၂၀၁၀-၂၀၁၉
သင်တို့ ယနေ့ရွေးကြလော့
အောက်တိုဘာ ၂၀၁၈


13:49

သင်တို့ ယနေ့ရွေးချယ်ကြလော့

ကျွန်တော်တို့ရဲ့ ထာဝရပျော်ရွှင်မှုအတိုင်းအတာဟာ အသက်ရှင်တဲ့ဘုရားသခင်ကိုရွေးချယ်ခြင်းနဲ့ သူ့အမှုတော်၌ သူနဲ့ပူးပေါင်းခြင်းတို့အပေါ်မှာ မူတည်ပါတယ်။

စိတ်ကူးယဉ်ဇာတ်ကောင် မေရီပေါ့ပင်ဟာ မှော်ပညာတတ်တဲ့ အင်္ဂလိပ် ကလေးထိန်းပီသသူတစ်ယောက်ဖြစ်ပါတယ်။ အက်ဒ်ဝါ့ဒီယန် လန်ဒန်ရှိ အမှတ် ၁၇၊ ချယ်ရီပင်လမ်းသွယ်က ဒုက္ခရောက်နေတဲ့ ဘန့်မိသားစုကို ကူညီဖို့ အရှေ့လေနဲ့အတူ သူရောက်လာပါတယ်။ ဂျိန်းနဲ့ မိုက်ကယ်ဆိုတဲ့ ကလေးတွေကို သူတာဝန်ယူရပါတယ်။ တင်းမာသော်လည်း ကြင်နာတဲ့အပြုအမူနဲ့၊ သူမဟာ သူတို့ကို ဝိဇၨာအတတ်အားဖြင့် အဖိုးတန်သင်ခန်းစာတွေကို စပြီးသင်ပေးပါတယ်။

ဂျိန်းနဲ့ မိုက်ကယ် အတော်လေးတိုးတက်လာပါတယ်။ ဒါပေမယ့် မေရီက သူမ ထွက်သွားချိန်တန်ပြီလို့ ဆုံးဖြတ်ပါတယ်။ ဇာတ်လမ်းထဲမှာ မေရိသူငယ်ချင်း မီးခိုးခေါင်းတိုင်သန့်ရှင်းရေးလုပ်သား ဘာ့က သူ့မကို ထွက်မသွားဖို့ ဖျောင်းဖျရန်ကြိုးစားပါတယ်။ “သူတို့ဟာ လူလိမ္မာလေးတွေပါ မေရီ။”လို့ သူကဆင်ခြေပေးပါတယ်။

မေရီက ပြန်ပြောပါတယ် “သူတို့မလိမ္မာဘူးဆိုလျှင် သူတို့ကို ကျွန်မသင်ပေးဖြစ်မလား။ ဒါပေမယ့် ကျွန်မကို သူတို့အခွင့်မပေးလျှင် သူတို့ကို ကျွန်မ မကူညီနိုင်ဘူး။ အရာတိုင်းကို သိတယ်လို့ထင်ရတဲ့ ကလေးကို သင်ပေးဖို့ခက်ခဲတဲ့သူ တစ်ယောက်မှမရှိပါဘူး။”

ဘာ့က “ဒါဆို ဘာလုပ်မလဲ” လို့ မေးပါတယ်။

မေရီက “ သူ့တို့ဖာသာသူတို့ နောက်ထပ်သင်ယူရမှာပေါ့”လို့ ဖြေပါတယ်။

ညီအစ်ကိုမောင်နှမများခင်ဗျား၊ ဂျိန်းနဲ့ မိုက်ကယ်ဘန့်တို့လိုပါပဲ၊ ကျွန်တော်တို့ဟာ သွန်သင်ထိုက်တဲ့ လူလိမ္မာလေးတွေပါ။ ကျွန်တော်တို့ကောင်းကင်ဘုံရှင်အဘက ကျွန်တော်တို့ကို ကူညီချင်၊ ကောင်းချီးပေးချင်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့က သူ့ကို အမြဲအခွင့်မပေးကြပါဘူး။ တစ်ခါတစ်ရံမှာ၊ ကျွန်တော်တို့ဟာ အရာတိုင်းကိုသိပြီးသလိုမျိုးနဲ့ပြုတတ်ကြပါတယ်။ ကျွန်တော်တို့လည်း ကျွန်တော်တို့ဖာသာကျွန်တော်တို့ “နောက်ထပ်သင်ယူ”ဖို့ လိုအပ်ပါတယ်။ ဒါကြောင့်၊ ကျွန်တော်တို့ဟာ ကမ္ဘာမြေကိုမရောက်ခင်၊ ကောင်းကင်ဘုံရှင်အိမ်ကနေ မြေကြီးဆီကို လာခဲ့ကြတာပါ။ ကျွန်တော်တို့ရဲ့”သင်ယူခြင်း”မှာ ရွေးချယ်မှုများပြုလုပ်ခြင်းပါဝင်ပါတယ်။

ကျွန်တော်တို့ကောင်းကင်ဘုံရှင်အဘရဲ့ မိဘဝတ်ပန်းတိုင်က သူ့သားသမီးတွေ မှန်တာကိုပြုစေဖို့ မဟုတ်ပါ။ ဆိုချင်တာက၊ သူ့သားသမီးတွေ မှန်တာကို ရွေးချယ်စေပြီးမှ နောက်ဆုံးမှာ သူလိုဖြစ်လာစေဖို့ပါပဲ။ သူက ကျွန်တော်တို့ကို ရိုးရိုးနာခံရုံပဲရှိစေလိုခဲ့လျှင်၊ ကျွန်တော်တို့ရဲ့ အပြုအမူတွေကို ထိန်းဖို့ တိုက်ရိုက်ဆုလာဘ်နဲ့ ပြစ်ဒဏ်တွေကို အသုံးပြုခဲ့ပါလိမ့်မယ်။

