သိခြင်း၊ချစ်ခြင်း နှင့် တိုးတက်ခြင်း
ကျွန်တော်တို့ဟာ သူနဲ့ပိုပြီးတူလာကြစေဖို့ ဤကြီးမြတ်သောအမှုတော်ဆောင်ခြင်းအလုပ်မှာ ကျွန်တော်တို့ရဲ့ကဏ္ဍကို ကျွန်တော်တို့အားလုံးနားလည်နိုင်ကြပါစေ။
၂၀၁၆တွင် တန်ပယ်စကွဲမှ ဘုရားဝတ်ပြုသီချင်းသီဆိုသောအဖွဲ့သည် နယ်သာလန် နှင့် ဘယ်ဂျီယန်ကိုသွားရောက်ခဲ့ပါတယ်။ ထိုစိတ်လှုပ်ရှားစရာပွဲမှာ ကျွန်တော်ပါဝင်ခဲ့တာကြောင့် သူတို့ရဲ့ဖျော်ဖြေမှုကို နှစ်နှစ်ခြိုက်ခြိုက်ကြည့်ဖို့ နှစ်ကြိမ်အခွင့်အရေးရခဲ့ပါတယ်။
ဘယ်လိုအရာကဒီလိုကြီးမားတဲ့ သီချင်းစုဝေးသီဆိုသောအဖွဲ့ကိုကောင်းမွန်သောစည်းချက်များနှင့် လုပ်ဆောင်နိုင် ခြင်းဖြစ်သလဲဆိုတာကိုသူတို့ရဲ့စွမ်းဆောင်ရည်များကိုကြည့်နေစဥ်အတွင်းကျွန်တော်စဥ်းစားမိတယ်။ ကျွန်တော့စိတ်က မောင်းကြီးဆီကို ရောက်နေခဲ့ပါတယ်။ အဲဒါက ခက်ပါတယ် ပြီးတော့ တယော၊ ဘင်ခရာ၊ ဒါမှမဟုတ် သင့်ချိုင်းကြားမှာ လွယ်လွယ်လေးသယ်သွားလို့ရတဲ့ တခြားတူရိယာတွေနဲ့ ပြောင်းလဲဖို့ ပြဿနာဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ဒီမောင်းရဲ့ တကယ့်ပါဝင်မှု ကို ကြည့်တဲ့အခါ၊ အဲဒါက အကြိမ်အနည်းငယ်သာဖြစ်တယ်ဆိုတာ ကျွန်တော် သတိထားမိပါတယ်၊ အခြားသောတူရိယာငယ်လေးများရဲ့ ပါဝင်မှုကတော့ ပွဲတစ်ခုလုံးနီးပါးဖြစ်ပါတယ်။ မောင်းသံမပါဘဲနဲ့ဆိုရင်၊ ဖျော်ဖြေမှုက တူမှာမဟုတ်လို့၊ ဒီမောင်းကြီးကို သမုဒ္ဒရာကို ဖြတ်ပြီး လမ်းတစ်လျှောက်သယ်လာဖို့ အားထုတ်မှုပြုခဲ့ရပါတယ်။
တစ်ခါတစ်ရံမှာ ကျွန်တော်တို့ဟာ အဲဒီမောင်းလိုပဲ၊ ဖျော်ဖြမှုရဲ့ သာမညအပိုင်းမှာ ပါဝင်ရုံနဲ့ လုံလောက်ပြီလို့ ထင်မြင်တတ်ကြပါတယ်။ ဒါပေမဲ့သင်ရဲ့သံစဥ်သည်အခြားသောအရာများနှင့်မတူကွဲပြားခြားနားတယ်ဆိုတာကျွန်တော်ပြောပြပါရစေ။
