၂၀၁၀-၂၀၁၉
ရန်သူကိုကျော်လွှားနိုင်ရန်ခွန်အား
၂၀၁၉ အောက်တိုဘာလအထွေထွေညီလာခံအစည်းအဝေးပွဲ


ရန်သူကိုကျော်လွှားနိုင်ရန်ခွန်အား

ကျွန်တော်တို့ငြိမ်းချမ်းမှုကိုဘယ်လိုရှာဖွေကြမလဲ၊ ကျွန်တော်တို့ဘယ်သူတွေလဲဆိုတာကိုသတိရပါ၊ ပြီးတော့ ရန်သူရဲ့ ဒီသုံးလုံးကို အောင်နိုင်ကြပါ။

ညီအစ်ကိုမောင်နှမများခင်ဗျာ၊ ယေရှုခရစ်တော်ရဲ့ စစ်မှန်သောနောက်လိုက်များ ဖြစ်လာဖို့နဲ့ သန့်ရှင်းသောဗိမာန်တော်ကောင်းချီးမင်္ဂလာများနဲ့ မွေ့လျော်ဖို့ အခြားသူများကိုလည်း အဲဒီလိုဖြစ်လာရန်ကူညီဖို့ သင်တို့ပြုသမျှသောအရာတွေအတွက် သင်တို့ကို ကျေးဇူးတင်ပါတယ်။ သင်တို့ရဲ့ကောင်းမြတ်ခြင်းအတွက် သင်တို့ကို ကျေးဇူးတင်ပါတယ်။ သင်ဟာအံ့သြဖွယ်ဖြစ်တယ်၊သင်ဟာလှပသောသူဖြစ်တယ်။

ကျွန်တော်တို့ဟာ ဘုရားသခင်၏သားသမီးများဖြစ်ကြောင်း ပြည့်စုံစွာနားလည်ခြင်းသို့ ရောက်လာကြတာနဲ့အမျှ သန့်ရှင်းသောဝိညာဉ်တော်၏ အတည်ပြုသော လွှမ်းမိုးမှုကို ကျွန်တော်တို့ သတိရကြမည့်အကြောင်း ကျွန်တော် ဆုတောင်းပါတယ်။ “မိသားစု- ကမ္ဘာလုံးအားကြေငြာထုတ်ပြန်ခြင်း”-”ဘုရားသခင်၏ပုံသဏ္ဌာန်အတိုင်း-လူသားအားလုံး-ယောကျာ်း နှင့် မိန်းမကို ဖန်ဆင်းခဲ့တယ်။ ကျွန်တော်တို့အားလုံးသည်ဘုရားသခင်၏ဝိညာဥ်သားသမီးများဖြစ်ပြီး-ကျွန်တော်တို့အားလုံးတွင် ကံကြမ္မာနှင့်သဘာဝပကတိတရားများရှိတယ်။ ကျွန်တော်တို့အားလုံးတို့သည်အခြေခိုင်ပြီးကောင်းမြတ်သောနောက်ဆုံးကာလအပိုင်းတွင်မွန်မြတ်သောအလုပ်များလုပ်ပြီးဝိညာဥ်ကမ္ဘာသို့သွားရပါမယ်။ “ဤနောက်ပိုင်းကာလ၏ နောက်ပိုင်း၌ သင်တို့ တွေ့ကြုံရမယ့်အရာမှန်သမျှနဲ့ အရာတိုင်းအတွက် သင်တို့ကို ပြင်ဆင်ရန် ဝိညာဥ်ကမ္ဘာမှာ သင်တို့ သွန်သင်ခံခဲ့ရတယ်” လို့ ဥက္ကထ ရပ်ဆဲလ် အမ်၊နယ်လ်ဆင်က ပြောခဲ့ပါတယ် (ဩ&ပဋိ ၁၃၈း၅၆ တွင် ကြည့်ပါ)။ ဒီသွန်သင်ခြင်းက သင့်တို့အထဲမှာ တည်မြဲပါတယ်။”

