ခမည်းတော်
ကျွန်တော်တို့အယောက်စီတိုင်းဟာ ခမည်းတော်လိုဖြစ်လာဖို့ အလားအလာရှိကြပါတယ်။ အဲဒီလိုဖြစ်ဖို့ရာ၊ ကျွန်တော်တို့ဟာ ခမည်းတော်ကို သားတော်၏နာမတော်အားဖြင့် ဝတ်ပြုကြရမှာဖြစ်ပါတယ်။
ကျွန်တော့ဇနီး၊ မယ်လင်ဒါဟာ ယေရှုခရစ်တော်ရဲ့ သစ္စာရှိသောတပည့်တော်တစ်ယောက်ဖြစ်ဖို့ သူ့စိတ်နှလုံးအကြွင်းမဲ့နဲ့ကြိုးစားခဲ့ပါတယ်။ သို့သော်လည်း၊ သူ့ရဲ့ လူငယ်ဘဝမှာ၊ သူဟာကောင်းကင်ဘုံရှင်အဘရဲ့၊ ချစ်ခြင်းနဲ့ ကောင်းချီးမင်္ဂလာများနဲ့ မထိုက်တန်ဘူးလို့ခံစားခဲ့ရပါတယ်၊ ဘာကြောင့်လဲဆိုရင်၊ ကိုယ်တော်ရဲ့သဘာဝကို သူနားလည်မှုလွဲခဲ့လို့ပဲဖြစ်ပါတယ်။ ကံကောင်းစွာပဲ၊ မယ်လင်ဒါဟာ ခံစားရတဲ့ဝမ်းနည်းမှုရှိသော်ငြားလည်း ပညတ်တော်များကို ဆက်ပြီးစောင့်ထိန်းခဲ့ပါတယ်။ လွန်ခဲ့တဲ့နှစ်အနည်းငယ်တုန်းကပေါ့၊ ဘုရားသခင်ရဲ့သားသမီးတွေအတွက် သူ့ချစ်ခြင်းနဲ့၊ သူ့အမှုတော်ကိုဆောင်ဖို့ ကျွန်တော်တို့ရဲ့ မစုံလင်တဲ့အားထုတ်မှုများအတွက် သူ့ရဲ့ ကျေးဇူးသိခြင်းအပါအဝင်၊ ဘုရားသခင်ရဲ့သဘာဝကို ပိုပြီးနားလည်စေခဲ့တဲ့အတွေ့အကြုံအချို့ကို သူရရှိခဲ့ပါတယ်။
ဒီအဖြစ်က သူ့ကို ဘယ်လိုလွှန်းမိုးခဲ့သလဲဆိုတာ သူကအခုလို ရှင်းပြပါတယ်၊ “ ခမည်းတော်ရဲ့အစီအစဉ် သေချာတယ်ဆိုတာ၊ ကျွန်မတို့ရဲ့အောင်မြင်မှုအတွက် သူကိုယ်တိုင် မြှုပ်နှံခဲ့တယ်ဆိုတာ၊ မျက်မှောက်တော်ကို ပြန်သွားဖို့ ကျွန်မတို့မှာလိုအပ်တဲ့ သင်ခန်းစာတွေနဲ့ အတွေ့အကြုံတွေ ကျွန်မတို့ကိုသူပံ့ပိုးတယ်ဆိုတာ သေချာတယ်လို့ ကျွန်မအခု ခံစားရပြီ။ ကျွန်မကိုယ်တိုင်နဲ့ အခြားသူတွေကို ဘုရားသခင် ကျွန်မတို့ကို မြင်သလိုမျိုးနဲ့ ကျွန်မပိုပြီးမြင်တတ်လာပါတယ်။ ကျွန်မဟာ မိဘနေရာကိုယူနိုင်စွမ်း၊ သွန်သင်နိုင်စွမ်း၊ ပြီးတော့ အချစ်များများ၊ အကြောက်နည်းနည်းနဲ့ အစေခံနိုင်စွမ်းရှိပါတယ်။ စိုးရိမ်ခြင်းနဲ့ လုံခြုံမှုမရှိခြင်းထက် ငြိမ်းချမ်းခြင်းနဲ့ ယုံကြည်မှုကို ခံစားရပါတယ်။ ဝေဖန်အပြစ်တင်တယ်လို့ ခံစားရခြင်းအစား၊ ထောက်ခံအားပေးတယ်လို့ ခံစားရပါတယ်။ ကျွန်မရဲ့ယုံကြည်ခြင်းက ပိုပြီးသေချာလာပါတယ်။ ကျွန်မခမည်းတော်ရဲ့ချစ်ခြင်းကို ကျွန်မပိုပြီးအကြိမ်ကြိမ်၊ ပိုပြီးလေးနက်စွာခံစားရပါတယ်”။