ကျွန်တော်တို့တူရိယာများအားလုံးလိုအပ်ပါတယ်။ တချို့ကကျောင်းမှကောင်းမွန်စွာသင်ယူနိုင်ကြပြီး တချို့ကအနုပညာတွင်ထူးချွန်မှုရှိကြပါတယ်။ တချို့ကပုံစံဆွဲခြင်း၊အဆောက်အဦးများတည်ဆောက်ခြင်း၊သူနာပြု၊ကာကွယ်ရေးအပိုင်းနှင့်အခြားသူများအား သင်ကြားရေးအပိုင်းတွေပြလုပ်ကြပါတယ်။ ကျွန်တော်တို့ အားလုံးဟာ ဒီကမ္ဘာကြီးကို အရောင်အဆင်းနဲ့ အဓိပ္ပာယ်ဖြည့်ပေးဖို့ လိုအပ်ပါတယ်။
ပါဝင်ကူညီဖို့ ဘာတစ်ခုမျှမရှိလို့ ထင်သော၊ ဒါမှမဟုတ် ဘယ်သူ့အတွက်မှ အရေးမကြီး၊ အရေးလည်းမပါဘူးလို့ ယုံကြည်သောသူများကို၊ ကမ္ဘာ့ထိပ်မှာ ရောက်နေတယ်လို့ ထင်ကောင်းထင်ကြမယ့် အခြားသူများ၊ ပြီးတော့ နှစ်မျိုးကြားက လူများကို ဒီအမှာစကား ကျွန်တော်ပြောချင်ပါတယ်။
သင့်ရဲ့အသက်တာဘယ်နေရာပဲရှိရှိ တချို့သူတွေကလေးလံသောဝန်ထုတ်ဝန်ပိုးတွေကိုမသယ်ချင်နိုင်လောက် အောင်ခံစားကောင်းခံစားနေရတယ်။ အမှောင်ထဲကရုန်းထွက်ပြီးအလင်းကိုလျှောက်လှန်းရန်သင်တို့ကိုကျွန်တော်ဖိတ်ခေါ်ပါတယ်။ ဧဝံဂေလိတရားအလင်းသည် နွေးထွေးခြင်း၊အနာရောဂါများမှကယ်တင်ခြင်း ဤဘဝတွင်ကျွန်တော်တို့၏ ရည်ရွယ်ချက်ကဘာလဲ၊သင်ဘယ်သူလဲဆိုတာကိုနားလည်အောင်ကူညီပံ့ပိုးပေးနိုင်တယ်။
အချို့သူတွေသည်တားမြစ်ထားသောလမ်းကြောင်းတွင်ရှိနေပြီးထိုနေရာမှာပင်ပျော်ရွင်မှုကိုတွေ့ရန်ရှာဖွေနေတတ်တယ်။
သူ့ဆီပြန်လာရန်နှင့်သူ၏လမ်းတော်သို့လိုက်လျောက်ရန်ထာဝရဘုရားသခင်ကကျွန်တော်တို့ကိုဖိတ်ခေါ်ခဲ့တယ်။ သူကကျွန်တော်တို့ကိုပြည့်စုံသောချစ်ခြင်းဖြင့်ချစ်တယ်။
နည်းလမ်းကဘာလဲ။ တစ်ယောက်နှင့်တယောက်ကူညီပြီးအမှုတော်ထမ်းဆောင်ခြင်းနည်းလမ်းဖြစ်ပါသည်။
ကျွန်တော်အတွက်ကတော့၊အမှုတော်ထမ်းဆောင်ခြင်းသည်ဘုရားသခင်၏ချစ်ခြင်းမေတ္တာကိုကျင့်သုံးနေခြင်း ဖြစ်ပါတယ်။ အဲဒီနည်းနဲ့ ကျွန်တော်တို့ဟာ ပေးသူနှင့် လက်ခံသူနှစ်ဦးစလုံး နောင်တရဖို့ ဆန္ဒကို ရရှိရှိရာ ပတ်ဝန်းကျင်တစ်ခုကို ဖန်တီးကြပါတယ်။ တစ်နည်းအားဖြင့်ဘုရားသခင်နှင့်သာ၍နီးစေပြီးကယ်တင်ရှင်ယေရှုခရစ်တော်လိုမျိုးဖြစ်လာနိုင်ရန်ကျွန်တော်တို့ဦးတည်ချက်ကိုပြောင်းလဲနိုင်တယ်။
