နိဂုံးချုပ်အမှာစကား
ဘုရားသခင်နဲ့ သူ့သားသမီးများကို ကန့်လန့်ကာရဲ့ နှစ်ဖက်စလုံးမှာ အစေခံခြင်း၌ ကျွန်တော်တို့ဘဝတွေကို ဆက်ကပ်ပြီးရင်းပြန်လည်ဆက် ကပ်ကြပါစို့။
ကျွန်တော့ရဲ့ ချစ်သောညီအစ်ကိုမောင်နှမများခင်ဗျာ၊ ဒီသမိုင်းဝင်ညီလာခံရဲ့နိဂုံးကို ကျွန်တော်တို့ရောက်လာခဲ့ပါပြီ၊ ကိုယ်တော်ရှင်ရဲ့လမ်းပြလှုံ့ဆော်မှုနဲ့ ကာကွယ်မှုတို့အတွက် သူ့ကို ကျွန်တော်တို့ ကျေးဇူးတင်ပါတယ်။ အမှာစကားတွေက ကျွန်တော်တို့ကို လမ်းညွှန်ပြီး စိတ်ဓာတ်မြှင့်တင်ခဲ့ပါပြီ။
ဟောပြောသူတွေကို ပြောရမယ့်ခေါင်းစဉ်တွေ သတ်မှတ်မပေးခဲ့ပါဘူး။ သူတို့အယောက်တိုင်းဟာ မိမိအမှာစကားကို ပြင်ဆင်ရာမှာ ကိုယ်ပိုင်ဗျာဒိတ်တော်အတွက် ဆုတောင်းခဲ့ကြပါတယ်။ ကျွန်တော့အနေနဲ့၊ အဲဒီအကြောင်းအရာတွေဟာ တစ်ခုနဲ့တစ်ခု ဘယ်လိုများ အင်မတန်မှ အံဝင်ခွင်ကျဖြစ်လိုက်သလဲလို့ကို မှတ်သားထိုက်ပါတယ်။ သင်တို့အဲဒါတွေကို တို့လေ့လာတဲ့အခါမှာ၊ ကိုယ်တော်ရှင်က သူ့ရဲ့အစေခံများမှ တစ်ဆင့် သင်တို့ကို သွန်သင်ဖို့ ကြိုးစားနေတဲ့အရာကို သင်ယူဖို့ ကြိုးစားကြပါ။
ဂီတကလည်း ကျက်သရေရှိပါတယ်။ ကဏ္ဍတစ်ခုစီတိုင်းမှာ ကိုယ်တော်ရှင်ရဲ့ဝိညာဉ်တော်ကို ဖိတ်ခေါ်ဖို့ မိမိတို့ပါရမီအစွမ်းအစများနဲ့ချယ်မှုန်းခဲ့ကြတဲ့ ဂီတပညာရှင်များစွာကို ကျွန်တော်တို့အင်မတန်ကျေးဇူးတင်ရှိပါတယ်။ ကိုယ်တော်ကလည်း ကဏ္ဍတိုင်းက ဆုတောင်းခြင်းများနဲ့ ပရိတ်သတ်များကို ကောင်းချီးပေးတော်မူခဲ့ပါတယ်။ တကယ်ကိုပါပဲ၊ ညီလာခံဟာ ကျွန်တော်တို့အားလုံးအတွက် ဝိညာဉ်ပကတိပွဲခံရာ တစ်ဖန်ဖြစ်ခဲ့ပြီးပါပြီ။
အသင်းသားတိုင်းရဲ့အိမ်ဟာ ကိုယ်တော်ရှင်ရဲ့ဝိညာဉ်တော် ကိန်းဝပ်နိုင်တဲ့၊ ယုံကြည်ခြင်းဖြင့် စစ်မှန်သောဝတ်ပြုရာဌာနတစ်ခု ဖြစ်လာစေကြောင်း ကျွန်တော်တို့ မျှော်လင့်လျက်ဆုတောင်းကြပါတယ်။ ကျွန်တော်တို့ပတ်ဝန်းကျင်မှာ ငြင်းခုံမှုရှိပေမယ့်လည်း၊ တစ်ဦးစီရဲ့အိမ်ဟာ ကောင်းကင်ဘုံလိုနေရာတစ်ခု၊ လေ့လာမှု၊ ဆုတောင်းခြင်းနဲ့ ယုံကြည်ခြင်းတို့ ချစ်ခြင်းဖြင့် ရောပြွမ်းရာနေရာတစ်ခု ဖြစ်လာနိုင်ပါတယ်။ ကျွန်တော်တို့ဟာ ဘယ်နေရာမှာပဲဖြစ်ဖြစ် ကိုယ်တော်ရှင်အဖို့ မတ်မတ်ရပ်၊ မတ်မတ်ပြောကြခြင်းအားဖြင့် သူ့ရဲတပည့်တော်များ ဧကန်အမှန်ဖြစ်လာနိုင်ကြပါတယ်။
ဘုရားသခင်ရဲ့ရည်ရွယ်ချက်ဟာ ကျွန်တော်တို့ရဲ့ရည်ရွယ်ချက်ဖြစ်ရပါမယ်။ သူက သူ့သားသမီးတွေကို သူ့ဆီကို ပြန်လာရန်ရွေးချယ်စေဖို့ ပြင်ဆင်လျက်၊ အရည်အချင်းပြည့်မီလျက်၊ ဝိညာဉ်ပကတိအပ်နှင်းခံလျက်၊ ပေါင်းစည်းလျက်၊ ပြီးတော့ သန့်ရှင်းသောဗိမာန်တော်တွေထဲမှာ ပြုထားတဲ့ပဋိညာဉ်တွေပေါ်မှာ သစ္စာရှိကြစေဖို့ အလိုရှိပါတယ်။
အခုဆိုလျှင်၊ ကျွန်တော်တို့မှာ ဆက်ကပ်ထားတဲ့ဗိမာန်တော် ၁၆၂ ခုရှိပါတယ်။ အစောဆုံးဗိမာန်တော်တွေဟာ ကျွန်တော်တို့ရဲ့ ကနဦးတည်ထောင်သူတို့၏ ယုံကြည်ခြင်းနဲ့ ရူပါရုံရဲ့ အထိမ်းအမှတ်များအဖြစ် ရှိကြပါတယ်။ ဗိမာန်တော်တစ်ခုချင်းစီတိုင်းကို သူတို့ရဲ့ကိုယ်တိုင်ပေးဆပ်ခြင်းနဲ့ အားထုတ်မှုတို့အားဖြင့် တည်ဆောက်ထားတာဖြစ်ပါတယ်။ ဗိမာန်တော်တစ်ခုချင်းစီတိုင်းဟာ ကနဦးအောင်မြင်မှုသရဖူရှိ အင်မတန်လှပတဲ့ ရတနာတပါးအဖြစ်ရှိပါတယ်။
အဲဒါတွေကို ဂရုစိုက်ဖို့ဆိုတာ ကျွန်တော်တို့ရဲ့သန့်ရှင်းမွန်မြတ်သော တာဝန်ဖြစ်ပါတယ်။ ဒါ့ကြောင့်မိုလို့၊ ဒီကနဦးဗိမာန်တော်တွေဟာ မကြာမီမှာ ပြန်လည်ဆန်းသစ်ခြင်းနဲ့ အားဖြည့်ခြင်း၊ အချို့ဆိုလျှင်၊ အကြီးစားပြန်လည်ပြင်ဆင်ခြင်း ကာလနဲ့ကြုံရမှာ ဖြစ်ပါတယ်။ ဗိမာန်တော်တစ်ခုချင်းစီရဲ့တစ်မူထူးတဲ့သမိုင်းဝင်ဖြစ်ရပ်ကို ဖြစ်နိုင်သမျှ ထိန်းသိမ်းစောင့်ရှောက်ဖို့ အားထုတ်ကြမှာဖြစ်ပါတယ်။ လမ်းပြလှုံ့ဆော်တဲ့အလှတရားနဲ့ ကွယ်လွန်သွားကြပြီဖြစ်တဲ့ ရှေးမျိုးဆက်တို့ရဲ့ တမူထူးတဲ့လက်ရာကို ထိန်းသိမ်းစောင့်ရှောက်နေကြမှာလည်းဖြစ်ပါတယ်။