ဒါပေမယ့် ဘုရားသခင်ဟာ သူ့သားသမီးတွေနဲ့ပတ်သက်လို့ ထူးမြတ်သောကောင်းကင်ဧည့်ခန်းထဲမှာ သူဖိနပ်တွေကို မကိုက်မယ့်၊ လေ့ကျင့်ပေးလို့နာခံတတ်တဲ့ “အိမ်မွေးတိရစ္ဆာန်တွေ”ဖြစ်လာရုံ သက်သက်ကို စိတ်မဝင်စားပါဘူး။ မဟုတ်ပါ။ ဘုရားသခင်က သူ့သားသမီးတွေကို ဝိညာဉ်ရေးရာတိုးတက်စေလိုပြီး မိသားစုအလုပ်ကိစ္စမှာ သူနဲ့ပူးပေါင်းစေလိုပါတယ်။

ကျွန်တော်တို့တတွေ သူ့နိုင်ငံတော်မှာ အမွေခံများ ဖြစ်လာနိုင်စေမယ့် အစီအစဉ်တစ်ခု၊ သူလိုဖြစ်လာစေဖို့၊ သူရတဲ့ဘဝမျိုးကို ရဖို့၊ သူ့ရဲ့မျက်မှောက်တော်မှာ မိသားစုလိုက်ထာဝရနေရဖို့ ပို့ဆောင်တဲ့ ပဋိညာဉ်လမ်းကြောင်းတစ်ခုကို ဘုရားသခင်တည်ဆောက်ထားပါတယ်။ကျွန်တော်တို့ ကမ္ဘာမြေကို မရောက်ခင်ဘဝမှာ သင်ယူခဲ့ရတဲ့ ကိုယ်ပိုင်ရွေးချယ်မှုဟာ ဒီအစီအစဉ်မှာ အလွန်အရေးကြီးခဲ့ပြီး၊ အရေးကြီးနေဆဲလည်းဖြစ်ပါတယ်။ ကျွန်တော်တို့ အဲဒီအစီအစဉ်ကို လက်ခံခဲ့ပြီး၊ ကမ္ဘာမြေကို လာဖို့ ရွေးချယ်ခဲ့ကြတာပါ။

ကျွန်တော်တို့ယုံကြည်မှုပြုပြီး၊ ကျွန်တော်တို့ရဲ့ရွေးချယ်ပြုမူနိုင်ခွင့်ကို မှန်မှန်ကန်ကန် သုံးတတ်ရန်သင်ယူဖို့ ကျွန်တော်တို့ရဲ့စိတ်မှာ မေ့လျော့ခြင်းကန့်လန့်ကာကို ချထားခဲ့လို့ ဘုရားသခင်ရဲ့ အစီအစဉ်ကို ကျွန်တော်တို့ အမှတ်မရကြတော့ပါဘူး။ အဲဒီကန့်လန့်ကာမရှိဘဲနဲ့ဆိုလျှင်၊ ဘုရားသခင်ရဲ့ရည်ရွယ်ချက်တွေ အထမြောက်မည်မဟုတ်ပါ။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ မတိုးတက်နိုင်၊ ကျွန်တော်တို့ကို သူဖြစ်စေချင်တဲ့ ယုံကြည်စိတ်ချရတဲ့ အမွေခံများ ဖြစ်မလာနိုင်ကြလို့ပါပဲ။

ပုရောဖက်လေဟိက ပြောခဲ့ပါတယ်၊ “သို့​ဖြစ်​၍၊​ ကိုယ်​တော်​ရှင်​ဘုရားသခင်​က​ လူ​သား​အား​ သူကိုယ်တိုင်​ပြု​မူ​နိုင်​စေ​ကြောင်း​ အခွင့်​ပေး​ထား​တော်​မူ​ခဲ့​၏။​ သို့​ဖြစ်​၍၊​ လူ​သား​သည်​ တစ်​ခု​သို့​မ​ဟုတ်​ အခြား​တစ်​ခု​၏​ ဖြား​ယောင်း​သည်​ကို​ မ​ခံ​ရ​လျှင်၊​ သူကိုယ်တိုင်​မ​ပြု​မူ​နိုင်​ပေ။” အရေးကြီးတဲ့အခြေခံအဆင့်မှာ ရွေးချယ်ခွင့်တစ်ခုကို ခမည်းတော်ရဲ့သားဦး၊ ယေရှုခရစ်တော်က ဖော်ပြပါတယ်။ အခြားရွေးချယ်ခွင့်တစ်ခုကိုတော့ ရွေးချယ်ပြုမူနိုင်ခွင့်ကို ဖျက်ဆီးလိုတဲ့၊ အစိုးရခြင်းကို အနိုင်အထက်သိမ်းယူလိုတဲ့ စာတန်က ဖော်ပြပါတယ်။

ယေရှုခရစ်တော်အားဖြင့်၊ “ငါတို့အမှုဆောင်သခင်သည် ခမည်းတော်ထံ၌ရှိတော်မူ၏။” သူ့အပြစ်ဖြေခြင်းယဇ်ကို ပြီးမြောက်ပြီးနောက်၊ ယေရှုဟာ” လူသားတို့အပေါ် ၌ သူ၏ကရုဏာထားပိုင်ခွင့်ကို ခမည်းတော်ထံမှ တောင်းဆိုခြင်းငှာ ကောင်းကင်သို့ တက်သွားတော်မူ၏။ ကရုဏာထားပိုင်ခွင့်ကို တောင်းဆိုလျက်၊ ”သူသည် လူသားတို့၏အမှုကို ထောက်ခံ၏။”

