၂၀၁၀-၂၀၁၉
လက်ဝါးကပ်တိုင်ကိုထမ်း၍ခရစ်တော်နောက်လိုက်ခြင်း
၂၀၁၉ အောက်တိုဘာလအထွေထွေညီလာခံအစည်းအဝေးပွဲ


လက်ဝါးကပ်တိုင်ကိုထမ်း၍ခရစ်တော်နောက်လိုက်ခြင်း

သင်တို့ရဲ့ကားတိုင်တွေကို သင်တို့အပေါ်မှာထမ်းပြီး ကယ်တင်ရှင်နောက်ကို လိုက်လျှောက်ခြင်းဆိုတာ ကိုယ်တော်ရှင်ရဲ့လမ်းကြောင်းပေါ်မှာ ယုံကြည်ခြင်းနှင့် ဆက်၍ရှိနေခြင်းနဲ့ လောကီအလေ့အကျင့်တွေရဲ့အလိုကို မလိုက်ခြင်းကို ဆိုလိုပါတယ်။

ချစ်သောညီအစ်ကိုမောင်နှမများခင်ဗျာ၊ လွန်ခဲ့တဲ့ နှစ်ရက်အတွင်းမှာ ကျွန်တော်တို့ရဲ့ခေါင်းဆောင်တွေဆီက အလွန်ကောင်းမွန်သောသင်ကြားမှုတွေကို ကျွန်တော်တို့ ရရှိခဲ့ကြပါတယ်။ ကျွန်တော်တို့ရဲ့ဘဝတွင် ထိုဝိညာဥ်တော်ဖြင့်လှုံ့ဆော်မှုနှင့် အချိန်မှီသင်ကြားပေးမှုများကိုအသုံးပြုပြီးအသက်ရှင်ပါက၊ ဘုရားသခင်နှင့် သူ၏ကျေးဇူးတော်ဖြင့် ကျွန်တော်တို့ကကိုယ်ပိုင်ပြဿနာတွေကိုဖြေရှင်းနိုင်ပြီး သယ်ပိုးထားတဲ့ ဝန်များက လျော့လာပါမယ်ဆိုတာ ကျွန်တော် သက်သေခံပါတယ်

ဖိလိပ္ပုကဲသရိမြို့အနီးဝန်းကျင်တွင် ကယ်တင်ရှင်က သူ၏နောက်လိုက်တော်များအား ယေရုရှလင်တွင်ရှိသော အသင်းလူကြီးများ၊ ယဇ်ပုရောဟိတ်အကြီးများနှင့် စာရေးသူများ၏လက်တွင်ခံစားလိမ့်မည်ဟု ဗျာဒိတ်တော်ဖွင့်ပြခဲ့ပါတယ်။ သူရဲ့ သေဆုံးခြင်းနဲ့ မြင့်မြတ်လှသောပြန်လည်ရှင်ပြန်ထမြောက်ခြင်းကို သူတို့အားသေချာစွာသင်ကြားခဲ့ပါတယ်။ အဲဒီအချိန်တုန်းကဆိုလျှင်၊ သူရဲ့တပည့်တော်တွေဟာ မြေကြီးပေါ်၌ သူ့ရဲ့မြင့်မြတ်သောသာသနာကို ပြည့်စုံစွာ နားမလည်ခဲ့ကြပါဘူး။ ရှင်ပေတရုကိုယ်တိုင်က ကယ်တင်ရှင်ပြောခဲ့သောအခါတွင် သူအားဘေးတွင်ထားပြီး “သခင်ကိုယ်တော်၌ဤသို့မဖြစ်ပါစေနှင့်။ ဤအမှုသည်ကိုယ်တော်၌မရောက်ရာ”ဟုပြစ်တင်ပြောဆိုပါတယ်

လိုက်နာခြင်းနှင့်ပေးဆပ်ခြင်းများပါဝင်သောသူ၏နှစ်မြှပ်ထားသောအလုပ်ကိုနောက်လိုက်တော်များနားလည်ရန်ကူညီပေးဖို့ကယ်တင်ရှင်က အလေးထားပြောကြားခဲ့ပါတယ်။

“ငါ့ကိုဆည်းကပ်လိုသောသူဖြစ်လျှင် ကိုယ်ကိုကိုငြင်းပယ်ရမည်။ ကိုယ်လက်ဝါးကပ်တိုင်ကိုထမ်း၍ငါ့နောက်လိုက်လျှောက်ရမည်။

“အကြင်သူသည် မိမိအသက်ကို ကယ်ဆယ်ခြင်းငှါအလိုရှိ၏၊ ထိူသူသည် အသက်ဆုံးရှုံးလိမ့်မည်။ အကြင်သူသည်ငါ့ကြောင့် အသက်ရှုံး၏၊ ထိုသူသည်အသက်ကိုတွေ့လိမ့်မည်။

“လူသည်ဤစကြာဝဠာကိုအကြွင်းမဲ့ အစိုးရ၍ မိမိအသက်ဝိညာဥ်ရှုံးလျှင် အဘယ်ကျေးဇူးရှိသနည်း။ မိမိအသက်ဝိညာဥ်ကိုအဘယ်ဥစ္စာနှင့်ရွေးနိုင်သနည်း”

