၂၀၁၀-၂၀၁၉
ကောင်းသောသိုးထိန်း၊ ဘုရားသခင်၏သိုးသငယ်။
ဧပြီ ၂၀၁၉ အထွေထွေညီလာခံ


15:19

ကောင်းသောသိုးထိန်း၊ ဘုရားသခင်၏သိုးသငယ်။

****ဒီအပိုင်းက မပြီးသေးဘူး**** ယေရှုခရစ်တော်က သူ့စကားသံနဲ့ သူ့သိုးတွေကိုခေါ်တယ်။ သူတို့ကို စုဝေးတယ်။ ပြီးတော့ ချစ်ခြင်းမေတ္တာဖြင့် အမူတော်ဆောင်ဖို့ သူသင်ပေးတယ်။ သူသည် ကျွန်တော်တို့ကို ရှာပြီးစုဝေးပါသည်။ ချစ်ခြင်းဖြင့်မည်သို့ အမှုတော်ဆောင်ရမည့်အကြောင်း ကျွန်တော်တို့ကို သူသွန်သင်ပါသည်။

ညီအစ်ကိုမောင်နှမများခင်ဗျာ၊ သင်တို့အိပ်မပျော်နိုင်လို့ စိတ်ကူးနဲ့ သိုးတွေကို ရေတွက်ကြည့်ရတာမျိုး ကြုံခဲ့ဖူးပါသလား။ (အမွေး)ပွသိုးတွေက ခြံရိုးစည်းကိုကျော်တာနဲ့ သင်က ၁၊ ၂၊ ၃၊ … ၂၄၅၊ ၂၄၆၊ … ၆၅၇၊ ၆၅၈၊ လို့ရေတွက်ပါတယ်။

ကျွန်တော်ကျတော့ သိုးတွေကို ရေတွက်ခြင်းက ကျွန်တော့ကို အိပ်ချင်စိတ်မဖြစ်စေပါဘူး။ တစ်ကောင်ကောင် ပျောက်မှာ၊ ဒါမှမဟုတ် ဆုံးရှုံးရမှာကို ကျွန်တော်စိုးရိမ်ပါတယ်၊ အဲဒီစိတ်က ကျွန်တော့ကို နိုးနေစေပါတော့တယ်။

ဘုရင်တစ်ပါးဖြစ်သွားတဲ့သိုးထိန်းကောင်လေးနဲ့ပတ်သက်လို့ ကျွန်တော်တို့ကြေညာပါတယ်။

“ထာဝရဘုရားသည် ငါ၏သိုးထိန်းဖြစ်တော်မူ၏။ ငါသည် ဆင်းရဲမခံရ၊

“စိမ်းလန်းသော ကျက်စားရာ အရပ်၌ ငါ့ကိုအိပ်စေတော်မူ၏။ သာယာသော မြစ်နားသို့ လမ်းပြတော်မူ၏။

“ငါ့ဝိညာဉ်ကို အားဖြည့်သည်။”

The Good Shepherd stained glass

ဒီအီစတာအချိန်မှာ ကျွန်တော်တို့ဟာ ကောင်းသောသိုးထိန်း၊ ဘုရားသခင်၏သိုးသငယ်လည်းဖြစ်တဲ့သူအတွက် ကျင်းပပေးပါတယ်။ သူ့ရဲ့ မြင့်မြတ်တဲ့အမည်တွေအားလုံးထဲမှာ အခြားဘယ်အရာကမျှ ပိုပြီးမနူးညံ့၊ မထိရောက်ပါဘူး။ ကျွန်တော်တို့ကယ်တင်ရှင်ရဲ့ သူ့ကိုယ်သူ ကောင်းသောသိုးထိန်းဆိုတဲ့ ရည်ညွှန်းချက်များဆီကနေ၊ ပြီးတော့ ဘုရားသခင်ရဲ့သိုးသငယ်အဖြစ် သူ့အကြောင်း ပရောဖက်ပြုဟောချက်ပါတဲ့ သက်သေခံချက်များဆီကနေ ကျွန်တော်တို့ များစွာသင်ယူကြပါတယ်။ ကောင်းသောသိုးထိန်းထက် ဘယ်သူက အဖိုးတန်သိုးသငယ်တစ်ကောင်ချင်းစီကို ပိုပြီးမစမှာလဲ၊ ပြီးတော့ ဘုရားသခင်၏သိုးသငယ်ထက် ဘယ်သူက ကျွန်တော်တို့ရဲ့ ကောင်းသောသိုးထိန်း ပိုဖြစ်နိုင်မလဲဆိုတဲ့အချက်တွေဟာ ဒီအခန်းကဏ္ဍနဲ့ သင်္ကေတတွေအတွက် အင်မတန်လိုက်ဖက်ပါတယ်။

ဘုရားသခင်သည် မိမိ၌တစ်ပါးတည်းသောသားတော်ကို စွန့်တော်မူသည်တိုင်အောင်လောကီသားတို့ကို ချစ်တော်မူ၏။ ခမည်းတော်ကိုနာခံဖို့ သူ့အသက်ကိုပေးဆပ်ခဲ့တယ်။ ယေရှုကသက်သေခံခဲ့ပါတယ်၊ “ငါသည် ကောင်းသောသိုးထိန်းဖြစ်၏။ ကောင်းသောသိုးထိန်းသည် သိုးတို့အဘို့ မိမိအသက်ကို စွန့်တတ်၏။” ယေရှုမှာ သူ့အသက်ကို စွန့်ပြီး ပြန်ရှင်သန်စေဖို့ တန်ခိုး ရှိပါတယ်။ ကျွန်တော်တို့ရဲ့ ကယ်တင်ရှင်ဟာ သူ့ခမည်းတော်နဲ့အတူပေါင်းစည်းလျက်ကျွန်တော်တို့ရဲ့ ကောင်းသောသိုးထိန်းအဖြစ်၊ ဘုရားသခင်ရဲ့သိုးသငယ်အဖြစ် နှစ်မျိုးစလုံးနဲ့ကျွန်တော်တို့ကို ထူးထူးခြားခြားကောင်းချီးပေးပါတယ်။