ခမည်းတော်ဆီမှာ ကျွန်တော်တို့ကိုယ်စား ခရစ်တော်ရဲ့လျှောက်လဲချက်ဟာ ဆန့်ကျင်ခြင်းမဟုတ်ပါဘူး။ မိမိအလိုကို ခမည်းတော်၏အလိုတော်အားဖြင့် လွှမ်းခြုံခံသည့် ယေရှုခရစ်တော်ဟာ အစကတည်းက ခမည်းတော်ဖြစ်စေလိုတဲ့အရာထက် အခြားအဘယ်အရာကိုမှ ထောက်မလိမ့်မည်မဟုတ်ပါ။ကောင်းကင်ဘုံရှင်အဘက ကျွန်တော်တို့ရဲ့အောင်မြင်မှုများကို ဧကန်မုချ အားပေးအားမြှောက်ပြုပါတယ်။

ခရစ်တော်ရဲ့လျှောက်လဲချက်က၊ ကျွန်တော်တို့ရဲ့အပြစ်များအတွက် သူပေးဆပ်ခဲ့ကြောင်းနှင့် ဘုရားသခင်ရဲ့ကရုဏာတော်ကမ်းလှမ်းချက်မှ အဘယ်သူမှ ချန်ထားမခံရကြောင်းတို့ကို အနည်းဆုံးတစ်စိတ်တစ်ပိုင်းအနေနဲ့ ကျွန်တော်တို့ကို သတိပေးပါတယ်။— မိတ်​သဟာယ​ဖွဲ့​ခြင်းဆီကို ပို့ဆောင်တဲ့ဖြစ်စဉ်တစ်ခုဖြစ်တဲ့— ယေရှုခရစ်တော်ကို ယုံကြည်တဲ့သူများ၊ နောင်တရတဲ့သူများ၊ ဗတ္တိဇံခံတဲ့သူများနှင့် အဆုံးတိုင်အောင် တည်ကြည်တဲ့သူများကို ကယ်တင်ရှင် ခွင့်လွှတ်ပြီး၊ အနာငြိမ်းစေပြီး၊ လျှောက်လဲပေးပါတယ်။ သူဟာ ဘုရားသခင်နဲ့ ကျွန်တော်တို့ရဲ့ မိတ်သဟာယ​ဖွဲ့​ခြင်းအတွက် သက်သေပြနေ၊ ထောက်ခံနေပြီး၊ ကျွန်တော်တို့ရဲ့ ကူညီသူ၊ အားပေးဖျောင်းဖျသူနဲ့ ကြားဝင်တောင်းပန်တဲ့သူလည်းဖြစ်ပါတယ်။

တိကျတဲ့ဆန့်ကျင်ဘက်ကတော့၊ လူစီဖာဟာ စွပ်စွဲသူ သို့မဟုတ် အမှုရှာတဲ့သူဖြစ်ပါတယ်။ ဗျာဒိတ်ဟောသူယောဟန်က လူစီဖာရဲ့နောက်ဆုံး စစ်ရှုံးခြင်းကို ဖော်ပြတာကတော့၊ “ကောင်းကင်ဘုံ၌ ကြီးသောအသံကား၊ ယခုမှာ ကယ်တင်ခြင်းဖြစ်၏။ ခွန်အားလည်းဖြစ်၏။ ငါတို့ဘုရားသခင်၏ နိုင်ငံတော်နှင့် သူ့ခရစ်တော်၏တန်ခိုးတော်လည်းဖြစ်၏” ဘာကြောင့်ပါလဲ။ “ကျွန်တော်တို့ညီအစ်ကိုများကို စွပ်စွဲသူဟာ နှင်ချခံရလို့ပဲဖြစ်ပါတယ်။ သူတို့ကို ကျွန်တော်တို့ရဲ့ဘုရားသခင်ရှေ့မှာ နေ့ရောညရော စွပ်စွဲခဲ့ပါတယ်။ သိုးသူငယ်ရဲ့အသွေးအားဖြင့်၊ သူတို့ရဲ့သက်သေခံစကားအားဖြင့် သူ့ကို သူတို့အနိုင်ရခဲ့ကြပါတယ်။

လူစီဖာဟာ စွပ်စွဲသူဖြစ်ပါတယ်။ သူဟာ ကျွန်တော်တို့ကို ကမ္ဘာမြေသို့မရောက်ခင်ဘဝမှာ ဆန့်ကျင်ပြောဆိုခဲ့ပြီး၊ ဒီဘဝမှာလည်း ကျွန်တော်တို့ကို ဆက်ပြီး ပြစ်တင်ရှုတ်ချပါတယ်။ ကျွန်တော်တို့ကို ဆွဲချဖို့ သူကြိုးစားပါတယ်။ ကျွန်တော်တို့ကို အဆုံးမရှိတဲ့အမင်္ဂလာနဲ့ ကြုံတွေ့စေလိုပါတယ်။ သူဟာ ကျွန်တော်တို့ကို မပြည့်စုံဘူးလို့ပြောတဲ့သူ၊ ကျွန်တော်တို့ကို လုံလုံလောက်လောက်မကောင်းမြတ်ဘူးလို့ပြောတဲ့သူ၊ ကျွန်တော်တို့ကို အမှားကနေ ပြန်ကောင်းစရာမရှိဘူးလို့ပြောတဲ့သူဖြစ်ပါတယ်။ သူဟာ အဆုံးစွန်သော အနိုင်ကျင့်သူ၊ ကျွန်တော်တို့နိမ့်ကျတဲ့အခါမှာ ကျွန်တော်တို့ကို ဆောင့်ကန်တဲ့သူဖြစ်ပါတယ်။

