၂၀၁၀-၂၀၁၉
စံပြနောက်ပိုင်းကာလသူတော်စင်များ ဖြစ်လာခြင်း
အောက်တိုဘာ ၂၀၁၈


8:3

စံပြနောက်ပိုင်းကာလသူတော်စင်များဖြစ်လာခြင်း

သင်တို့တတွေ ကိုယ်တော်ရှင်ရဲ့နှုတ်ကပတ်တော်ကို ပွဲခံပျော်မွေ့ကြပြီး၊ သူ့ရဲ့သွန်သင်ခြင်းတွေကို သင်တို့ရဲ့ကိုယ်ပိုင်ဘဝမှာ အသုံးချကြစေကြောင်း ကျွန်တော့ရဲ့အချစ်နဲ့ ကောင်းချီးမင်္ဂလာကို သင်တို့အပေါ်မှာချန်ရစ်ခဲ့ပါတယ်။

ဒီညီလာခံဟာ လမ်းပြလှုံ့ဆော်တဲ့၊ သမိုင်းတွင်တဲ့ညီလာခံတစ်ခုဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ အနာဂတ်ကို စိတ်ထက်သန်စွာနဲ့ ကြည့်ရှုကြပါတယ်။ ပိုပြီးကောင်းကောင်းလုပ်ဆောင်ကြစေဖို့နဲ့ ပိုပြီးပြီးကောင်းကောင်းဖြစ်လာကြစေဖို့ ကျွန်တော်တို့ကို တွန်းအားပေးခဲ့ပြီးပါပြီ။ အံ့ဩဖွယ်အမှာစကားများကို အထွေထွေအာဏာရှိများက ဒီတရာဟောပလ္လင်ကနေ ဟောပြောခဲ့ပါတယ်၊ တေးဂီတကလည်း စိတ်အားတက်စေပါတယ်။ ဒီအမှာစကားတွေကို ဒီသီတင်းပတ်ကနေစပြီး လေ့လာကြဖို့ သင်တို့ကို ကျွန်တော်လေးလေးနက်နက်တိုက်တွန်းပါတယ်။ ဒီစကားတွေက ကိုယ်တော်ရှင်ရဲ့စိတ်နဲ့ အလိုတော်ကို ဒီနေ့မှာ၊ သူ့လူမျိုးတွေအတွက် ဖော်ပြပါတယ်။

မိသားစုတိုင်း မိမိတို့အိမ်များကို ယုံကြည်ခြင်း၏ခိုလှုံရာအဖြစ်သို့ ပြောင်းလဲစေဖို့ လိုက်လျှောက်ရန် တာဝန်သိတတ်စွာ ဂရုတစိုက်ကြိုးစားကြတာနဲ့အမျှ၊ အိမ်ဗဟိုပြု၊ အသင်းတော်ကထောက်ပံ့သော စုပေါင်းညွှန်းတမ်းအသစ်မှာ မိသားစုအင်အားများကို အကန့်အသတ်မှလွတ်စေသည့် စွမ်းဆောင်ရည်ရှိပါတယ်။ သင်တို့အိမ်ကို ဧဝံဂေလိတရားတော်သင်ယူရာဗဟိုချက်အဖြစ် အသစ်ပြုပြင်ဖို့ သင်တို့လုံ့လဝီရိယရှိစွာ လုပ်ဆောင်ကြတာနဲ့အမျှ၊ သင်တို့ရဲ့ဥပုသ်နေ့တွေဟာ အမှန်ကြည်နူးဖွယ်ဖြစ်လာလိမ့်မယ်ဆိုတာ ကျွန်တော်ကတိပြုပါတယ်။ သင်တို့ရဲ့ ကလေးတွေဟာ ကယ်တင်ရှင်ရဲ့သွန်သင်ချက်တွေကို သင်ယူကျင့်သုံးရန် စိတ်လှုပ်ရှားကြပါလိမ့်မယ်။ သင်တို့ရဲ့ဘဝနဲ့ သင်တို့ရဲ့အိမ်ထဲမှာ မာရ်နတ်ရဲ့လွှမ်းမိုးမှုကလည်း လျော့နည်းလာပါလိမ့်မယ်။ သင်တို့မိသားစုထဲက အပြောင်းအလဲတွေဟာ ထူးထူးခြားခြားနဲ့၊ အထောက်အမဖြစ်နေပါလိမ့်မယ်။