ထိုဟောပြောချက်အရ ကယ်တင်ရှင်က သူ့နောက်လိုက်လျှောက်ရန်ဆန္ဒရှိသူများအား သူတို့ကိုယ်သူတို့ငြင်းပယ်ရန် နှင့် စိတ်ဆန္ဒများကိုထိန်းချုပ်ရန်၊ တောင့်တမှုနှင့်မက်မောခြင်းများ၊ အရာအားလုံးတွင်ပေးဆပ်ခြင်း၊ လိုအပ်ပါကဘဝကိုတောင်ပေးဆပ်ခြင်း၊ သူလုပ်သကဲ့သို့ပင် အဖ၏အလိုတော်ကိုအလုံးစုံလိုက်လျှောက်ခြင်းလုပ်ရန်အလေးပေးပြောခဲ့သည်။ အမှန်တကယ်ပင်ထိုအရာသည် ဝိညာဥ်တစ်ခု၏ကယ်တင်ခြင်းအတွက်ပေးဆပ်ခြင်းဖြစ်ပါတယ်။ ကိုယ်တော်ရှင်ရဲ့အမှုတော်အတွက် ပူဇော်ခြင်းနှင့် ဆက်ကပ်ခြင်းဆိုတာ အမှန်အားဖြင့် မည်သို့ဆိုလိုကြောင်းကို မိမိတပည့်တော်များ ပိုပြီးကောင်းကောင်းနားလည်စေဖို့ လက်ဝါးကပ်တိုင် သင်္ကေတကို ယေရှုက ရည်ရွယ်ချက်ရှိရှိတင်စားအသုံးပြုခဲ့ပါတယ်။ ရောမလူတွေဟာ ကားစင်တင်အသတ်ခံရမယ့်သူတွေကို သေဒဏ်စီရင်ခြင်းပြုမယ့်နေရာဆီကို သူတို့ကားတိုင် သို့မဟုတ် ကားတိုင်တုံးကို လူမြင်ကွင်းမှာ အထမ်းခိုင်းခဲ့ကြတာဖြစ်လို့ တပည့်တော်များနဲ့ ရောမအင်ပါယာသားတို့၌ ကားတိုင်ပုံကို ကောင်းကောင်းသိကြပါတယ်။

သူရဲ့ရှင်ပြန်ထမြောက်ခြင်းပြီးတဲ့နောက်မှသာ တပည့်တော်တွေရဲ့ စိတ်တွေဟာ သူ့အကြောင်းရေးထားတဲ့ အရာအားလုံးနဲ့၊ အဲဒီအချိန်ကစပြီး သူတို့ဆီကနေ ဘာကို တောင်းဆိုသလဲဆိုတာကို နားလည်ဖို့ ပွင့်လင်းလာကြပါတယ်။

ဒီပုံစံအတိုင်းပါပဲ၊ ကျွန်တော်တို့ ညီအစ်ကိုမောင်နှမအားလုံးဟာ ကျွန်တော်တို့ရဲ့ကားတိုင်တွေကို ထမ်းပြီး သူ့နောက်လိုက်ခြင်းရဲ့ ဆက်စပ်ပတ်သက်မှုကို ပိုပြီးပြည့်စုံစွာနားလည်ဖို့ ကျွန်တော်တို့ရဲ့စိတ်နဲ့ ကျွန်တော်တို့ရဲ့နှလုံးသားကို ဖွင့်ဖို့လိုအပ်ကြပါတယ်။ သူတို့ကိုယ်တိုင်လက်ဝါးကပ်တိုင်ကိုထမ်း၍ မကောင်းမှုများအားလုံးနှင့် လောက၏တဏှာတရားများကိုငြင်းပယ်သူများ၊ ပညတ်တော်များကိုစောင့်ထိန်းသူများသည် ယေရှုခရစ်တော်ကို ချစ်သောသူများဖြစ်ကြောင်းကျမ်းစာများတွင်သင်ယူရပါတယ်

ဘုရားသခင်၏ အလိုတော်နှင့် ဆန့်ကျင်သည့် အရာမှန်သမျှကို စွန့်ပစ်ရန်နဲ့ သူ၏ သင်ကြားခြင်းများကို လိုက်လျှောက်ရန်အတွက် ပေးရန်နဲ့ကြိုးစားရန် ကျွန်တော်တို့ကို တောင်းဆိုသည့်အရာမှန်သမျှကို ပေးဆပ်မယ့် ကျွန်တော်တို့ရဲ့ သန္နိဌာန်က ကျွန်တော်တို့ကို ယေရှုခရစ်တော်ရဲ့ဧဝံဂေလိတရားတော်လမ်းကြောင်းမှာ၊ အတိဒုက္ခ၊ ကျွန်တော်တို့စိတ်ဝိညာဉ်ရဲ့ အားနည်းခြင်း၊ သို့မဟုတ် သူရဲ့သွန်သင်မှုတွေကို ဆန့်ကျင်တဲ့ လူမှုရေးဖိအားနဲ့ လောကအတွေးအခေါ်တွေကို ရင်ဆိုင်ရတဲ့အခါမှာတောင်မှ ကြံ့ကြံ့ခံဖို့ ကူညီမှာဖြစ်ပါတယ်။