ကျွန်တော်တို့ရဲ့ကောင်းသောသိုးထိန်းအဖြစ်၊ ယေရှုခရစ်တော်က ကျွန်တော်တို့ကို သူ့အသံနဲ့ သူ့နာမတော်အားဖြင့် ခေါ်ပါတယ်။ သူက ကျွန်တော်တို့ကို ရှာပြီး စုဝေးပါတယ်။ ချစ်ခြင်းဖြင့် ဘယ်လိုအမူတော်ဆောင်ရမလဲဆိုတာသူက ကျွန်တော်တို့ကို သွန်သင်ပေးပါတယ်။ ကျွန်တော်တို့ကို သူ့အသံနဲ့ သူ့နာမတော်အားဖြင့် ခေါ်နေတဲ့ သူကနေစပြီး၊ ဒီအဓိကဆိုလိုရင်း ၃ ခုအကြောင်းကို ကျွန်တော်တို့ စဉ်းစားကြပါစို့။

ပထမ၊ ကောင်းသောသိုးထိန်းက “မိမိသိုးတို့ကို နာမည်တပ်ခေါ်၍… သိုးများသည် သူ၏အသံကို ကျွမ်းကြ၏။ “ခရစ်တော်၏ နာမတော်ဖြစ်တဲ့ သူ၏နာမတော် အားဖြင့် သင်တို့ကို ခေါ်၏။” ကျွန်တော်တို့ဟာ ယေရှုခရစ်တော်ကို လိုက်လျှောက်ဖို့ စစ်မှန်တဲ့ရည်ရွယ်ချက်နဲ့ ကြိုးစားတာနဲ့အမျှ ကောင်းတာကိုလုပ်ဖို့ရယ် ဘုရားသခင်ကိုချစ်ဖို့ရယ် သူ့ကိုအစေခံဖို့ရယ် လမ်းပြလှုံ့ဆော်မှု ရောက်လာပါမယ်။ ကျွန်တော်တို့လေ့လာ၊ စဉ်းစားပြီး ဆုတောင်းတာနဲ့အမျှ ပွဲတော်မင်္ဂလာနဲ့ဗိမာန်တော် ပဍိညာဉ်ကို ပုံမှန်ပြန်ပြုတာနဲ့အမျှ သူ့ဧဝံဂေလိတရားနဲ့ ဘိသိက်မင်္ဂလာတွေလက်ခံဖို့ ဖိတ်ခေါ်တာနဲ့အမျှ သူ့အသံကို နာခံနေကြတာဖြစ်ပါတယ်။

ကျွန်တော်တို့ခေတ်မှာ၊ ဥက္ကဋ္ဌ ရပ်ဆဲလ် အမ်၊ နယ်လ်ဆင်က ဒီပြန်လည်ဆောင်ယူထားတဲ့အသင်းတော်ကို ယေရှုခရစ်တော်ဖော်ပြခဲ့တဲ့အမည်အတိုင်း ယေရှုခရစ်တော်၏နောက်ပိုင်းကာလသန့်ရှင်းသူများအသင်းတော်လို့ ခေါ်ဖို့ အကြံပေးပါတယ်။ “သင်တို့သည် လုပ်သမျှကို ငါ၏နာမတော်အားဖြင့် လုပ်ဆောင်ရမည်၊ ထို့ကြောင့်၊ သင်တို့သည် အသင်းတော်ကို ငါ၏နာမတော်အားဖြင့် ခေါ်ဝေါ်ရမည်။ ငါ့အဖို့ အသင်းတော်ကို ခမည်းတော်ကောင်းချီးပေးတော်မူစေခြင်းငှာ၊ သူ့ထံသို့ ငါ၏နာမတော်အားဖြင့် သင်တို့ပဌာနပြုကြလော့လို့ ကိုယ်တော်ရှင်မိန့်တော်မူခဲ့ပါတယ်။ ကမ္ဘာတစ်ဝှမ်းမှာ၊ ကျွန်တော်တို့စိတ်နှလုံးနှင့် အိမ်များ၌ ကျွန်တော်တို့ဟာ ယေရှုခရစ်တော်၏နာမတော်အားဖြင့် ခမည်းတော်ကို ပဌနာပြုကြပါတယ်။ ကျွန်တော်တို့ရဲ့ အိမ်ဗဟိုပြု၊ အသင်းတော်အကူအညီနဲ့ဝတ်ပြုမှု၊ ဧဝံဂေလိတရားတော်လေ့လာခြင်း၊ ကောင်းကျိုးပေးတတ်သော မိသားစုလှုပ်ရှားမှုများ စတဲ့ရက်ရောသောကောင်းချီးမင်္ဂလာများကြောင့် ကျွန်တော်တို့ကျေးဇူးတင်ရှိပါတယ်။

ဒုတိယအနေနဲ့၊ ကျွန်တော်တို့ရဲ့ကောင်းသောသိုးထိန်းက ကျွန်တော်တို့ကို ရှာပြီးသူ့သိုးခြံထဲကို စုဝေးစေပါတယ်။ သင်တို့၌ သိုးအကောင်တစ်ရာရှိပြီး၊ သိုးတစ်ကောင်ပျောက်လျှင်၊ ကိုးဆယ်ကိုးကောင်သော သိုးတို့ကို တောတွင်ထားခဲ့ပြီးမှ၊ ပျောက်သော သိုးတစ်ကောင်ကို သူမတွေ့မချင်း သွား၍ မရှာဘဲနေမည်လောလို့ သူက မေးပါတယ်။

