက်၉၁နှစ်ပြည့်မှာဖြစ်ပါတယ်။ အခုထိ “ကျွန်တော်အဆင်သင့်ဖြစ်ပြီလားဆိုတာစဥ်းစားနေတုန်းပါပဲ။ သူမရဲ့လက်ကိုနောက်ထပ်တစ်ဖန်ပြန်ကိုင်နိုင်ဖို့အတွက်ကျွန်တော်လုပ်ဖို့လိုအပ်တာတွေလုပ်နေရဲ့လား“

အရိုးရှင်းဆုံး၊ ဘဝရဲ့အသေချာဆုံးအခြေခံတရားကတော့ ကျွန်တော်တို့အားလုံးသေမယ်ဆိုတာပါပဲ။ ကျွန်တော်တို့ အသက်ငယ်သည်ပဲဖြစ်ဖြစ် ကြီးသည်ပဲဖြစ်ဖြစ်၊ ချမ်းသာသည်ဖြစ်ဖြစ် ဆင်းရဲသည်ဖြစ်ဖြစ်၊ အချစ်ခံရသူဖြစ်ဖြစ်အထီးကျန်သူဖြစ်ဖြစ် ဘယ်သူမှသေခြင်းမှလွတ်မြောက်ခြင်းမရှိနိုင်ပါဘူး။

လွန်ခဲ့တဲ့နှစ်အနည်းငယ်လောက်က ဥက္ကဌ ဂေါ်ဒန် ဘီ ဟင်ကလီက ဒီအဓိပ္ပါယ်ရှိလှသောအကြောင်းကိုသီးသန့်ပြောထားပါတယ်။ “ကျွန်တော်တို့ကမှန်ကန်စွာလက်ထပ်ပြီး နေထိုင်မယ်ဆိုပါကရရှိနိုင်သည့်ငြိမ်းချမ်းခြင်းအကြောင်းကိုသိနေခြင်းသည်မည်သို့ကောင်းမွန်လှသောသေချာမှုဖြစ်ပါသလဲ။ ပြီးတော့ ကျွန်တော်တို့ရဲ့ဆက်ဆံရေးဟာ သေခြင်းနဲ့ အချိန်တွေကုန်လွန်သွားသော်လည်းဆက်လက်ရှိတည်နေပါမယ်”

ကျွန်တော်မှန်ကန်တဲ့လက်ထပ်ခြင်းကိုသေချာပေါက်လုပ်ခဲ့ပါတယ်။ ထိုအတွက် သံသယလုံးဝမရှိပါဘူး။ သို့သော်လည်း ဥက္ကဌ ဟင်ကလီ အရ ဒါကမလုံလောက်ပါဘူး။ ကျွန်တော်က မှန်ကန်စွာလည်းနေထိုင်ရပါမယ်

ယနေ့ခေတ်မှာ “မှန်ကန်စွာ”နေထိုင်ခြင်းဆိုတာရှုပ်ထွေးလှသည့်ကိစ္စတစ်ခုဖြစ်ပါတယ်။ အထူးသဖြင့် အမျိုးမျိုးသောအသံတို့ကဘုရားသခင်နှင့် သူ၏သားသမီးများအတွက်အကြံအစည်တော်၏ အကြောင်းကိုအမှန်တရားသို့မဟုတ် မှားယွင်းမှုများဖြင့်ပြောနေသော လူအများအသုံးပြုသောအင်တာနက်များကိုအချိန်များစွာအသုံးပြုနေရင်ပဲဖြစ်ပါတယ်။ ကျေးဇူးတော်ဖြင့်ပင်၊ အသင်းတော်၏ အသင်းသာများမှာ ကျွန်တော်တို့သေတဲ့အခါ ပို၍ကောင်းမွန်စွာပြင်ဆင်ထားပြီးသား ဖြစ်နိုင်အောင် နေထိုင်တတ်ဖို့ ထာဝရစစ်မှန်သော ဧဝံဂေလိတရားတော် အခြေခံသဘောတရားတွေရှိကြပါတယ်။