“[ကောင်းကင်ဘုံရှင်အဘရဲ့ ] ဝိသေသလက္ခဏာ၊ စုံလင်ခြင်းနဲ့ ဂုဏ်အင်္ဂါတို့အကြောင်း မှန်သော အတွေးအခေါ်” ရှိခြင်းဟာ ချီးမြှောက်ခြင်းကို ရရှိဖို့ လုံလောက်သောရုံကြည်မှုပြုခြင်းအတွက် မရှိမဖြစ်လိုအပ်ပါတယ်။ ကောင်းကင်ဘုံရှင်အဘရဲ့ ဝိသေသလက္ခဏာအကြောင်း မှန်သောနားလည်ခြင်းက ကျွန်တော်တို့ကိုယ်ကျွန်တော်တို့နဲ့ အခြားသူများအပေါ်မြင်တဲ့ပုံကို ပြောင်းစေနိုင်ပါတယ်၊ ဘုရားသခင်ရဲ့သားသမီးများအတွက် သူ့ရဲ့ အံ့ဩတုန်လှုပ်ဖွယ်ချစ်ခြင်း၊ ကျွန်တော်တို့ကို သူလိုဖြစ်အောင်ကူညီလိုတဲ့ သူရဲ့ကြီးစွာသောဆန္ဒတို့ကို နားလည်စေဖို့ ကျွန်တော်တို့ကို ကူညီပါတယ်။ သူ့သဘာဝအပေါ် မမှန်တဲ့အမြင်က ကျွန်တော်တို့ကို သူ့မျက်မှောက်တော်သို့ ဘယ်တော့မှ ပြန်သွားနိုင်စွမ်းမရှိသည့်ပမာ ခံစားစေနိုင်ပါတယ်။
ဒီနေ့ကျွန်တော့ရည်ရွယ်ချက်ကတော့၊ ကျွန်တော်တို့အယောက်တိုင်းကို၊ အထူးသဖြင့် ကိုယ့်ကို ဘုရားသခင်ချစ်ရဲ့လားလို့ စဉ်းစားသူများကို သူရဲ့မှန်သောဝိသေသလက္ခဏာကို ပိုပြီးနားလည်စေဖို့၊ သူ၊ သူ့သားတော်၊ ပြီးတော့ ကျွန်တော်တို့အတွက် သူ့အစီအစဉ်ကို ပိုပြီးကောင်းကောင်းယုံကြည်မှုပြုစေဖို့ အခွင့်ပေးတဲ့ ဩဝါဒဆိုင်ရာအဓိကအချက်များကို သွန်သင်ဖို့ဖြစ်ပါတယ်။
ကမ္ဘာမြေသို့မရောက်ခင်ဘဝ
ကမ္ဘာမြေသို့မရောက်ခင်ဘဝမှာ၊ ကျွန်တော်တို့ကို ကောင်းကင်ဘုရှင်မိဘတွေဆီမှာ ဝိညာဉ်များအဖြစ် မွေးဖွားခဲ့ပြီး၊ သူတို့နဲ့အတူ မိသားစုတစ်ခုအဖြစ် နေထိုင်ခဲ့ကြပါတယ်။ သူတို့က ကျွန်တော်တို့ကို သိတယ်၊ သွန်သင်တယ်၊ ချစ်လည်းချစ်ပါတယ်။ ကျွန်တော်တို့ဟာ ကျွန်တော်တို့ရဲ့ကောင်းကင်ဘုံရှင်အဘလို အင်မတန်ဖြစ်ချင်ကြပါတယ်။ သို့သော်လည်း၊ အဲဒီလိုဖြစ်ဖို့ဆိုလျှင်၊ ကျွန်တော်တို့လုပ်ရမယ့်အရာတွေကို သိရမှာဖြစ်ပါတယ်၊
