ကျွန်တော်တို့ရဲ့ဝိညာဥ်ရေးရာဆိုင်ရာကြွက်သားများလေ့ကျင့်ခန်းလုပ်ခြင်း
ကြွက်သားများ တည်ဆောက်ရန်အတွက် ကြွက်သားအကြောင်းဖတ်ရုံဖြင့်မလုံလောက်သကဲ့သို့သကဲ့သို့ပင်အပြုအမူထပ်လောင်းမထည့်သောယုံကြည်ခြင်းအကြောင်းလေ့လာခြင်းသည် ယုံကြည်ခြင်းသည်တည်ဆောက်ရန်အတွက်မလုံလောက်ပါ။
ကျွန်တော်တို့ရဲ့ကောင်းကင်ဘုံရှင်အဖ ရဲ့အံ့သြစရာကောင်းလှတယ့် လက်ဆောင်ဖြစ်တဲ့ရုပ်ပိုင်းဆိုင်ရာခန္ဓာကိုယ်ရရှိခြင်းအတွက်ကျေးဇူးတော်ချီးမွမ်းပါတယ်။ ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်မှာ ကြွက်သားပေါင်း ၆၀၀ ကျော်ရှိပါတယ်။ များစွာသောကြွက်သားများသည် ကျွန်တော်တို့၏နေ့စဥ်လူပ်ရှားသွားလာမှုများကိုလုပ်ဆောင်နိုင်သောအခြေအနေရှိရန်လေ့ကျင့်ခန်းလုပ်ရန်လိုအပ်ပါတယ်။ ကျွန်တော်တို့၏ကြွက်သားများအကြောင်းကိုစိတ်ပိုင်းဆိုင်ရာအားထုတ်မူများဖြစ်သည့်စာဖတ်ခြင်းနှင့်လေ့လာခြင်းများလုပ်ဆောင်နိုင်ပါတယ်။သို့သော်လည်းထိုအရာက ကျွန်တော်တို့အားသန်မာလာအောင်ပြုလုပ်ပေးမည်ဟုထင်မည်ဆိုလျှင် ကျွန်တော်တို့စိတ်ပျက်ရပါလိမ့်မည်။ ကျွန်တော်တို့၏ကြွက်သားများသည် အသုံးပြုခြင်းရှိမှသာ ကြီးထွားလာသည်။
ဝိညာဥ်ရေးရာဆုကျေးဇူးများသည်လည်းထိုနည်းလည်းကောင်းပင်ပြုမူတတ်သည်ကို ကျွန်တော်သတိထားမိလာပါတယ်။ ထိုအရာတို့သည်လည်းကြီးထွားရန်အတွက်လေ့ကျင့်ခန်းလုပ်ဖို့လိုအပ်ပါတယ်။ ယုံကြည်ခြင်း၏ဝိညာဥ်ရေးရာဆုကျေးဇူး၊ဥပမာ၊ ခံစားမူ သို့မဟုတ် စိတ်နေစိတ်ထားတစ်ခုမဟုတ်ပါ။လုပ်ဆောင်ခြင်း၏ အခြေခံသဘောတရားဖြစ်ပြီး တွဲလျက်ပါရှိသော ကျမ်ပိုဒ်ငယ်များတွင်မကြာခဏတွေ့ရပါတယ်လေ့ကျင့်ခန်း ကြွက်သားများတည်ဆောက်ရန်အတွက် ကြွက်သားများအကြောင်းကိုဖတ်ရုံလေ့လာရုံဖြင့် မလုံလောက်သကဲ့သို့ပင် အပြုအမူထပ်လောင်းမထည့်သော ယုံကြည်ခြင်းအကြောင်းလေ့လာခြင်းသည် ယုံကြည်ခြင်းတည်ဆောက်ရန်အတွက်မလုံလောက်ပါ။