ကျွန်တော်တို့ရဲ့ကယ်တင်ရှင်က တစ်ကောင်ဆီကိုသော်လည်းကောင်း၊ ကိုးဆယ့်ကိုးကောင်ဆီကိုသော်လည်းကောင်း တစ်ချိန်တည်း မကြာခဏ ဖြန့်ကျက်ပါတယ်။ ဖြန့်ကျက်ပါတယ်။ကျွန်တော်တို့ဟာအမှုတော်ဆောင်တဲ့အခါ၊ လမ်းလွှဲသွားလေတဲ့တစ်ယောက်ကို တမ်းတနေစဉ်မှာတောင်မှ၊ မြဲမြံပြီးမတိမ်းမယိမ်းဘဲရှိတဲ့သူ ကိုးဆယ့်ကိုးယောက်ကို အသိအမှတ်ပြုကြပါတယ်။ ကိုယ်တော်ရှင်က ကျွန်တော်တို့ကို “ခပ်သိမ်းသောနေရာများမှ၊” “မြေကြီးလေးမျက်နှာမှ” ရှာပြီး၊ ကယ်လွှတ်ပါတယ်။ သူက ကျွန်တော်တို့ကို သန့်ရှင်းသောပဋိညာဉ်နဲ့ သူရဲ့အပြစ်ဖြေရာအသွေးအားဖြင့် စုဝေးပါတယ်။

“ဤသိုးခြံသို့မဝင်သောအခြားသိုးတို့ကိုလည်း ငါပိုင်သေး၏”လို့ ကယ်တင်ရှင်က ကသူ့ရဲ့ဓမ္မသစ်ကျမ်းလာတပည့်တော်တို့ကို မိန့်တော်မူခဲ့ပါတယ်။ အမေရိကမှာဆိုရင်၊ ရှင်ပြန်ထမြောက်ခဲ့တဲ့ကိုယ်တော်ရှင်က လေဟိရဲ့ပဋိညာဉ်ခံသားမြေးတို့ကို “သင်တို့သည် ငါ၏သိုးများဖြစ်သည်“လို့သက်သေခံခဲ့ပါတယ်။ အခြားသိုးတို့သည်လည်း ငါ၏အသံကို ကြားကြလိမ့်မည်လို့ ယေရှုမိန့်တော်မူခဲ့ပါတယ်။ မော်မုန်ကျမ်းဟာ ယေရှုခရစ်တော်ရဲ့ အသံကို သက်သေခံနေတဲ့ အခြားသက်သေခံချက်တစ်ခုအဖြစ် အင်မတန်ကောင်းမွန်တဲ့ကောင်းချီးမင်္ဂလာတစ်ခုဖြစ်ပါတယ်။

ယေရှေုခရစ်တော်ရဲ့ အသံကို နားထောင်ပြီး သူ့ရဲ့ပညတ်တော်များကို စောင့်ထိန်းတဲ့သူအပေါင်းကို လက်ခံကြဖို့ အသင်းတော်ကို သူတိုက်တွန်းပါတယ်။ ခရစ်တော်ရဲ့ဩဝါဒမှာ ရေဖြင့်၊ ထို့အတူ မီးဖြင့်၊ ထို့အတူ သန့်ရှင်းသောဝိညာဉ်တော်ဖြင့် ဗတ္တိဇံပေးခြင်း ပါဝင်ပါတယ်။ “ဘုရားသခင်၏သိုးသငယ်သည် သန့်ရှင်းတော်မူလျက်ပင်၊ အလုံးစုံသောဖြောင့်မတ်ခြင်းတို့ ပြီးပြည့်စုံစေကြောင်း၊ ရေဖြင့်ဗတ္တိဇံခံဖို့ လိုအပ်မည်ဆိုလျှင်၊ အို မသန့်ရှင်းလျက်ရှိသော ငါတို့သည်ကား၊ အထူးသဖြင့် ရေဖြင့်ပင်ဗတ္တိဇံခံဖို့ အဘယ်မျှအထိ သာ၍လိုအပ်လေမည်နည်းလို့” နီဖိုင်းက မေးခဲ့ပါတယ်။

ယေရှုကို ဗတ္တိဇံပေးနေသည့် ယောဟန်

ဒီနေ့မှာဆိုရင်၊ ကျွန်တော်တို့ရဲ့ကယ်တင်ရှင်က ကျွန်တော်တို့လုပ်ဆောင်တဲ့အရာနဲ့၊ ကျွန်တော်တို့ ဘယ်လိုလူတွေဖြစ်လာနေသလဲဆိုတဲ့အရာကနေ အခြားသူတွေကို သူ့ဆီလာဖို့နဲ့ သူ့နောက်ကို လိုက်လျှောက်စေဖို့ ဖိတ်ခေါ်စေမည့်အကြောင်း အလိုရှိတော်မူပါတယ်။ လာကြပါ၊ ချစ်ခြင်း၊ အနာကင်းစေခြင်း၊ ဆက်သွယ်ခြင်းတို့ကိုလည်းကောင်း၊ သန့်ရှင်းမွန်မြတ်တဲ့ဘိသိက်မင်္ဂလာများက မိသားစုဝင်တိုင်းကို ကောင်းချီးပေးနိုင်ရာ ဘုရားသခင်၏ သန့်ရှင်းသောဗိမာန်တော်အပါအဝင်၊ သူပိုင်တဲ့ပဋိညာဉ်များကိုလည်းကောင်း ရှာဖွေကြပါ။

တတိယ၊ “ဣသရေလသိုးထိန်း”အဖြစ်ယေရှုခရစ်တော်ဟာ ဣသရေလ၌ သိုးထိန်းများ ချစ်ခြင်းဖြင့် ဘယ်လို အမှုတော်ဆောင်သလဲဆိုတာ ပုံသက်သေပြပါတယ်။ ကျွန်တော်တို့ရဲ့ကယ်တင်ရှင်က ကျွန်တော်တို့ သူ့ကို ချစ်မချစ် မေးတဲ့အခါ၊ ရှိမုန်ပေတရုကို သူပြောခဲ့သလိုပန်ကြားတာကတော့၊ “ငါ၏သိုးတို့ကို ကျွေးမွေးလော့”. …. ငါ၏သိုးတို့ကို ကျွေးမွေးလော့ … ငါ၏သိုးတို့ကို ကျွေးမွေးလော့ သူ့သိုးထိန်းများ သူ့သိုးသငယ်များနဲ့ သိုးတို့ကို ကျွေးမွေးတဲ့အခါသူ့သိုးခြံထဲရှိသိုးများ “နောက်တစ်ဖန် ကြောက်ခြင်း၊ ထိတ်လန့်ခြင်း မရှိရ ချို့တဲ့ခြင်းလည်း မရှိရကြတော့မည့်” အကြောင်းကိုယ်တော်ရှင်ကတိပေးတော်မူပါတယ်။