-
လက်ထပ်ပြီး၊ ယဇ်ပုရောဟိတ်အခွင့်ရဲ့ပေါင်းစည်းခြင်းတန်ခိုးအားဖြင့် မိသားစုကို တည်ထောင်ရမယ်။ ပြီးတော့၊
-
အသိဉာဏ်၊ စွမ်အား၊ မြင့်မြတ်သောဂုဏ်အင်္ဂါမှန်သမျှကို ဆည်းပူးကြရပါမယ်။
ဒါကြောင့်မိုလို့၊ ခမည်းတော်က သတ်မှတ်ချက်အချို့နှင့် ကိုက်ညီလျှင်၊ မသေနိုင်တဲ့အရာဖြစ်လာပြီး၊ ရှင်ပြန်ထမြောက်ခြင်း၌ ဘုန်းဝင်စားမည့် ရုပ်ခန္ဓာကိုရရှိစေဖို့၊ လက်ထပ်ပြီး သေခြင်းရှိရာဘဝမှာ မိသားစုတည်ထောင်ဖို့၊ ဒါမှမဟုတ်၊ ဒီအခွင့်ကို မရတဲ့သစ္စာရှိသူများအနေနဲ့ သေခြင်းရှိရာဘဝနောက်မှာ တည်ထောင်ဖို့၊ စုံလင်ခြင်းဆီတိုးတက်ဖို့၊ နောက်ဆုံးမှာကျွန်တော်တို့ရဲ့ ကောင်းကင်ဘုံရှင်မိဘတွေဆီကို ပြန်သွားပြီး၊ သူတို့နဲ့အတူ၊ ကျွန်တော်တို့မိသားစုများနဲ့အတူ ချီးမြှောက်ခြင်းနဲ့ ထာဝရပျော်ရွှင်ခြင်းမှာ နေကြဖို့ အခွင့်ပေးမယ့် အစီအစဉ်တစ်ခုကို ခမည်းတော်ရေးဆွဲခဲ့ပါတယ်။
ကျမ်းစာတွေမှာတော့၊ ဒီအစီအစဉ်ကို ကယ်တင်ခြင်းအစီအစဉ်လို့ခေါ်ပါတယ်။ ဒီအစီအစဉ်အတွက် ကျွန်တော်တို့အလွန်အင်မတန် ကျေးဇူးတင်ရှိပါတယ်။ အဲဒီအစီအစဉ်ကို ကျွန်တော်တို့ဆီ ချပြတဲ့အခါ ဝမ်းမြောက်ဝမ်းသာ အော်ဟစ်မိပါတယ်။ မြင့်မြတ်တဲ့ဂုဏ်အင်္ဂါတွေဖွံ့ဖြိုးဖို့ ကျွန်တော်တို့ကိုကူညီမယ့် သေခြင်းရှိရာဘဝရဲ့ အတွေ့အကြုံများနဲ့ စိန်ခေါ်မှုများအပါအဝင်၊ ဒီအစီအစဉ်ရဲ့ သတ်မှတ်ချက်များကို ကျွန်တော်တို့အယောက်တိုင်း လက်ခံခဲ့ကြပါတယ်။
သေခြင်းရှိသောဘဝ
သေခြင်းရှိသောဘဝကာလ၌၊ ကျွန်တော်တို့ကို ကောင်းကင်ဘုံရှင်အဘက သူ့အစီအစဉ်ထဲမှာ ကျွန်တော်တို့တိုးတက်ဖို့လိုအပ်တဲ့ သတ်မှတ်ချက်များနဲ့ ပံ့ပိုးပေးထားပါတယ်။ ခမည်းတော်က ယေရှုခရစ်တော်ကို ဇာတိခန္ဓာကိုယ်ဖြင့် မွေးဖွားစေပြီး၊ သူရဲ့သေခြင်းရှိရာဘဝသာသနာကို ပြီးပြည့်စုံစေဖို့ မြင့်မြတ်သောအကူအညီနဲ့ ပံ့ပိုးပေးထားပါတယ်။ ကျွန်တော်တို့ဟာ သူ့ပညတ်တော်များကို စောင့်ထိန်းဖို့ ကြိုးစားကြမယ်ဆိုလျှင်၊ ကောင်းကင်ဘုံရှင်အဘက ကျွန်တော်တို့အယောက်စီတိုင်းကို အဲဒီလိုပဲ ကူညီမှာဖြစ်ပါတယ်။ ခမည်းတော်က ကျွန်တော်တို့ကို ရွေးချယ်ပြုမူနိုင်ခွင့် ပေးထားပါတယ်။ ကျွန်တော်တို့ရဲ့ဘဝတွေဟာ သူ့လက်ထဲမှာရှိပါတယ်။ ကျွန်တော်တို့ရဲ့”နေ့တွေကို သိတော်မူပါတယ်” “တိုတောင်းစေလိမ့်မည်မဟုတ်ပါ။” နောက်ဆုံးမှာ ခပ်သိမ်းသောအရာတို့ဟာ သူ့ကို ချစ်သောသူများအကျိုးအတွက် ဖြစ်စေဖို့ကို သူကသေချာစေတော်မူပါတယ်။
ကျွန်တော်တို့စားတဲ့ အစားအစာနဲ့ သူ့ပညတ်တော်တွေကို စောင့်ထိန်းဖို့ခွန်အား နှစ်ခုစလုံးပါဝင်တဲ့ ကျွန်တော်တို့ရဲ့နေ့စဉ်မုန့်ကိုပေးတဲ့သူဟာ ကောင်းကင်ဘုံရှင်အဘဖြစ်ပါတယ်။ ခမည်းတော်က ကောင်းမြတ်တဲ့ဆုကျေးဇူးတွေကို ပေးပါတယ်။ သူက ကျွန်တော်တို့ရဲ့ဆုတောင်းချက်တွေကို ကြားပြီး၊ ဖြေတော်မူပါတယ်။ ကျွန်တော်တို့ ကောင်းကင်ဘုံရှင်အဘကို အခွင့်ပေးတဲ့အခါ၊ သူက ကျွန်တော်တို့ကို မကောင်းမှုကနေ ကယ်လွှတ်ပါတယ်။ ကျွန်တော်တို့ခံစားရတဲ့အခါ ကျွန်တော်တို့အတွက် သူငိုကြွေးပါတယ်။ အဆုံးစွန်ဆုံးအနေနဲ့၊ ကျွန်တော်တို့ရဲ့ကောင်းချီးမင်္ဂလာအားလုံးဟာ ခမည်းတော်ဆီက လာတာဖြစ်ပါတယ်။
ကျွန်တော်တို့ ကောင်းတဲ့အသီးကို သီးနိုင်စေကြောင်း၊ ကောင်းကင်ဘုံရှင်အဘက ကျွန်တော်တို့ကို လမ်းညွှန်ပါတယ်၊ ကျွန်တော်တို့ရဲ့ အားသာချက်၊ အားနည်းချက်နဲ့ ရွေးချယ်မှုများအပေါ်မှာ အခြေခံပြီးတော့၊ ကျွန်တော်တို့လိုအပ်တဲ့ အတွေ့အကြုံတွေကို ပေးပါတယ်။ ခမည်းတော်ဟာ ကျွန်တော်တို့ကို ချစ်တော်မူလို့ လိုအပ်တဲ့အခါမှာ ဆုံးမတော်မူပါတယ်။ သူ ကျွန်တော်တို့ကို ချစ်ပါတယ်။ သူဟာ ကျွန်တော်တို့တောင်းဆိုတဲ့အခါ အကြံဉာဏ်ပေးမယ့် “အကြံဉာဏ်ရှင်ယောက်ျား” ဖြစ်ပါတယ်။
