သန့်ရှင်းစင်ကြယ်ခြင်း နှင့် ကယ်တင်ခြင်းအစီအစဉ်
ပို၍ကြီးစွာသောပျော်ရွှင်မှုဟာ ပို၍ကြီးစွာသောကိုယ်ပိုင်သန့်ရှင်းမှုမှ ဖြစ်လာပါတယ်။
ညီအစ်ကိုမောင်နှမများခင်ဗျာ၊သင်တို့ရဲ့ကိုယ်ပိုင်ပျော်ရွှင်မှုအားရှာဖွေတွေ့ရှိနိုင်ဖို့ ကူညီရန် ကျွန်တော်ဆုတောင်းခဲ့ပါတယ်။ တချို့ကလုံလောက်သောပျော်ရွှင်ခြင်းခံစားပြီးပြီလို့ခံစားကောင်းခံစားဖူးမယ်၊ပို၍ပျော်ရွှင်ခြင်းများထပ်မံရရှိမည်ဆိုပါကမည်သူကမှ ငြင်းပယ်မည်မဟုတ်ဆိုတာအသေအချာပါပဲ။ မည်သူမဆိုရေရှည်ထာဝရပျော်ရွှင်ခြင်းကမ်းလှန်းချက်အားလက်ခံရန်စိတ်အားထက်သန်ပါတယ်။
ထာဝရဘုရားသခင်၊တစ်ပါးတည်းသောသားတော်ယေရူခရစ်တော်နှင့်သန့်ရှင်းသောဝိညာဥ်တော် တို့၏ပေးကမ်းချက်ဘာလဲဆိုတော့ ယနေ့အသက်ရှင်နေထိုင်သောအဖခမည်းတော်၏ ဝိညာဥ်သားသမီးများအားလုံး၊နောင်လာမဲ့သားသမီးများအားလုံးကမ္မာပေါ်တွင်နေထိုင်နိုင်ရန်ဖြစ်သည်။ ထို့ကမ်းလှန်းချက်ကိုတခါတလေပျော်ရွှင်ခြင်းအကြံအစည်ဟုခေါ်သည်။ အပြစ်၏ဝမ်းနည်းပူဆွေးခြင်းထဲ၌ လူးခဲ့ရသောသူကို သွန်သင်ရာမှာ ခေါ်ခဲ့တဲ့အရာလည်းဖြစ်ပါတယ်။ ဒုစရိုက်အပြစ်များသည်သူ၏သားအတွက်ဘယ်တော့မှပျော်ရွှင်မှုဖြစ်မလာနိုင်ကြောင်းအယ်လမာ သိခဲ့သည်။
သူကသူ၏သားကိုအမြဲမွန်မြတ်ပြီးတခုတည်းသောပျော်ရွှင်မှုနည်းလမ်းဖြစ်ကြောင်းပြောခဲ့သည်။ ကျွန်တော်တို့ကိုပြည့်စုံစေရန် နှင့်သူကသန့်ရှင်းစင်ကြယ်သောယေရူခရစ်တော်၏အသေခံအပြစ် ဖြေခြင်းကိုပြုလုပ်ခဲ့တယ်။ ယေရှုခရစ်တော်ကို ယုံကြည်ခြင်း၊ အဆက်မပြတ်နောင်တရခြင်း၊ ပဋိညာဉ်များကို စောင့်ထိန်းခြင်းတို့အားဖြင့်သာ ကျွန်တော်တို့အားလုံး တွေ့ကြုံဖို့နဲ့ ထိန်းထားဖို့ တောင့်တကြတဲ့ တည်မြဲသောပျော်ရွှင်မှုကို ကျွန်တော်တို့တောင်းဆိုနိုင်ကြမှာဖြစ်ပါတယ်။
ဒီနေ့ကျွန်တော်ရဲ့ကြီးမားသောဆုတောင်းချက်ကတော့ ကျွန်တော်သင်တို့ကိုကြီးမားစစ်မှန်သောပျော်ရွှင်ခြင်းသည် သန့်ရှင်းမွန်မြတ်သောပုဂ္ဂိုလ်ထံမှလာသည်ဆိုတာသိဖို့ကူညီရန်ထိုမှသာသင်၏ယုံကြည်မှုတိုးတတ်ရန်သင်ပြုမူပါလိမ့်မည်။ ဝိညာဥ်ဆုကျေးဇူးအားသာ၍သန့်ရှင်းစေရန်ကျွန်တော်တို့ဘာလုပ်နိုင်သလဲဆိုတာကျွန်တော်သိသလောက်ကိုဝေငှချင်ပါတယ်။