သင်တို့ဟာဘုရားသားသမီးအဖြစ်ရွေးချယ်ခံရသူတွေဖြစ်ပါတယ်။ သင့်မှာရန်သူကိုကျော်လွှားနိုင်ရန်ခွန်အားရှိပါတယ်။ ရန်ပြုလိုသူဟာဘယ်လိုပဲဖြစ်ဖြစ်သင်ဘယ်သူဆိုတာသတိထားမိတယ်။ သူက သင်တို့ရဲ့ မြင့်မြတ်သောအမွေကို သိပြီး၊ ဒီသုံးလုံးကို အသုံးပြုခြင်းအားဖြင့် သင်တို့ရဲ့ လောကီဆိုင်ရာနဲ့ ကောင်းကင်ဘုံဆိုင်ရာ အလားအလာကို ကန့်သတ်ဖို့ ကြိုးစားပါတယ်။

  • လှည့်ဖြားခြင်း

  • ရှုပ်ထွေးစေခြင်း

  • စိတ်ဓာတ်ကျခြင်း

လှည့်ဖြားခြင်း

လှည့်ဖြားခြင်း ဆိုသောအရာဖြင့်ရန်သူသည်မောရှေလက်ထပ်တွင်အသုံးပြုခဲ့သည်။ ကိုယ်တော်ရှင်က မောရှေကို ဟောကြားခဲ့ပါတယ်။

“ရှုလော့၊ သင်သည် ငါ၏သားဖြစ်၏၊

“ငါ့မှာ သင့်အတွက် အမှုတော် ရှိ၏၊ သင်သည် ငါ၏ တစ်ပါးတည်းသော သားတော်၏ ပုံဆောင်ခြင်း ဖြစ်၏။”

ကောင်းမြတ်သောရှုပါရုံရပြီးမကြာခင်စေတန်၏လှည့်ဖြားခြင်းကိုမောရှေခံခဲ့ရတယ်။ သူဟာစိတ်ဝင်စားဖွယ်စကားလုံးကိုသုံးခဲ့တယ်-“မောရှေ ငါသည်လူသားများ၏ဘုရားဖြစ်သည် ငါ့ကိုကိုးကွယ်လော့” လှည့်စားခြင်းဟာ စာတန်ကို ကိုးကွယ်ဖို့ ဖိတ်ခေါ်ခြင်းထဲမှာသာမက၊ မောရှေကို လူသားအဖြစ် သူဖော်ပြတဲ့နေရာမှာလည်း ရှိပါတယ်။ ဘုရားသခင်၏ ပုံသဏ္ဌာန်အတိုင်းသင့်ကိုဖန်ဆင်း၍ မောရှေကိုဘုရားသခင်က သင်သည်ဘုရား၏သားဖြစ်သည်ဟု အခုလေးတင်ပြောခဲ့သည်ကိုသတိရပါ။

မာရ်နတ်ဟာ မောရှေကို လှည့်စားဖို့ အားထုတ်ရာမှာ သနားညှာတာမှုကင်းမဲ့ပါတယ်၊ ဒါပေမယ့် မောရှေက ခုခံပြီးတော့၊ “ ငါ့ထံမှ ထွက်သွားလော့၊ စာတန်၊ အကြောင်းမူကား၊ ဘုန်းတော်အရှင် ဘုရားသခင်ဖြစ်သည့် ဒီတစ်ပါးတည်းသော ဘုရားသခင်ကိုသာ ငါကိုးကွယ်မည်” လို့ ဆိုခဲ့ပါတယ်။ မောရှေက ဘုရားသခင်၏ သားတစ်ယောက်အဖြစ်၊ သူဘယ်သူလဲဆိုတာကို သတိရခဲ့တယ်။

မောရှေအားထာဝရဘုရားမိန့်တော်မူသည့်စကားများအားသင်နှင့်ကျွန်တော်ရှာဖွေရပါမယ်။ ဘုရားသခင်၏ပုံသဏ္ဌာန်အတိုင်း ကျွန်တော်တို့ကိုဖန်ဆင်းတော်မူတယ်ပြီးတော့ သူ့မှာကျွန်တော်တို့အတွက်အလုပ်ရှိတယ်။ ကျွန်တော်တို့ဘယ်သူဆိုတာကိုမေ့လျော့ခြင်းကြောင့်စေတန်၏လှည့်ဖြားကြိုးပမ်းခြင်းကိုခံရတယ်။ ကျွန်တော်တို့ဘယ်သူဆိုတာကိုနားမလည်ဘူးဆိုလျှင် ကျွန်တော်တို့ဘယ်လိုလူဖြစ်နိုင်မလဲဆိုတာသိဖို့ခက်ခဲတယ်။