ကျွန်တော်အသက်၁၆နှစ်မှာကျွန်တော်ရဲ့အကိုအကြီးဆုံး အီဗန်ကအဲ့ဒီအချိန်မှာ အသက်၂၂နှစ်ရှိခဲ့ပါတယ်။ တစ်နေ့မှာသူက အိမ်ကို လာခဲ့ပြီးမိသားစုကို သတင်းတချို့ဝေငှခဲ့ပါတယ်။ သူကယေရူခရစ်တော်၏နောက်ပိုင်းကာလသန့်ရှင်းသူများအသင်းတော်မှာ နှစ်ခြင်းခံရန် ဆုံးဖြတ်ချက်ချခဲ့ပါတယ်။ ကျွန်တော်ရဲ့မိဘတွေကသူ့ကိုမယုံမကြည်ကြည့်ခဲ့ပါတယ်။ပြီးတော့ဘယ်လိုဖြစ်ခဲ့လဲဆိုတာအတိအကျမမှတ်မိဘူးဆိုတာ မှတ်မိပါသေးတယ်။ တစ်နှစ်သို့မဟုတ် အချိန်ကြာပြီးနောက်၊သူကကျွန်တော်တို့ကိုပိုပြီးအံ့အားသင့်စေသောသတင်းတစ်ခုကိုပြောခဲ့ပါတယ်။သူကအသင်းတော်၏သာသနာပြုတစ်ယောက်အနေနဲ့အစေခံဖို့ဆုံးဖြတ်ချက်ချခဲ့ပါတယ်။ ဆိုလိုရင်းကတော့ ကျွန်တော်တို့သူ့ကိုနောက်နှစ်နှစ်မတွေ့ရတော့ပါဘူး။ ကျွန်တော်ရဲ့မိဘတွေက ဒီသတင်းကိုစိတ်မလူပ်ရှားခဲ့ကြပါဘူး။ ပြတ်သားတဲ့ စိတ်ပိုင်းဖြတ်ခြင်းကို ကျွန်တော်သူ့ထံမှာတွေ့ခဲ့ပြီးသူနဲ့သူပြုလုပ်ခဲ့တဲ့ဆုံးဖြတ်ချက်အတွက် ကျွန်တော်ရဲ့လေးစားမူပိုတိုးပွားလာခဲ့ပါတယ်။
လများစွာကြာပြီးနောက်၊ အီဗန်သာသနာပြုနေစဥ်တွင်၊ ကျွန်တော့်ရဲ့ကျောင်းနေဘက်များနဲ့ အားလပ်ရက်ခရီးတစ်ခုကိုစီစဥ်ရန် ကျွန်တော်အခွင့်အရေးရခဲ့ပါတယ်။ ကျွန်တော်တို့ကအထက်ကျောင်းရဲ့နောက်ဆုံးနှစ်များအတွက်အောင်ပွဲခံချင်ပြီးရက်အနည်းငယ်ကိုကမ်းခြေမှာအချိန်ကုန်ချင်ခဲ့ပါတယ်။
ကျွန်တော်ရဲ့သာသနာပြုအကိုထံစာတစ်စောင်ရေးပြီး နွေရာသီအားလပ်ရက်အကြောင်းပြောပြခဲ့ပါတယ်။ သူသာသနာပြုလုပ်ငန်းလုပ်နေသည့်မြို့က ကျွန်တော်သွားမည့်မြို့ကိုသွားမည့်လမ်းတွင်ရှိကြောင်းသူစာပြန်ခဲ့ပါတယ်။ ခဏလမ်းကြုံဝင်ပြီး သူ့ဆီအလည်အပတ်သွားခြင်းက ကောင်းတဲ့အကြံဖြစ်လိမ့်မယ်လို့ ကျွန်တော်ဆုံးဖြတ်ချက်ချခဲ့ပါတယ်။ အဲ့ဒါကသာသနာပြုများကို မိသားစုဝင်များက အလည်အပတ်မပြုနိုင်ကြောင်း ကျွန်တော်မလေ့လာခင်အချိန်အထိပါပဲ။
ကျွန်တော်စီစဥ်စရာများအားလုံးစီစဥ်ခဲ့ပါတယ်။ ဘစ်စ်ကားပေါ်မှာထိုင်ပြီးဒီလိုသာယာတဲ့နေ့မှာ ကျွန်တော်နဲ့အီဗန်လုပ်မယ့်ပျော်စရာများအားလုံးကိုစဥ်းစားနေခဲ့တာကိုမှတ်မိပါတယ်။ ကျွန်တော်တို့မနက်စာစားမယ်၊မနက်စာစားမယ်၊သဲထဲမှာကစားမယ်၊နေပူဆာလူံမယ်၊ဘယ်လောက်ပျော်စရာကောင်းတဲ့နေ့ဖြစ်လိုက်မလဲ။