ဥပမာအားဖြင့်၊ကျွန်တော်တို့၏ဇနီး သို့မဟုတ် သားသမီးများအား သူတို့ဘယ်လိုတိုးတတ်နိုင်ကြောင်းထပ်ခါ ထပ်ခါပြောရန်မလိုအပ်ပါ။ သူတို့သိပြီးသားဖြစ်ပါတယ်။ ချစ်ခြင်းမေတ္တာဖြင့်ပြည့်စုံသောပတ်ဝန်းကျင်ကိုဖန်တီးခြင်းအားဖြင့်သူတို့ဘဝအတွက်လိုအပ်သောပြောင်းလဲခြင်းများ လုပ်လာပြီးပို၍ကောင်းမွန်သောလူများဖြစ်လာနိုင်ပါတယ်။
ဤနည်းလမ်းအားဖြင့်နောင်တရခြင်းသည်နေ့စဥ်လုပ်ရသောအရာဖြစ်လာပြီး ထိုအရာက မကောင်းသောအပြုအမှုများအတွက်တောင်းပန်ခြင်းလည်းဖြစ်ပါတယ်။ သူတစ်ပါးကိုကျွန်တော်မြန်မြန်ဝေဖန်ပြီးနားထောင်ရည်စွမ်းအားနည်းတယ့် အတွေ့အကြုံများရှိခဲ့တာကိုသတိရပါသေးတယ်၊ ထိုအတွေ့အကြုံများအခုထိလည်းရှိပါသေးတယ်။ နောကျွန်တော်ရဲ့နေ့စဥ်ဆုတောင်းချက်အပြီးတွင် ဘုရားသခင်၏ချစ်ခြင်းနှင့်ပြည့်စုံ၍ နောင်တရခြင်းနှင့်အတူ ကောင်းမွန်သောခံစားချက်ကိုကျွန်တော်ခံစားခဲ့ရတယ်။ ကျွန်တော်တို့ရဲ့မိဘ၊အစ်ကို၊အစ်မများနှင့် ကောင်းမွန်သောပတ်ဝန်းကျင်တစ်ခုကိုစတင်ဖန်တီးခဲ့ပြီးကျွန်တော် ၏ဇနီး၊သားသမီးများနှင့်သူငယ်ချင်းများကကျွန်တော်ကိုပိုကောင်းတဲ့သူတစ်ယောက်ဖြစ်အောင်ကူညီပေးခဲ့ပါတယ်။
ကျွန်တော်တို့အားလုံးဘယ်နေရာမှာကောင်းမွန်အောင်လုပ်ဆောင်ရမယ်ဆိုတာသိတယ်။ တယောက်နှင့်တယောက်ထပ်ခါထပ်ခါပြောရန်မလိုအပ်ပါဖူး။ ဒါပေမဲ့ချစ်ခြင်း၊တယောက်နှင့်တယောက်အစေခံ ခြင်းတို့အားလုပ်ဆောင်ခြင်းအားဖြင့်ကျွန်တော်တို့ပြောင်းလဲရန်ဆန္ဒရှိကြောင်းပြသနိုင်တယ်။
လက်ရှိအသက်တာတွင်ကျွန်တော်တို့ဘယ်သူဆိုတာကို လေ့လာသင်ယူနေပြီးကျွန်တော်တို့အသက်တာ တွင်ပြင်ဆင်၍ကမ္ဘာ့သမိုင်း၏နောက်ဆုံးတွင် ကယ်တင်ရှင်ဒုတိယအကြိမ်ပြန်လည်ကြွရောက်လာရန်ဖြစ်သည်။