ရှုပ်ထွေးစေခြင်း

ရှုပ်ထွေးခြင်းကကျွန်တော်တို့ကိုဘုရားသခင်၏ဂတိတော်လမ်းကြောင်းနှင့်ဘုရားသခင်ထံမှဝေးကွာရန်ကြိုးစား တယ်။ အောက်ဖော်ပြပါအတိုင်းအယ်လ်ဒါရော်နယ်ဒ် -အေ.ရက်ဘန် ကဝေဌခဲ့တယ်-ဘုရားသခင်၏အလို ဆန္ဒအတိုင်း ဖြစ်ရန်နှင့်သူ့အမှုဆောင်ရန်ကျွန်တော်တို့လုပ်ဆောင်စဥ်တွင်ရှုပ်ထွေးခြင်းသည်ကျွန်တို့၏ဝိညာဥ်ပိုင်းဆိုင်ရာအပိုင်းကိုဖျက်ဆီးရန်ကြိုးစားတယ်။

ကျွန်တော်တို့ခေတ်မှာ၊ တွစ်တာ၊ဖေ့ဘွတ်၊ ပုံရိပ်ယောင်ဂိမ်းများ အပါအဝင် များစွာသော စိတ်ပျံ့လွင့်စေခြင်းတွေရှိပါတယ်၊ ဒီထက်ပိုပြီးများစွာလည်းရှိပါတယ်။ နည်းပညာဆိုင်ရာတိုးတတ်မှုတွေဟာအရမ်းအံ့သြဖွယ်ကောင်းပါတယ် ဒါပေမဲ့ကျွန်တော်တို့ဂရုတစိုက်မသုံးလျင် ထို့အရာတွေကကျွန်တော်တို့ကိုဘုရားသခင်နဲ့ဝေးရန်နှောက်ယှက်နိုင်ပါတယ်။ ထို့အရာများအားအကျိုးရှိရှိအသုံးချလျင်ကောင်းကင်ဘုံအလင်းကိုတိုးပွားနိုင်တယ်ပြီးတော့အကွဲကွဲအပြားပြား ဖြစ်နေသောက္ကသရေလအမျိုးသားအတူတကွစုစည်းပြီးအံ့သြဖွယ်အရာများဖြစ်ကာကျွန်တော်တို့ကိုသက်သေခံ ခွင့်ပြုနိုင်တယ်။

နည်းပညာများအားပေါ့ပျက်ပျက်အသုံးပြုခြင်းမဟုတ်ပဲဂရုတစိုက်အကျိုးရှိရှိအသုံးချပါစို့။ နည်းပညာများကိုအသုံးပြုပြီးဘုရားသခင်နဲ့သာ၍နီးစေသောနည်းလမ်းကိုဆက်ရှာပါ ပြီးတော့ ဘုရားသခင်၏ အမှုတော်အားထမ်းဆောင်ခွင့်ပေးပြီးယေရှုခရစ်တော်ဒုတိယအကြိမ်ကြွရောက်လာချိန်အတွက်ပြင်ဆင်ပါ။

စိတ်ဓာတ်ကျခြင်း

နောက်ဆုံးအနေဖြင့်၊စေတန်ကကျွန်တော်တို့ကိုစိတ်ဓာတ်ကျရန်အလိုရှိပါတယ်။ ကျွန်တော်တို့ကိုယ့်ကိုကိုယ်အခြားသူတွေနဲ့နိူင်းယှဥ်သောအခါ သို့မဟုတ် ကျွန်တော်တို့ရဲ့အသက်တာတွင်မျှော်လင့်ချက်များကုန်ဆုံးသွားသောအခါကျွန်တော်တို့စိတ်ဓာတ်ကျခြင်းခံစားရပါတယ်။