ဘစ်စ်ကားဂိတ်ရောက်တဲ့အခါမှာတခြားလူငယ်တစ်ယောက်ဘေးမှာရပ်နေသောအီသန်ကိုကျွန်တော်တွေ့ခဲ့ပါတယ်။နှစ်ယောက်စလုံး ရှပ်အကျီအဖြူနဲ့နက်ကတိုင်ဝတ်ထားပါတယ်။ ကျွန်တော်ဘစ်စ်ကားပေါ်ကဆင်းခဲ့တယ်။ကျွန်တော်တို့ တစ်ယောက်နဲ့တစ်ယောက်ဖက်ပြီးသူကသူရဲ့သာသနာပြုဖော်နဲ့မိတ်ဆက်ပေးပါတယ်။ နောက်ထပ်တစ်မိနစ်မကုန်ဆုံးခင်မှာပဲ ကျွန်တော်က ကျွန်တော်ရဲ့ထိုနေ့အတွက်အစီအစဥ်အကြောင်းကျွန်တော်ရဲ့အကိုကိုပြောခဲ့ပါတယ်။ သို့သော်လည်းအီဗန်မှာအစီအစဥ်ရှိနေခဲ့တယ်ဆိုတာကျွန်တော်အနည်းငယ်ပဲသိခဲ့ပါတယ်။ သူကကျွန်တော့်ကိုကြည့်ခဲ့ပါတယ်။ ပြုံးပြီး “ရတာပေါ့လို့ပြောခဲ့ပါတယ်။ ဒါပေမယ့်ကျွန်တော်တို့လုပ်စရာသေးသေးလေးတွေလုပ်ဖို့လိုအပ်ပါတယ်။ ကျွန်တော်တို့နဲ့လိုက်ခဲ့မလား။” ပြီးတဲ့အခါမှာကျွန်တော်တို့ကမ်းခြေသွားပြီးပျော်ဖို့ အချိန်လုံလုံလောက်လောက်ရှိမယ်လို့တွေးပြီး ကျွန်တော် သဘောတူခဲ့တယ်။
အဲ့ဒီ့နေ့မှာကျွန်တော့်အကိုနဲ့သူ့ရဲ့အလုပ်ဖော်နှင့်အတူ ၁၀နာရီထက်မကအဲ့ဒီ့မြို့ရဲ့လမ်းတွေကိုကျွန်တော်တို့လျှောက်ခဲ့ပါတယ်။ ကျွန်တော်တို့တစ်နေ့လုံးလူတွေကိုပြုံးပြခဲ့ပါတယ်။ ကျွန်တော်ဘဝမှာတစ်ခါမှမမြင်ဖူခဲ့တဲ့သူတွေကိုနှုတ်ဆက်ခဲ့ပါတယ်။ ကျွန်တော်တို့လူတိုင်းကို စကားပြောခဲ့ပါတယ်၊ သူစိမ်းတွေရဲ့ တံခါးတွေကိုခေါက်ခဲ့ပါတယ် ပြီးတော့ကျွန့်တော့်အကိုနဲ့ သူ့ရဲ့အလုပ်ဖော် သင်ပေးနေတဲ့သူတွေကို သွားလည်ခဲ့ပါတယ်။
လည်ပတ်ခြင်းတစ်ခုမှာ ၊ ကျွန်တော့်အကိုနဲ့ သူ့ရဲ့အလုပ်ဖော်ဟာ ယေရှုခရစ်တော်နှင့်ကယ်တယ်ခြင်း အစီအစဥ်ကို သင်ကြားပေးခဲ့ပါတယ်။ ရုတ်တရက်၊ အီဗန်ကခဏရက်ပြီး ကျွန်တော့်ကိုကြည့်ခဲ့ပါတယ်။ ကျွန်တော်အံ့အားသင့်တာကတော့၊ သင်ပေးခဲ့တဲ့အကြောင်းကို ကျွန်တော့်ရဲ့ထင်မြင်ချက်အတိုင်း ဝေငှဖို့ ယဥ်ကျေးစွာ မေးခဲ့ပါတယ်။ အခန်းက ငြိမ်သက်သွားခဲ့ပြီး၊ အားလုံးရဲ့မျက်လုံးတွေဟာ ကျွန်တော့်ရဲ့အပေါ်မှာရှိနေခဲ့ပါတယ်။ အခက်အခဲအချို့နှင့်ပင်၊ နောက်ဆုံးမှာ ကယ်တင်ရှင်းအကြောင်း ကျွန်တော့်ရဲ့ခံစားချက်ကို ဝေမျှရန် စကားလုံးများ တွေ့ခဲ့ပါတယ်။ ကျွန်တော်ဝေငှတဲ့အရာက မှန်လားမှားလားဆိုတာ ကျွန်တော်တော့မသိခဲ့ပါဘူး။ ကျွန်တော့်ရဲ့အကိုက ကျွန်တော်ကို အမှားပြင်ဆင်ခြင်း မလုပ်ခဲ့ပါဘူး၊ အမှန်တော့ ကျွန်တော့်အတွေးနှင့် ခံစားချက်များကို ဝေငှပေးတဲ့အတွက် သူကကျွန်တော့်ကို ကျေးဇူးတင်ခဲ့ပါတယ်။