ဥပမာအနေနှင့် ထာဝရလက်တွဲဖော်ရှာမတွေ့သေးသောသူများ က အထီးကျန်ခြင်းနှင့်မျှော်လင့်ချက်မဲ့ခြင်းကိုခံစားရနိုင်ပါတယ်။ သို့မဟုတ် ကွာရှင်းထားသူများကလည်းပစ်ပယ်ခံရခြင်းနှင့် မေ့လျော့ခံရခြင်းကိုခံစားရနိုင်ပါတယ်။ ကယ်တင်ရှင်၏ဖိတ်ခေါ်ခြင်းဖြစ်သည့် မိမိတို့၏လက်ဝါးကပ်တိုင်ကိုထမ်းပြီး အရှင်ဘုရား၏လမ်းပေါ်တွင်ယုံကြည်မှူရှိခြင်း ဆိုလိုသည်မှာ မြင့်မြတ်သောလမ်းစဥ်ကိုလိုက်လျှောက်ခြင်း နှင့် ဘုရားသခင်၏ချစ်ခြင်းမေတ္တာကိုကျွန်တော်တို့ထံမှတဖြည်းဖြည်းကွဲကွာစေသည့် လောက၏မကောာင်းသောအကျင့်များအား မကျင့်သုံးခြင်း တို့ကိုပြုလုပ်ရန်ကျွန်တော်တိုက်တွန်းပါတယ်။

ထိုပြောခဲ့သောအရာက လိင်တူကိုစိတ်ဝင်မှုများရှိနေပြီး စိတ်ဓာတ်ကျကာအကူအညီမဲ့နေသည်ဟုခံစားနေသူများအတွက်လည်းဖြစ်ပါတယ်။ ပြီးတော့ဒီကာလမှာလည်းသူတို့ထဲမှတချို့က ဧဝံဂေလိတရားကသင့်အတွက်မဟုတ်တော့ဘူးလို့လည်းခံစားရနိုင်ပါတယ်။ ထိုကဲ့သို့သောကိစ္စတွေမှာ အဖဘုရားသခင်နဲ့ သူရဲ့ ပျော်ရွှင်မှုလမ်းစဥ်၊ ခရစ်တော်၏အသေခံပေးဆပ်ခြင်းနှင့် ပညတ်တော်များကိုချစ်ပြီးစောင့်ထိန်းခြင်းတို့မှာ အမြဲတမ်း ယုံကြည်ခြင်းရှိတယ်ဆိုတာကျွန်တော်အခိုင်အမာပြောနိုင်ပါတယ်။ ကျွန်တော်တို့ဟာ ပညတ်တော်များကို စောင့်ထိန်းရာမှာ မြဲမြံပြီး၊ မတိမ်းယိမ်းဘဲရှိကြမယ်၊ ပြီးတော့ ကောင်းမြတ်သောအမှုများနဲ့ အစဉ်အမြဲကြွယ်ဝလျက်ရှိကြမယ်ဆိုလျှင်၊ သူ၏မျက်မှောက်တော်သို့ ဆောင်ယူခံရနိုင်ဖို့နဲ့ ထာဝရတည်မြဲသောကယ်တင်ခြင်းကို ရရှိဖို့ ကိုယ်တော်ရှင်က ကျွန်တော်တို့ကို သူ၏လူများအဖြစ် သူရဲ့စုံလင်သောဉာဏ်ပညာ၊ တန်ခိုး၊ တရားမျှတမှု နှင့် ကရုဏာတို့အားဖြင့်၊ တံဆိပ်ခတ်မှာဖြစ်ပါတယ်။

ကြီးမားသာအပြစ်များကိုလွန်ကျူးထားသူများသည် ထိုတူညီသောဖိတ်ခေါ်ခြင်းကိုလက်ခံပြီး သင့်ကိုယ်သင်ဘုရားသခင်ထံတွင်နှိမ့်ချကာ သင့်တော်သောအသင်းတော်ခေါင်းဆေောင်များနှင့်ဆွေးနွေးပြီးအပြစ်များအတွက် နောင်တရခွင့်လွှတ်ခြင်းတောင်းခံရပါမယ်။ ထိုသို့ပြုလုပ်ခြင်းကမကောင်းသောစွဲလမ်းခြင်းများဖြစ်သည့် ဆေးသုံးစွဲခြင်း၊မှုးယစ်ဆေးဝါးများ၊ အရက် နှင့် ညစ်ညမ်းသောဗီဒီရိုများကြည့်ခြင်းတို့ကို ပြုလုပ်ခြင်းများကိုစွန့်လွှတ်ရန်ရုန်းကန်နေကြသူများကိုလည်းကောင်းချီးပေးနိုင်ပါတယ်။ ထိုအဆင့်များကိုလုပ်ဆောင်ခြင်းက သင့်ကို အပြစ်ရှိသကဲ့သို့ခံစားရခြင်း၊ ဝမ်းနည်းခြင်းများနှင့် ဝိညာဥ်ရေးရာ နှင့် ရုပ်ပိုင်းဆိုင်ရာ ၏ပင်ပန်းခြင်းတို့မှလွတ်မြောက်အောင်ပြုလုပ်ပေးနိုင်ပြီးကယ်တင်ရှင်နှင့်ပိုနီးလာစေပါတယ်။ ထို့အပြင် သင်၏မိသားစုနှင့်သူငယ်ချင်းများမှ အထောက်အပံ့၊ ကျွမ်းကျင်ဆေးဝါးပညာရှင်များနှင့် ကျွမ်းကျင်သူများနှင့်တိုင်ပင်ဆွေးနွေးခြင်းတို့ကိုလည်းပြုလုပ်နိုင်ပါတယ်။