ကျွန်တော်ရဲ့ပါရဂူအစီအစဥ်ကိုစခဲ့သောအခါ ကျွန်တော်စိတ်ဓာတ်ကျခြင်းကိုခံစားခဲ့တယ်။ တစ်နှစ်ကိုမှကျောင်းသားလေးယောက်ကိုသာလက်ခံသောအစီအစဥ်ဖြစ်ပြီးတော့ တချို့ကျောင်းသားတွေကအရမ်းတော်ကြတယ်။ သူတို့ဟာအမှတ်ကောင်းကောင်းရတဲ့သူများဖြစ်ပြီး အလုပ်တွင်လည်းအကြီးစားစီမံခန့်ခွဲသောရာထူးရှိသောသူများ ဖြစ်၍သူတို့ရဲ့အရည်အချင်းပေါ်တွင်လည်းယုံကြည်မှုရှိကြတယ်။ ဒီအစီအစဥ်မှာ ကျွန်တော် ပထမနှစ်ပတ်ပြီးတဲ့နောက်၊ စိတ်ဓာတ်ကျခြင်းနဲ့ သံသယ ခံစားမှုတွေ စပြီး သက်ရောက်လာပါတယ်၊ ကျွန်တော်ကို မွန်းကျပ်စေလုမတတ်ပါပဲ။

ကျွန်တော်ဟာ ဒီလေးနှစ်အစီအစဉ်ကို ပြီးတော့မယ်ဆိုလျှင်၊ စာသင်ကာလတစ်ခုချင်းမှာ မော်မုန်ကျမ်းကို ဖတ်တာလည်း ပြီးရမယ်လို့ ဆုံးဖြတ်ချက်ချခဲ့ပါတယ်။ နေ့တိုင်း၊ ကျွန်တော်ဖတ်တဲ့အခါ၊ ကျွန်တော်ဟာ ကယ်တင်ရှင်ရဲ့ ဟောပြောချက်တစ်ခုဖြစ်တဲ့၊ သန့်ရှင်းသောဝိညာဉ်တော်က ခပ်သိမ်းသောအရာတို့ကို ကျွန်တော့အား သွန်သင်ပေးလိမ့်မယ်၊ ပြီးတော့ ခပ်သိမ်းသောအရာတို့ကို ကျွန်တော်မှတ်မိအောင် ပြုလိမ့်မယ်ဆိုတာကို သိရပါတယ်။ ဘုရားသခင်ရဲ့ သားတစ်ဦးအဖြစ် ကျွန်တော်ဘယ်သူလဲဆိုတာကို အဲဒါက ထပ်၍အတည်ပြုပြီး၊ ကျွန်တော့ကိုယ်ကျွန်တော် အခြားသူတွေနဲ့ မနှိုင်းယှဉ်ဖို့ သတိပေးတယ်၊၊ ပြီးတော့ကျွန်တော့ရဲ့မြင့်မြတ်သောကဏ္ဍမှာ အောင်မြင်ဖို့ ယုံကြည်မှုကိုလည်း ပေးပါတယ်။

ချစ်ရပါသောမိတ်ဆွေများ၊သင့်ရဲ့ပျော်ရွင်မှုကိုအခြားသူအားခိုးယူခွင့်မပေးပါနဲ့။ အခြားသူနဲ့ကိုယ့်ကိုကိုယ်မနှိုင်းယှဥ်ပါနဲ့။ ငြိမ်သက်ခြင်းကိုသင်တို့၌ငါထားခဲ့၏ ငါ၏ငြိမ်သက်ခြင်းကိုသင်တို့အားငါပေး၏ လောကီသားတို့ပေးသကဲ့သို့ငါပေးသည်မဟုတ် ဟုပြောသောချစ်စွာသောကယ်တင်ရှင်၏စကားအားကျေးဇူးပြု၍သတိရပါ။ သင်တို့၏စိတ်နှလုံးကို မညှိုးငယ် စေနှင့်၊ ၊ ကြောက်လန့်ခြင်းလည်း မရှိစေနှင့်။