ထို အတူရှိသောနာရီပေါင်းများစွာတွင်၊ ကျွန်တော့်အကိုနှင့် သူ့ရဲ့အလုပ်ဖော်ဟာ ကျွန်တော့်ကို သီးသန့်သင်ကြားပေးဖို့ အချိန်တစ်မိနစ်တောင် မသုံးခဲ့ပါဘူး၊ သူနှင့်အရင်ကစကားပြောခဲ့များထက်ပို၍ သာလွန်သော အသိပညာကို ရရှိခဲ့ပါတယ်။ လူများကသူတို့၏ဘဝတွင် ဝိဥာဥ်ရေးရာအလင်းကို လက်ခံသည်နှင့်အမျှ လက်ခံသဘောတူခြင်းများ မည်သို့ပြောင်းလဲလာသည်ကို ကျွန်တော်သက်သေခံပါတယ်။ တချို့ကသတင်းစကားထဲတွင် မည်သို့ မျှော်လင့်ခြင်း ရှာတွေ့ခဲ့သည်ကို ကျွန်တော်တွေ့ခဲ့ရပါတယ်။ကျွန်တော်ကိုယ်တိုင်နှင့် ကျွန်တော့်ရဲ့ ကိုယ်ပိုင်ဆန်ဒများကို မေ့ထားပြီး တပါးသူများကို မည်သို့အစေခံရမည်ကို သင်ယူခဲ့ပါသည်။ ကယ်တင်ရှင် သင်ပေးခဲ့သည့်အတိုင်း ကျွန်တော်လုပ်ခဲ့ပါတယ်။ “ငါ၌ ချဥ်းကပ်လိုသောသူဖြစ်လျှင် ကိုယ့်ကိုယ်ကို ငြင်းပယ်ရမည်။”
ပြန်ကြည့်မည်ဆိုလျှင် ၊ အဲ့ဒီနေ့မှစပြီး ကျွန်တော့်ရဲ့ယုံကြည်မှု တိုးပွားလာသည်ကို သတိထားမိပါတယ်။ ဘာကြောင့်လည်းဆိုတော့ ကျွန်တော့ရဲ့အကိုက လက်တွေ့ အပြုအမူရှိရန် ကျွန်တော့ကိုအခွင့်အရေးပေးခဲ့တာကြောင့်ပါ။ ကျွန်တော်တို့ ကျမ်းစာများမှ ဖတ်ခြင်း ၊ သင်ပေးဖို့ လူများရှာဖွေခြင်း ၊ သက်သေခံချက်များ ဝေငှခြင်း ၊တစ်ခြားသူများအား အစေခံခြင်း စသည့် အရာများဖြင့် ကျွန်တော် လေ့ကျင့်ခန်း ပြုလုပ်ခဲ့ပါတယ်။ ကျွန်တော်တို့အဲ့ဒီနေ့မှာနေပူစာမလှုံခဲ့ရပါဘူး။သို့သော်လည်းကျွန်တော့်ရဲ့နှလုံးသားဟာ ကောင်းကင်မှ အလင်းအားဖြင့် နေပူစာလှုံခံခဲ့ရပါတယ်။ ကျွန်တော်ကမ်းခြေမှာ သဲပွင့်တစ်ပွင့်ကိုတောင် မမြင်ခဲ့ရပါဘူး။ သို့သော်လည်း ကျွန်တော့်ရဲ့ယုံကြည်မှုက မုန်လာစေ့အသေးတစ်စေ့ကဲ့သို့ပင် ကြီးထွားလာတယ်လို့ ခံစားရခဲ့ရပါတယ်။ နေသာတဲ့နေ့တစ်နေ့ကို ကျွန်တော်ခရီးသွားတစ်ယောက်အနေနဲ့ မကုန်ဆုံးခဲ့ပါဘူး။ သို့သော်လည်း အလွန်ကောင်းမွန်သောအတွေ့အကြုံများရရှိခဲ့ပြီး သတိမထားမိဘဲ ကျွန်တော်သာသနာပြုတစ်ယောက်ဖြစ်ခဲ့ပါတယ်။
ဝိညာဥ်ရေးရာ ကြွက်သားခွန်အား တိုးတက်ပွားရန် အခွင့်အလမ်းများ