ကျွန်တော်တို့ဟာ ကိုယ်တော်ရဲ့အသင်းတော်အကြောင်းကို ရည်ညွှန်းတဲ့အခါတိုင်းကိုယ်တော်ရှင်ယေရှုခရစ်တော်ကို ချီးမွမ်းရန် အဓိကအားထုတ်မှုကို လုပ်ဆောင်ဖို့ ကျွန်တော်တို့ရဲ့အဆုံးအဖြတ်ကို ဒီညီလာခံအတွင်းမှာ ခွန်အားဖြည့်ပေးကြပြီးပါပြီ။ ကယ်တင်ရှင်၏အသင်းတော်နဲ့ အသင်းသားတို့ရဲ့ မှန်ကန်သောအမည်ကို အသုံးပြုဖို့ ကျွန်တော်တို့ရဲ့ထက်သန်သောအာရုံစိုက်ခြင်းက ယုံကြည်ခြင်းနဲ့၊ သူ့အသင်းတော်အသင်းသားတို့ရဲ့ ပို၍ကြီးစွာသောဝိညာဉ်ပကတိတန်ခိုး တိုးပွားခြင်းဆီကို ဦးဆောင်လိမ့်မယ်ဆိုတာ ကျွန်တော်ကတိပေးပါတယ်။

ယခုဗိမာန်တော်အကြောင်းကို ကျွန်တော်တို့ပြောကြရအောင်။ ဗိမာန်တော်ထဲမှာ ကျွန်တော်တို့ရှိတဲ့အချိန်ဟာ ကျွန်တော်တို့နဲ့ ကျွန်တော်တို့မိသားစုများရဲ့ ကယ်တင်ခြင်းနဲ့ ချီးမြှောက်ခံရခြင်းအတွက် အရေးပါတယ်ဆိုတာကျွန်တော်တို့သိကြပါတယ်။

ကျွန်တော်တို့ဟာ ကျွန်တော်တို့ကိုယ်တိုင်ရဲ့ ဗိမာန်တော်ဘိသိက်မင်္ဂလာများရရှိပြီး၊ ဘုရားသခင်နှင့် သန့်ရှင်းမွန်မြတ်သောပဋိညာဉ်များပြုလုပ်ပြီးနောက်၊ ကျွန်တော်တို့တစ်ဦးခြင်းစီတိုင်းဟာ ဆက်တိုက် ဝိညာဉ်ပကတိခွန်အားဖြည့်ပေးခြင်းနဲ့ ကိုယ်တော်ရှင်ရဲ့အိမ်တော်ထဲမှာသာလျှင်ဖြစ်နိုင်တဲ့ လမ်းညွှန်ချက်တွေကို လိုအပ်ပါတယ်။ ကျွတ်တော်တို့ရဲ့ ဘိုးဘေးတွေဟာ ကျွန်တော်တို့ကို သူတို့အတွက် ကိုယ်စားအဖြစ် အစေခံဖို့ လိုအပ်ပါတယ်။

ဧဝံဂေလိတရားတော်ကို သိရခြင်းမရှိဘဲသေသွားခဲ့တဲ့သူများအား ဗိမာန်တော်ကောင်းချီးမင်္ဂလာတွေကို ပေးဖို့ရာနည်းလမ်းကို ကမ္ဘာမတည်မီကတည်းက ပံ့ပိုးပေးခဲ့တဲ့ ဘုရားသခင်၏ ကြီးစွာသောကရုဏာတော်နဲ့တရားမျှတခြင်းကို ဆင်ခြင်ကြည့်ပါ။ ဤသန့်ရှင်းမွန်မြတ်သော ဗိမာန်တော်ဝတ်ပြုအခန်းအနားများဟာ ရှေးကျတဲ့အရာတွေဖြစ်ပါတယ်။ ကျွန်တော့အနေနဲ့ကတော့၊ အဲဒီရှေးခေတ်ဟောင်းမူဟာ ပီတိဖြစ်စရာကောင်းပြီး၊ အဲဒါတွေရဲ့စစ်မှန်ခြင်းအတွက် တခြားသက်သေခံဖြစ်ပါတယ်။