ကျရှုံးမှုများပြီးနောက်မှာ သင်ကိုယ်သင် ထိုလွမ်းမိုးမှုရှိနေသောအပြစ်များနှင့် စွဲလမ်းမှုကိုကျော်လွှားရန် မတတ်နိုင်ပါဟူခံစားရတဲ့အခါဘယ်တော့မှလက်မလျှော့လိုက်ပါနဲ့။ ကြိုးစားအားထုတ်မှုကိုရပ်လိုက်ပြီး အားနည်ချက်နှင့် အပြစ်ကိုဆက်လုပ်ခြင်းမလုပ်ရပါဘူး။ အကောင်းဆုံးဆောင်ရွက်ဖို့ အမြဲတမ်းကြိုးစားပါ၊ ကယ်တင်ရှင်သင်ကြားခဲ့သလိုပင် သင်၏အတွင်းစိတ်ကို သန့်ရှင်းလိုသောစိတ်ဆန္ဒကို သင်၏အကျင့်များဖြင့် ဖော်ပြပါ။ ။ တစ်ခါတစ်ရံမှာ အချို့သောစိန်ခေါ်မှုများရဲ့အဖြေကကြိုးစားအားထုတ်ခြင်း၏လပေါင်းများစွာကြာပြီးမှရရှိတတ်ပါတယ်။ မော်မုန်ကျမ်းထဲမှာ တွေ့ရတဲ့ ဂတိစကားဖြစ်တဲ့ “ငါတို့သည် စွမ်းအားရှိသမျှ ဆောင်ရွက်ကြပြီးမှ၊ ကျေးဇူးတော်ဖြင့် ကယ်တင်ခြင်းသို့ရောက်ရ၏“လို့ ဆိုတဲ့အရာဟာ ဒီလိုအခြေအနေတွေနဲ့ လိုက်ဖက်ပါတယ်။ ကယ်တင်ရှင်ရဲ့ကျေးဇူးတော်ဆုကျေးဇူးဆိုတာ ကျွန်တော်တို့ လုပ်နိုင်သမျှဆောင်ရွက် “ပြီးမှ” ရရှိနိုင်တယ်လို့ ကန့်သတ်ထားတာမဟုတ်ကြောင်းကို ကျေးဇူးပြု၍ သတိရပါ။ ကျွန်တော်တို့ကိုယ်တိုင်ရဲ့ အားထုတ်မှုတွေကို ကို အသုံးမပြုမီ၊ ပြုနေစဉ်နဲ့၊ ပြုပြီးနောက် အချိန်မှာ ကျွန်တော်တို့ဟာ သူရဲ့ကျေးဇူးတော်ကို ရရှိနိုင်ကြပါတယ်။

ကျွန်တော်တို့ဟာ ကျွန်တော်တို့ရဲ့ စိန်ခေါ်မှုတွေကို ကျော်လွှားဖို့ အစဉ်မပြတ်ကြိုးစားကြတာနဲ့အမျှ၊ ဘုရားသခင်က ကျွန်တော်တို့ကို အနာငြိမ်းရစေဖို့ ယုံကြည်ခြင်းဆုကျေးဇူးနဲ့ အလွန်တရာအံ့ဩဖွယ်အမှုများနဲ့ ကောင်းချီးပေးမှာဖြစ်ပါတယ်။ ကျွန်တော်တို့ကိုယ်ကိုယ်တိုင်မလုပ်နိုင်သောအရာတွေကိုသူကလုပ်ပေးပါလိမ့်မယ်။

ထို့အပြင်၊ ခါးသီးမှု၊ ဒေါသနှင့် စိတ်ထိခိုက်မှုရှိသောသူများသို့မဟုတ် မထိုက်တန်ဘူးဟုခံစားနေရပြီးဝမ်းနည်းနေသူများအတွက် လက်ဝါးကပ်တိုင်အားထမ်းပြီး ကယ်တင်ရှင်၏နောက်သို့လိုက်ပါ။ အဓိပ္ပာယ်မှာထိုခံစားမှုများကိုဘေးနားသို့ကပ်၍ ကျွန်တော်တို့အားထိုစိတ်ခံစားမှုများမှဝေးစေပြီး ငြိမ်းချမ်းခြင်းကိုရရန်ကူညီပေးသောဘုရားသခင်ထံသို့ဆက်ကပ်ပါ။ ကံမကောင်းစွာဖြင့်၊ ကျွန်တော်တို့ကထိုမကောင်းမြင်သောခံစားချက်များဖြင့် စိတ်ခံစားချက်များကိုဆက်သိမ်းထားပါက ဘုရားသခင်ရဲ့ သန့်ရှင်းသောဝိညာဥ်တော်ရဲ့ လွှမ်းမိုးမှုမပါဘဲ ကျွန်တော်တို့ဘဝကိုနေထိုင်ရပါလိမ့်မယ်။ ကျွန်တော်တို့ဟာ တခြားလူများအတွက် နောင်တရမပေးနိုင်ပါဘူး၊ သို့သော်လည်း ကျွန်တော်တို့ကိုနာကျင်အောင်လုပ်ခဲ့သူများရဲ့ လုပ်ရပ်များကို ရင်ထဲမှာသိမ်းထားခြင်းတွေကို ပယ်ချပြီးတော့ သူတို့ကိုခွင့်လွှတ်နိုင်ပါတယ်။