ယုတပြည် စိန့်ဂျော့မြို့ဗိမာန်တော်ရဲ့ အသေးစိတ်အချက်အလက်တွေကို ထုတ်ပေးပြီသွားပါပြီ။ ဆော့လိတ်ဗိမာန်တော်၊ ဗိမာန်တော်ရင်ပြင်၊ ပြီးတော့ အသင်းတော်ရုံးအဆောက်အဦးအနီးရှိ ကပ်လျက်ရှိသောဈေးရုံ အသစ်ပြန်လည်ပြုပြင်ခြင်းကို သောကြာနေ့၊ ဧပြီ ၁၉၊ ၂၀၁၉ မှာ ကြေညာမှာဖြစ်ပါတယ်။
ယုတပြည် မန်တိမြို့နဲ့ လိုဂန်မြို့ဗိမာန်တော်တွေကိုလည်း လာမယ့်နှစ်တွေမှာ အသစ်ပြန်လည်ပြုပြင်မှာဖြစ်ပါတယ်။ အဲဒီအစီအစဉ်တွေကို ပြင်ဆင်ပြီးတဲ့အခါမှာလည်း ကြေညာမှာဖြစ်ပါတယ်။
ဒီလုပ်ငန်းတွေကြောင့်၊ ဗိမာန်တော်တစ်ခုချင်းစီကို ကာလတစ်ခုအထိ ပိတ်ပါလိမ့်မယ်။ အသင်းတော်အသင်းသားတွေဟာ အနီးအနားရှိ အခြားဗိမာန်တော်တွေမှာ ဗိမာန်တော်ဝတ်ပြုခြင်းနဲ့ အစေခံခြင်းတို့ဖြင့် ဆက်ပြီး သာယာကြည်နူးနိုင်ကြပါတယ်။ စီမံကိန်းတစ်ခုချင်းပြီးတဲ့အခါ၊ သမိုင်းဝင်ဗိမာန်တော်တစ်ခုချင်းကို ပြန်လည်ဆက်ကပ်ဖွင့်လှစ်မှာဖြစ်ပါတယ်။
ညီအစ်ကိုမောင်နှမများခင်ဗျာ၊ ကျွန်တော်တို့ဟာ ဗိမာန်တော်ကို အသင်းတော်မှာ အသန့်ရှင်းအမွန်မြတ်ဆုံးအဆောက်အဦတစ်ခုအဖြစ် မှတ်ယူကြပါတယ်။ ဗိမာန်တော်အသစ်တစ်ခု တည်ဆောက်ရန် အစီအစဉ်များကို ကျွန်တော်တို့ကြေညာတာဟာဖြင့် ကျွန်တော်တို့ရဲ့ သန့်ရှင်းမွန်မြတ်တဲ့သမိုင်းရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်လာပါတယ်။ အခု၊ ကျေးဇူးပြု၍ ဂရုတစ်စိုက်နဲ့ ရိုသေစွာ နားထောင်ကြပါ။ ကျွန်တော်ကြေညာတဲ့ ဗိမာန်တော်တစ်ခုဟာ သင်တို့အတွက် အထူးဖြစ်တဲ့နေရာမှာရှိ မယ်ဆိုလျှင်၊ သင်တို့နှလုံးသားမှာ ကျေးဇူးတင်ခြင်း၏ တိတ်ဆိတ်သောဆုတောင်းခြင်းဖြင့် ရိုးရိုးလေးပဲသင်တို့ခေါင်းကို ညွှတ်ကြပါလို့ ကျွန်တော်အကြံပြုပါရစေ။ ဒီညီလာခံနဲ့ ကိုယ်တော်ရှင်၏ သန့်ရှင်းသောဗိမာန်တော်ရဲ့ သန့်ရှင်းမွန်မြတ်တဲ့သဘာဝကို ယုတ်လျော့စေတဲ့ ဘယ်အသံထွက်ပေါက်ကွဲခြင်းကိုမှ ကျွန်တော်တို့အလိုမရှိပါဘူး။
အောက်ပါနေရာတွေမှာ နောက်ထပ်ဗိမာန်တော်တွေ တည်ဆောက်မယ့်အစီအစဉ်တွေကို ဒီနေ့ကျွန်တော်တို့ကြေညာရတာ ကျေနပ်အားရပါတယ်။