ဣသရေလသိုးထိန်းများ အိပ်မငိုက်ရ၊ သိုးများကို မကွဲပြားမပြန့်ကျဲစေရ သို့မဟုတ် လမ်းမလွဲစေရ၊ ကျွန်တော်တို့ကိုယ်ကျိုးအတွက် ကိုယ့်နည်းကိုယ့်ဟန်ကို မရှာကြရမယ့်အကြောင်း ကျွန်တော်တို့ရဲ့ကောင်းသောသိုးထိန်းက သတိပေးတော်မူပါတယ်။ ဘုရားသခင်ရဲ့သိုးထိန်းများဟာ ကျို့ပဲ့တဲ့သိုးကို ခွန်အားဖြည့်ပေး၊ ကုသပေး၊ စည်းနှောင်ပေးရပါမယ်၊ နှင်ထုတ်ခံရတဲ့သိုးကို တစ်ဖန်ပြန်ခေါ်ရပါမယ်၊ ပျောက်သွားတဲ့သိုးကို ရှာကြရပါမယ်။

“သိုးများကို ဂရုစိုက်ခြင်းမရှိတဲ့ အငှားလိုက်သိုးထိန်းများ၊” အကြောင်းနဲ့ “အတွင်း၌ကြမ်းတမ်းသော တောခွေးဖြစ်လျက် သိုးရေကိုခြုံ၍သင်တို့ရှိရာသို့လာသော မိစ္ဆာပရောဖက်များ”အကြောင်းကိုလည်း ကိုယ်တော်ရှင်သတိပေးတော်မူပါတယ်။

ကျွန်တော်တို့တစ်ဦးချင်းစာရိတ္တဆိုင်ရာရွေးချယ်ပြုမူနိုင်ခွင့်ကို ရည်ရွယ်ချက်နဲ့ ယုံကြည်မှုတို့နဲ့ကျွန်တော်တို့ ကျင့်သုံးတဲ့အခါ ကောင်းသောသိုးထိန်းက ရွှင်လန်းဝမ်းမြောက်ပါတယ်။ သူ့သိုးခြံထဲမှာရှိတဲ့သူများဟာ ကျွန်တော်တို့ရဲ့ ကယ်တင်ရှင်ကို သူ့ရဲ့ အပြစ်ဖြေခြင်းယဇ်အတွက်ကျေးဇူးတင်ခြင်းနဲ့ အားကိုးကြပါတယ်။ ကျွန်တော်တို့ဟာ သူ့နောက်ကိုလိုက်လျှောက်ဖို့ ပဋိညာဉ်ပြုကြပါတယ်၊ မတက်မကြွနဲ့၊ အသိဉာဏ်ကင်းစွာနဲ့၊ ဒါမှမဟုတ် “ရှက်ကိုးရှက်ကန်းနဲ့” မဟုတ်ကြပါဘူး၊ ဘုရားသခင်ကို ပြီးတော့ ကျွန်တော်တို့နဲ့စပ်ဆိုင်တဲ့သူကို ကျွန်တော်တို့နှလုံးသားမှ အစွမ်းရှိသမျှနဲ့ ချစ်တဲ့စိတ်နဲ့သာ ပြုခဲ့ကြတာပါ, တစ်ယောက်နဲ့တစ်ယောက်ရဲ့ဝန်ကိုထမ်းလျက်၊ တစ်ယောက်နဲ့တစ်ယောက်ရဲ့ဝမ်းမြောက်မှုကို ရွှင်လန်းဝမ်းမြောက်လျက်ရှိကြပါတယ်။ ခရစ်တော်ဟာ သူ့အလိုကို ခမည်းတော်ရဲ့အလိုသို့ လွတ်လပ်စွာဆက်ကပ်ခဲ့သလိုပဲ၊ ကျွန်တော်တို့ဟာလည်း သူ့ရဲ့နာမတော်ကို ကျွန်တော်တို့အပေါ်မှာ ရိုသေစွာနဲ့ ခံယူကြပါတယ်။ ဘုရားသခင်ရဲ့ သားသမီးအားလုံးကို စုဝေးခြင်းနဲ့ အမှုတော်ဆောင်ခြင်းဖြစ်တဲ့ သူ့အမှုတော်မှာ ပါဝင်ကြဖို့ ကျွန်တော်တို့ ဝမ်းမြောက်ဝမ်းသာကြိုးစားကြပါတယ်။

ညီအစ်ကိုမောင်နှမများခင်ဗျာ၊ ယေရှုခရစ်တော်က ကျွန်တော်တို့ရဲ့ပြီးပြည့်စုံသောသိုးထိန်းတစ်ပါးဖြစ်တယ်။ သိုးတွေအတွက် သူ့အသက်ကိုစွန့်ပြီးရှင်ပြန်ထမြောက်ပြီလို့ ယေရှုခရစ်တော်က ပြီးပြည့်စုံသောဘုရားသခင်ရဲ့သိုးသငယ်လည်းဖြစ်ပါတယ်။ ညီအစ်ကိုမောင်နှမများခင်ဗျာ၊ ယေရှုခရစ်တော်ဟာ ကျွန်တော်တို့ရဲ့ပြီးပြည့်စုံသောသိုးထိန်းဖြစ်ပါတယ်။ သူဟာ ကျွန်တော်တို့အတွက်အတွက် သူ့အသက်ကိုစွန့်ပြီး၊ ယခုရှင်ပြန်ထမြောက်ပြီးပြီဖြစ်လို့ ယေရှုခရစ်တော်ဟာ ဘုရားသခင်ရဲ့ ပြီးပြည့်စုံသောသိုးသငယ်လည်းဖြစ်ပါတယ်။