သင်လုပ်ဆောင်ရမည့်အပိုင်းကိုသင်စဥ်းစားနေလျင် သင်တစ်ယောက်တည်းရှိ နိုင်သောနေရာတစ်ခုကိုရှာပါ ပြီးတော့ထာဝရဘုရားသခင်ကိုသင်လုပ်ဆောင်ရမည့်အပိုင်းကိုသိရန်မေးဖို့ကျွန်တော်ဖိတ်ခေါ်ပါရစေ ။ သေချာစွာပြောရလျင်အမှုတော်ဆောင်ခြင်းနည်းလမ်းနှင့်ပဋိညာဥ်များကိုစွဲမြဲစွာကိုင်ဆောင်ထားလျင်ကျွန်တော်တို့ ဆီအဖြေတဖြည်းဖြည်းရောက်လာပါလိမ့်မည်။
စကားစစ်ထိုးခြင်းများနဲ့ အထင်အမြင်ယောက်ယက်ခတ်ခြင်းတွေအလယ်မှာ ဂျိုးဇက်စမစ်ရှိစဉ် ရင်ဆိုင်ခဲ့ရတဲ့အခက်အခဲများနဲ့တူတဲ့အရာအချို့ကို ကျွန်တော်တို့ တွေ့ကြုံနေကြရပါတယ်။ ကျွန်တော်တို့သူ၏အကြောင်းကိုဖတ်ရှုလျင်သူ့ကိုသူမကြာခဏမေးခဲ့တာကတော့ “ဘာလုပ်ဖို့လိုပါသလဲ အဖွဲ့အစည်းတိုင်းကမှန်တာလား ဒါမှဟုတ် သူတို့အားလုံးမှားကြသလား။ သူတို့တွေထဲကတစ်ခုခုကမှန်လျှင်၊ အဲဒါက ဘယ်အရာလဲ ပြီးတော့ အဲဒါကို ကျွန်တော်ဘယ်လိုသိနိုင်မလဲ”။
ရှင်ယာကုပ်ဩဝါဒစာမှာ သူတွေ့ခဲ့ရတဲ့” သင်တို့တွင် တစ်စုံတစ်ယောက်သောသူသည် ဉာဏ်ပညာကို လိုလျှင်၊ ကဲ့ရဲ့ပြစ်တင်ခြင်းကို မပြုဘဲ၊ ခပ်သိမ်းသောသူတို့အား စေတနာစိတ်နှင့် ပေးတော်မူသော ဘုရားသခင်ကို တောင်းစေ၊ ထိုသူအား ပေးလိမ့်မည်” လို့ ဖော်ပြထားတဲ့အသိတရားဖြင့်၊ ဂျိုးဇက်ဟာ ဘုရားသခင်ကို မေးဖို့ ဆုံးဖြတ်ခြင်းသို့ ရောက်ခဲ့ပါတယ်။ ။
အဲဒါဟာ သူ့ဘဝမှာ ထိုကဲ့သို့သောအားထုတ်မှုကို သူပြုခဲ့တာ ပထမဆုံးအကြိမ်ဖြစ်ကြောင်း ကျွန်တော်တို့ထပ်ပြီးဖတ်ရပါတယ်၊ သူ့ရဲ့ခပ်သိမ်းသောစိုးရိမ်မှုတွေ ရှိနေတဲ့ကြားက သူဟာ ဘယ်တုန်းကမှ အသံထွက်ပြီး ဆုတောင်းဖို့ အားမထုတ်ခဲ့ဖူးပါဘူး။
ကျွန်တော်တို့အနေနဲ့လည်း ကျွန်တော်တို့ရဲ့ဖန်ဆင်းရှင်ကို ကျွန်တော်တို့ယခင်ဘယ်တုန်းကမှ မရည်ညွှန်းခဲ့ဘူးတဲ့နည်းမျိုးနဲ့ ပထမဆုံးအကြိမ် ရည်ညွှန်းတာဖြစ်နိုင်ပါတယ်။
ဂျိုးဇက်စမစ်၏ကြိုးပမ်းမှုကြောင့် ကောင်းကင်ဘုံရှင်အဖနှင့်ယေရှုခရစ်တော်တို့မှသူ့အားကိုယ်ထင်ပြခြင်း၊သူ၏နာမည်အား ခေါ်ခြင်းကြောင့် ကျွန်တော်တို့ဘယ်သူဆိုတာ ကျွန်တော်တို့လုပ်ဆောင်ရမည့် အရာတွေကိုပိုပြီးနားလည်နိုင်စွမ်းရှိခဲ့တယ်။