အကယ်၍လူစီဖာက ကလေးကို လမ်းလျှောက်သင်ပေးနေရင်း ကလေးချော်လဲလျှင်၊ ကလေးကို သူအော်ဟစ်ပြီး၊ အပြစ်ပေးပါလိမ့်မယ်။ ကြိုးစားတာကို ရပ်ဖို့ပြောပါလိမ့်မယ်။ လူစီဖာရဲ့နည်းက အဆုံးသတ်မှာ အမြဲတမ်းပဲ စိတ်ပျက်စေခြင်းနဲ့ စိတ်အားငယ်ခြင်းကို ဖြစ်စေပါတယ်။ ဒီမုသားအဘဟာ ကျွန်တော်တို့ကို လှည့်စားဖို့နဲ့ စိတ်ပျံ့လွင့်စေဖို့ ကောက်ကျစ်စွာလုပ်ဆောင်ပြီး မုသား၏ အဆုံးစွန်သော ထောက်ခံအားပေးသူဖြစ်ပါတယ်။“အကြောင်း​မူ​ကား၊​ ထို​သူ​သည်​ လူ​သား​အပေါင်း​တို့​ကို​ သူ​ကိုယ်​တိုင်​ကဲ့​သို့​ ဝမ်း​နည်း​ပူ​ဆွေး​ဖွယ်​ဖြစ်​နိုင်​စေ​ဖို့​ ကြိုးစားအားထုတ်၏။​”

အကယ်၍ခရစ်တော်က ကလေးကို လမ်းလျှောက်သင်ပေးရင်း ကလေးချော်လဲလျှင်၊ ကလေးထဖို့သူကူညီပြီး၊ နောက်ဆက်လှမ်းဖို့ အားပေးပါလိမ့်မယ်။ ခရစ်တော်ဟာ အကူအညီပေးသူနဲ့ အားပေးဖျောင်းဖျသူပါ။ သူ့ရဲ့နည်းတွေက အဆုံးသတ်မှာ အမြဲတမ်းပဲ၊ ဝမ်းမြောက်ခြင်းနဲ့ မျှော်လင့်ခြင်းကို ဖြစ်စေပါတယ်။

ဘုရားသခင်ရဲ့အစီအစဉ်မှာ ကျွန်တော်တို့အတွက် လမ်းညွှန်ချက်တွေပါဝင်ပါတယ်။ ကျမ်းစာထဲမှာတော့ ပညတ်တော်များလို့ ဖော်ပြပါတယ်။ ဒီပညတ်တော်များဟာ စိတ်ကူးပေါက်ရာ သတ်မှတ်ချက်တစ်ခုမဟုတ်သလို ကျွန်တော်တို့ကို နာခံဖို့ လေ့ကျင့်သင်ကြားပေးရန်သာရည်ရွယ်တဲ့ အကြွင်းမဲ့အာဏာရှင်ဆန်တဲ့၊ ပြစ်ဒဏ်သတ်မှတ်ရာစည်းမျဉ်းစည်းကမ်းပေါင်းချုပ်တစ်ခုလည်း မဟုတ်ပါဘူး။ အဲဒါတွေဟာ ကျွန်တော်တို့ရဲ့ ဘုရားဝတ်၌မွေ့လျော်ခြင်း၊ ကျွန်တော်တို့ရဲ့ကောင်းကင်ဘုံရှင်အဘဆီကို ပြန်သွားခြင်းနဲ့ ခိုင်မြဲသောဝမ်းမြောက်မှုရရှိခြင်း ဂုဏ်ရည်များဖွံ့ဖြိုးခြင်းနဲ့ ဆက်စပ်နေပါတယ်။ သူ့ရဲ့ပညတ်တော်များကို လိုက်နာခြင်းဟာ အသိဉာဏ်မဲ့ခြင်းမဟုတ်ပါ။ ကျွန်တော်တို့ဟာ ဘုရားသခင်နဲ့ သူ့ရဲ့အိမ်ပြန်လမ်းကို တမင်ရွေးချယ်ကြတာပါ။ ကျွန်တော်တို့အတွက် ပုံစံကတော့၊ အာဒံနဲ့ဧဝအတွက်လိုပဲ အတူတူဖြစ်ပါတယ်။ အဲဒီမှာဆိုလျှင်၊ “ဘုရားသခင်သည်​ သူတို့အား​ ရွေးနှုတ်တော်မူခြင်း​ အစီအစဉ်ကို​ ဖော်ပြ​တော်မူလေ​ပြီးနောက်​ ပညတ်တော်များကို​ ပေး​တော်မူ၏။” ဘုရားသခင်က ကျွန်တော်တို့ကို ပဋိညာဉ်လမ်းကြောင်းပေါ်မှာ ရှိစေလိုသော်လည်း၊ ရွေးချယ်ခြင်းရဲ့ လေးစားထိုက်သော အရည်အချင်းကို ပေးတော်မူပါတယ်။

အကယ်စင်စစ်၊ ဘုရားသခင်က သူ့သားသမီးအယောက်စီတိုင်းကို သူ့ဖာသာသူ သို့မဟုတ် သူမဖာသာသူမ ရွေးချယ်စေဖို့ အလိုရှိတယ်၊ မျှော်လင့်တယ်၊ ပြီးတော့လမ်းညွှန်ပါတယ်။ ကျွန်တော်တို့ကို သူအတင်းခိုင်းမည်မဟုတ်ပါ။ ရွေးချယ်ပြုမူနိုင်ခွင့်ဆုကျေးဇူးအားဖြင့်၊ ဘုရားသခင်က သူ့သားသမီးတွေကို “မိမိတို့ကိုယ်တိုင် ပြုမူကြစေဖို့နဲ့ အပြုမူခံမဖြစ်ကြစေဖို့” ခွင့်ပြုပါတယ်။ ရွေးချယ်ပြုမူနိုင်ခွင့်က ကျွန်တော်တို့ကို လမ်းကြောင်းပေါ်တက်မတက် ရွေးချယ်ဖို့ အခွင့်ပေးပါတယ်။ ကျွန်တော်တို့ကို ဆင်းသွားမသွား အခွင့်ပေးပါတယ်။ ကျွန်တော်တို့ကို နာခံရန် အတင်းခိုင်းလို့မရနိုင်သလို မနာခံရန် အတင်းခိုင်းလို့မရနိုင်ပါ။ ကျွန်တော်တို့ရဲ့ ပူးပေါင်းဆောင်ရွက်ခြင်းမပါဘဲ ကျွန်တော်တို့ကို လမ်းကြောင်းပေါ်ကနေ ဘယ်သူမှ ဖယ်ရှားမပစ်နိုင်ပါဘူး။ (ရွေးချယ်ပြုမှုခွင့်ကိုချိုးဖောက်ခံရသောသူများနှင့် ဒါကိုရှုတ်ထွေးရန်မဟုတ်ပါ။ သူတို့ဟာလမ်းကြောင်းလွဲနေတာမဟုတ်ပါဘူး။ သူတို့တွေဟာသားကောင်တွေဖြစ်ကြပါတယ်။ သူတို့ဟာ ဘုရားရဲ့နားလည်ပေးမှု၊ ချစ်ခြင်းနဲ့ ဂရုဏာကိုရရှိကြတယ်။)