ကျွန်တော့ရဲ့ချစ်သောညီအစ်ကိုမောင်နှမများခင်ဗျာ၊ မာရ်နတ်ရဲ့တိုက်ခိုက်ခြင်းတွေဟာ၊ အရှိန်အဟုန်နဲ့ အဘက်ဘက်မှာ တဟုန်ထိုးတိုးနေပါတယ်။ ဗိမာန်တော်ထဲမှာ ကျွန်တော်တို့ ပုံမှန်နဲ့မကြာခဏရှိဖို့လိုအပ်ချက်က ဘယ်တုန်းကမှ ပိုပြီးကြီးမားခြင်းမရှိခဲ့ဖူးပါဘူး။ သင်တို့ရဲ့အချိန်ကို သင်တို့ဘယ်လိုအသုံးပြုတယ်ဆိုတာ ဆုတောင်းချက်ထက်သန်စွာနဲ့ ဆင်ခြင်ကြဖို့ သင်တို့ကို ကျွန်တော်တောင်းဆိုပါတယ်။ သင်တို့နဲ့ သင်တို့မိသားစုရဲ့အနာဂတ်အတွက် အချိန်ကို ရင်းနှီးမြှုပ်နှံပါ။ သင်တို့မှာ ဗိမာန်တော်ဆီကို သွားဖို့ သင့်တော်တဲ့အခွင့်အလမ်းရှိမယ်ဆိုလျှင်၊ ကိုယ်တော်ရှင်နဲ့ပုံမှန်တွေ့ဆုံဖို့၊ သူ့ရဲ့သန့်ရှင်းတဲ့အိမ်တော်ထဲမှာရှိဖို့၊ ချိန်းဆိုချက်ပြုလုပ်ဖို့၊ နည်းလမ်းကို ရှာကြဖို့ သင်တို့ကို ကျွန်တော်တိုက်တွန်းပါတယ်။ အဲဒီနောက်အဲဒီချိန်းဆိုချက်ကို တိကျခြင်း၊ ဝမ်းမြောက်ခြင်းနဲ့ စောင့်ထိန်းကြပါ။ သူ့ရဲ့ဗိမာန်တော်တွေထဲမှာ အစေခံပြီး၊ ဝတ်ပြုဖို့ စွန့်လွှတ်မှုတွေကို သင်တို့ပြုကြတဲ့အခါ၊ သူသိတော်မူတဲ့ သင်တို့လိုအပ်တဲ့အရာ အံ့ဩဖွယ်ရာတွေကို ကိုယ်တော်ရှင်ပံ့ပိုးတော်မူပါလိမ့်မယ်။

ယခုလက်ရှိ ကျွန်တော်တို့မှာ ဆက်ကပ်ထားတဲ့ဗိမာန်တော် ၁၅၉ ခုရှိပါတယ်။ ဒီဗိမာန်တော်တွေကို ကြပ်ကြပ်မတ်မတ်ဂရုစိုက် ထိန်းသိမ်းစောင့်ရှောက်ခြင်းဆိုတာ ကျွန်တော်တို့အဖို့ အင်မတန်အရေးကြီးပါတယ်။ အချိန်ကုန်လွန်သွားတာနဲ့အမျှ၊ ဗိမာန်တော်တွေဟာ ပြန်လည်မွမ်းမံခြင်းနဲ့ အားသစ်လောင်းခြင်းကို မလွဲဧကန်လိုအပ်ပါတယ်။ အဲဒီရည်ရွယ်ချက်အတွက်၊ ဆော့လိတ်ဗိမာန်တော်နဲ့ အခြားကနဦးမျိုးဆက်ဗိမာန်တော်များကို အသစ်ပြန်လည်ပြုပြင်ဖို့နဲ့ ပြုပြင်မွမ်းမံဖို့ အစီအစဉ်များကို ပြုလုပ်နေပါတယ်။ ဒီစီမံကိန်းအသေးစိတ်တွေကို ရေးဆွဲပြီးတာနဲ့ ဖော်ပြမှာဖြစ်ပါတယ်။