သူ့ရဲ့နုနယ်တဲ့ဆယ်ကျော်သက်အရွယ်မှာ၊ ဂျိုးဇက်ဟာ သူ့ရဲ့သူငယ်ချင်းများဖြစ်ခဲ့ဖူးတဲ့၊ သူ့ကို ကြင်ကြင်နာနာဆက်ဆံဖို့ရှိခဲ့သူများရဲ့ ညှဉ်းဆဲတာကို ခံခဲ့ရကြောင်း ကျွန်တော်တို့ထပ်ပြီးဖတ်ရပါတယ်။ ကျွန်တော်တို့အသက်တာတွင်နောက်လိုက်အဖြစ်နေထိုင်သော်လည်းတစ်ခါတစ်ရံကျွန်တော်တို့မျော်မှန်းထားသောအရာတွေနဲ့ကွဲလွဲနိုင်တယ်။
သင်ဟာသူရိယာအဖွဲ့၏တစ်စိတ်တစ်ပိုင်းအနေဖြင့်မပါဝင်ဖူးလို့ခံစားနေရမယ်ဆိုလျှင်၊နောင်တရခြင်းသည်သင့် အတွက်ခက်ခဲစေလျှင်ကျွန်တော်တို့ထမ်းထားရသောလေးလံသောအရာ များကို ဘုရားသခင်က သယ်ယူပြီးသင့်အတွက်အလင်းတစ်ဖန်ဖြစ်စေမယ်ဆိုတာ ကျေးဇူးပြုပြီးသတိရပါ။ ဘုရားသခင်ကိုရှာဖွေလျင်သူကကျွန်တော်တို့ကိုဘယ်တော့မှပြစ်ထားတော်မမှုပါ။ ကျွန်တော်တို့လဲကျနိုင်တယ်ပြီးတော့ပြန်ထပါ၊ကျွန်တော်တို့ဒူးထောက်လျင်နာကျင်မှုတွေထဲမှသူကကူညီပေးနိုင် တယ်။
အချို့သူတွေဟာဒဏ်ရာရကြတယ် ဒါပမဲ့ ဘုရားသခင်၏ကုသခြင်းကြောင့်ကျွန်တော်တို့၏ ဒဏ်ရာပေါင်းစုံတို့ကိုဖုံးလွမ်း နိုင်တယ်။
မိဘများသည်လည်းသားသမီးများအားအမှုတော်ဆောင်သလိုသားသမီးများကလည်း မိဘများကို အမှုတော်ဆောင်ရန်ကျွန်တော်တို့အိမ်တိုင်းတွင်လိုအပ်သည်၊ထိုချစ်ခြင်းကို ရည်ညွန်းသောအခါ ချစ်ခြင်းသို့မဟုတ် “ခရစ်တော်၏ပြည့်စုံသောချစ်ခြင်းမေတ္တာာ” ဟုခေါ်သည် ထိုချစ်ခြင်းအားဖြင့်နှလုံးသားဟာပြောင်းလဲနိုင်တယ်ပြီးတော့ဘုရားသခင်၏အလိုတော်ကိုလိုက်လျောက်ရန်ဆန္ဒ ဖြစ်စေတယ်။