ဘုရားသခင်အတွက် ယဇ်ပူဇော်ရာသိုးသငယ်ကို ရှေးဦးစွာကတည်းက နိမိတ်ပြခဲ့ပါတယ်။ ဘုရားသခင်အတွက် ယဇ်ပူဇော်ရာသိုးသငယ်ကို ရှေးဦးစွာကတည်းက နိမိတ်ပြခဲ့ပါတယ်။ ကောင်းကင်တမန်က အာဒံကို သူ့ရဲ့ယဇ်ဟာ “ ဘုရားသခင်နှင့် သူ၏တစ်ပါးတည်းသောသားတော်ကို ပုံဆောင်ခြင်းဖြစ်ကြောင်း” ပြောပြခဲ့ပါတယ်။ အဲဒါက ကျွန်တော်တို့ကို နောင်တရပြီး သားတော်၏နာမတော်အားဖြင့် ဘုရားသခင်ကို ယခုမှသည် နောင်ထာဝစဉ် ပဌနာပြုကြဖို့ ဖိတ်ခေါ်ပါတယ်။

မြေကြီးပေါ်ရှိလူမျိုးအပေါင်းတို့အတွက် ပဋိညာဉ်ကောင်းချီးမင်္ဂလာကို တည်ထောင်ခဲ့သူအဘအာဗြဟံဟာ သူ့သားကို ယဇ်ပူဇော်ရမယ်ဆိုတာကို ခံစားခဲ့ရပါတယ်။

“ဣဇာက်သည် အဘအာဗြဟံကို အဘဟုခေါ်လျှင်၊ ငါ့သား၊ ငါရှိ၏ဟု ထူးလေ၏။ ဣဇာက်ကလည်း မီးပါ၏၊ ထင်းလည်းပါ၏။ သိုးသငယ်သည် အဘယ်မှာ ရှိသနည်းဟု မေးလျှင်

“အာဗြဟံက ငါ့သား၊ … သိုးသငယ်ကို ဘုရားသခင်သည် မိမိအဘို့ ပြင်ဆင်တော်မူလိမ့်မည်ဟု ဆိုလေ၏၊”

ပရောဖက်တို့က ဘုရားသခင့်သိုးသငယ်ရဲ့ တာဝန်ကို ကြိုသိမြင်ခဲ့ပြီး ရွှင်လန်းဝမ်းမြောက်ခဲ့ပါတယ်။ ကမ္ဘာဟောင်းကယောဟန်နဲ့ ကမ္ဘာသစ်က နီဖိုင်းက “ဘုရားသခင်၏သိုးသငယ်အကြောင်း” “အမှန်စင်စစ်၊ “ထာဝရအဘ၏သားတော်၊ လောကရွေးနှုတ်ရှင်ရဲ့”အကြောင်း ကို သက်သေခံခဲ့ကြပါတယ်။

“ငါတို့ရှိသမျှသည် သိုးကဲ့သို့ လမ်းလွဲလျက်၊ ကိုယ်လမ်းသို့ အသီးသီးလိုက်သွားကြသည်ဖြစ်၍၊ ကိုယ်တော်ရှင်သည် ခပ်သိမ်းသောငါတို့၏ ဒုစရိုက်များကို သူ့အပေါ်၌ တင်တော်မူ၏။”လို့ ယေရှု ခရစ်တော်၏အပြစ်ဖြေခြင်းယဇ်အကြောင်းကို အဘိနဒိ သက်သေခံခဲ့ပါတယ်။ အယ်လမာက ဘုရားသခင့်သားတော်ရဲ့ ကြီးမြတ်သောနောက်ဆုံးယဇ်ကို “ထိုအရာအားလုံးထက်သာ၍ အရေးကြီးသောအရာတစ်ခု” လို့ခေါ်ခဲ့ပါတယ်။ “ဘုရားသခင်၏သိုးသငယ်အပေါ် သင်တို့ ယုံကြည်ခြင်း ရှိ…ကြလော့၊. … … လာကြလော့၊ ကြောက်ရွံ့ခြင်း မရှိနှင့်”လို့ အယ်လမာက အားပေးခဲ့ပါတယ်။

ချစ်သူငယ်ချင်းတစ်ယောက်က ယေရှုခရစ်တော်ရဲ့ အပြစ်ဖြေခြင်းမင်္ဂလာအကြောင်း သူမရဲ့အဖိုးတန်သက်သေခံချက်ကို သူမဘယ်လိုရခဲ့တယ်ဆိုတာ ဝေငှခဲ့ပါတယ်။ အပြစ်ဟာ ကျွန်တော်တို့ချည်းသာ ခံစားရမယ့် ကြီးစွာသော အပြစ်ဒဏ်ကို အစဉ်အမြဲဖြစ်စေတယ်လို့ သူမယုံကြည်လျက် ကြီးပြင်းလာခဲ့ပါတယ်။ မြင့်မြတ်သောခွင့်လွှတ်ခြင်းရဲ့ဖြစ်နိုင်ခြေရှိမှုကို နားလည်ဖို့ ဘုရားသခင်ဆီမှာ သူတောင်းလျှောက်ခဲ့ပါတယ်။ နောင်တရတဲ့သူတွေကို ခရစ်တော်ဘယ်လိုခွင့်လွှတ်နိုင်မလဲဆိုတာ၊ တရားမျှတမှုကို ကြင်နာသနားခြင်းက ဘယ်လိုပြီးပြည့်စေတယ်ဆိုတာကို သိဖို့ သူဆုတောင်းခဲ့ပါတယ်။