ကျွန်တော်တို့တတွေဟာ ယေရှုခရစ်တော်၌ ယုံကြည်ခြင်းကို ကျင့်သုံးကြ၊ ကျွန်တော်တို့ရဲ့ နာခံခြင်းထုတ်ဖော်ပြကြ၊ နောင်တရကြ၊ သူ့အတွက်စွန့်လွှတ်အနစ်နာခံကြ၊ သန့်ရှင်းမွန်မြတ်တဲ့ဘိသိက်မင်္ဂလာများကို လက်ခံရရှိကြပြီး၊ သူနဲ့ပြုထားတဲ့ ကျွန်တော်တို့ရဲ့ ပဋိညာဉ်များကို စောင့်ထိန်းကြတဲ့အခါ၊ သန့်ရှင်းစင်ကြယ်စေနိုင်ကြ သို့မဟုတ် ပိုပြီးသန့်ရှင်းလာနိုင်ကြကြောင်း အခြားအရာတွေထက်ကျမ်းစာတွေကကျွန်တော်တို့ကို သွန်သင် ပေးပါတယ်။ သန့်ရှင်းခြင်းဆုကျေးဇူးအတွက် အရည်အချင်း ပြည့်မီစေရာမှာ နှိမ့်ချခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ နှင့် စိတ်ရှည်ခြင်းတို့ လိုအပ်ပါတယ်။
ကျွန်တော်သန့်ရှင်းမွန်မြတ်သောဆုကျေးဇူးခံစားခဲ့ရသောအတွေ့အကြုံတခုမှာဆော့လ်လိပ်ခ်ဗိမ္မာန်တာ်တွင်ဖြစ်ပါတယ်။ ကျွန်တော်ဘာကိုမျှော်လင့်ရမလဲဆိုတာကိုတွေးပြီးဗိမ္မာန်တာ်ထဲသို့ပထမဆုံးအကြိမ်ဝင်ရောက်ခဲ့ခြင်းဖြစ်ပါတယ်။ ကျွန်တော်ဗိမ္မာန်တော်နံရံကိုတွေ့ခဲ့တာကတော့ “ထာဝရဘုရားကသန့်ရှင်းခြင်း” “ထာဝရဘုရား၏အိမ်တော်”။ ဒါဟာအရမ်းကြီးမားသောမျှော်လင့်ခြင်းစာတမ်းလို့ကျွန်တော်ခံစားခဲ့ရတယ်။ ကျွန်တော်အထဲဝင်ဖို့ပြင်ဆင်ရန်စဥ်းစားနေချိန်တွင်းမှာ။
ကျွန်တေ့ာ်အဖေနှင့်အမေကတော့ဗိမ္မာန်တော်ထဲကိုအရင်ဝင်သွားကြပြီ။ ကျွန်တော်တို့၏ထိုက်တန်မှုဖြစ်သောဗိမ္မာန်တော်လက်မှတ်အားထုတ်ပြရန်ပြောခဲ့တယ်။
ကျွန်တော်မိဘတွေကတော့ဗိမ္မာန်တော်ရဲ့လက်မှတ်ခုံတွင်ထိုင်နေသောအမျိုးသားတယောက်ကိုပြရမယ်ဆိုတာသူတို့သိတယ်။ ဒါကြောင့်သူတို့ထို့အမျိုးသားနဲ့ခဏစကားပြောခဲ့ကြတယ်။ ကျွန်တော်ကတော့အရာအားလုံးအဖြူရောင်တောက်ပနေပြီးကျယ်ဝန်းသောနေရာထဲကိုကိုယ့်ဘာသာအရင်ဝင်သွားခဲ့တယ်။ အလွန်မြင့်မားတဲ့မျက်နှာကျက်ကိုမော့ကြည့်ပြီးကောင်းကင်တခါးကြီးပွင့်နေသလိုတောင်ထင်ခဲ့တယ်။ ခဏအကြာတွင်ကျွန်တော်အရင်တုန်းကဒီနေရာကိုရောက်ဖူးတယ်လို့အရမ်းသေချာလွန်းတဲ့ခံစားချက်တစ်ခုဝင်လာတယ်။
ဒါပေမယ့်၊ အဲဒီနောက်မှာ၊ အလွန်ညင်သာတဲ့အသံကို ကျွန်တော်ကြားရပါတယ်- အဲဒါက ကျွန်တော့ကိုယ်ပိုင်မဟုတ်ပါဘူး။ ထို့သာယာသောအသံပြောခဲ့တာကတော-“မင်းဒီကိုအရင်ကမရောက်ဖူးဘူးဆိုတာ။ မင်းဒီကမ္မာမြေတွင်မမွေးခင်ကအချိန်တွေကိုသတိရနေတာဖြစ်တယ်။ ဒီလိုသန့်ရှင်းမွန်မြတ်သောနေရာမျိုးမှာသင်နေခဲ့ဖူးတယ်။ ကယ်တင်ရှင်ကသင်ရှိနေတဲ့နေရာမှာရှိနေသလိုခံစားချက်ကိုခံစားခဲ့ရတယ်။ သင်ကသူ့ကိုအရမ်းတွေ့ချင်စိတ်များနေမယ်ပြီးတော့အရမ်းပျော်ရွှင်သောခံစားချက်ကိုခံစားနေရမယ်။