ကျွန်တော်တို့၏မာကျောသောနှလုံးသားကို နှလုံးသားအသစ်နဲ့ အစားထိုးဖို့ကူညီရန် ကျွန်တော်တို့ရဲ့ကယ်တင်ရှင်ကို ဖိတ်ခေါ်ခြင်းအားဖြင့်၊ ဤအခြေအနေများကနေ လွတ်မြောက်ဖို့ နည်းလမ်းတစ်ခုရှိကြောင်း ကျမ်းစာမျာက သွန်သင်ပါတယ်။ ။ ဒီလိုဖြစ်လာဖို့အတွက်၊ ကျွန်တော်တို့ဟာ ကျွန်တော်တို့ရဲ့ အားနည်းချက်များနဲ့အတူ ကိုယ်တော်ရှင်ရဲ့ရှေ့ကို လာဖို့၊ ပြီးတော့ သူ့အကူအညီနဲ့ ခွင့်လွှတ်ခြင်းကို တောင်းခံဖို့ လိုအပ်ပါတယ်၊ အထူးသဖြင့်၊ တနင်္ဂနွေနေ့တိုင်း၊ ပွဲတော်မင်္ဂလာကို ကျွန်တော်တို့ သုံးဆောင်ကြတဲ့ သန့်ရှင်းမွန်မြတ်သောကာလမှာဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ နာကျင်မှုတွေကို အနာငြိမ်းစေခြင်းစတင်နိုင်ဖို့ ကျွန်တော်ကို နာကျင်စေခဲ့တဲ့ သူများကို ခွင့်လွှတ်ခြင်းအားဖြင့် ကျွန်တော်တို့ဟာ သူ့ရဲ့အကူအညီကို တောင်းဖို့နဲ့၊ အရေးလည်းကြီး ခက်လည်းခက်တဲ့ အဆင့်ကို လုပ်ဖို့ ရွေးချယ်နိုင်ကြပါစေ။ သင်အဲဒီလို ဆောင်ရွက်ခြင်းအားဖြင့်၊ သင့်ရဲ့ညတွေဟာ ကိုယ်တော်ရှင်နဲ့ အတူရှိလို့ ငြိမ်းချမ်းတဲ့စိတ်ကနေဖြစ်လာတဲ့ သက်သာခြင်းနဲ့ ပြည့်လိမ့်မယ်ဆိုတာ ကျွန်တော်ကတိပေးပါတယ်။

၁၈၃၉ ခုနှစ်မှာ အကျဥ်းထောင်ထဲမှာ ရှိနေတုန်းက၊ ပရောဖက် ဂျိုးဇက်စမစ်က အသင်းတော်ရဲ့ အသင်းသားများဆီကို ဒီခြေအနေတွေအားလုံးနဲ့ အလွန်သက်ဆိုင်တဲ့ ပရောဖက်ပြုဟောချက်တွေပါဝင်တဲ့ အမှာစာတစ်စောင်ကို ရေးခဲ့ပါတယ်။ “ယေရှုခရစ်တော်၏ဧဝံဂေလိတရား တော်အတွက် စွမ်းစွမ်းတမံ ကြံ့ကြံ့ခံခဲ့ကြသောသူတို့အား ခပ်သိမ်းသော အရိုက်အရာနှင့် တန်ခိုးအာဏာများ၊ အုပ်ချုပ်မှုနှင့် အခွင့်တို့ကို ဖော်ပြပြီး တည်ထောင်လိမ့်မည်”လို့သူရေးခဲ့ပါတယ်။။ ဒါကြောင့်၊ ကျွန်တော့ရဲ့ ချစ်သောညီအစ်ကိုမောင်နှမများ၊ မိမိတို့အပေါ်မှာ ကယ်တင်ရှင်ရဲ့ နာမတော်ကို ခံယူပြီး၊ သူရဲ့ ကတိတော်တွေကို ယုံကြည်စိတ်ချကြတဲ့၊ အဆုံးတိုင်အောင် ဇွဲကောင်းကြတဲ့ သူတွေဟာ ကယ်တင်ခြင်းသို့ ရောက်ကြမှာ ၊ ပြီးတော့ ဘယ်တော့မှ အဆုံးမရှိတဲ့ ပျော်ရွှင်ခြင်းအခြေအနေ၌ ဘုရားသခင်နဲ့ အတူနေထိုင်နိုင်ကြမှာ ဖြစ်ပါတယ်။