နောက်ထပ်ဗိမာန်တော်တွေတည်ဆောက်မယ့်အစီအစဉ်တွေကို ဒီနေ့ကျွန်တော်တို့ကြေညာရတာဝမ်းသာပါတယ်။ အောက်ပါဒေသတွေမှာ အဲဒီဗိမာန်တော်တွေကို တည်ဆောက်မှာဖြစ်ပါတယ်။ မန်ဒိုဇာ အာဂျင်တီးနား၊ ဆယ်လဗဒေါ ဘရာဇီးလ်၊ ယူဗမြို့ ကယ်လီဖိုးနီးယား၊ ဖနော့ပင် ကမ္ဘောဒီးယား၊ ပရိုင်ရာ ကိပ်ဗာဒီး၊ ရီဂို ဂွမ်၊ ပူးဗလာ မက္ကဆီကို၊ အော့ကလန် နယူးဇီလန်၊ လာဂေါ့ နိုင်ဂျီးရီးယား၊ ဒေဗို ဖိလစ်ပိုင်၊ ဆန်ဂျွမ် ပူရာတိုရီဂို၊ ဝါရှင်တန်ကောင်တီ ယုတ။

ဗိမာန်တော်တွေကို တည်ဆောက်ခြင်းနဲ့ ထိန်းသိမ်းခြင်းက သင်တို့ဘဝကို ပြောင်းလဲချင်မှပြောင်းလဲမှာပါ။ ဒါပေမယ့်၊ ဗိမာန်တော်ထဲမှာ သင်တို့အသုံးပြုမယ့်အချိန်ကိုတော့ ဧကန်အမှန်ပြောင်းလဲပါလိမ့်မယ်။ ဗိမာန်တော်ဆီမရောက်တာကြာပြီဖြစ်တဲ့သူများခင်ဗျာ၊ ပြင်ဆင်ပြီးတော့၊ မြန်နိုင်သမျှမြန်မြန်ပြန်လာကြဖို့ သင်တို့ကို ကျွန်တော်တိုက်တွန်းလိုပါတယ်။ အဲဒီနောက်၊ ဗိမာန်တော်ထဲမှာ၊ ဝတ်ပြုဖို့၊ ဒီသန့်ရှင်းမွန်မြတ်ပြီး ထာဝရဖြစ်တဲ့အမှုတော်ကို သူလမ်းညွှန်တယ်ဆိုတဲ့အကြောင်း သင်တို့ကိုယ်တိုင်ရဲ့သက်သေကို သင်တို့အယောက်စီတိုင်း ရရှိနိုင်စေမည့်အကြောင်း သင်တို့အတွက် ကယ်တင်ရှင်ရဲ့အတိုင်းမသိတဲ့ချစ်ခြင်းကို လေးလေးနက်နက်ခံစားရန်ဆုတောင်းကြဖို့ သင်တို့ကို ကျွန်တော်တိုက်တွန်းပါတယ်။

ညီအစ်ကို မောင်နှမများခင်းဗျာ၊ သင်တို့ရဲ့ယုံကြည်ခြင်းနဲ့ ထောက်မခြင်းအားထုတ်မှုများအတွက် သင်တို့ကို ကျွန်တော်ကျေးဇူးတင်ပါတယ်။ သင်တို့ဟာ ကိုယ်တော်ရှင်ရဲ့နှုတ်ကပတ်တော်ကို ပွဲခံပျော်မွေ့ကြပြီး၊ သူ့ရဲ့သွန်သင်ချက်တွေကို သင်တို့ရဲ့ ကိုယ်တွေ့ဘဝတွေမှာ အသုံးပြုနိုင်ကြမယ့်အကြောင်း ကျွန်တော့ရဲ့ချစ်ခြင်းနဲ့ကောင်းချီးကို သင်တို့ကို ပေးပါတယ်။ အသင်းတော်ထဲမှာ ဗျာဒိတ်တော်ဆက်၍ရှိနေပြီး၊ ဘုရားသခင်ရဲ့ရည်ရွယ်ချက်တွေပြီးမြောက်၍၊ အမှုတော်ပြီးပြီလို့ ကြီးမြတ်တဲ့ယေဟောဝါက မိန့်တော်မူမယ့်အချိန်အထိ၊ ဆက်၍ရှိနေလိမ့်မယ်ဆိုတဲ့အကြောင်း ကျွန်တော်ကတိပြုပါတယ်။