ဒီလိုခဏတာအတွေ့အကြုံမျိုးကိုဆော့လ်လိပ်ခ်ဗိမ္မာန်တွင်ရခဲ့တယ်။ ဒီခဏတာအချိန်လေးက ငြိမ်းချမ်းခြင်း၊ပျော်ရွှင်ခြင်း၊ကျေနပ်ဖွယ်ကောင်းသောပျော်ရွှင်မှုတွေကိုသယ်လာပေး တယ်။
ကျွန်တော် အဲဒီနေ့မှာ သင်ခန်းစွာတွေအများကြီးရခဲ့ပါတယ်။ တစ်ခုကတော့၊ သန့်ရှင်းသောဝိညာဉ်တော်ဟာ ဖြည်းညင်းတဲ့အသံနဲ့ စကားပြောတယ်ဆိုတဲ့အကြောင်း ဖြစ်ပါတယ်။ ကျွန်တော်ရဲ့နှလုံးသားထဲတွင်ငြိမ်းချမ်းခြင်းခံစားရသောအခါကျွန်တော်သူပြောသောအသံကိုကြားရတယ်။ ကျွန်တော်ကပိုပြီးသန့်ရှင်းမွန်မြတ်သောသူဖြစ်လာတယ်လို့အာမခံခြင်းကိုခံစားရပြီးသူကပျော်ရွှင်ခြင်းကိုဆောင်ယူတယ်။ ဘုရားသခင်ရဲ့ဗိမ္မာန်တော်တွင်ဖြစ်ပျက်ခဲ့သောခဏတာကကျွန်တော်ကိုအမြဲပျော်ရွှင်ခြင်းကိုသယ်ဆောင်လာပေးတယ်။
သင်ဟာ သင်ကိုယ်တိုင်ရဲ့ဘဝနဲ့၊ အခြားသူတွေရဲ့ဘဝမှာ အလွန်တရာအံ့ဩဖွယ်ပျော်ရွှင်မှုဆိုတာ သန့်ရှင်းမှု ကြီးထွားရာကနေ၊ ကယယ်တင်ရှင်နဲ့ပိုပြီးတူလာခြင်းကနေ ဖြစ်လာကြောင်း သတိပြုမိပြီးဖြစ်ပါတယ်။ မကြာသေးတဲ့ သီတင်းပတ်တွေတုန်းက၊ ကျွန်တော်ဟာ ကယ်တင်ရှင်ကို ယုံကြည်ခြင်းအပြည့်ရှိကြတဲ့၊ ပျော်ရွှင်သောမျက်နှာထားတွေနဲ့ သေခြင်းကို ရင်ဆိုင်နိုင်ခဲ့တဲ့လူတွေဆီကို ရောက်ခဲ့ပါတယ်။
သူ့မိသားစုတွေကထို့လူနားမှာဝန်းရံနေတယ်။ သူနှင့်သူ၏ဇနီးတီးတိုးပြောဆိုနေချိန်ကျွန်တော်နဲ့ကျွန်တော်သားတို့ဝင်သွားခဲ့တယ်။ ကျွန်တော်သူတို့ကိုသိတာနှစ်များစွာကြာပြီ။ သူတို့မိသားစုအဖွဲ့ဝင်တွေနှင့်သူ့တို့အသက်တာထဲတွင်ယေရှုခရစ်တော်၏အသေခံအပြစ်ဖြေခြင်းကအမှန်အလုပ်လုပ်တယ်ဆိုတာကျွန်တော်သိခဲ့တယ်။
သူ့မိသားစုဝင်တွေကသူ့ကိုအသက်ရှည်ရှည်နေထိုင်ရန်ဆေးများဖြင့်အဆုံးတိုင်ပံ့ပိုးပေးခဲ့တယ်။ သူကျွန်တော်တို့ကိုစကားပြောသောအခါတိတ်ဆိတ်သောအသံကိုခံစားခဲ့ရတယ်။ သူရဲ့မိသားစုကိုချစ်ကြောင်းနှင့် ဧဝံဂေလိတရားဟာသူရဲ့မကောင်းမှုများကိုသန့်ရှင်းစေကြောင်း ဧဝံဂေလိတရားကိုသူအရမ်းကျေးဇူးတော်ကိုချီးမွမ်းကြောင်းပြောပြီးသူပြုံးပြခဲ့တယ်။ သူဗိမ္မာန်တော်တွင်နှစ်အကြားကြီးအစေခံခြင်းရဲ့ပျော်ရွှင်ခြင်းကိုလည်းသူပြောခဲ့တယ်။ ကျွန်တော်ရဲ့သားကသူ့၏ဦးခေါင်းကိုသန့်ရှင်းသောဆီဖြင့်ဘိသိတ်ခံပေးရန်သူတောင်းဆိုခဲ့တယ်။ ကျွန်တော်ကကောင်းချီးပေးပြီးချိတ်ပိတ်ဆုတောင်းခဲ့တယ်။ ကျွန်တော်ဟာ အဲဒီလိုလုပ်ရင်းနဲ့၊ သူရဲ့ကယ်တင်ရှင်ကို သူမကြာခင်မျက်နှာချင်းဆိုင်မြင်ရတော့မှာဖြစ်ကြောင်း သူ့ကို ပြောပြဖို့ရှင်းလင်းတဲ့ထင်မြင်ချက် ရှိခဲ့ပါတယ်။
သူဟာကယ်တင်ရှင်၏အတည်ပြုချက်၊ချစ်ခြင်း၊ပျော်ရွှင်ခြင်းတွေကိုခံစားရမယ်လို့ ကျွန်တော်သူ့ကိုကတိပေးခဲ့တယ်။ ကျွန်တော်တို့ပြီးဆုံးချိန်တွင်နွေးထွေးသောအပြုံးဖြင့်သူပြုံးပြခဲ့တယ်။ သူကျွန်တော်ကိုနောက်ဆုံးပြောခဲ့တာကတော့ “ကတ်တီကိုငါချစ်တယ်ဆိုတာပြောပေးပါ”။ ကျွန်တော့ဇနီးကက်သလင်းဟာ သူ့မိသားစုရဲ့ မျိုးဆက်တွေကို ကယ်တင်ရှင်ရဲ့ သူ့ဆီလာဖို့၊ သန့်ရှင်းမွန်မြတ်သောပဋိညာဉ်တွေပြုဖို့ ၊ အဲဒီလိုနဲ့၊ ပို၍ကြီးစွာသော သန့်ရှင်းမှုရဲ့ရလဒ်အနေနဲ့ ဖြစ်လာမယ့် ပျော်ရွှင်မှုအတွက် အရည်အချင်းပြည့်မီရန် ဖိတ်ခေါ်ချက်ကို လက်ခံဖို့ နှစ်ပေါင်းများစွာတိုက်တွန်းခဲ့ပါတယ်။
နာရီပိုင်းအကြာတွင်သူကွယ်လွန်ခဲ့တယ်။ သူသေဆုံးပြီးအပတ်အတွင်းသူရဲ့ပြတင်းပေါက်ဟာကျွန်တော်ရယ်ကျွန်တေ့ာ်ဇနီးအတွက်လက်ဆောင်တစ်ခုလိုဖြစ်ခဲ့တယ်။ ကျွန်တော်တို့စကားပြောနေရင်သူမပြုံးပြခဲ့တယ်။ သူမကျေနပ်စွာပြောခဲ့တယ်“ကျွန်တော်အထီးကျန်ခြင်းနှင့်ဝမ်းနည်းသောခံစားချက်ကိုခံစားခဲ့ရတယ်။ အရမ်းလည်းပျော်ရွှင်တယ်။ ဒါတွေအားလုံးမှန်တယ်လို့သင်ထင်သလား။
သူမသူမ၏ခင်ပွန်းကိုဘယ်လောက်ချစ်ကြောင်းသိခြင်းဖြင့် သူတို့နှစ်ယောက်စလုံးဘုရားသခင်ကိုအစေခံခြင်း၊ချစ်ခြင်းကိုသိလာပြီး ဘာကြောင့်လဲဆိုတော့သူမရဲ့ ယုံကြည်စွာအစေခံခြင်း၊ပိုပြီးသန့်ရှင်းစင်ကြယ်စွာနေထိုင်ခြင်းတွေကြောင့်သူမခံစားနေရတာဟာပျော်ရွှင်ခြင်းရဲ့လက်ဆောင်ဖြစ်တယ်လို့ကျွန်မပြောခဲ့တယ် သူမရဲ့သန့်ရှင်းမွန်မြတ်သောပျော်ရွှင်ခြင်းကိုရရန်သူမ၏အရည်အချင်းများဖြစ်ခဲ့တယ်။