ကျွန်တော်တို့ လမ်းကြောင်းပေါ်ကဆင်းသွားတဲ့အခါ ဘုရားသခင်ဝမ်းနည်းပါတယ်။ ဘာကြောင့်လဲဆိုလျှင် ဒီအဖြစ်က နောက်ဆုံးမှာ၊ ပျော်ရွှင်မှုလျော့ပါးခြင်းနဲ့ ကောင်းချီးပျောက်ဆုံးခြင်းဆီကို အမြဲပို့ဆောင်တယ်ဆိုတာ သူသိလို့ပဲဖြစ်ပါတယ်။ ကျမ်းစာထဲမှာဆိုလျှင်၊ လမ်းကြောင်းပေါ်ကဆင်းသွားခြင်းကို အပြစ်လို့ဖော်ပြထားပါတယ်။ ပျော်ရွှင်မှုလျော့နည်းခြင်းနဲ့ ကောင်းချီးပျောက်ဆုံးခြင်းကို အပြစ်ဒဏ်ပေးခြင်းလို့ခေါ်ပါတယ်။ ဒီကိစ္စမှာ ၊ ဘုရားသခင်က ကျွန်တော်ကို အပြစ်ဒဏ်ပေးနေတာမဟုတ်ပါ။ အပြစ်ဒဏ်ဆိုတာ ကျွန်တော်တို့ကိုယ်တိုင်၏ ရွေးချယ်မှုတွေရဲ့ အကျိုးဆက်ဖြစ်ပါတယ်။ ကိုယ်တော့အရာမဟုတ်ပါ။

ကျွန်တော်တို့တတွေဟာ လမ်းကြောင်းလွဲနေတာကို သိကြရတဲ့အခါ ဆက်ပြီးလွဲနိုင်ကြပါတယ်။ ဒါမှမဟုတ် ယေရှုခရစ်တော်ရဲ့အပြစ်ဖြေခြင်းမင်္ဂလာကြောင့် ကျွန်တော်တို့ရဲ့ခြေလှမ်းတွေကို ပြန်လှည့်ပြီး လမ်ကြောင်းပေါ်ပြန်တက်နိုင်ကြပါတယ်။ ကျမ်းစာထဲမှာဆိုလျှင်၊ ပြောင်းလဲပြီး လမ်းကြောင်းဆီပြန်လှည့်ဖို့ ဆုံးဖြတ်ခြင်းဖြစ်စဉ်ကို နောင်တရခြင်းလို့ ဖော်ပြပါတယ်။ နောင်တရဖို့ ပျက်ကွက်ခြင်းဆိုတာ ကျွန်တော်တို့ကိုယ်ကျွန်တော်တို့ ဘုရားသခင်ပေးလိုတဲ့ ကောင်းချီးတွေဆီကနေ ဖယ်ထုတ်ဖို့ရွေးချယ်ရာရောက်ပါတယ်။ ကျွန်တော်တို့ဟာ “ရရှိနိုင်မယ့်အရာကို ခံစားဖို့ လိုလိုလားလားမရှိကြဘူးဆိုလျှင်၊” “ရရှိဖို့လိုလိုလားလားရှိတဲ့အရာကို ခံစားဖို့ ကျွန်တော်တို့နေရာကို ပြန်သွားကြပါလိမ့်မယ်”—ကျွန်တော်တို့ရဲ့ရွေးချယ်မှုပါ။ ဘုရားသခင်ရဲ့အရာမဟုတ်ပါဘူး။

ကျွန်တော်တို့ ဘယ်လောက်ကြာအောင်လမ်းလွဲခဲ့ သို့မဟုတ် ကျွန်တော်တို့ ဘယ်လောက်ဝေးအောင် မျက်စိလည်ခဲ့သည်ဖြစ်ပါစေ၊ ပြောင်းလဲဖို့ ကျွန်တော်တို့ဆုံးဖြတ်တဲ့တခဏမှာပဲ ဘုရားသခင်က ကျွန်တော်တို့ကို ပြန်လာဖို့ ကူညီပါတယ်။ ဘုရားသခင်ရဲ့ ရှုထောင့်ကနေဆိုလျှင်၊ ရိုးသားသောနောင်တရခြင်း၊ ပြီးတော့၊ ခရစ်တော်၌​ မြဲမြံခြင်းနှင့်​ ရှေ့သို့​ဆက်၍​ ကြိုးစား​အားထုတ်ခြင်းတို့အားဖြင့်၊ လမ်းကြောင်းပေါ်ပြန်ရောက်တဲ့အခါမှာ၊ ကျွန်တော်တို့ ဘယ်တုန်းကမှ လမ်းမလွဲခဲ့သလိုမျိုးရှိပါလိမ့်မယ်။ ကယ်တင်ရှင်က ကျွန်တော်တို့အပြစ်များအတွက် ပေးဆပ်ပြီး၊ ကျွန်တော်တို့ကို ပျော်ရွှင်မှုနဲ့ကောင်းချီးများ လျော့နည်းခြင်းအရိပ်အယောင်သန်းနေရာကနေ လွတ်စေပါတယ်။ ဒါကို ကျမ်းစာထဲမှာတော့ ခွင့်လွှတ်ခြင်းလို့ ဖော်ပြထားပါတယ်။ ဗတ္တိဇံခံပြီးတဲ့နောက်မှာ အသင်းသားအားလုံး လမ်းကြောင်းမှခြေချော်ပြီး— ကျွန်တော်တို့ထဲက တစ်ချို့ဆိုရင် ဒိုင်ဗင်ထိုးပြီးတော့တောင်—လမ်းလွဲကြပါတယ်။ ဒါကြောင့်၊ ယေရှုခရစ်တော်ကို ယုံကြည်မှုပြုခြင်း၊ နောင်တရခြင်း၊ သူ့ဆီကအကူအညီအရရှိခြင်း၊ ပြီးတော့၊ ခွင့်လွှတ်ခံရခြင်းတို့ဟာ တစ်ခါတည်းဖြစ်တဲ့ ဖြစ်ရပ်များမဟုတ်ဘဲ ထပ်ခါထပ်ခါပြန်ဖြစ်နေတဲ့ ရာသက်ပန်ဖြစ်စဉ်တွေပဲဖြစ်ပါတယ်။ ဒါက ကျွန်တော်တို့ ဘယ်လိုနည်းနဲ့ “အဆုံးတိုင်အောင်တည်ကြည်”ကြတယ်ဆိုတာပဲဖြစ်ပါတယ်။