ဒါဆိုရင် ကျွန်တော်တို့ ဘယ်လိုလုပ်ကြမလဲ။ ကျွန်တော်တို့ငြိမ်းချမ်းမှုကိုဘယ်လိုရှာဖွေရမလဲ၊ ကျွန်တော်တို့ဘယ်သူဆိုတာကိုသတိရပါပြီးတော့ ရန်သူကိုကျော်လွားရန်ထိုသုံးချက်ကိုသတိရပါ။

ပထဆုံးအနေဖြင့်၊ ဘုရားသခင်ကို ကျွန်တော်တို့ရဲ့ နှလုံးသား၊ အစွမ်းသတ္တိ၊ စိတ်နှင့် ခွန်အားရှိသမျှဖြင့်ချစ်ရမယ်ဆိုတာ ပထမဆုံးနဲ့ အရေးကြီးသောပညတ်တော်ဖြစ်ကြောင်းကို သတိရပါ။ ကျွန်တော်တို့လုပ်ရမည့်အရာကတော့ဘုရားသခင်နဲ့သူ၏သားတော်ကိုချစ်ခြင်းတိုးပွားရန်ဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ သူတို့ရဲ့ပညတ်တော်တွေကို စောင့်ထိန်းခြင်းအားဖြင့် သူတို့အပေါ်ချစ်ခြင်းတိုးပွားသည်နှင့်အမျှ ကျွန်တော်တို့ရဲ့ ကိုယ့်ကိုကိုယ်ချစ်ဖို့နဲ့ အခြားသူများကို ချစ်ဖို့စွမ်းအား တိုးပွားလာမှာဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ မိသားစု၊ သူငယ်ချင်းများ၊ ပြီးတော့အိမ်နီးနားချင်းတို့ကို အစေခံစပြုကြပါလိမ့်မယ်၊ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ဟာ သူတို့ကို ကယ်တင်ရှင်မြင်သလိုမျိုး ဘုရားသခင်ရဲ့ သားသမီးများအဖြစ် မြင်ကြမှာဖြစ်လို့ပါပဲ။

ဒုတိယအနေဖြင့်၊ ခမည်းတော်ထံသို့ ယေရှုခရစ်တော်၏နာမတော်၌ နေ့တိုင်း နေ့တိုင်း၊ နေ့တိုင်း ဆုတောင်းပါ။ ဆုတောင်းခြင်းဖြင့်ဘုရားသခင်၏ချစ်ခြင်းကိုခံစားနိုင်သလိုကျွန်တော်တို့ချစ်ခြင်းကိုလည်းဘုရားသခင်ကိုပြသနိုင်တယ်။ ဘုရားသခင်၏လမ်းပြမှုအားလုံးလုပ်ဆောင်နိုင်ဖို့ ခွန်အားအစွမ်းသတ္တိရရန်မေးမြန်းပြီး သင်၏နှလုံးသားခံစားချက်ကိုဖော်ပြပါ။

သင်တို့မှာ ဒီချစ်ခြင်းနဲ့ ပြည့်နိုင်စေကြောင်း၊ သင်တို့ဟာ ဘုရားသခင်ရဲ့ သားသမီးများဖြစ်လာနိုင်ကြစေကြောင်း၊ သူပေါ်တော်မူလာတဲ့အခါ ကျွန်တော်တို့ဟာ သူကဲ့သို့ ဖြစ်ကြရစေကြောင်း ခမည်းတော်ထံသို့ စိတ်နှလုံးအစွမ်းရှိသမျှဖြင့် ဆုတောင်းကြဖို့ သင်တို့ကို ကျွန်တော်တိုက်တွန်းပါတယ်။