ကျွန်တော်တို့ယုံကြည်ခြင်းရှိပါလျှက်ဘာကြောင့်ငြိမ်းချမ်းခြင်းပျော်ရွှင်ခြင်းကိုမခံစားရတာလဲလို့ ဒီနေ့နားထောင်နေသူတစ်ချို့တွေးကောင်းတွေးနိုင်တယ်။ ကျွန်တော်လည်းယုံကြည်ခြင်းရှိသော်လည်းကြောက်မတ်ဖွယ်ကောင်းသောဒုက္ခများကြုံခဲ့တယ်ဒါပေမဲ့ကျွန်တော်ပျော်ရွှင်ခြင်းမခံစားခဲ့ရဖူး”။
ပရောဖက်ဂျိုးဇက်စမစ်တောဒီလိုမျိုးကြုံတွေ့ခဲ့ရတယ်။ သူ လီဘာတီ မစ်ဆောရီ,ထဲမှာထောင်ကျနေစဥ်လွတ်မြောက်ရန်သူဆုတောင်းခဲ့တယ်။ သူကဘုရားသခင်အပေါ်ကိုသစ္စာရှိသောသူဖြစ်တယ်။ သူက သန့်ရှင်းမွန်မြတ်သောဆုကျေးဇူးကြီးထွားတယ်။ သူ့ပျော်ရွှင်ခြင်းတွေကိုငြင်းပယ်ခြင်းခံခဲ့ရတယ်။
ဘုရားသခင်ကသူ့ကိုစိတ်ရှည်ဖို့သင်ခန်းစာသင်ခဲ့တယ်ဒီအရာကလည်းကျွန်တော်တို့တခါတရံလိုအပ်တဲ့အရာဖြစ်တယ်ထို့အရာကကျွန်တော်တို့၏စိတ်ရှည်ခြင်းကိုစမ်းသပ်တယ်။ ဘုရားသခင်ကသူကိုသစ္စာရှိပြီးနာကျင်စွာခံစားနေရသောပရောဖက်ထံသို့စာလွှာပို့ခဲ့တယ်။
မြေတွင်းထဲသို့ချခြင်းကိုခံရလျှင်၊လူသတ်သမားတို့၏လက်တော်တို့ကျရောက်ခြင်းကြုံရလျှင်၊သေမင်း၏လက်ထဲသို့ကျရောက်လျှင်သဲနက်ရာထဲသို့ပစ်ချခြင်းခံရလျှင်ပရိယာယ်ပြုခြင်းများကြုံလျှင်ရန်သူ၏ပြင်းသောထိုးနှက်ခြင်းခံရလျှင်ကောင်းကင်တံခါးကမှည်းမှောင်နေလျှင်ပြီးတော့အထက်တွင်ပြောထားသောအရာများသည်လူအပေါင်းတို့ကြုံရသောအရာများဖြစ်ပြီးငရဲ၏ကြီးမားကျယ်ဝန်းသောတံခါးပွင့်မည်ဆိုပါက-ငါ၏ချစ်သား ဒီအရာတွေသည်သင့်ကိုကောင်းမွန်သောအတွေ့အကြုံများပေးရန်ဖြစ်တယ်ဆိုတာကိုသိပါ။
လူ၏သားတို့သည်ထို့လူအပေါင်းတို့အောက်တွင်ဆင်းသက်တော်မူသည်။ ဘုရားထက်ကြီးမြတ်သောသူရှိပါသလား။
ထို့ကြာင့် ကိုယ်တော်၏နည်းလမ်းတွင်လျှောက်လော့၊ယဇ်ပုရောဟိတ်အခွင့်သည်သင်နှင့်အတူရှိမည်သူတို့အတွက်အရာများသည်မှတ်ခြင်းခံထားသောကြောင့်သူတို့မလွန်ဆန်နိုင်။ ကိုယ်တော်သည်နေ့ရက်များကိုသိပြီးရေတွက်၍မလျော့နိုင် ထို့ကြောင့်လူသားများပြုသောအရာကို မကြောက်ကြနဲ့၊ဘုရားသခင်သည်သင်နှင့်အတူအမြဲထာဝရရှိမယ်။
ဘုရားသခင်ကယောဘကိုပေးခဲ့သောမှတ်သားစရာသင်ခန်းစာတစ်ခုနဲ့တူခဲ့တယ်၊သူကသာ၍သန့်ရှင်းစင်ကြယ်ရန် ယေရှုခရစ်တော်၏အသေခံအပြစ်ဖြေခြင်းကိုကြီးစွာသောတန်ဖိုးဖြင့်ပေးခဲ့သူဖြစ်တယ်။ ကျွန်တော်တို့ယောဘဝတ္ထုမိတ်ဆက်ကိုဖတ်လျှင်သူကသန့်ရှင်းစင်ကြယ်သောသူဖြစ်တယ်ဆိုတာကျွန်တော်တို့သိ နိုင်တယ်“ယောဘအမည်ရှိသောသူတယောက်သည်ဥဇပြည်၌နေ၏။ထို့သူသည်စုံလင်ဖြောင့်မတ်ခြင်းရှိ၏။ဘုရားသခင်ကိုကြောက်ရွံ့သောသူ၊မကောင်းသောမကျင့်ကိုရှောင်သောသူဖြစ်၏”