ကွန်တော်တို့ဘဝမှာ ကျွန်တော်တို့ကို ဝမ်းနည်းခြင်း၊ အကူအညီမဲ့ခြင်း၊ မျှော်လင့်ချက်မဲ့ခြင်း၊ တစ်ခါတစ်ရံမှာ အားနည်းခြင်းတွေကိုတောင်ဖြစ်စေတဲ့ ဒုက္ခရောက်သောအခြေအနေတွေကို ကျွန်တော်တို့အားလုံး ရင်ဆိုင်ကြရပါတယ်။ “ကျွန်တော် ဘာကြောင့်ဒီအခြေအနေတွေနဲ့ ကြုံတွေ့နေရတာလဲ” သို့မဟုတ် “ကျွန်တော့မျှော်မှန်းချက်တွေ ဘာကြောင့်ဖြစ်မလာတာလဲ” လို့ ကိုယ်တော်ရှင်ကို မေးဖို့ ဒီတစ်ချို့သောခံစားမှုတွေက ကျွန်တော်တို့ကို ပို့ဆောင်တတ်ပါတယ်။ အားလုံးပြီးတော့ ကျွန်တော်လုပ်နိုင်သမျှကိုအစွမ်းကုန်လုပ်ပြီး ခရစ်တော်ကိုလိုက်လျှောက်ခဲ့တာပဲ”

ကျွန်တော်ရဲ့ချစ်သောမိတ်ဆွေများ လက်ဝါးကပ်တိုင်ကိုသယ်ပြီးကိုယ်တော်နောက်ကိုလိုက်ခြင်းဆိုသည်မှာ နှိမ့်ချစွာ ဘုရားသခင်နှင့် သူ၏အနတ္တညဏ်ပညာကိုယုံကြည်ခြင်းဖြစ်သည်။ သူက ကျွန်တော်တို့အယောက်ချင်းစီတိုင်းရဲ့လိုအပ်ချက်တွေကိုသိတယ်ဆိုတာနားလည်ရမယ်။ ဘုရားသခင်ရဲ့အချိန်ကလည်းကျွန်တော်တို့ရဲ့အချိန်နဲ့ကွာခြားတယ်ဆိုတာနားလည်ဖို့လိုပါတယ်။ တစ်ခါတစ်လေမှာ ကျွန်တော်တို့ကကောင်းချီးမဂ်လာကိုအချိန်တစ်ခုသတ်မှတ်ပြီးဘုရားသခင်ကိုကောင်းချီးပေးစေချင်တယ်။ ကျွန်တော်တို့ဆန္ဒတွေရဲ့ အဖြေတွေကို ဖြည့်ဆည်းပေးဖို့ သူ့ကိုအချိန်အတိုင်းအတာနဲ့တောင်းဆိုလို့မရပါဘူး။ ကျွန်တော်တို့ဟာ ဒီလို လုပ်တဲ့အခါမှာ၊ လာမန်အမျိုးသားရှမွေလဟောပြောခဲ့သောစကားများ ကို ပြီးပြည့်စုံစေခြင်းအတွက် အချိန်ကုန်လွန်သွားပြီလို့ဆိုပြီး၊ မိမိညီအစ်တို့ကို ပြက်ရယ်ပြုခဲ့ကြတဲ့၊ ယုံကြည်သူများကြား၌ ရှုပ်ထွေးခြင်းကိုဖန်တီးကြတဲ့၊ သံသယများတဲ့ရှေးနီဖိုင်းအမျိုးသားတွေနဲ့ တူကြပါတယ်။ ကျွန်တော်တို့ဟာ ငြိမ်ဝပ်လျက် ရှိကြဖို့နဲ့၊ ကိုယ်တော်ရှင်ဟာ ဘုရာသခင်ဖြစ်တဲ့အကြောင်း၊ ခပ်သိမ်းသောအရာတို့ကို သူသိတော်မူတဲ့အကြောင်း၊ ပြီးတော့ ကျွန်တော်တို့အယောက်စီတိုင်းကို သူသတိထားတော်မူတဲ့အကြောင်း၊ သူ့ကို လုံလောက်သောယုံကြည်စိတ်ချခြင်းရှိဖို့ လိုအပ်ပါတယ်။

ညီအစ်မကယ်မန်စီ ကို အမှုတော်ဆောင်နေသော အသင်းလူကြီး ဆော့ရာ့စ်

အကြောသေရောဂါခံစားနေရတဲ့ ဖရန်က ကယ်မန်စီ လို့ခေါ်တဲ့ မုဆိုးမညီအမတစ်ယောက်ကို အမှုတော်ဆောင်ဖို့ မကြာသေးခင်ကပဲ ကျွန်တော်အခွင့်ရခဲ့ပါတယ်။ ညီအမ ကယ်မန်စီက မိသားစုထဲမှာ ယေရှုခရစ်တော်ရဲ့မှုရင်းကိုပြန်လည်ဆောင်ယူထားသောအသင်းတော်မှာပထမဆုံးပါဝင်ခဲ့တယ်သူဖြစ်ပါတယ်။ သူမရဲ့အမျိုးသားက အသင်းသားမဟုတ်သော်လည်း သာသနာပြုတွေနဲ့တွေ့ပြီး ဘုရားကျောင်းမကြာခဏ တက်ရန်သဘောတူခဲ့ပါတယ်။ ထိုအနေအထားမှလွဲပြီးတော့ သူမက ယုံကြည်မှုရှိပြီးတော့ယေရှုခရစ်တော်ရဲ့ ဧဝံဂေလိတရားတော်မှာ သူရဲ့သားသမီးလေးယောက်ကိုပျိုးထောင်ခဲ့ပါတယ်။ ညီအစ်မ ကယ်မန်စီဟာ သူ့ခင်ပွန်းကွယ်လွန်ပြီးနောက်နှစ်မှာ သူ့ကလေးတွေကို ဗိမာန်တော်ဆီ ခေါ်သွားခဲ့ပါတယ်၊ သူတို့ဟာ သန့်ရှင်းမွန်မြတ်တဲ့ ဘိသိက်မင်္ဂလာတွေမှာ ပါဝင်ဆင်နွှဲပြီး မိသားစုလိုက်အတူတကွ တံဆိပ်ခတ်ခဲ့ကြပါတယ်။ ထိုဘိသိတ်တော်များနှင့်ဆက်လျဥ်းတဲ့ ဘိသိတ်မဂ်လာတွေကသူမကိုမျှော်လင့်ချက်, ရွှင်လန်းမှုနှင့် ပျော်ရွှင်မှုတို့ကို သူရဲ့ဘဝထဲကိုသယ်ဆောင်လာခဲ့ပါတယ်။