ဧဝံဂေလိတရား၏ ပြန်လည်ပြင်ဆင်ခြင်းကို အရမ်းကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့ရဲ့ ကောင်းကင်ဘုံရှင်အဖက ကျွန်တော်တို့ရဲ့ ဝိညာဥ်ရေးရာ ဆုကျေးဇူးများတိုးပွားရန် မည်သို့ကူညီပေးသည်ကို နားလည်လာနိုင်ပါတယ်။ သူက ထိုအရာများကို ဝိညာဥ်ရေးရာနှင့် ရုပ်ပိုင်းဆိုင်ရာ အားထုတ်မှု မပါဘဲ ကျွန်တော်တို့ကို ပေးသည်ထက် ထိုဝိညာဥ်ရေးရာ ဆုကျေးဇူးများတိုးတက်ရန် အခွင့်အလမ်းများအား ကျွန်တော်တို့အား ပေးခြင်းဖြစ်ပါတယ်။ ကျွန်တော်တို့ကသူ၏ဝဥ်ဥာဥ်တော်နှင့်အတူရှိပါက ကျွန်တော်တို့ကထိုအခွင့်အလမ်းများ ဖော်ထုတ်ရန် သင်ယူနိုင်ပြီး ထိုအရာများကို လက်တွေ့လုက်ဆောင်ပါလိမ့်မယ်။
အကယ်၍ ကျွန်တော်တို့က သည်းခံခြင်းရှိဖို့ရှာဖွေနေလျှင်၊ အကြောင်းပြန်ခြင်းတစ်ခုစောင့်ဆိုင်းရင်း လေ့ကျင့်ရန်လိုအပ်သည်ကို ကျွန်တော်တို့ကိုယ့်ကိုယ်ကိုယ်တွင်တွေ့နိုင်ပါတယ်။ ကျွန်တော်တို့၏ဝန်းကျင်ကသူများအတွက်ချစ်ခြင်းတရားပိုရှိချင်ပါက ဘုရားကျောင်းတွင်တွေ့သည့် မျက်နှသစ်တစ်ယောက်ဘေးတွင် ထိုင်ပေးခြင်းအားဖြင့် တိုးတက်နိုင်ပါသည်။ ယုံကြည်ခြင်းသည်လည်း ဆင်တူပါတယ်။ကျွန်တော်တို့ရဲ့စိတ်ထဲကို သံသယများဝင်လာသောအခါ ရှေ့ဆက်ရန်အတွက် အရှင်ဘုရား၏ ကတိတော်များကို ယုံကြည်ဖို့ လိုပါတယ်။ ဤနည်းအားဖြင့် ကျွန်တော်တို့ရဲ့ ဝိဥာဥ်ရေးရာ ကြွက်သားများကို လေ့ကျင့်ခန်းလုပ်နိုင်ပြီး ကျွန်တော်တို့ဘဝရဲ့ ခွန်အားအရင်းအမြစ်ထဲ၌ တိုးတက်နိုင်ပါသည်။
အစကနဦးမှာတော့ လွယ်ကူမှာမဟုတ်ပါဘူး။ကြီးမားသော စိန်ခေါ်မှုတစ်ခုတောင် ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ပရောဖက်မော်ရိုနိုင်းအားဖြင့် အရှင်ဘုရား၏ နှုတ်ကပတ်တော်များက ယနေ့ထိတိုင်အောင် ကျွန်တော်တို့အတွက် အကျိုးသက်ရောက်မှု ရှိပါတယ်။“လူသားတို့ ငါ့ထံသို့လာကြလျှင် ငါသည်သူတို့အား သူတို့၏အားနည်းချက်ကို ပြတော်မူမည်။” ငါ့ရှေ့မှာမိမိကိုယ်ကို နှိမ့်ချသော လူသားအပေါင်းတို့အတွက် ငါ၏ကျေးဇူးတော်သည် လုံလောက်၏။အကြောင်းမူကားသူတို့သည် ငါ့ရှေ့၌သူတို့ကိုယ်သူတို့ နှိမ့်ချလျက် ငါ့ကိုယုံကြည်ခြင်း ရှိကြလျှင် ငါသည် အားနည်းသော အရာတို့ကို သူတို့အဖို့ အားကြီးလာစေတော်မူမည်။