ထို့နောက်ယောဘဟာသူ၏ကြွယ်ဝခြင်းသာမကသူ၏ကျန်းမာရေးပါဆုံးရူံးခဲ့တယ်။ သူရဲ့ရန်သူကိုတိုက်ခိုက်ပြီးသူကြီးမားသောပျော်ရွှင်ခြင်းကိုခံစားဖို့ထိုက်တန်ခဲ့တယ်၊ယောကဟာသူရဲ့စင်ကြယ်ဖြောင့်မတ်ခြင်းကိုလည်းသံသယဝင်ခဲ့တာကိုသင်သတိရကောင်းရမယ်။ ယောဘကိုသူ၏သန့်ရှင်းဖြောင့်မတ်ခြင်းသည်စိတ်ဒုက္ခများဆောင်ပုံပေါ်သည်။
ယောဘကိုပေးခဲ့သောသင်ခန်းစာမျိုးဂျိုးဇက်စမစ်ကိုအားအမှားပြင်ပေးသင်ခန်းစာနဲ့တူတယ်။ ကိုယ်တော်ယောဘကိုကြေကွဲသောနှလုံးသားနှင့်အတူဝိညာဥ်ပိုင်းဆိုင်ရာမျက်လုံးနဲ့ကြည့်ရန်ဖွင့်ပြခဲ့တယ်။ သူမေးသည်ကား-
ယောကျာ်းကဲ့သို့သင့်ခါးကိုစီးလော့။ငါမေးသောပြဿနာတို့ကိုဖြေရှင်းလော့။
“မြေကြီးအမြစ်ကိုငါတည်သောအခါ၊သင်သည်အဘယ်မှာရှိသနည်း။နားလည်လျှင်ဘော်ပြလော့၊
မြေကြီးအတိုင်းအရှည်ပမာဏကိုအဘယ်သူစီရင်သနည်း။နားလည်လျှင်ပြောပြလော့။မြေကြီးကိုအဘယ်သူတန်း၍ချသနည်း။
မြေကြီးတိုက်မြစ်ကိုအဘယ်အရပ်၌စွဲစေသနည်း။
“နံနက်ကြယ်တို့သည်တညီတညွတ်တည်းသီချင်းဆို၍ဘုရားသခင်သားအပေါင်းတို့သည်ဝမ်းမြောက်သဖြင့်ကြွေးကျော်ကြစဥ်တိုက်ထောင့်အထွဋ်ကျောက်ကိုအဘယ်သူတင်ထားသနည်း။”
ထို့နောက်ယောဘကဘုရားသခင်ပေးသောစုံစမ်းခြင်းတွေကိုနောင်တရပြီးနောက်ဘုရားသခင်ကယောဘကိုသူ၏ကြီးမားသောအခက်အခဲတွေကိုမြင်ဖို့ခွင့်ပြုခဲ့တယ်။ သူနောင်တရခဲ့တယ်။
ပြီးတော့သူကဘုရားသခင်အားအဖြေပြန်ပေးခဲ့တာကတော့-
ကိုယ်တော်သည်အလုံးစုံတို့ကိုတတ်နိုင်တော်မူကြောင်းကို၄င်း၊အကြုံအစဥ်ကိုအဘယ်သူမျှမဆီးတားနိုင်ကြောင်းကို၄င်းသိပါ၏
ပညာမရှိဘဲအကြံအစည်တော်ကိုမိုက်စေသောသူကားအဘယ်နည်း။သို့ရာတွင်အကျွန်ုပ်သည်နားမလည်သောအရာတို့ကို၄င်း၊ကိုယ်တိုင်မသိအံ့သြ၍မကုန်သောအရာတို့ကိုပြောမိပါပြီ။
နားထောင်တော်မူပါ။အကျွန်ုပ်လျှောက်ပါမည်။အကျွန်ုပ်မေးလျှောက်သောအရာတို့ကိုသွန်သင်တော်မူပါ။
သတင်းတော်ကိုအကျွန်ုပ်နားနှင့်ကြားဖူးပါပြီ။ယခုမူကားအကျွန်ုပ်မျက်စိနှင့်မြင်ရပါ၏။
ထို့ကြောင့်အကျွန်ုပ်သည်ကိုယ့်ကိုကိုယ်ရွံရှာပါ၏။မြေမှုတ်နှင့်မီးဖိုဖြာ၌ထိုင်၍နောင်တရပါ၏ဟုလျှောက်တင်လေ၏။