ဗိမာန်တော်ရောက်ကယ်မန်စီမိသားစု

ရောဂါဖြစ်ခါစ လက္ခာဏာပြသောအခါမှာ ဥက္ကဌက သူမကိုကောင်းချီးပေးခဲ့ပါတယ်။ အဲ့ဒီအချိန်မှာ သူဟာ ရောဂါပျောက်ရစေဖို့ သူ့ရဲ့ ယုံကြည်ခြင်းလိုမျိုးပဲ သူ့ရောဂါကို အဆုံးတိုင်အောင် ကြံ့ကြံ့ခံဖို့ သူ့ရဲ့ယုံကြည်ခြင်းကိုလည်း ဖော်ပြရင်း၊ ကိုယ်တော်ရှင်ရဲ့အလိုတော်ကို လက်ခံဖို့ အသင့်ဖြစ်ပြီဖြစ်ကြောင်း သူရဲ့ သင်းအုပ်ကို ပြောပြခဲ့ပါတယ်။

ကျွန်တော် ညီအမ ကယ်မန်စီဆီကိုသွားလည်တုန်းက သူ့ရဲ့လက်ကိုကိုင်ပြီး သူရဲ့မျက်လုံးတွေကိုကြည့်ရင်း၊ သူ့မျက်နှာထားကနေ ကောင်းကင်တမန်လို အရောင်ထွက်နေတာကို မြင်ခဲ့ရပါတယ်။ ဘုရားသခင်ရဲ့အစီအစဉ်ကို သူ့ရဲ့ယုံကြည်မှုနဲ့၊ သူ့အတွက် အဘရဲ့ ချစ်ခြင်းနဲ့အစီအစဉ်ကို သူ့ရဲ့ စုံလင်သောမျှော်လင့်ခြင်းရောင်ခြည်တို့ရဲ့ ရောင်ပြန်ဟပ်ခြင်းပဲဖြစ်ပါတယ်။ ။ အခက်အခဲများနှင့်တွေ့နေရသော်လည်း သူမရဲ့လက်ဝါးကပ်တိုင်ကိုထမ်းပြီးအဆုံးတိုင်ထိယုံကြည်မှုနှင့်လျှောက်သောသူမ၏ ခိုင်မာတဲ့တည်ကြည်မှုကိုကျွန်တော်ခံစားခဲ့ရပါတယ်။ ထိုညီအမ၏ဘဝသည်ခရစ်တော်၏သက်သေခံခြင်းဖြစ်ပါတယ်။ သူမရဲ့ကိုယ်တော်ပေါ်တွင်ရှိသောယုံကြည်ခြင်းနှင့် မြှပ်နှံခြင်းကိုဖော်ပြပါတယ်။

ညီအကိုမောင်နှမများခင်ဗျာ၊ ကျွန်တော်တို့ကားတိုင်ကို ကျွန်တော်တို့ထမ်းခြင်းနဲ့ ကယ်တင်ရှင်ရဲ့နောက်ကို လိုက်ခြင်းမှာ ကျွန်တော်တို့ကို သူ့ပုံသက်သေနောက်ကို လိုက်လျှောက်ဖို့နဲ့ သူ့လိုဖြစ်လာအောင်ကြိုးစားဖို့၊ ဘဝရဲ့အခြေအနေတွေကို သည်းခံ၍ရင်ဆိုင်လျက်၊ ဇာတိပကတိလူသား၏ အာသီသများကို ငြင်းဆိုစက်ဆုပ်လျက်၊ ကိုယ်တော်ရှင်ကို စောင့်မျှော်လျက် ရှိကြဖို့ လိုအပ်ပါတယ်။ ဓမ္မသီချင်းရေးဆရာတစ်ယောက်ကရေးခဲ့ပါတယ်။

“ကိုယ်တော်ရှင်ကို စောင့်မျှော်ပါ။ ကောင်းသောသတ္တိရှိပါစေ၊ သူသည် သင်၏စိတ်နှလုံးကို ခွန်အားဖြည့်ပေးလိမ့်မည်။ ငါဆိုသည်ကား၊ ကိုယ်တော်ရှင်ကို စောင့်မျှော်ပါ။”

“သူဟာ ကျွန်တော်တို့ရဲ့ အကူအညီ နဲ့ ဒိုင်းဖြစ်ပါတယ်။”