ကျွန်တော်မမွေးခင်လအနည်းငယ်လေးမှာ၊ ကျွန်တော့အဖိုး တမန်တော်၊ အယ်လ်ဒါ မဲလ်ဘင် ဂျေ ဘဲလ်လောဒ့်က မိန့်ခွန်းပြောခဲ့ပါတယ်၊ မှန်ကန်စွာနေထိုင်ဖို့လို့ ဆိုလိုတဲ့ အဲဒီမိန့်ခွန်းရဲ့ အနှစ်သာရကို ရရှိခဲ့ကြပါတယ်။ “ဝိညာဥ်အတွက် ရုန်းကန်ရခြင်း” လို့ ခေါင်းစဉ်တပ်ထားတဲ့ သူ့မိန့်ခွန်းဟာ ကျွန်တော်တို့ရဲ့ ရုပ်ခန္ဓာကိုယ်များနဲ့ ကျွန်တော်တို့ရဲ့ ထာဝရစိတ်ဝိညာဥ်များကြား ဆက်တိုက်ဖြစ်နေတဲ့ တိုက်ပွဲကို အဓိကထားပါတယ်။

“မည်သည့် အမျိုးသား အမျိုးသမီးမဆိုဖြစ်နိုင်တဲ့အကြီးမားဆုံးသောသဘောထားကွဲလွဲမှုကတော့ကျွန်တော်တို့ကိုယ်တိုင်အတွင်းမှာဖြစ်တဲ့တိုက်ပွဲပဲဖြစ်ပါတယ်” ရှင်းပြရမည်ဆိုလျှင် စေတန်(ကျွန်တော်တို့ဝိညာဥ်များ၏ရန်သူ)ဖြစ်တဲ့သူကကျွန်တော်တို့” ကာမရမက်များ၊ တောင့်တမှုများနှင့် သွေးသား၏ပြင်းပြေသာါဆန္ဒတို့ဖြင့် တိုက်ခိုက်ခြင်းပဲဖြစ်ပါတယ် ”။ “ဒါကြောင့်အခြေခံတိုက်ပွဲကတော့ ကျွန်တော်တို့ရဲ့ မြင့်မြတ်ခြင်း၊ ဝိညာဥ်တော်၏သဘာဝနှင့် သာမာန်လူသား၏သဘာဝကြားတွင်ပင်ဖြစ်ပါတယ်။ ညီအကိုမောင်နှမများ၊ကျွန်တော်တို့အား“အရာအားလုံးကိုသင်ကြားပေး” နိုင်သည့်သန့်ရှင်းသောဝိညာဥ်တော်၏လွှမ်းမိုးမှုအားဖြင့်ဝိညာဥ်ရေးရာအကူအညီများကိုရရှိနိုင်ပါတယ်။ အကူအညီက ယစ်ပုရောဟိတ်၏တန်ခိုးနှင့် ကောင်းချီးများအားဖြင့်လည်းရရှိနိုင်ပါတယ်။

အခု၊ ကျွန်တော်မေးပါမယ် “ဒီတိုက်ပွဲဟာ သင်တို့တစ်ယောက်ချင်းစီနဲ့ ဘယ်လိုအခြေအနေ ရှိပါသလဲ။

ဥက္ကဌဒေးဗစ် အို မက်ကေးက“လူသား၏ လောကီ ဖြစ်တည်မှုမှာ၊ မိမိအားထုတ်မှု၊ မိမိစိတ်၊ မိမိဝိညာဉ်ကို မိမိ၌ရုပ်သဘော၏ သာယာမှုနှင့် အလိုလိုက်ခြင်းအပေါ် အာရုံစိုက်ခြင်း ရှိမရှိ၊ သို့မဟုတ် မိမိဘဝရည်ရွယ်ချက်ကို ဝိညာဉ်ပကတိအရည်အချင်းများ ရှာမှီးခြင်းအဖြစ် ပြုမပြု စမ်းသပ်မှုတစ်ခုသာဖြစ်သည်” လို့ ပြောခဲ့ပါတယ်။