ကျွန်တော်တို့ ဘယ်သူ့ကိုအစေခံမလဲဆိုတာ ရွေးချယ်ဖို့ လိုအပ်ပါတယ်။ ကျွန်တော်တို့ရဲ့ ထာဝရပျော်ရွှင်မှုအတိုင်းအတာဟာ အသက်ရှင်တဲ့ဘုရားသခင်ကို ရွေးချယ်ခြင်းနဲ့ သူ့အမှုတော်၌ သူနဲ့ပူးပေါင်းခြင်းတို့အပေါ်မှာ မူတည်ပါတယ်။ ကျွန်တော်တို့ဖာသာကျွန်တော်တို့ “နောက်ထပ်သင်ယူ“ဖို့ ကြိုးစားကြတာနဲ့အမျှ ကျွန်တော်တို့ရဲ့ရွေးချယ်ပြုမူနိုင်ခွင့်အား မှန်ကန်စွာ အသုံးပြုခြင်းကို ကျွန်တော်တို့ လေ့ကျင့်ကြပါတယ်။ ယခင်လူမှုသက်သာရေးအဖွဲ့ ဥက္ကဌနှစ်ဦး ပြောခဲ့သလိုပါပဲ၊ ကျွန်တော်တို့ဟာ “ အချိန်တိုင်း တယုတယဂရုစိုက်ခြင်းနဲ့ အမှားပြင်ပေးခြင်းတွေ လိုအပ်တဲ့ ကလေးပေါက်စလေး”တွေ မဖြစ်သင့်ပါဘူး။မဟုတ်ပါဘူး။ ဘုရားသခင်က ကျွန်တော်တို့ကို ရင့်ကျက်တဲ့လူကြီးတွေဖြစ်လာစေဖို့၊ ကိုယ့်ကိုယ်ကို ထိန်းချုပ်စေဖို့ အလိုရှိပါတယ်။

ခမည်းတော်ရဲ့အစီအစဉ်နောက်ကို လိုက်လျှောက်ဖို့ ရွေးချယ်ခြင်းဟာ ကျွန်တော်တို့ သူ့နိုင်ငံတော်မှာ အမွေခံများဖြစ်လာနိုင်စရာ တစ်ခုတည်းသောနည်းလမ်းဖြစ်ပါတယ်။ သို့မှသာ၊ သူ့အလိုတော်နဲ့ ဆန့်ကျင်တဲ့အရာ ဘယ်ဟာလဲဆိုတာ မမေးရလောက်အောင် ကျွန်တော်တို့ကို သူယုံကြည်စိတ်ချနိုင်ပါတယ်။ ဒါပေမယ့် “အရာတိုင်းကို သိတယ်လို့ထင်နေတဲ့ ကလေးကို သင်ပေးဖို့ခက်ခဲတဲ့သူ တစ်ယောက်မှမရှိပါဘူး။” ဆိုတာကို ကျွန်တော်တို့ သတိရဖို့လိုပါတယ်။ ကျွန်တော်တို့ဟာ ကိုယ်တော်ရှင်ရဲ့နည်းလမ်းတွေမှာ ကိုယ်တော်ရှင်နဲ့ သူ့အစေခံများအားဖြင့် သွန်သင်ခံရန် လိုလိုလားလားရှိဖို့ လိုအပ်ပါတယ်။ ကျွန်တော်တို့ဟာ ကောင်းကင်ဘုံရှင်မိဘတွေရဲ့ ချစ်စွာသောသားသမီးများဖြစ်ကြောင်းနဲ့၊ ”သွန်သင်”ထိုက်ကြောင်း၊ ပြီးတော့ “ကျွန်တော်တို့ဖာသာ ကျွန်တော်တို့” ဆိုတာ ဘယ်တော့မှ “တစ်ဦးတည်း” မဟုတ်ဘူးဆိုတာ သေချာတဲ့အကြောင်း ယုံကြည်စိတ်ချနိုင်ပါတယ်။

မော်မုန်ကျမ်းပရောဖက် ယာကုပ်ပြောခဲ့သလိုပါပဲ၊ သူ့စကားကို ကျွန်တော်ပြောပါမယ်

ထို့​ကြောင့်၊​ သင်​တို့​၏​စိတ်​နှလုံး​ကို​ ရွှင်​လန်း​စေ​လော့။​ ထာဝရ​တည်​မြဲ​သော​သေခြင်း​၏​ လမ်း​ကို​ဖြစ်​စေ၊​ ထာဝရ​အသက်​၏​လမ်း​ကို​ဖြစ်​စေ—​သင်​တို့​ကိုယ်တိုင် ရွေး​ချယ်​ဖို့​ လွတ်​လပ်​မှု​ရှိ​သည်​ကို​လည်း​ သတိ​ရ​ကြ​လော့။​