ယောဘနောင်တရပြီးနောက် ပို၍သန့်ရှင်းလာပြီး ထာဝရဘုရားသခင်သည်သူဆုံးရူံးခဲ့သောအရာများထက်သာ၍ကောင်းကြီးပေးတော်မူ၏။ နောင်တရခြင်းနှင့်ကြုံခဲ့သောအခက်ခဲများကြောင့်ယောဘ၏သန့်ရှင်းစင်ကြယ်ခြင်းကိုသာ၍တိုးပွားစေပြီးကြီးမားသောကောင်းချီးများလည်းရခဲ့တယ်။ နေ့ရက်ကာလတိုင်းသူသည်ကြီးမားသောပျော်ရွှင်ခြင်းများရရှိရန်အရည်အချင်းပြည့်သောသူဖြစ်တယ်။
ကြီးမြတ်သန့်ရှင်းသောဆုကိုရိုးရှင်းစွာမေးမြန်းခြင်းဖြင့်မလာနိုင်။ ဘုရားသခင်ကကျွန်တော်တို့ကိုဘာပြောင်းလဲလိုတဲ့အရာကိုလုပ်ခြင်းဖြင့်လာတယ်။
သာ၍ကြီးမြတ်သန့်ရှင်းသောလမ်းကြောင်းကိုဘယ်လိုရနိုင်မလဲဆိုတာဥက္ကဌရပ်ဆဲလ်အမ်နယ်လဆင်က အကောင်းဆုံးအကြုံညာဏ်ကျွန်တော်တို့ကိုပြောခဲ့တယ်။ သူနည်းလမ်းပြပြီးတိုက်တွန်းခဲ့တာက-
နေ့စဥ်ဘဝကိုပို၍ကောင်းမွန်ပြီးနေထိုင်ခြင်းသည်-နောင်တရခြင်းခွန်အားရဲ့ခွန်အားဖြစ်တယ်။
ကျွန်တော်နောင်တရဖို့ရွေးချယ်သောအခါကျွန်တော်တို့ပြောင်းလဲနိုင်တယ်။ ကျွန်တော်တို့ကိုပြောင်းလဲဖို့ဘုရားသခင်ကိုခွင့်ပြုခြင်းသည်အကောင်းဆုံးသောအရာဖြစ်တယ်။ ကိုယ်တော်၌ရွေးနှုတ်ဝမ်းမြောက်ခြင်းသည်ကျွန်တော်တို့၏ပျော်ရွှင်ခြင်းနဲ့ဝိညာဥ်ခွန်အားကြီးထွားရန်ရွေးချယ်ခြင်းဖြစ်တယ်။ ကျွန်တော်တို့နောင်တရရန်ရွေးချယ်သောအခါတွင်ကျွန်တော်တို့ခရစ်တော်လိုပိုပြီးတူလာဖို့ရွေးချယ်ခြင်းဖြစ်တယ်။
ကျွန်တော်တို့ကိုပိုပြီးသန့်ရှင်းသူများဖြစ်ဖို့ဥက္ကဌနယ်လဆင်ခွန်အားပေးခဲ့တာတာက “ဘုရားသခင်ကကျွန်တော်တို့ပြည့်စုံခြင်းကိုမမျှော်လင့်ထားပါဖူးလို့ပြောခဲ့တဲ့အချက်ဖြစ်တယ်။ ဒါပေမဲ့မျှော်လင့်တာကကျွန်တော်တို့သာ၍သန့်ရှင်းစင်ကြယ်ဖို့ပဲဖြစ်တယ်။ သန်ံရှင်းစင်ကြယ်ခြင်းသည်နေ့စဥ်နောင်တရခြင်းဖြစ်သည်။”
ကျွန်တော်ကို ဘယ်လိုရှေ့ဆက်လျှောက်ပြီးဘယ်လို သန့်ရှင်းစင်ကြယ်သောဖြစ်နိုင်မလဲဆိုတာပိုပြိးသိမြင်စေနိုင်ဖို့ စောစောပိုင်းကအထွေထွေအစည်းအဝေးပွဲမှာဥက္ကဌ ဒယ်လင် အိပ်.အုပ်ဒ် ပြောခဲ့တယ်။ “ကျွန်တော်တို့ဝိညာဥ်ပိုင်းဆိုင်ရာဘယ်လိုအောင်မြင်နိုင်မလဲလို့”သူပြောခဲ့တယ်။ ကျွန်တော်တို့၏လက်တွဲဖော်ဖြစ်သောသန့်ရှင်းသောဝိညာဥ်တော်နှင့်အတူအစဥ်မပြတ်ပေါင်းသင်းနိုင်ဖို့သန့်ရှင်းမွန်မြတ်ခြင်းကိုဘယ်လို ထိန်းသိမ်းနိုင်မလဲ။ ထာဝရရူထောင့်တစ်ခုအနေဖြင့်ဒီကမ္ဘာကြီး၏အဖြစ်အပျက်များအားသုံးသက်လျှင်ကျွန်တော်တို့ဘယ်လိုမြင်နိုင်သလဲ။