ကျွန်တော်တို့ရဲ့ ဝိညာဥ်ရေးရာသဘာဝနှင့် ကျွန်တော်တို့၏ပင်ကိုယ်သဘာဝကြားတွင်ရှိသောတိုက်ပွဲသည်အကြောင်းအရာအသစ်မဟုတ်ပါ။ သူ၏နောက်ဆုံးဒေသနာတော်တ္ငင် ဗိဟ်ာမိန်မင်းကြီးသည် သူ၏လူများအားသင်ကြားခဲ့သည်။ “ဇာတိပကတိလူသည်သန့်ရှင်းသောဝိညာဥ်တော်၏ဖျောင်းဖျခြင်းကိုဝန်ခံခြင်းသော်လည်းကောင်း၊ ဇာတိပကတိလူ၏ကိုယ်ကိုချွတ်ပယ်ပြီး၊ ခရစ်တော်ကိုယ်တော်ရှင်၏အပြစ်ဖြေခြင်းမဓ်လာအားဖြင့်သန့်ရှင်းသူတစ်ယောက်ဖြစ်၍လာကြောင်း၊ အာဒံ၏ကျရှုံးခြင်းမှစ၍ကာလအစဥ်အဆက်အမြဲပင်ဘုရားသခင်၏ရန်သူဖြစ်၍နေလိမ့်မည်”

တမာန်တော် ရှင်ပေါလုက “ဇာတိပကတိရှိသောသူတို့သည် ဇာတိပကတိနှင့်စပ်ဆိုင်သောအရာတို့ကိုစွဲလမ်းသောစိတ်သဘောရှိကြ၏” ဟုသင်ကြားခဲ့ပါတယ်။

“ဇာတိပကတိစိတ်သဘောသည်သေခြင်းအကြောင်းဖြစ်၏။ ဝိညာဥ်ပကတိစိတ်သဘောသည် အသက်ရှင်ခြင်းအကြောင်းနှင့်ငြိမ်သက်ခြင်းအကြောင်းဖြစ်၏”

ဒီဘဝ၏အရေးကြီးသောအရာများထဲမှတစ်ခုသည် ကျွန်တော်တို့ ထာဝရဝိညာဥ်တော်၏သဘာဝကိုမည်သို့အလေးထားရမည်နှင့် ဆိုးသောစိတ်ဆန္ဒများကိုထိန်းချုပ်ခြင်းဖြစ်တယ်ဆိုတာရှင်းလှပါတယ်။ ဒီဟာက အဲသလောက်အထိ မခက်ခဲသင့်ပါဘူး။ အားလုံးပြီးတဲ့နောက်မှာ၊ ကျွန်တော်တို့ရုပ်ခန္ဓာထက် များစွာကြာမြင့်လှပြီဖြစ်တဲ့ ကျွန်တော်တို့ရဲ့ စိတ်ဝိညာဥ်ဟာ၊ လူ့ဇာတိမတိုင်နယ်ပယ်မှာ မကောင်းမှုအစား ဖြောင့်မတ်မှုကို ရွေးချယ်ခြင်းမှာ အောင်မြင်ခဲ့ပြီးသားဖြစ်ခဲ့ပါပြီ။ ဒီကမ္ဘာမြေကို မတည်ထောင်ခင်ကပင်၊ ကျွန်တော်တို့ဟာ ကျွန်တော်တို့ကိုချစ်ခဲ့တဲ့၊ အခုလည်း ကျွန်တော်တို့ကို ဆက်ချစ်တဲ့ ကျွန်တော်တို့ရဲ့ကောင်းကင်ဘုံရှင်မိဘတွေရဲ့ သားသမီးများအဖြစ် ဝိညာဉ်ကမ္ဘာမှာ ကျွန်တော်တို့နေထိုင်ခဲ့ကြပါတယ်။