“သို့ဖြစ်၍၊ ကျွန်တော့ရဲ့ ချစ်လှစွာသော ညီအစ်ကို[မောင်နှမများ]ခင်ဗျား သင်​တို့​ကိုယ်​ကို​ နတ်​ဆိုး​၏​အလို​သို့​မ​ဟုတ်​ဘဲ … ​ ဘုရားသခင်​၏​အလို​တော်​သို့​ မိတ်​သဟာယ​ဖွဲ့​ကြ​လော့။​ ထို့​အတူ၊​ သင်​တို့​သည်​ ဘုရားသခင်​ထံ​သို့​ မိတ်​သဟာယ​ဖွဲ့​​လေ​ပြီး​နောက်၊​ ဘုရားသခင်​၏​ကျေး​ဇူး​တော်​၌​နှင့်​ ကျေး​ဇူး​တော်​အား​ဖြင့်​သာ​လျှင်၊​ ကယ်တင်ခြင်း​သို့​ရောက်​လေ​ကြောင်း​ကို​ သတိ​ရ​ကြ​လော့။”

ဒါကြောင့်၊ ခရစ်တော်၌ယုံကြည်ခြင်းကို ရွေးချယ်ကြပါ။ နောင်တရခြင်းကို ရွေးချယ်ကြပါ။ ဗတ္တိဇံကိုခံပြီး၊ သန့်ရှင်းသောဝိညာဉ်တော်ကို လက်ခံရရှိဖို့ ရွေးချယ်ကြပါ။ ပွဲတော်အတွက် တာဝန်သိသိပြင်ဆင်ဖို့နဲ့ ထိုက်တန်စွာသုံးဆောင်ဖို့ ရွေးချယ်ကြပါ။ ဗိမာန်တော်ထဲမှာ ပဋိညာဉ်များပြုဖို့ ရွေးချယ်ကြပါ။ အသက်ရှင်တော်မူသောဘုရားသခင်နဲ့ သူ့သားသမီးတွေကို အစေခံဖို့ ရွေးချယ်ကြပါ။ ကျွန်တော်တို့ဘယ်သူတွေလဲ၊ ကျွန်တော်တို့ အဘယ်သို့သောသူတွေဖြစ်လာမလဲဆိုတာ ကျွန်တော်တို့ရဲ့ ရွေးချယ်မှုများက အဆုံးအဖြတ်ပေးပါတယ်။

ယာကုပ်ရဲ့ကျန်တဲ့ကောင်းချီးဖြင့်ကျွန်တော်အဆုံးသတ်ပါမယ်။ “သို့​ဖြစ်​၍၊​ သင်​တို့​သည်​ ဘုရားသခင်​၏​ ထာဝရ​နိုင်ငံ​တော်​သို့​ ဝင်​ရောက်​ခွင့်​ရ​နိုင်​စေ​ကြောင်း ဘုရားသခင်​သည် အပြစ်​ဖြေခြင်း​မင်္ဂလာ​​တန်ခိုး​တော်​အား​ဖြင့်​ သင်​တို့​ကို​ ထာဝရ​တည်​မြဲ​သော​သေခြင်း​မှ​ ချီ​မြှောက်​တော်​မူ​ပါ​စေ။ ယေရှုခရစ်တော်၏နာမတော်အားဖြင့်၊ အာမင်။

မှတ်စုများ

  1. စိတ်ကူးယဉ်ဆန်သောဇာတ်ကောင် မေရီပေါ့ပင်ကို ပီ၊ အယ်လ်၊ ထရာဗာက ဖန်တီးခဲ့ပါသည်။ သူ့မ၏စာအုပ်များသည် ဝေါ့ဒစ္စနေ မှထုတ်ဝေသော ၁၉၆၄ ခု၊ ဂီတ-စိတ်ကူးယဉ်ရုပ်ရှင်အတွက်နှင့် နောက်ပိုင်းတွင် ရုပ်ရှင်ကို စင်တင်ပြဇာတ်အတွက်မှီငြမ်းရာဖြစ်ခဲ့ပါသည်။

  2. စင်တင်ပြဇာတ်တွင် ဖော်ပြပါဇာတ်ဝင်ခန်းပါဝင်သည်။Libretto to Mary Poppins: The Broadway Musical, ၇၀ တွင်ကြည့်ပါ။

  3. စပင်ဆာ ဒဗလျူကင်းမ်ဘောလ်၊ ဘရစ်စဗိန်းဒေသညီလာခံ ၁၉၇၆၊ ၁၈ ကိုကြည့်ပါ။ ဥက္ကဌကင်းမ်ဘောလ်တွေးဆခဲ့သည်မှာ “ ဒီလောကမှာ ကျွန်တော်တို့ဘဝမစတင်မီ တကယ့်ပထမဆုံးအရာကတော့၊ ကိုယ်တော်ရှင်မိန့်တော်မူခဲ့သည်မှာ “ငါသည် သင်တို့အား သင်တို့၏လွတ်လပ်စွာရွေးချယ်ပြုမူနိုင်ခွင့်ကို ပေးတော့မည်။ ဆက်ကပ်ခြင်းကို ယုံကြည်သောကြောင့်ဆက်ကပ်ကြတဲ့ ယောက်ျား၊ မိန်းမတို့ကို ငါအလိုရှိတော်မူ၏။ ဖြောင့်မတ်ရမှာဖြစ်လို့သာ ဖြောင့်မတ်ကြတဲ့ အားပျော့သူတွေကို ငါအလိုမရှိ။”