အဲဒီချစ်ခြင်းဟာ၊ ကျွန်တော်တို့အချင်းချင်း ကျွန်တော်တို့၏ကောင်းကင်ဘုံရှင်အဘရဲ့ သားသမီးများအဖြစ်နဲ့ သူ့အသင်းတော်ရဲ့ အသင်းသားများအဖြစ်ဆက်ဆံရာမှာ လိုအပ်တဲ့အရာ၊ ကျွန်တော်တို့ရဲ့သံစုံတီးဝိုင်းမှာ ဂီတသူရိယာအလုံးစုံကို ပါဝင်စေရန် ကျွန်တော်တို့ကို စွမ်းဆောင်နိုင်စေမယ့်အရာဖြစ်ပါတယ်၊ ဒီလိုမျိုးနဲ့ ကျွန်တော်တို့ဟာ ကယ်တင်ရှင်တစ်ဖန်ကြွလာတော်မူတဲ့အခါ၊ ကောင်းကင်ဘုံမှ ချစ်စရာဓမ္မတေးသံစုံကျူးအဖွဲ့နဲ့အတူ ဂုဏ်အသရေရှိစွာ ဖျော်ဖြေနိုင်မှာဖြစ်ပါတယ်။
ထိုချစ်ခြင်းဖြင့်၊ကျွန်တော်တို့တစ်နေ့တာတွင်ဘယ်နေရာရောက်ရောက်ကျွန်တော်တို့၏အလင်းသည်ပတ်ဝန်းကျင်ကို တောက်ပပြီးလိုအပ်နေသူများအတွက်အလင်းဖြစ်စေတယ်။ လူတွေကလည်းထိုအလင်းကိုခံစားမိပြီးသတိပြုမိလိမ့်မယ်။ အဲဒါက အခြားသူတွေကို “လာပြီးကြည့်ရန်၊ လာပြီးကူညီရန်၊ ပြီးတော့ လာပြီးနေရန်” ဆွဲဆောင်မယ့် သာသနာပြုအလုပ်မျိုး ဖြစ်ပါတယ်။ ကျေးဇူးပြု၍၊ ဒီကြီးမြတ်သောအမှုတော်နဲ့ အဲဒီအထဲက ကျွန်တော်တို့ရဲ့ကဏ္ဍအကြောင်း သက်သေကို သင်တို့ရရှိတဲ့အခါ၊ “ အကြောင်းမူကား၊ ရူပါရုံတစ်ခုကို ကျွန်ုပ်မြင်ရ၏၊ ထိုအရာကို ကျွန်ုပ်သိ၏၊ ထိုအရာကို ဘုရားသခင်သိကြောင်းကိုလည်း ကျွန်ုပ်သိ၏၊ ထိုအရာကို ကျွန်ုပ်ငြင်းလည်းမငြင်းနိုင်” လို့” ကြေညာခဲ့တဲ့ ကျွန်တော်တို့ရဲ့ချစ်သောပရောဖက် ဂျိုးဇက်စမစ်နဲ့အတူ ကျွန်တော်တို့အတူတကွ ရွှင်လန်းဝမ်းမြောက်ကြပါစို့။
ကျွန်တော်သင်ဘယ်သူဆိုတာသိတယ်ပြီးတော့ကျွန်တော်ဘယ်သူဆိုတာလဲသိတယ်ဆိုတာကိုသင့်ကိုသက်သေခံပါတယ်။ ကျွန်တော်တို့အားလုံးသည်ကျွန်တော်တို့ကိုချစ်သောကောင်းကင်ဘုံရှင်အဖ၏သားသမီးများဖြစ်သည်။ သူက ကျွန်တော်တို့ကို ဤလောကမှာ ကျဆုံးစေဖို့ စေလွှတ်တာမဟုတ်ပါဘူး၊ သူ့ဆီကို ဂုဏ်အသရေရှိစွာပြန်လာစေဖို့သာဖြစ်ပါတယ်။ ကယ်တင်ရှင်တစ်ဖန်ကြွလာတော်မူတဲ့အခါ၊ ကျွန်တော်တို့ဟာ သူနဲ့ ပိုပြီးတူလာကြစေကြောင်း၊ ဤကြီးစွာသောအမှုတော်ဆောင်ခြင်းအလုပ်၌ ကျွန်တော်တို့ရဲ့ကဏ္ဍကို နားလည်ခြင်းသို့ အားလုံးရောက်နိုင်ကြပါစေဆိုတာ ကျွန်တော့ရဲ့ ဆုတောင်းခြင်းဖြစ်ပါတယ်။ ယေရှုခရစ်တော်၏နာမတော်အားဖြင့်၊ အာမင်။