ကျွန်တော့်ကို ဧဝံဂလိတရားကို ဝေငရုံသာမက ထိုတရားနှင့် နေထိုင်ရန်နင့် ကျွန်တော့်၏ အားနည်းချက်များကို သတိထားမိရန် သွယ်ဝိုက်သောနည်းဖြင့် ဖိတ်ခေါ်ခဲ့သော ကျွန်တော့်၏အကို အီဗန်အတွက် ကျေးဇူးတော်ကို ချီးမွမ်းပါတယ်။ အရှင်သခင်၏ ဖိတ်ခေါ်ခြင်းကို လက်ခံရန် ကျွန်တော်ကို သူကူညီပေးခဲ့ပါတယ်။ ”ငါ့နောက်သို့လိုက်လော့” ကယ်တင်ရှင်လမ်းလျှောက်သကဲ့သို့ လျှောက်ရန် ၊ ကယ်တင်ရှင် ကြိုးစားခဲ့သကဲ့သို့ ကြိုးစားရန်နင့် ကယ်တင်ရှင်ချစ်သကဲ့သို့ ချစ်ရပါမယ်။ လများစွာကြာပြီးနောက်၊ ကျွန်တော့်သာသနာပြု အတွေ့အကြုံပြီးနောက်မှာ နစ်ခြင်းခံပြီး ကျွန်တော်ကိုင်ပိုင် သာသနာပြုရန်အတွက် ဆုံးဖြတ်ချက်ချခဲ့ပါတယ်။
ဥက္ကဠ ရဆယ် အမ် နယ်လ်ဆင်၏ ဖိတ်ခေါ်ခြင်းကို လက်ခံကြပါစို့။ပိုများသော ဝိဥာဥ်ရေးရာလုပ်ဆောင်မှုနင့် လေ့ကျင့်မှုများ စလုပ်ဆောင်ရန် လိုအပ်သော ထိုကြွက်သားများကို ဖော်ထုတ်ပြီး ကယ်တင်ရှင်ထံသို့ တစိုက်မတ်မတ် လိုက်လျှောက်ပါ။ ဤအရာက တာတိုပြေးခြင်းထက် အချိန်ရှည်လျှားလသော ပြိုင်ပွဲတစ်ခုဖြစ်တဲ့ မာရသွန်ပွဲဖြစ်ပါတယ်။ထို့ကြောင့် သေးငယ်သော်လည်း အရေးကြီးသော ဝိညာဥ်ရေးရာကြွက်သားများကို ခိုင်မာစေတဲ့ ထိုမပြောင်းလဲသော ဝိညာဥ်ရေးရာလုပ်ဆောင်မများကို မမေ့မလျော့ပါနှင့်။ ကျွန်တော်တို့ရဲ့ ယုံကြည်ချက်တွေကို တိုးပွားချင်ပါက ယုံကြည်မှုလိုအပ်သော အရာများကို လုပ်ဆောင်ကြပါစို့။
ကျွန်တော်တို့က ချစ်စွာသော ကောင်းကင်ဘုံရှင်အဖရဲ့သားသမီးတွေ ဖြစ်တယ်ဆိုတာကို ကျွန်တော်သက်သေခံပါတယ်။ သူ၏သား ယေရှုခရစ်တော်က ကျွန်တော်တို့ကို ချစ်ပါတယ်။ ကျွန်တော်တို့ကို လမ်းပြရန် သူက ဤလောကသို့လာခဲ့ပြီး ကျွန်တော်တို့ မျှော်လင့်ခြင်းရှိရန်အတွက် သူ၏ဘဝကို စေတနာအလျှောက် ပေးခဲ့ပါတယ်။ ကယ်တင်ရှင်က ကျွန်တော်တို့အား သူ၏ပြည့်စုံသော ဥပမာကို လိုက်လျှောက်ရန်၊ သူနှင့်သူ၏အပြစ်ဖြေခြင်း မင်ဂလာ၌ ကျွန်တော်တို့၏ ယုံကြည်ခြင်းကို လေ့ကျင့်ရန်နှင့် ကျွန်တော်တို့ ကောင်းချီးရခဲ့သော ၀ိညာဥ်ရေးရာဆုကျေးဇူးများကို တိုးပွားရန်ဖိတ်ခေါ်ပါတယ်။ သူကနည်းလမ်းဖြစ်ပါတယ်။ ဤအရာက ကျွန်တော့်ရဲ့သက်သေခံချက် ဖြစ်ပါတယ်။ယေရှုခရစ်တော်၏နာမတော်ဖြင့် အာမင်။