  4. ဥပမာ၊ ရပ်ဆဲလ် အမ်၊နယ်လ်ဆင်၊ “ကျွန်တော်တို့အတူတကွ ရှေ့သို့ချီတက်လျက် လီယာဟိုနာ၊ ဧပြီ ၂၀၁၈ ကိုကြည့်ပါ။ ပဋိညာဉ်လမ်းကြောင်းသည် ပျော်ရွှင်မှုအစီအစဉ် (အယ်လမာ ၄၂း၈၊ ၁၆) နှင့် ရွေးနှုတ်ခြင်းအစီအစဉ် (အယ်လမာ ၁၂း၂၅–၃၅) ကိုလည်း ရည်ညွှန်းပါသည်။

  5. ၂ နီဖိုင်း ၂း၁၆

  6. မောရှေ ၄း၃ တွင်ကြည့်ပါ။

  7. ၁ ယောဟန် ၂း၁။ ဂျိုးဇက်စမစ်ဘာသာပြန်၊ ၁ ယောဟန် ၂း၁ ကိုလည်းကြည့်ပါ။ ( ၁ ယောဟန် ၂း၁၊ , footnote aတွင်).

  8. မော်ရော်နိုင်း ၇း၂၇၊ ၂၈ ကိုကြည့်ပါ။

  9. မောဇိယ ၁၅း၇ ကိုကြည့်ပါ။

  10. ၁ ယောဟန် ၂း၂ ကိုကြည့်ပါ။

  11. ၂ ကော ၅း၁၆-၂၁ကောလောသဲ ၁း၁၉-၂၃၂ နီဖိုင်း ၁၀း၂၄ ကိုကြည့်ပါ။

  12. ဂရိစကား (paraklētŏs) မှာ ကြားဝင်တောင်းပန်သူ၊ ကူညီသူ၊ နှစ်သိမ့်စေသူ သို့မဟုတ် အားပေးဖျောင်းဖျသူ ဟု အဓိပ္ပာယ်ရသည် (၁ ယောဟန် ၂း၁, footnote b တွင်ကြည့်ပါ။ The New Strong’s Expanded Exhaustive Concordance of the Bible[၁၉၈၄]၊ ဂရိအဘိဓာန် အပိုင်း၊ ၅၅။၂ နီဖိုင်း ၁၀း၂၃–၂၅ဩဝါဒနှင့် ပဋိညာဉ်များ ၄၅း၃–၅ ကိုကြည့်ပါ)။

  13. ဗျာဒိတ်ကျမ်း ၁၂း၁၀–၁၁

  14. ဧသာ ၈း၂၅ ကိုကြည့်ပါ။

  15. ၂ နီဖိုင်း ၂း၂၇၂ နီဖိုင်း ၂း၆–၈၊ ၁၆၊ ၂၆ ကိုလည်းကြည့်ပါ။

  16. ဖီရိုနာနဲ့ ထယ်ရယ်ဂစ်ဗန်၊ The Christ Who Heals(၂၀၁၇)၊ ၂၉၊၁၂၄ ကို ကြည့်ပါ။ မူရင်းရည်ညွှန်းကိုးကားချက်ကို အန်သွန်နီ ဇင်မာမန် ၊Evolution and the Sin in Eden (၁၉၉၈) ၁၆၀၊ ဒန်းနစ်မင်း၊Irenaeus(၂၀၁၀)၊ ၆၁ ကိုးကားခြင်းကို ကြည့်ပါ။

  17. အယ်လမာ ၁၂း၃၂

  18. ၂ နီဖိုင်း ၂း၂၆၂ နီဖိုင်း ၂း၁၆ကိုလည်းကြည့်ပါ။

  19. ဩဝါဒနှင့်ပဋိညာဉ်များ ၈၈း၃၂

  20. အယ်လမာ ၃၄း၃၁ တွင်ကြည့်ပါ။

  21. ၂ နီဖိုင်း ၃၁း၂၀မောဇိယ ၂၆း၂၉–၃၀ဩဝါဒနှင့်ပဋိညာဉ်များ ၅၈း၄၂–၄၃၊ ဘွိုက် ကေပက်ကာ၊ “The Plan of Happinessလီယာဟိုနာ၊ မေ၊ ၂၀၁၅၊ ၂၈ ကိုကြည့်ပါ။ ဥက္ကဌပက်ကာကပြောခဲ့သည်မှာ ”နောင်တရခြင်းဖြစ်စဉ် ပြီးတဲ့အခါ၊ ယေရှုခရစ်တော်၏အပြစ်ဖြေခြင်းမင်္ဂလာကြောင့် အမာရွတ်များမကျန်ရှိတော့ပါ။”

  22. ၂ နီဖိုင်း ၃၁း၂၀

  23. ယောရှု ၂၄း၁၅ကိုကြည့်ပါ။

  24. ဂျူလီ ဘီ၊ဘက်၊ “And upon the Handmaids in Those Days Will I Pour Out My Spiritလီယာဟိုနာ၊ မေ ၂၀၁၀၊ ညီအစ်မဘက်က အယ်လိုက်ဇာ အာစနိုးရဲ့ လေဟိအသင်းတော်စုလူမှုသက်သာရေးအဖွဲ့သို့ မိန့်ခွန်း၊ အောက်တိုဘာ၊ ၂၇၊ ၁၈၆၉၊ လေဟိအသင်းတော်စု၊ အယ်လပိုင်း (ယုတ) ပန္နက်၊ လူမှုသက်သာရေးအဖွဲ့ ၌၊ Minute Book, 1868–79 အသင်းတော်သမိုင်းစာကြည့်တိုက်၊ ဆော့လိတ်မြို့၊ ၂၆–၂၇ ကို ကိုးကားပါသည်။

  25. ၂ နီဖိုင်း ၄း၃၅ဟေလမန် ၁၀း၅ တွင်ကြည့်ပါ။

  26. The Family: A Proclamation to the World,”လီယာဟိုနာ၊ မေ ၂၀၁၇၊ ၁၄၅ ကိုကြည့်ပါ။

  27. ၂ နီဖိုင်း ၁၀း၂၃–၂၄

  28. ၂ နီဖိုင်း ၁၀း၂၅