တတိယအနေဖြင့်၊ မော်မုန်ကျမ်းကို နေ့တိုင်း၊ နေ့တိုင်း၊ နေ့တိုင်း ဖတ်ပြီးလေ့လာပါ။ ကျွန်တေ့ာ်နှလုံးသားတွင်မေးခွန်းရှိသောအခါ မော်မုန်ကျမ်းစာကိုလေ့လာခြင်းဖြင့်ပိုထိရောက်ပါတယ်။ ကျွန်တော်တို့ဟာ မေးခွန်းတစ်ခုနဲ့ ဖတ်မယ်ဆိုလျှင် ဗျာဒိတ်တော်ကို ရနိုင်ကြပါတယ်၊ ပြီးတော့ ပရောဖက်ဂျိုးဇက်စမစ်က “မော်မုန်ကျမ်းသည် မြေကြီးပေါ်ရှိစာအုပ်အားလုံးတို့၌ အမှန်ဆုံးဖြစ်ပြီး ယောက်ျားတစ်ဦး သို့မဟုတ် မိန်းမတစ်ဦးသည် ထိုကျမ်း၏ပညတ်များအတိုင်း နေထိုင်ခြင်းအားဖြင့် ဘုရားသခင်နှင့် ပို၍နီးလာလိမ့်မယ်” လို့ကြေညာတဲ့အခါ သမ္မာတရားကို သူပြောကြောင်း ကျွန်တော်တို့သိမှတ်နိုင်ကြပါတယ်။ ဘုရားသခင်၏နှုတ်ကပတ်တော်သည် မော်မုန်ကျမ်းစာတွင်ပါပြီးကျွန်တော်တို့ဘယ်သူဆိုတာကိုသိရန်ပြောပြပါတယ်။

နောက်ဆုံးအနေဖြင့်၊သေချာဆုတောင်းပြီးပွဲတော်မဂ်လာကိုအပတ်စဥ်အပတ်တိုင်းသုံးဆောင်ခြင်းဖြစ်တယ်။ ပွဲတော်အပါအဝင် ပဋိညာဉ်များနဲ့ ယဇ်ပုရောဟိတ်အခွင့်ဘိသိက်မင်္ဂလာများအားဖြင့် ကျွန်တော်တို့ရဲ့ ဘဝတွေမှာ ဘုရားဝတ်၌ မွေ့လျော်ခြင်းရဲ့ တန်ခိုးကို ထင်ရှားစွာပြပါတယ်။ အယ်လ်ဒါ ဒေးဗစ် အေ ဘက်ဒနာ ပြောခဲ့သည်ကား- သန့်ရှင်းမွန်မြတ်သောပွဲတော်မဂ်လာသုံးဆောင်ခြင်းသည် ကျွန်တော်တို့အားအမှန်တကယ်နောင်တရပြီးဝိညာဥ်ပိုင်းဆိုင်ရာကိုအသစ်တဖန်ပြန်မွေးဖွားရန်ဖိတ်ခေါ်ခြင်းဖြစ်ပါတယ်။ ပွဲတော်မဂ်လာစားသုံးခြင်းဖြင့် မိမိလုပ်ခဲ့သောအပြစ်များမလွတ်ငြိမ်းနိုင်သေးပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့ဟာ သေသေချာချာပြင်ဆင်ပြီး ဒီသန့်ရှင်းသောဘိသိက်မင်္ဂလာမှာ ကြေကွဲသောနှလုံးသားနှင့် ကျိုးပဲ့သောစိတ်ဖြင့် ပါဝင်ဆောင်ရွက်ကြတာနဲ့အမျှ၊ အဲဒီနောက်မှာ၊ ကတိတော်ကတော့၊ ကျွန်တော်တို့မှာ ကိုယ်တော်ရှင်၏ဝိညာဉ်တော် ကျွန်တော်တို့နဲ့အတူ အစဉ်အမြဲရှိနိုင်တယ်ဆိုတဲ့အကြောင်းပဲဖြစ်ပါတယ်။