ဥက္ကဌ အုပ်ဒ်သည် ကျွန်တော်တို့၏ကယ်တင်ရှင်ဖြစ်သောယေရှုခရစ်တော်ထံ၌ ယုံကြည်ခြင်းဖြင့် စတင်အဖြေပေးခဲ့တယ်။ အဲဒါက ကျွန်တော်တို့ကို ခွင့်လွှတ်ခြင်းကို နေ့တိုင်းအားထုတ်ဖို့နဲ့၊ သူ့ရဲ့ပညတ်တော်တွေကို စောင့်ထိန်းခြင်းအားဖြင့် သူ့ကို သတိရကြဖို့ လမ်းပြပါတယ်။ ကျွန်တော်တို့ခရစ်တော်၏စကားများကိုနေ့စဥ်စားသုံးခြင်းဖြင့်ကြီးမားသောယုံကြည်ခြင်းများရလာတယ်။
ဓမ္မသီချင်း“ပိုများသောသန့်ရှင်းခြင်းကျွန်တော်ကိုပေးပါ” ဆုတောင်ခြင်းနည်းလမ်းအားဖြင့်ပို၍သန့်ရှင်းခြင်းကိုရနိုင်ကြောင်းအကြုံပေးချင်ပါတယ်။ အမြော်အမြင်ရှိရှိစာရေးသူအကြံပေးထားတာကကျွန်တော်တို့လုပ်နိုင်သမျှအားလုံးလုပ်ဆောင်ပြီးအချိန်ကြာလာသည်နှင့်အမျှဘုရားသခင်၏ခွင့်ပြုချက်အားဖြင့်ချစ်လှစွာသောဘုရားသခင်ထံမှ သန့်ရှင်းခြင်းလက်ဆောင်အားကျွန်တော်တို့ရှာနေခြင်းဖြစ်တယ်။ နောက်ဆုံးအပိုဒ်ကိုသတိရသလား၊
ကျွန်တော်တို့၏ပုဂ္ဂိုလ်ရေးရာဘယ်သို့ပင်ဖြစ်ပါစေ ပဋိညာဥ်တရားအိမ်ပြန်လမ်းကြောင်းဘယ်နေရာတွင်ဖြစ်စေ၊ကြီးမြတ်သန့်ရှင်းခြင်းအဖို့ကျွန်တော်တို့ဆုတောင်းပါကအဖြေရမယ်။ ခွင့်ပြုဖို့ကျွန်တော်တို့ကိုခွင့်ပြုရန်တောင်းခံရမယ်ဒါဆိုပျော်ရွှင်ခြင်းများတိုးပွားလာမယ်ဆိုတာကျွန်တော်သိတယ်။ အဲ့အရာတွေကလာဖို့နှောင့်နှေးမယ်ဒါပေမဲ့လာလိမ့်မယ်။ ထို့အရာတွေဟာချစ်လှစွာသောကောင်းကင်ဘုံအဖနှင့်သူ၏တစ်ပါးတည်းသောသားတော်ယေရှုခရစ်တော်ထံမှလာတယ်ဆိုတာကျွန်တော်အာမခံတယ် ။
ဂျိုးဇက်စမစ်သည်ဘုရားသခင်၏ပရောဖက်ဖြစ်ပြီး ဥက္ကဌ ရပ်ဆဲလ် အမ် နယ်လဆင်သည်ယနေ့ကာလကျွန်တော်တို့၏အသက်ရှင်သောပရောဖက်ဖြစ်တယ်ဆိုတာကျွန်တော်သက်သေခံတယ်။ ဘုရားသခင်အသက်ရှင်တယ်ပြီးတော့ကျွန်တော်တို့ကိုချစ်တယ်။ သူရဲ့မိသားစုအိမ်ကိုကျွန်တော်တို့ကိုပြန်လာစေချင်တယ်။ ကျွန်တော်တို့ရဲ့အပြန်ခရီးစဥ်ဖြစ်ပြီးကယ်တင်ရှင်ခရစ်တော်ဟာကျွန်တော်တို့ကိုသူ့နောက်လိုက်လျှောက်ရန်ဖိတ်ခေါ်တယ်။ သူတို့ကနည်းလမ်းပြင်ဆင်ခဲ့တယ်။ ယေရှုခရစ်တော်၏သန့်ရှင်းမွန်မြတ်တဲ့နာမတော်အားဖြင့်၊ အာမင်။