ကျွန်တော်တို့ဘဝတွေထဲကိုသန့်ရှင်းသောဝိညာဉ်တော်ရဲ့ အရှိန်အဝါနဲ့ဆုကျေးဇူး နှစ်ခုစလုံးကို ပို့တဲ့သူဟာ ကောင်းကင်ဘုရှင်အဘဖြစ်ပါတယ်။သန့်ရှင်းသောဝိညာဉ်တော်၏ဆုကျေးဇူးအားဖြင့်၊ ခမည်းတော်ရဲ့ ဘုန်းတော် သို့မဟုတ်၊ ဉာဏ်စွမ်းရည်၊ အလင်းနဲ့တန်ခိုးတို့ဟာ ကျွန်တော်တို့အထဲမှာ ကိန်းအောင်းနိုင်ပါတယ်။ကျွန်တော်တို့ဟာ ဘုရားသခင်ရဲ့ဘုန်းတော်ထင်ရှားဖို့ ဆက်ကပ်သည်အထိ၊ အလင်းနဲ့သမ္မာတရားမှာ တိုးပွားဖို့ ကြိုးစားကြမယ်ဆိုလျှင်၊ ကျွန်တော်တို့ကို ထာဝရအသက်အထိ တံဆိပ်ခတ်ဖို့နဲ့ သူ့မျက်နှာတော်ကို ဖော်ပြဖို့ ယခုဘဝမှာဖြစ်စေ၊ နောက်ဘဝမှာဖြစ်စေ ကတိတော်နဲ့ယှဉ်တဲ့ သန့်ရှင်းသောဝိညာဉ်တော်ကို ကောင်းကင်ဘုံရှင်အဘစေလွှတ်တော်မူပါလိမ့်မယ်။
သေပြီးနောက်ဘဝ
သေပြီးနောက်ဝိညာဉ်လောကတွင်၊ ကောင်းကင်ဘုံရှင်အဘသည် သန့်ရှင်းသောဝိညာဉ်တော်ကို သွန်းလောင်းဖို့နှင့်၊ ဧဝံဂေလလိတရားတော်ကို လိုအပ်နေသူများအတွက် သာသနာပြုများကို စေလွှတ်ဖို့ ဆက်၍ပြုတော်မူပါတယ်။ သူဟာ ဆုတောင်းချက်တွေကိုဖြေကြားပါတယ်။ ကိုယ်စားဆောင်ရွက်တဲ့ ကယ်တင်ခြင်းဘိသိက်မင်္ဂလာများ မရရှိသေးတဲ့သူများကို ရရှိစေဖို့ ကူညီပါတယ်။
ခမည်းတော်သည် ယေရှုခရစ်တော်ကို ချီးမြှောက်တော်မူပြီး၊ ရှင်ပြန်ထမြောက်ခြင်းကို ဖြစ်ပေါ်စေဖို့ တန်ခိုးကို ပေးတော်မူပါတယ်။ အဲဒါကတော့၊ သေခြင်းမရှိတဲ့ခန္ဓာကိုယ်ကို ကျွန်တော်တို့ရရှိဖို့ရာနည်းလမ်းဖြစ်ပါတယ်။ ကယ်တင်ရှင်ရဲ့ ရွေးနှုတ်ခြင်းနဲ့ ရှင်ပြန်ထမြောက်ခြင်းက ကျွန်တော်တို့ကို ခမည်းတော်ရဲ့မျက်ကို ပြန်လည်ခေါ်ဆောင်ပါတယ်။ အဲဒီနေရာမှာ ယေရှုခရစ်တော်အားဖြင့် ကျွန်တော်တို့တရားစီရင်ခံရမှာဖြစ်ပါတယ်။
“သန့်ရှင်းသောမေရှိယရဲ့ ကောင်းမှုများ၊ ကရုဏာနဲ့ ကျေးဇူးတော်တို့” အပေါ်မှီခိုတဲ့သူများဟာ ခမည်းတော်လိုဘုန်းတော်ဝင်စားတဲ့ခန္ဓာကိုယ်ကို ရရှိကြမယ်၊ “အဘယ်တော့မျှအဆုံးမရှိသောပျော်ရွှင်ခြင်းအခြေအနေမှာ” သူနဲ့အတူနေထိုင်ကြရပါမယ်။ အဲဒီမှာ၊ ခမည်းတော်က ကျွန်တော်တို့ရဲ့မျက်ရေတွေကို သုတ်ပေးမယ်၊ သူလိုဖြစ်လာစေရန် ကျွန်တော်တို့ရဲ့ခရီးကိုဆက်ဖို့ ကျွန်တော်တို့ကို ကူညီပါလိမ့်မယ်။