ကျွန်တော်တို့ဟာ ပွဲတော်ကို နှိမ့်ချစွာသုံးဆောင်ကြတာနဲ့အမျှ၊ ဂေသရှေမန်လို့ခေါ်တဲ့ သန့်ရှင်းမွန်မြတ်သော ဥယျာဉ်ထဲ၌ ယေရှုရဲ့ ဆင်းရဲဒုက္ခခံစားခြင်းနဲ့ ကားတိုင်ပေါ်မှ သူ၏ယဇ်ကို အောက်မေ့ကြပါတယ်။ ကျွန်တော်တို့ဟာ ခမည်းတော်ကို၊ သူ့ရဲ့ တစ်ပါးတည်းသောသားတော်၊ ကျွန်တော်တို့ရဲ့ ရွေးနှုတ်ရှင်ကို စေလွှတ်ခြင်းအတွက် ကျေးဇူးတင်ခြင်းကို ဖော်ပြကြပါတယ်၊ သူ၏ပညတ်တော်များကို စောင့်ထိန်းဖို့နဲ့ သူ့ကိုအစဉ်အမြဲအောက်မေ့ဖို့ ကျွန်တော်တို့ရဲ့ လိုလိုလားလားရှိခြင်းကိုလည်း ဖော်ပြကြပါတယ်။ ပွဲတော်နဲ့ ဆက်စပ်နေတဲ့ ဝိညာဉ်ပကတိအလင်းသို့ရောက်ခြင်း ရှိပါတယ်။ အဲဒါက၊ ပုဂ္ဂိုလ်ရေးရာဖြစ်ပါတယ်၊ အဲဒါက အားကြီးပါတယ်၊ လိုလည်း လိုအပ်ပါတယ်။

ကျွန်တော်တို့ရန်သူ၏လှည့်စားခြင်းများခံရပြီး ရှေ့ဆက်လျောက်ရမည့်အလားအလာများကို ရူပ်ထွေးစေသောအရာများကျွန်တော်တို့၏အရည်အချင်းကြောင့်ကောင်းကင်ဘုံအဖနှင့်သားတော်၏ချစ်ခြင်းကိုခံစားရန် စိတ်ဓာတ်ကျခြင်းများ ချစ်မိတ်ဆွေကျွန်တော်တို့ဘုရားသခင်ကိုစိတ်နှလုံးအကြွင်းမဲ့နှင့်ချစ်လျှင်၊ ခရစ်တော်၏နာမတော်မြတ်၌ဆုတောင်းလျှင်၊မော်မုန်ကျမ်းအားဖတ်လျှင်၊ပွဲတော်မဂ်လာအားသုံးဆောင်လျှင် ကျွန်တော်တို့ကြုံတွေ့နေရသောအားလုံးကိုဘုရားသခင်၏ခွန်အားဖြင့်ကျော်လွှားနိုင်မယ်လို့ကျွန်တော်ကတိပေးပါတယ်။ ကျွန်တော်တို့သည်ဘုရားသခင်၏သားသမီးများဖြစ်တယ်ဆိုတာအပြည့်အဝသိလာလိမ့်မယ်။

ညီအစ်ကိုမောင်နှမများခင်ဗျာ၊ ကျွန်တော့ရဲ့ ချစ်ခြင်းကို သင်တို့နဲ့ဝေငှပါတယ်၊ ကောင်းကင်ဘုံရှင်အဘ အသက်ရှင်တော်မူကြောင်းနဲ့ ယေရှုဟာ ခရစ်တော်ဖြစ်တဲ့အကြောင်းသင်တို့ကို ကြေညာပါတယ်။ ကျွန်တော်သူတို့ကိုချစ်တယ်။ ယေရှုခရစ်တော်၏နောက်ပိုင်းကာလသန့်ရှင်းသူများအသင်းတော်သည် မြေကြီးပေါ်တွင်ဘုရားသခင်၏နိုင်ငံဖြစ်တယ်ဆိုတာကျွန်တော်သိတယ်။ ကျွန်တော်တို့မှာ ဣသရေလအမျိုးကို စုဝေးဖို့နဲ့ မေရှိယရဲ့ ဒုတိယအကြိမ်ကြွလာတော်မူခြင်းအတွက် ပြင်ဆင်ဖို့ မြင့်မြတ်သောခန့်အပ်ခြင်း ရှိပါတယ်။ ယေရှုခရစ်တော်၏နာမတော်အောက်၌၊ အာမင်။

မှတ်စုများ

  1. The Family: A Proclamation to the Worldလီယာဟိုနာ မေ ၂၀၁၇၊၁၄၅။

  2. သြဝါဒနှင့်ပဋိညာဉ်ကျမ်း ၁၃၈-၅၃ကြည့်ပါသြဝါဒနှင့်ပဋိညာဉ်ကျမ်း ၁၃၈-၅၆

  3. ရပ်ဆဲလ်အမ်၊ နယ်လဆင်၊ “စစ်မှန်သောထောင်စုနှစ်သားများအဖြစ် ရပ်တည်ပါ၊” လီယဟိုနာ၊ အောက်တို ၂၀၁၆၊ ၄၈။