သူနဲ့ သူရဲ့သန့်ရှင်းသောအမှုတော်၌ တိုးလာသောယုံကြည်ခြင်းဖြင့်၊ ဘဝမှာ သင်တို့ရဲ့ ကိုယ်တွေ့စိန်ခေါ်မှုများမှာ ကြံ့ကြံ့ခံဖို့ ယုံကြည်ခြင်းနှင့် သည်းခံခြင်းဖြင့် သင်တို့ကို ကျွန်တော်ကောင်းချီးပေးပါတယ်။ စံပြနောက်ပိုင်းကာလသူတော်စင်များဖြစ်လာစေဖို့ သင်တို့ကို ကျွန်တော်ကောင်းချီးပေးပါတယ်။ သင်တို့ကို ကျွန်တော်အခုလိုကောင်းချီးပေးပြီးတော့၊ ဘုရားသခင်အသက်ရှင်တော်မူတဲ့အကြောင်း၊ ယေရှုဟာခရစ်တော်ဖြစ်တော်မူတဲ့အကြောင်း၊ ဒီအသင်းတော်ဟာ သူ့ရဲ့အသင်းတော်ဖြစ်တဲ့အကြောင်း သက်သေခံပါတယ်။ ကျွန်တော်တို့ဟာ သူ့ရဲ့လူမျိုးတွေဖြစ်ပါတယ်။ ယေရှုခရစ်တော်၏နာမတော်အားဖြင့်။ အာမင်။

မှတ်စုများ

  1. ဆက်သွယ်ရေးကွန်ယက် LDS.org နှင့် ဧဝံဂေလိတရားတော်စာကြည့်တိုက်အစီအစဉ်ရှိ အထွေထွေညီလာခံအမှာစကားများ တွင်ကြည့်ပါ။ ၎င်းတို့ကို အင်ဇိုင်း နှင့် လီယဟိုနာ တွင် ပုံနှိပ်မည်ဖြစ်သည်။ စာတိုက်မှဖြစ်စေ၊ ဆက်သွယ်ရေးကွန်ယက်မှဖြစ်စေ ထုတ်ဝေသည့် ခေတ်သစ်နှင့် မိတ်ဆွေ၊ အပါအဝင် အသင်းတော်မဂ္ဂဇင်းများသည် သင်တို့၏အိမ်ဗဟိုပြု ဧဝံဂေလိတရားတော်ညွှန်းတမ်း၏ အရေးကြီးသောအစိတ်အပိုင်းတစ်ခုဖြစ်ပါသည်။

  2. ဥပမာအားဖြင့်၊ ထွက်မြောက်ရာကျမ်း ၂၈၂၉ဝတ်ပြုရာကျမ်း ၈ တွင်ကြည့်ပါ။

  3. မောဇိယ ၄း၂၉ တွင်ကြည့်ပါ။

  4. အသင်းတော်အထွေထွေညီလာခံ၊ ဧပြီ၊ ၈၊ ၁၈၉၄ တွင် ဟောပြောခဲ့သည့် ဟောပြောချက်၊ ဝီလဖို့ဝုဒရပ်ဖ်၊“The Law of Adoption,” တွင်ကြည့်ပါ။ “ကျွန်တော်တို့မှာ ဗျာဒိတ်တော် မပြီးမြောက်သေးပါ၊ ကျွန်တော်တို့ ဘုရားသခင်ရဲ့အမှုတော် မပြီးမြောက်သေးပါ။ စုံလင်ခြင်းသို့မရောက်မချင်း ဒီအမှုတော် ပြီးဆုံးလိမ့်မည်မဟုတ်ပါ” ဟု ဥက္ကဌဝုဒရပ်က ပြောခဲ့ပါသည် (Deseret Evening News, ဧပြီ ၁၄၊ ၁၈၉၄၊ ၉)။

  5. Teachings of Presidents of the Church: Joseph Smith (၂၀၀၇)၊ ၁၄၂။