သင်တို့သိတဲ့အတိုင်းပါပဲ၊ ကျွန်တော်တို့အတွက် ကောင်းကင်ဘုံရှင်အဘက အဲဒီမှာအမြဲတမ်းရှိပါတယ်။
ခမည်းတော်၏ဝိသေသလက္ခဏာ
ခမည်းတော်လိုဖြစ်လာစေဖို့၊ ကျွန်တော်တို့မှာ သူ့ရဲ့ဝိသေသလက္ခဏာအသွင်ကို ဖွင့်ဖြိုးကြရပါမယ်။ ကောင်းကင်ဘုံရှင်အဘရဲ့ စုံလင်ခြင်းနဲ့ ဂုဏ်အင်္ဂါတွေထဲမှာ အောက်ပါတို့ ပါဝင်ပါတယ်။
-
သူဟာ စုံလင်စွာဖြောင့်မတ်တယ်၊ သနားတယ်၊ ကြင်နာတယ်၊ စိတ်ရှည်တယ်၊ ပြီးတော့၊ ကျွန်တော်တို့အတွက် အကောင်းဆုံးဆိုတဲ့အရာကိုသာ အလိုရှိတော်မူပါတယ်။
-
သူဟာ ရှေးဦးစွာကတည်းက၊ အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်အားလုံးကို သိတော်မူပါတယ်။
-
ကောင်းကင်ဘုံရှင်အဘက ကျွန်တော်တို့အားလုံးထက် ပိုပြီးဉာဏ်ကြီးပါတယ်။
-
ခမည်းတော်မှာ အလုံးစုံသောတန်ခိုးရှိပါတယ်၊ ပြုလုပ်ဖို့ သူ့စိတ်နှလုံးမှာမှတ်ယူတဲ့အရာအားလုံးကို ပြုလုပ်တော်မူပါတယ်။
ညီအစ်ကိုမောင်နှမများခင်ဗျာ၊ ကျွန်တော်တို့ဟာ ခမည်းတော်ကို ယုံကြည်ကိုးစားနိုင်၊ မှီခိုနိုင်ကြပါတယ်။ ဘာကြောင့်လဲဆိုလျှင်၊ သူ့မှာထာဝရအမြင်ရှိလို့ပဲဖြစ်ပါတယ်၊ ကောင်းကင်ဘုံရှင်အဘက ကျွန်တော်တို့မမြင်နိုင်တဲ့အရာတွေကို မြင်နိုင်ပါတယ်။ သူ့ရဲ့ ဝမ်းမြောက်ခြင်း၊ အမှုတော်နဲ့ ဘုန်းတော်ကတော့၊ ကျွန်တော်တို့ရဲ့ သေခြင်းမရှိရာဘဝနဲ့ ချီးမြှောက်ခြင်းကို ဖြစ်ပေါ်စေဖို့ပဲဖြစ်ပါတယ်။ သူပြုတော်မူတဲ့အရာတိုင်းဟာ ကျွန်တော်တို့အကျိုးအတွက်ပဲဖြစ်ပါတယ်။ သူက [ကျွန်တော်တို့ရဲ့ ]ထာဝရပျော်ရွှင်မှုကို [ကျွန်တော်တို့]အလိုရှိတာထက်တောင်မှ ပိုပြီးတော့ အလိုရှိတော်မူပါတယ်။ ကျွန်တော်တို့အကျိုးအတွက်၊ သို့မဟုတ် ကျွန်တော်တို့ချစ်တဲ့သူများရဲ့အကျိုးအတွက် တကယ်လိုအပ်သည်ထက် အနည်းငယ်ပိုပြီးကြာတဲ့အခက်အခဲကို ကျွန်တော်တို့တွေ့ကြုံစေဖို့ သူအလိုမရှိပါဘူး။ ရလဒ်အနေနဲ့၊ ကျွန်တော်တို့တိုးတက်ဖို့ ကူညီခြင်းကို အာရုံစိုက်တယ်၊ ကျွန်တော်တို့အပေါ် ဝေဖန်ပြစ်တင်ခြင်းနဲ့ ပြစ်ဒဏ်ချမှတ်ခြင်းကို အာရုံမစိုက်ပါဘူး။