တစ်နေ့မှာ၊ ဝိညာဉ်ပကတိပြောင်းလဲခြင်းအတွေ့အကြုံအားဖြင့် သူ့ဆုတောင်းပြည့်ခဲ့ပါတယ်။ တစ်နေ့မှာ၊ ဝိညာဉ်ပကတိပြောင်းလဲခြင်းအတွေ့အကြုံအားဖြင့် သူ့ဆုတောင်းပြည့်ခဲ့ပါတယ်။ အရမ်းဆာနေတဲ့ လူငယ်အမျိုးသားတစ်ယောက်ဟာ ခိုးလာတဲ့စားစရာအထုပ်နှစ်ထုပ်ကိုကိုင်ပြီး ကုန်စုံဆိုင်ထဲကနေ ပြေးထွက်လာခဲ့တယ်။ သူက လူရှုပ်တဲ့လမ်းထဲကို ပြေးဝင်သွားခဲ့တယ်။ ဆိုင်မန်နေဂျာက သူ့ကို လိုက်ဖမ်းလို့ မိပြီး ငေါက်ငမ်းထိုးကြိတ်ပါတယ်။ ကျွန်တော့သူငယ်ချင်းဟာ အဲ့ဒီကြောက်နေတဲ့ကောင်လေးကို သူခိုးလို့ မှတ်ယူစဉ်းစားမယ့်အစား သူ့အပေါ် မမျှော်လင့်ဘဲ လွန်စွာသနားတဲ့စိတ်ရှိနေခဲ့ပါတယ်။ ကြောက်ရွံခြင်း၊ ဒါမှမဟုတ် သူမရဲ့လုံခြုံမှုကို စိုးရိမ်ခြင်းမရှိဘဲနဲ့ သူမဟာ ရန်ဖြစ်နေတဲ့ အမျိုးသားနှစ်ယောက်ဆီကို တည့်တည့်လျှောက်သွားခဲ့ပါတယ်။ သူပြောနေခဲ့မိတဲ့စကားတွေကတော့ “အဲဒီစားစရာအတွက် ကျွန်မရှင်းပါ့မယ်။ ကျေးဇူးပြု၍ သူ့ကို သွားခွင့်ပေးလိုက်ပါ။ ကျေးဇူးပြု၍ အဲဒီစားစရာအတွက် ကျွန်မကို ရှင်းခွင့်ပေးပါ”

ကျွန်တော့်သူငယ်ချင်းဟာ သန့်ရှင်းသောဝိညာဉ်တော်ရဲ့ တို့ထိတာကို ခံရပြီး၊ သူဘယ်တုန်းကမှ မခံစားဖူးတဲ့ ချစ်ခြင်းနဲ့ ပြည့်ပြီးတော့” ကျွန်မဆောင်ရွက်ချင်တာက လူငယ်အမျိုးသားကို ကူညီဖို့နဲ့ ကယ်တင်ဖို့ပဲဖြစ်ပါတယ်” လို့ပြောခဲ့ပါတယ်။ ကျွန်တော့သူငယ်ချင်းက သူဟာ ယေရှုခရစ်တော်နဲ့ သူ့ရဲ့အပြစ်ဖြေခြင်းမင်္ဂလာဖြစ်တဲ့— ယေရှုခရစ်တော်က သူမရဲ့ ကယ်တင်ရှင်နဲ့ရွေးနှုတ်ရှင်ဖြစ်စေဖို့ စင်ကြယ်စုံလင်တဲ့ချစ်ခြင်းဖြင့် ဘယ်ပုံဘယ်နည်းနဲ့ ဘာကြောင့် လိုလိုလားလားစွန့်လွှတ်အနစ်နာခံသလဲဆိုတာနဲ့ သူမဟာ ကိုယ်တော်ကို ဘာကြောင့်အဲဒီလို ဖြစ်စေလိုတာလဲဆိုတာကို စတင်နားလည်ခဲ့တဲ့အကြောင်း ပြောပြပါတယ်။

ကျွန်တော်တို့ဒီသီချင်းကို ဆိုကြတာမဆန်းပါဘူးခင်ဗျာ။

ရှု၊ ကောင်းသောသိုးထိန်းရှာနေ

ပျောက်သောသိုးတို့ကို ရှာနေ

သိုးတို့ကို ဝမ်းမြောက်စွာ စုဝေး

မြင့်သောအဖိုးဖြင့် ကယ်ရာ

ဘုရားသခင်ရဲ့သိုးသငယ်အဖြစ်နဲ့ ကျွန်တော်တို့ရဲ့ကယ်တင်ရှင်က ကျွန်တော်တို့ အထီးကျန်မှု၊ အားနည်းမှု၊ ဒါမှမဟုတ် ကြောက်ရွံ့မှုခံစားရတဲ့အချိန်ကို သိတော်မူပါတယ်။ ရူပါရုံမှာ နီဖိုင်းမြင်ရတာက “ဘုရားသခင့်သိုးသငယ်ရဲ့ တန်ခိုးတော်က သိုးသငယ်ရဲ့ အသင်းတော်မှ သန့်ရှင်းသူများနှင့်] ကိုယ်တော်ရှင်ရဲ့ ပဋိညာဉ်ခံလူမျိုးတို့အပေါ်သို့ [သက်ရောက်]တော်မူကြောင်းပေတည်း။ မြေကြီးမျက်နှာပြင်တစ်ခုလုံးပေါ်၌ ကွဲပြားပြန့်ကျဲလျက် ရှိကြ[သော်လည်း] သူတို့သည် ဖြောင့်မတ်ခြင်းနှင့်လည်းကောင်း၊ ကြီးစွာသော ဘုန်းတော်ရှိသည့် ဘုရားသခင်၏တန်ခိုးတော်နှင့်လည်းကောင်း စွဲကိုင်ထားကြ၏၊”