  4. မောရှေ ၁:၄၆

  5. မောရှေ၁-၁၂

  6. မောရှေ ၁-၂၀ကြည့်ပါမောရှေ ၁:၁၆-၁၉၊၂၁

  7. ရော်နယ်လ်ဒ် အေ၊ ရက်ဒ်ဘန်းဒ် “သင် မမေ့စေကြောင်း,” လီဟာဟိုနာ နိုဝင် ၂၀၁၆၊ ၁၁၅။

  8. ဘက်ခီ ကာဗန် “ဂရုတစိုက်နှင့် အမှတ်တမဲ့၊” လီယာဟိုနာ မေ ၂၀၁၉၊ ၉-၁၁ တွင်ကြည့်ပါ။

  9. ယောဟန် ၆း၃၈တွင်ကြည့်ပါ။

  10. ကျွန်တော်တို့အတွက်အရေးပါသော ဘုရားသခင်၏အခန်းကဏ္ဍသည်ဘလောကရေးရာအတွက်ကြိုးစားအာင်ခြင်းမဟုတ်ပဲ ထာဝရအသက်တာကိုအောင်မြင်စွာရစေရန်သာဖြစ်တယ်။ ဘုရားသခင်၏လမ်းကြောင်းအတိုင်းလိုက်လျှောက်လျှင် ဘုရားသခင်၏ခွန်အားနှင့်အတူစုံစမ်းနှောင့်ယှက်သော အရာအားလုံးကျော်လွှားနိုင်ရန်ခွန်အားပေး၍သန့်ရှင်းသောဝိညာဥ်တော်သည်ကျွန်တော်တို့ရဲ့အသက်တာလှုပ်ရှားမှုများထဲတွင်သတိပေပါးတယ်။

  11. ရှင်ယောဟန် ၁၄-၂၇အလေးပေးထည့်သွင်းပြောကြားခဲ့သည်။

  12. ရှင်မသဲ ၂၂-၃၇တွင်ကြည့်ပါ။

  13. ရှင်ယောဟန် ၃-၁၆၁-ရှင်ယောဟန် ၄-၁၉မောဇိယ ၂-၁၇တွင်ကြည့်ပါ။

  14. ကြည့်ပါနီဖိုင်း ၁၈:၁၈-၂၁

  15. မော်ရိုနိုင်း ၇-၄၈အလေးပေးထည့်သွင်းပြောကြားခဲ့သည်။

  16. ခယ်ဗင် ဒဗလျူ၊ ပီယာဆမ်၊“သစ်ပင်နားမှာ နေပါ၊” လီယာဟိုနာ မေ ၂၀၁၅၊ ၁၁၄-၁၆တွင်ကြည့်ပါ။

  17. မော်မုန်ကျမ်းနိဒါန်း

  18. သြဝါဒနှင့်ပဋိညာဉ်ကျမ်း ၈၄း၂၀–၂၁ကို ကြည့်ပါ။

  19. ဒေးဗစ် အေ၊ ဘက်ဒနာ၊ “သင့်ရဲ့အပြစ်များမှ လွှတ်ခြင်းကို အစဉ်အမြဲ ရယူပါ၊” လီယာဟိုနာ မေ ၂၀၁၆၊ ၆၁-၆၂။

  20. မော်ရိုနိုင်း ၄:၂-၃၅:၁-၂သြဝါဒနှင့်ပဋိညာဥ်ကျမ်း ၂၀:၇၆-၇၉တွင်ကြည့်ပါ။ ကျွန်တော်တို့လိုအပ်နေသောအချိန်တိုင်းတွင် ဘုရားသခင်၏ဝိညာဥ်တော်သည်ကျွန်တော်တို့နဲ့အမြဲတမ်းအတူရှိနေမယ်ဆိုတာကျေးဇူးပြု၍သတိရပါ။