ပြီးတော့ဟုတ်ပါတယ်၊ ကျွန်တော်တို့က သေခြင်းရှိရာဘဝမတိုင်ခင်မှာ ဘဝပြောင်းလဲနိုင်တယ့် ဆုံးဖြတ်ချက်တွေနဲ့ ရွေးချယ်မှုတွေကိုပြုလုပ်ခဲ့ရပါတယ်။ ဒီကမ္ဘာမြေပေါ်တွင်နေခဲ့တဲ့သူသို့မဟုတ်နေမယ့်သူများသည် ကောင်းကင်ဘုံရှင်အဖရဲ့ ကျွန်တော်တို့အတွက်ကယ်တင်ခြင်းအစီအစဥ်ကိုလက်ခံဖို့ရွေးချယ်ရန် အရေးပါတဲ့ ဆုံးဖြတ်ချက်ကိုချခဲ့ကြပါတယ်။ ဒါကြောင့်ဒီကမ္ဘာမြေကို ကျွန်တော်တို့အားလုံးကဝိညာဥ်ရေးရာအောင်မြင်မှုနှင့် ထာဝရပန်းတိုင်ကို ခိုင်မာသောလမ်းကြောင်းအားဖြင့်ရောက်လာခဲ့ကြပါတယ်။

ဒီအကြောင်းကိုခဏစဥ်းစားပါ။ ဒါက သင်နှင့် ကျွန်တော် ဘယ်သူလဲဆိုတာ အမှန်ဖြစ်တဲ့၊ ပြီးတော့၊ သင်ဘယ်သူလဲဆိုတာ အမြဲဖြစ်လေပြီးတဲ့၊ ဘုရားသခင်၏ သား သို့မဟုတ် သမီးတစ်ဦးအဖြစ်၊ ထာဝရကာလနဲ့ အနာဂတ်မှာ အတိုင်းမသိသော အခွင့်အလမ်းများစွာနဲ့ ပြည့်လျှံနေတဲ့ ဝိညာဉ်ပကတိအမြစ်တွေနဲ့ အတူရှိတဲ့အရာဖြစ်ပါတယ်။ သင်က ပထမ၊ပထမဆုံးနှင့် အမြဲတမ်းရှိသောဝိညာဥ်ပဲဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ ကျွန်တော်တို့ရဲ့သွေးသားသဘာဝကို ဝိညာဥ်ပကတိ သဘာဝရဲ့ရှေ့မှာ ထားဖို့ရွေးချယ်တဲ့အခါမှာ ကျွန်တော်တို့ရဲ့ တကယ်၊ စစ်မှန်တဲ့ဝိညာဉ်ပကတိကိုယ်အစစ်အမှန်တွေနဲ့ ဆန့်ကျင်တဲ့အရာကို ရွေးချယ်နေကြတာဖြစ်ပါတယ်။

ထို့ကြောင့် သွေးသားနှင့် လောကီဆန္ဒများဟာ ဆုံးဖြတ်ချက်ပြုလုပ်ခြင်းကို ရှုပ်ထွေးစေတယ်ဆိုတာမေးခွန်းမေးစရာမလိုပါဘူး။ လူ့ဇာတိမတိုင်ခင်ဝိညာဥ်လောကနှင့် ဤလူ့ဇာတိလောကနှစ်ခုကြား ပိုင်းခြားထားတဲ့ မေ့လျော့ခြင်း ကန့်လန့်ကာကြောင့်၊ ဘုရားသခင်၊ ကျွန်တော်တို့ရဲ့ ဝိညာဉ်ပကတိသဘာဝတို့နှင့် ကျွန်တော်တို့ရဲ့ ဆက်သွယ်မှုကို ကျွန်တော်တို့မေ့ပျောက်နိုင်ကြပါတယ်၊ ကျွန်တော်တို့ရဲ့ သွေးသားသဘာဝကလည်း ကျွန်တော်တို့ အခုလိုချင်တဲ့အရာကို ဦးစားပေးနိုင်ပါတယ်။ ဝိညာဥ်ရေးရာအရာများကို သွေးသားကိစ္စအရာများထက်ကျော်လွန်၍ရွေးချယ်ခြင်းရန် သင်ယူခြင်းက ဒီကမ္ဘာမြေကိုလာခြင်းအတွေ့အကြုံဖြစ်တဲ့ဘုရားသခင်ရဲ့အစီအစဥ်ရဲ့ အခြေခံပဲဖြစ်ပါတယ်။ အဲဒါက အစီအစဥ်ကို ကျွန်တော်တို့ရဲ့ ကိုယ်တော်ရှင်နဲ့ ကယ်တင်ရှင် ယေရှုခရစ်တော်၏ခိုင်မာသော၊ သေချာသော အပြစ်ဖြေခြင်းမင်္ဂလာအုတ်မြစ်အပေါ်မှာ ဘာကြောင့်တည်ဆောက်ထားရသလဲဆိုတာလည်း ဖြစ်ပါတယ်။ ဒီလိုမှသာ အသွေးအသားကို ကျွန်တော်တို့အရှုံးပေးတဲ့အခါ ကျွန်တော်တို့ပြုခဲ့တဲ့အမှားများ အပါအဝင်၊ ကျွန်တော်တို့ရဲ့အပြစ်များကို ပုံမှန်နောင်တရခြင်းအားဖြင့် ကျော်လွန်နိုင်ကြပြီး၊ ကျွန်တော်တို့ဟာ ဝိညာဉ်ပကတိကို အာရုံစိုက်ပြီး နေထိုင်နိုင်ကြပါတယ်။ ခရစ်တော်၏ဝိညာဥ်တော်ခံစားနိုင်သောဒေသနာများနှင့်လိုက်နာရန် ကျွန်တော်တို့ခန္ဓာကိုယ်၏တောင့်တမှုများကိုထိန်းချုပ်ရမည့်အချိန်ဖြစ်ပါတယ်၊ ထို့ကြောင့်ကျွန်တော်တို့နောင်တရမယ့်နေ့ရက်ကိုအချိန်မဆွဲသင့်ပါဘူး