ဒီမျှော်လင့်ခြင်းနဲ့နှစ်သိမ့်ခြင်းကတိမှာ ကျွန်တော်တို့ခေတ်လည်းပါဝင်ပါတယ်။

သင်ဟာ သင်ရဲ့မိသားစုမှာ၊ ကျောင်းမှာ၊ အလုပ်မှာ ဒါမှမဟုတ် ရပ်ကွက်မှာ အသင်းတော်ရဲ့တစ်ဦးတည်းသော အသင်းဝင်ဖြစ်နေပါသလား။ သင့်ရဲ့အသင်းတော်ခွဲဟာ သေးငယ်သလို ဒါမှမဟုတ် သီးသန့်ဖြစ်နေသလို တစ်ခါတစ်ရံ ခံစားမိပါသလား။ သင်ဟာ ၊ အကျွမ်းမဝင်တဲ့ ဘာသာစကား သို့မဟုတ် ယဉ်ကျေးမှုတွေနဲ့ ဖြစ်ကောင်းဖြစ်မယ့် နေရာသစ်ကို ရွေ့ပြောင်းလာခဲ့ပါသလား။ သင့်ဘဝရဲ့အခြေအနေက ပြောင်းလဲကောင်းပြောင်းလဲနေပြီလား။ ဖြစ်နိုင်လိမ့်မယ်လို့ သင်ဘယ်တုန်းကမှ မတွေးမိတဲ့အရာက သင့်ကို ယခုထိပ်တိုက်တွေ့နေပြီလား။ ကျွန်တော်တို့ရဲ့အခြေအနေဘာပဲဖြစ်နေနေ၊ ကျွန်တော်တို့ဘယ်သူပဲဖြစ်နေဖြစ်နေ၊ ဟေရှာယရဲ့စကားများမှာ” “သူသည် သိုးသငယ်တို့ကို ချီ၍ ပိုက်ပွေ့တော်မူမည်။ သားငယ်ရှိသော သိုးတို့ကိုလည်း ဖြည်းညှင်းစွာ ပို့ဆောင်တော်မူမည်”လို့ ကျွန်တော်တို့ရဲ့ကယ်တင်ရှင်ကအာမခံထားပါတယ်

ကောင်းသောသိုးထိန်းသည် မိမိသိုးများကို စုဝေး၏

ညီအစ်ကိုမောင်နှမများခင်ဗျာ၊ ကောင်းသောသိုးထိန်းက သူ့အသံနဲ့ သူ့နာမတော်အားဖြင့် ကျွန်တော်တို့ကို ခေါ်ပါတယ်။ သူက ရှာပါတယ်၊ စုဝေးပါတယ် ပြီးတော့ သူ့လူမျိုးတွေဆီကို လာပါတယ်။ သူ့ရဲ့ အသက်ရှင်သောပရောဖက်နဲ့ ကျွန်တော်တို့တတွေအားဖြင့် သူက ကျွန်တော်တို့အားလုံးကို ငြိမ်းချမ်းမှု၊ ရည်ရွယ်ချက်၊ အနာကင်းစေခြင်း၊ ပြီးတော့ သူ့ရဲ့ပြန်လည်ဆောင်ယူထားတဲ့ဧဝံဂေလိတရားတော်အပြည့်အစုံနဲ့ သူ့ရဲ့ပဋိညာဉ်လမ်းကြောင်းမှာ ဝမ်းမြောက်ခြင်းတို့ကို ရှာဖို့ ဖိတ်ခေါ်ပါတယ်။ သူ၏ချစ်ခြင်း၌ အမှုတော်ဆောင်ရန် ဣသရေလသိုးထိန်းများကို ပုံသက်သေအားဖြင့်၊ သူသွန်သင်ပါတယ်။

ဘုရားသခင်ရဲ့သိုးသငယ်အနေနဲ့၊ ယေရှုရဲ့ မြင့်မြတ်သောတာဝန်ကို ကြိုတင်ပြင်ဆင်ထားခဲ့ပြီး တမန်တော်များနဲ့ ပရောဖက်တို့အားဖြင့် ရွှင်လန်းဝမ်းမြောက်ခဲ့ပါတယ်။ အဆုံးမရှိထာဝရဖြစ်တဲ့ သူ့အပြစ်ဖြေခြင်းမင်္ဂလာဟာ ပျော်ရွှင်ခြင်းအစီအစဉ်ရဲ့ အဓိကဖြစ်ပြီး ဖန်ဆင်းခြင်းရဲ့ ရည်ရွယ်ချက်လည်းဖြစ်ပါတယ်။ ကျွန်တော်တို့ကို သူ့နှလုံးသားနားမှာ ကပ်ထားတယ်ဆိုတဲ့အကြောင်း ကျွန်တော်တို့ကို သူအာမခံပါတယ်။

ချစ်သောညီအစ်ကိုမောင်နှမများခင်ဗျာ၊ ကျွန်တော်တို့ဟာက “ဘုရားသခင်နှင့် သိုးသငယ်၏ နှိမ့်ချသောတပည့်တော်များ” ဖြစ်လိုကြပါစေ။ တစ်နေ့နေ့မှာ သိုးသငယ်၏အသက်စာစောင်၌ ကျွန်တော်တို့ရဲ့နာမည်တွေရေးမှတ်ကောင်းရေးမှတ်ခံရမယ်၊ သိုးသငယ်၏သီချင်းကိုသီဆိုဖို့ သိုးသငယ်၏မင်္ဂလာဆောင်ပွဲသို့ ခေါ်ဖိတ်ခြင်း ခံရဖို့”လို့မျှော်လင့်ပါတယ်။

သိုးထိန်းနဲ့ သိုးသငယ်အနေနဲ့ သူက“[သင်တို့]၏ရွေးနှုတ်တော်မူသောအရှင်၊ ထို့အတူ [သင်တို့]၏ကြီးမြတ်မှန်ကန်သော သိုးထိန်းကို သိခြင်းဖြစ်သည့် မှန်သောသိခြင်းသို့ တစ်ဖန် [ ရောက်လာကြလော့]”ခေါ်တော်မူပါတယ်။ သူ၏ကျေးဇူးတော်အားဖြင့်ကျွန်တော်တို့ဟာ ခရစ်တော်၌ စုံလင်ခြင်းသို့ရောက်လာနိုင်မည့်အကြောင်း သူက ကတိပေးတော်မူပါတယ်။

ဒီအီစတာအချိန်မှာ သူ့ကို ကျွန်တော်တို့ချီးမွမ်းကြပါတယ်။

“သိုးသငယ်ဟာ ထိုက်တန်တော်မူ၏”