အမေရိကန်စမိုဝါနယ် ပါဂို ပါဂို၊ ၊ အိုကင်နာဝါနယ် အိုကင်နာဝါမြို့၊ တောင်ဂပြည် နိယဖူ၊ ယုတနယ် တိုးလီဗယ်လီ၊ ဝါရှင်တန်နယ် မိုးဇက်လိတ်၊ ဟွန်ဒူးရပ်စ်ပြည် စန်ပေဒရို ဆူလာ၊ ချီလီပြည် အန်တိုဖဂက်စတာ၊ ဟန်ဂေရီပြည် ဗူဒပက်၊
ကျေးဇူတင်ပါတယ်၊ ကျွန်တော့ရဲ့ ချစ်သောညီအစ်ကိုမောင်နှမများခင်ဗျာ။
ဗိမာန်တော်အဟောင်းနဲ့ အသစ်တွေအကြောင်း ကျွန်တော်တို့ ပြောကြတာနဲ့အမျှ ကျွန်တော်တို့ဟာ ကိုယ်တော်ရှင်ယေရှုခရစ်တော်၏ စစ်မှန်သော တပည့်တော်များ ဖြစ်တဲ့အကြောင်း ကျွန်တော်တို့ရဲ့ အပြုအမူများအားဖြင့် ကျွန်တော်တို့အယောက်စီတိုင်း ဖော်ပြကြပါစို့။ ကိုယ်တော်၌ ကျွန်တော်တို့ရဲ့ ယုံကြည်ခြင်းနဲ့ စိတ်ချခြင်းတို့အားဖြင့် ကျွန်တော်တို့ရဲ့ဘဝတွေကို ကျွန်တော်တို့ အသစ်ပြန်လည်ပြုပြင်ကြပါစို့။ နေ့တိုင်း ကျွန်တော်တို့ရဲ့ နောင်တရခြင်းအားဖြင့် သူ့ရဲ့ အပြစ်ဖြေခြင်းမင်္ဂလာတန်ခိုးဆီကို ကျွန်တော်တို့ ဝင်ရောက်ကြပါစို့။ ဘုရားသခင်နဲ့ သူ့သားသမီးများကို ကန့်လန့်ကာရဲ့ နှစ်ဖက်စလုံးမှာ အစေခံခြင်း၌ ကျွန်တော်တို့ဘဝတွေကို ဆက်ကပ်ပြီးရင်းပြန်လည်ဆက်ကပ်ကြပါစို့။
ကိုယ်တော်ရှင်ရဲ့ဒီအသင်းတော်ထဲမှာ ဗျာဒိတ်တော်ဆက်၍ရှိနေတဲ့အကြောင်း သင်တို့ကို အာမခံရင်းနဲ့ ကျွန်တော့ရဲ့ချစ်ခြင်းနဲ့ ကောင်းချီးမင်္ဂလာကို သင်တို့ကို ပေးပါတယ်။ “ဘုရားသခင်၏ရည်ရွယ်ချက်များ ပြီးမြောက်၍၊ ကြီးမြတ်သော ယေဟောဝါက အမှုတော်ပြီးပြီလို့ မိန့်တော်မူတဲ့အချိန်အထိ အဲဒီလို ဆက်၍ရှိနေပါလိမ့်မယ်”။
သင်တို့ကို ဤနည်းအားဖြင့် ကျွန်တော်ကောင်းချီးပေးပါတယ်၊ ဘုရားသခင်အသက်ရှင်တော်မူတဲ့အကြောင်းကိုလည်း ကျွန်တော် သက်သေခံပါတယ်။ ယေရှုဟာ ခရစ်တော်ဖြစ်ပါတယ် ဒါက သူရဲ့အသင်းတော်ပါ။ ကျွန်တော်တို့ဟာ သူ့ရဲ့လူမျိုးတွေဖြစ်ပါတယ်။ ယေရှုခရစ်တော်၏သန့်ရှင်းမွန်မြတ်တဲ့နာမတော်အားဖြင့်၊ အာမင်။