နောင်တရခြင်းက ကျွန်တော်တို့ကိုယ်တိုင်တိုက်ရမယ့် တိုက်ပွဲအတွက်မရှိမဖြစ်လိုအပ်တဲ့လက်နက်ဖြစ်လာပါမယ်။ လွန်ခဲ့သောအထွေထွေညီလာခံမှာပဲ ၊ ဥက္ကဌ ရယ်လ်ဆဲလ် ဆမ် နေလ်ဆင် က ထိုတိုက်ပွဲကိုကိုယ်စားပြုပြီး ကျွန်တော်တို့ကို “နောင်တရဖို့ရွေးချယ်တာက ပြောင်းလဲဖို့ရွေေးချယ်တာလို့ သတိပေးခဲ့ပါတယ်။ ကယ်တင်ရှင်ကိုကျွန်တော်တို့အကောင်းဆုံးပုံစံဖြစ်လာဖို့ ပြောင်းလဲပေးရန်ခွင့်ပေးခြင်းပဲဖြစ်ပါတယ်။ ကျွန်တော်တို့ဝိညာဥ်ရေးရာတိုးတက်ဖို့ ပြီးတော့ ပျော်ရွှင်မှု၊သူ့ထံမှရသောပျော်ရွှင်မှုကိုရရဖို့ရွေးချယ်ခြင်းပဲဖြစ်ပါတယ်။ နောင်တရဖို့ရွေးချယ်တဲ့အခါ ခရစ်တော်ကဲ့သို့ဖြစ်လာဖို့ရွေးချယ်လိုက်တာဖြစ်ပါတယ်”

ညတိုင်းကျွန်တော်ရဲ့နေ့ကိုကောင်းကင်ဘုံတွင်ရှိသောအဖထံမှာဆုတောင်းပြီးပြန်သုံးသပ်တဲ့အခါ ကျွန်တော်မကောင်းတာတစ်ခုခုလုပ်ခဲ့ရင်ခွင့်လွှတ်ပေးရန်တောင်းလျှောက်ပြီးမနက်ဖြန်ပိုကောင်းလာဖို့ကတိပေးပါတယ်။ ဒီလိုနေ့စဥ်ပုံမှန်နောင်တရခြင်းက ကျွန်တော်ရဲ့ခန္ဓာကိုယ်ထဲမှာဘယ်အရာပါဝင်နေလဲဆိုတာ ကျွန်တော်ရဲ့ ဝိညာဥ်ကိုသတိပေးရန်ကူညီပေးပါတယ်။