“ဘုရားသခင်နှင့် သိုးသငယ် အား ဟောရှာဏဖြစ်စေသတည်း”

ကျွန်တော်တို့ရဲ့ စုံလင်တဲ့ကောင်းသောသိုးထိန်း၊ ဘုရားသခင်၏စုံလင်သောသိုးသငယ်အကြောင်းကို ကျွန်တော်သက်သေခံပါတယ်။ သူ့နာမတော်ဖြင့် ကျွန်တော်တို့ရဲ့နာမည်တွေ တပ်ပြီးတော့ ကျွန်တော်တို့ကိုသူခေါ်ပါတယ်။ ယေရှုခရစ်တော်ရဲ့ သန့်ရှင်းမွန်မြတ်သောနာမတော်အားဖြင့် အာမင်။

မှတ်စုများ

  1. နာမည်ရသီချင်း အကြံပြုချက်။

    ငါဟာ စိုးရိမ်တဲ့အခါ အိပ်မရပါ၊

    သိုးအစား ငါ့ကောင်းချီးမင်္ဂလာတွေကို ရေတွက်။

    ငါ့ကောင်းချီးတွေရေတွက်ရင်းနဲ့ အိပ်ပျော်သွား။

    (အိုင်ဗင်း ဘာလင်” သိုးအစား သင့်ကောင်းချီးတွေကို ရေတွက်ပါ” [1952])

  2. ဆာလံကျမ်း၂၃း၁‒၃

  3. ယောဟန် ၃း၁၆

  4. ယောဟန် ၁၀း၁၁

  5. ယောဟန် ၁၀း၁၅၊ ၁၇၁၈

  6. John 10:3–4.

  7. Alma 5:38; see also Alma 5:37, 39, 59–60.

  8. See Moroni 7:13; Doctrine and Covenants 8:2–3.

  9. See Russell M. Nelson, “The Correct Name of the Church,” Liahona, Nov. 2018, 87–89.

  10. 3 Nephi 27:7; emphasis added.

  11. Luke 15:4, emphasis added; see also Doctrine and Covenants 18:15.

  12. Ezekiel 34:12; see also Jeremiah 31:10; Ezekiel 34:6, 11–14; Micah 5:8; Matthew 10:6; 15:24. These prophecies of scattering and the prophecies and promises of covenant gathering are a consistent theme of the prophets, including President Russell M. Nelson.

  13. 1 Nephi 22:25.

  14. See Hebrews 13:20.

  15. John 10:16; see also 3 Nephi 15:21; 16:1, 3; Doctrine and Covenants 10:59–60.

  16. 3 Nephi 15:24; see also 3 Nephi 15:17, 21.

  17. See 3 Nephi 16:1, 3; see also Doctrine and Covenants 10:59–60.

  18. See Mosiah 26:21.

  19. See 2 Nephi 31:13–14, 21.

  20. 2 Nephi 31:5; see also Alma 7:14.

  21. See Malachi 4:5–6; John 15:9–13; Mosiah 25:18; Helaman 11:21; see also Russell M. Nelson, “Hope of Israel” (worldwide youth devotional, June 3, 2018), HopeofIsrael.ChurchofJesusChrist.org; Russell M. Nelson, “The Gathering of Scattered Israel,” Liahona, Nov. 2006, 79–82.

  22. Psalm 80:1.

  23. John 21:15–17; see also the entire chapter.

  24. Jeremiah 23:4.

  25. See Nahum 3:18.

  26. See Jeremiah 23:1; 50:6, 44.

  27. See Isaiah 56:11; Ezekiel 34:2–6.

  28. See Ezekiel 34:2–6.

  29. John 10:13.

  30. 3 Nephi 14:15; see also Matthew 7:15; Alma 5:60.

  31. See 2 Nephi 9:10–12. By conquering physical death and spiritual separation, the Lamb of God makes possible the gathering of all so there is, in time and eternity, one Shepherd.

  32. Moses 5:7–8.

  33. Genesis 22:7–8; see also Jacob 4:5.

  34. John 1:29; 1 Nephi 11:21.

  35. 1 Nephi 11:21, 27.

  36. Mosiah 14:6; see also Isaiah 53:6.

  37. Alma 7:7, 14–15.

  38. Conversation with Pornthip “Tippy” Coyle, Feb. 2019, used with permission.

  39. “Dear to the Heart of the Shepherd,” Hymns, no. 221. Other hymns that highlight our Shepherd and His sheep include the following: “The Lord My Pasture Will Prepare,” Hymns, no. 109:

    The Lord my pasture will prepare

    And feed me with a shepherd’s care.

    His presence will my wants supply,

    And guard me with a watchful eye.

    My noonday walks he will attend

    And all my silent midnight hours defend.

    “Help Me Teach with Inspiration,” Hymns, no. 281:

    Help me find thy lambs who wander;

    Help me bring them to thy keep.

    Teach me, Lord, to be a shepherd;

    Father, help me feed thy sheep.

    “Come, All Ye Sons of God,” Hymns, no. 322:

    The latter-day work has begun,

    To gather scattered Israel in,

    And bring them back to Zion to praise the Lamb.

    Come, all ye scattered sheep, and listen to your Shepherd.

  40. 1 Nephi 14:14; see also 1 Nephi 13:35, 37: “Plain and precious [writings shall] … come forth … by the gift and power of the Lamb. … If [we] endure unto the end … [we] shall be saved in the everlasting kingdom of the Lamb.”

  41. Isaiah 40:11.

  42. Helaman 6:5.

  43. See Revelation 21:27.

  44. See Revelation 15:3; Doctrine and Covenants 133:56.

  45. See Revelation 19:9; Doctrine and Covenants 58:11; see also Revelation 7:17: “For the Lamb … shall feed them, and shall lead them unto living fountains of waters: and God shall wipe away all tears from their eyes”; Revelation 22:1: The “pure river of water of life, clear as crystal, proceeding out of the throne of God and of the Lamb.”

  46. Helaman 15:13.

  47. See Moroni 10:32–33.

  48. Revelation 5:12.

  49. Doctrine and Covenants 109:79.