ကျွန်တော်တို့ရဲ့ခမည်းတော်ကဲ့သို့ဖြစ်လာခြင်း
ဘုရားသခင်ရဲ့ ဝိညာဉ်သားများနဲ့ သမီးများအနေနဲ့၊ ကျွန်တော်တို့အယောက်စီတိုင်းဟာ ခမည်းတော်လိုဖြစ်လာဖို့ အလားအလာရှိကြပါတယ်။ အဲဒီလိုဖြစ်ဖို့ရာ၊ ကျွန်တော်တို့ဟာ ခမည်းတော်ကို သားတော်၏နာမတော်အားဖြင့် ဝတ်ပြုကြရမှာဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ ခမည်းတော်ရဲ့အလိုတော်ကို ကယ်တင်ရှင်လိုပဲ နာခံဖို့ ကြိုးစားခြင်းအားဖြင့် ၊ ပြီးတော့ အဆက်မပြတ်နောင်တရခြင်းအားဖြင့် ဝတ်ပြုကြပါတယ်။ ကျွန်တော်တို့ဟာ၊ ဒါတွေကို လုပ်ဆောင်ကြတာနဲ့အမျှ၊ ခမည်းတော်၏ပြည့်စုံခြင်းကို ရရှိသည့်တိုင်အောင် ကျေးဇူးတော်အတွက် ကျေးဇူးတော်ကို လက်ခံရရှိပြီး၊ သူ့ရဲ့ “ဝိသေသလက္ခဏာ၊ စုံလင်ခြင်းနဲ့ ဂုဏ်အင်္ဂါများဖြင့် အပ်နှင်းခံကြရပါတယ်။
ကျွန်တော်တို့ သေခြင်းရှိရာဘဝနဲ့ ခမည်းတော်ဖြစ်လာတဲ့အရာနှစ်ခုကြား ခြားနားချက်ကို စဉ်းစားရင်း၊ အချို့က ခမည်းတော်လိုဖြစ်လာခြင်းဆိုတာ ကြိုးပမ်း၍မရနိုင်သောအရာလို့ ခံစားကြတယ်ဆိုတာ အံ့ဩစရာမဟုတ်ပါဘူး။ သို့သော်လည်း၊ ကျမ်းစာများကတော့ ရှင်းပါတယ်။ ကျွန်တော်တို့ဟာ ခရစ်တော်ကို ယုံကြည်ခြင်း၌ စွဲမြဲကြ၊ နောင်တရကြ၊ ပြီးတော့၊ နာခံခြင်းအားဖြင့် ဘုရားသခင်ရဲ့ကျေးဇူးတော်ကို ရှာကြမယ်ဆိုလျှင်၊ နောက်ဆုံးမှာ ခမည်းတော်လိုဖြစ်လာကြမှာပါ။ နာခံဖို့ကြိုးစားကြသောသူများသည် “ ကျေးဇူးတော်အတွက် ကျေးဇူးတော်ကို လက်ခံရရှိကြ”လိမ့်မည်၊ နောက်ဆုံးမှာ “သူ၏ပြည့်စုံခြင်းကို လက်ခံရရှိကြ”လိမ့်မည်ဆိုတဲ့အချက်ကြောင့် ကျွန်တော်အင်မတန်နှစ်သိမ့်ပါတယ်။ တနည်းအားဖြင့်၊ ကျွန်တော်တို့ဘာသာကျွန်တော်တို့ကြိုးပမ်းမှုကြောင့် ခမည်းတော်လိုဖြစ်လာမှာမဟုတ်ပါ။ ကျေးဇူးတော်ဆုကျေးဇူးများအားဖြင့်သာ ဖြစ်လာပါလိမ့်မယ်။ အချို့ဆုကျေးဇူးတွေကကြီးမားသော်လည်း၊ အများစုမှာ သေးငယ်ပါတယ်။ ကျွန်တော်တို့မှာ ပြည့်စုံတဲ့အထိ တစ်ခုပေါ်တစ်ခုထပ်လျက်ရှိပါတယ်။ သို့သော်လည်း၊ ညီအစ်ကိုမောင်နှမများခင်ဗျာ၊ အဲဒီလို ဖြစ်လာမှာပါ။
သင်တို့ကို ဘယ်လိုချီးမြှောက်ရမယ်ဆိုတာ ကောင်းကင်ဘုံရှင်အဘသိတဲ့အကြောင်း ယုံကြည်စိတ်ချကြဖို့ သင်တို့ကို ကျွန်တော်ဖိတ်ခေါ်ပါတယ်။ သူ့ရဲ့နေ့စဉ်အကူအညီအထောက်အပံ့ကို ရှာပါ။ ဘုရားသခင်ရဲ့ချစ်ခြင်းကို သင်တို့မခံစားရတဲ့အချိန်မှာတောင်မှ ခရစ်တော်ကို ယုံကြည်ခြင်းနဲ့ ရှေ့သို့ဆက်၍ကြိုးစားပါ။
ခမည်းတော်လိုဖြစ်လာခြင်းအကြောင်း ကျွန်တော်တို့ နားမလည်တဲ့အရာတွေအများကြီးရှိပါတယ်။ ဒါပေမယ့်၊ ခမည်းတော်လိုဖြစ်ဖို့ ကြိုးစားခြင်းဟာ စွန့်လွှတ်မှုတိုင်းနဲ့ထိုက်တန်တဲ့ဆိုတဲ့အကြောင်း ကျွန်တော်အသေအချာသက်သေခံနိုင်ပါတယ်။ ဒီသေခြင်းရှိရာဘဝမှာ ကျွန်တော်တို့ပြုလုပ်တဲ့ စွန့်လွှတ်မှုများဘယ်လောက်ပဲကြီးပါစေ၊ ဘုရားသခင်မျက်မှောက်မှာ ကျွန်တော်တို့ခံစားရမယ့် တိုင်းလို့မရတဲ့ ဝမ်းမြောက်ခြင်း၊ ပျော်ရွှင်ခြင်းနဲ့ ချစ်ခြင်းတို့နဲ့ နှိုင်းယှဉ်လို့မရပါဘူး။ သင်တို့ပြုလုပ်ဖို့ တောင်းဆိုခံရတဲ့ စွန့်လွှတ်ခြင်းတွေဟာ ထိုက်တန်တဲ့အကြောင်း ယုံကြည်ဖို့ ခက်နေလျှင်၊ “သင်တို့အတွက် ခမည်းတော်ပြင်ဆင်ထားသည့် ကောင်းချီးမင်္ဂလာများ အဘယ်မျှကြီးမြတ်သည်ကို သင်တို့နားလည်ခြင်းမရှိသေး၊ သင်တို့သည် ခပ်သိမ်းသောအရာတို့ကို ယခုတွင် ကြံ့ကြံ့မခံနိုင်သေး၊ ရွှင်လန်းကြလော့၊ အကြောင်းမူကား သင်တို့ကို ငါပို့ဆောင်တော်မူမည်”လို့ ကယ်တင်ရှင်မိန့်တော်မူပါတယ်။
သင်တို့ရဲ့ကောင်းကင်ဘုံရှင်အဘက သင်တို့ကို ချစ်တယ်၊ သင်တို့ကို သူနှင့်အတူ တစ်ဖန်ပြန်နေစေဖို့ အလိုရှိတော်မူတယ်ဆိုတဲ့အကြောင်း ကျွန်တော်သက်သေခံပါတယ်။ ယေရှုခရစ်တော်၏နာမတော်အားဖြင့်၊ အာမင်။