နောက်ထပ်အားကိုးအားထားစရာနောက်တစ်ခုကတော့ အပတ်တိုင်းရရှိသောအခွင့်အရေးဖြစ်တဲ့ပွဲတော်မဂ်လာကို ကျွန်တော်တို့၏ကယ်တင်ရှင်အရှင်သခင်၊ယေရှုခရစ်တော်ပြုလုပ်ခဲ့သော အပြစ်ဖြေခြင်းမဂ်လာကိုသတိရခြင်းဖြင့် ကျွန်တော်တို့ရဲ့ဝိညာဥ်ရေးရာကိုပြန်လည်လန်းဆန်းစေနိုင်ပါတယ်။

ညီအစ်ကိုမောင်နှမများခင်ဗျာ၊ အရှိန်နည်းနည်း လျှော့ချဖို့နဲ့၊ သင်တို့ရဲ့သွေးသားသဘာဝကို ချိုးနှိမ်ပြီး သင်တို့ရဲ့မြင့်မြတ်သော၊ ဝိညာဥ်ပကတိသဘာဝကို အားပေးအားမြှောက်ပြုနေကြတဲ့ အခုသင်တို့ ရောက်နေတဲ့နေရာအကြောင်းကို စဉ်းစားကြဖို့ သင်တို့ကို ကျွန်တော် တိုက်တွန်းပါတယ်။ ဒီလိုလုပ်ခြင်းအားဖြင့်၊ အချိန်ကျရောက်လာတဲ့အခါ၊ သင်တို့ဟာ ဝိညာဉ်လောကထဲကို သင်တို့ချစ်တဲ့သူတွေနဲ့ ဝမ်းမြောက်ဖွယ် ပြန်လည်ပေါင်းစည်းကြဖို့ သွားနိုင်ကြမှာဖြစ်ပါတယ်။ အဲဒီအတွက် ကျွန်တော် သက်သေခံပါတယ်၊ ကိုယ်တော်ရှင် ယေရှုခရစ်တော်၏ သန့်ရှင်းမွန်မြတ်သော နာမတော်အားဖြင့်လည်း နှိမ့်ချစွာ ဆုတောင်းပါတယ်။ အာမင်။

မှတ်စုများ

  1. သြဝါဒနှင့် ပဋိညာဥ်ကျမ်း ၄၂-၄၅

  2. အယ်လ်မာ​ ၄၂-၈

  3. ရှင်ယာကုပ် ၆-၁၃

  4. အသင်းတော် ဥက္ကဌများ၏ သင်ကြားမှုများ ၊ ဂေါ်ဒန် ဘီ ဟင်ကရီ (၂၀၁၆)၊ ၁၅၇။

  5. ဘုရားသခင်က ကတိတော်ပေးထားသောကောင်းချီးမဂ်လာများရရှိရန် ကျွန်တော်တို့က ပဋိညာဥ်များအတိုင်းနေထိုင်ရမည်ဟု ဖွင့်ပြတော်မှုခဲ့သည် (သြဝါဒ နှင့် ပဋိညာဥ်ကျမ်း ၈၂ဂ၁၀၊၁၃၂:-၇၊၁၉တွင်တွင်ကြည့်ပါ)။

  6. မာဗင် ဂျေ ဘဲလာ့ဒ် “ဝိညာဥ်အတွက်ရုန်းကန်ကြိုးစားမှု” ( ဆော့လိတ်တဲတော်အဖွဲ့၌ ဟောပြောခဲ့သောမိန့်ခွန်း၊ မေ ၅၊ ၁၉၂၈)။

  7. Jရှင်ယောဟန်ခရစ်ဝင် ၁၄-၂၆

  8. အသင်းတော် ဥက္ကဌများ၏ သင်ကြားမှုများဒေးဗစ် အို မက်ကေး (၂၀၀၃)၊ ၁၄။

  9. မောဇိယ ၃-၁၉

  10. ရောမသြဝါဒစာ ၈-၅-၆

  11. အယ်လ်မာ ၃၄-၃၃တွင်ကြည့်ပါ။

  12. ရပ်ဆဲလ်အမ် နယ်လဆင်၊ “ကျွန်တော်တို့ပိုကောင်းအောင်လုပ်နိုင်ပြီး ပိုကောင်းလာနိုင်ပါသည်၊” လီယဟိုနာ၊ မေ ၂၀၁၉၊ ၆၇။