ကျွန်တော်တို့သခင်ရဲ့ ခြေလှမ်းအတိုင်းလိုက်လျှောက်ခြင်းနဲ့၊ ကျွန်တော်တို့ဘဝတွေရဲ့ အဆုံးစွန်သော အနာငြိမ်းစေသူဖြစ်တဲ့ သူ့ကို စောင့်မျှော်နေခြင်းတို့က ကျွန်တော်တို့ရဲ့ စိတ်ဝိညာဉ်တွေကို ချမ်းသာခြင်းနဲ့ ပံ့ပိုးပေးမှာ၊ ကျွန်တော်တို့ရဲ့ ဝန်တွေကို လွယ်ကူပေါ့ပါးစေမှာ ဖြစ်တဲ့အကြောင်း သင်တို့ကို ကျွန်တော်သက်သေခံပါတယ်။ ဤအရာအလုံးစုံကိုမြင့်မြတ်သော ယေရှုခရစ်တော်၏နာမတော်ဖြင့်သက်သေခံပါတယ် အာမင်။

မှတ်စုများ

  1. ရှင်မဿဲခရစ်ဝင် ၁၁း၂၉-၃၀ရှင်ယာကုပ်သြဝါဒစာ ၂း၂၄ ၂နီဖိုင်း ၂၅း၂၃တွင်ကြည့်ပါ။

  2. ရှင်မဿဲ ၁၆း၂၁ တွင်ကြည့်ပါ။

  3. ရှင်မဿဲ ၁၆:၂၂

  4. ရှင်မဿဲ ၁၆း၂၄−၂၆

  5. ရှင်ယောဟန်ခရစ်ဝင် ၆း၃၈တွင်ကြည့်ပါ။

  6. ရှင်ယောဟန်ခရစ်ဝင် ၁၉း၁၆-၁၇တွင်ကြည့်ပါ။

  7. ရှင်မာကု ၁၆း၁၇-၂၀ရှင်လုကာ ၂၄း၃၆-၅၃တွင်ကြည့်ပါ။

  8. ရှင်မဿဲခရစ်ဝင် ၂၈း၁၉-၂၀တွင်ကြည့်ပါ။

  9. ဂျိုးဇက်စမစ်ဘာသာပြန်၊ မဿဲ ၁၆း၂၅-၂၉ (သမ္မာကျမ်း နောက်ဆက်တွဲ၌) ကြည့်ပါ။ ကျမ်းစာလမ်းညွှန်တွင်လည်း ကြည့်ပါ၊ “တပ်မက်ခြင်း”၊“ဇာတိပကတိလူသား”“ရာဂစိတ်ဖြင့်စွဲလန်းသော၊ ရာဂစိတ်ဖြင့်စွဲလန်းခြင်း”၊ “ ဆိုးညစ်သော၊ ဆိုးညစ်ခြင်း”၊ scriptures.ChurchofJesusChrist.org.

  10. အယ်လ်မာ ၁း၂၅တွင်ကြည့်ပါ။

  11. မောဇိယ ၅း၁၅တွင်ကြည့်ပါ။

  12. အယ်လ်မာ ၆၀း၂၃တွင်ကြည့်ပါ။

  13. ၂ နီဖိုင်း ၂၅း၂၃

  14. ဘရိုတ် စီ ဟမ်ဖန်းမှ ကြေကွဲသောနှလုံးသား၊ အပြစ်ဖြေခြင်းမဂ်လာကိုအသုံးပြုခြင်း၏ ဘဝအတွ့အကြုံ (၁၉၈၉) ၁၅၅-၅၆။

  15. }သြဝါဒနှင့်ပဋိညာဉ်ကျမ်း ၄၆:၁၉–၂၁ကို ကြည့်ပါ။

  16. နီရယ် အေ မက်စ်ဝဲလ် မှ “နောင်တရခြင်း၊” အမ်ဇိုင်း၊ နိုဝင်ဘာ၊ ၁၉၉၁၊ ၃၂။

  17. ယေဇကျေလအနာဂတ္တိကျမ်း ၁၈း၃၁၊ ၃၆း၂၆တွင်ကြည့်ပါ။

  18. ဧနုတ် ၁၂း၂၇ တွင်ကြည့်ပါ။

  19. ၁နီဖိုင်း ၇း၂၁တွင်ကြည့်ပါ။

  20. သြဝါဒနှင့် ပဋိညာဥ်ကျမ်း ၁၂၁း၂၉

  21. See ၃နီဖိုင်း ၂၇း၆တွင်ကြည့်ပါ။

  22. မောဇိယ ၂း၄၁တွင်ကြည့်ပါ။

  23. ၃နီဖိုင်း ၁း၄-၇တွင်ကြည့်ပါ။

  24. သြဝါဒနှင့် ပဋိညာဥ်ကျမ်း ၁၀၁:၂၆

  25. ၂နီဖိုင်း ၃၁း၂၀တွင်ကြည့်ပါ ။

  26. ရှင်မဿဲ ၅း၄၈၊ ၃နီဖိုင်း ၁၂း၄၈၂၇း၂၇ တွင်ကြည့်ပါ။

  27. ဆာလံ ၂၇း၁၄

  28. ဆာလံ ၃၃း၂၀တွင်ကြည့်ပါ

  29. ရှင်မဿဲ ၁၁း၃၀မောဇိယ ၂၄း၁၄တွင်ကြည့်ပါ။