၂၀၂၅
ပထမဆုံးခရစ္စမတ်၌ သိုးထိန်းများအကြောင်းကို ကျွန်ုပ်တို့ ဘာများသိကြပါသနည်း။
ဒီဇင်ဘာ ၂၀၂၅ လီယာဟိုနာ


လစဉ် လူငယ်တို့အတွက်ခွန်အား အမှာစကား၊ ဒီဇင်ဘာ ၂၀၂၅

ပထမဆုံးခရစ္စမတ်၌ သိုးထိန်းများအကြောင်းကို ကျွန်ုပ်တို့ ဘာများသိကြပါသနည်း။

လူငယ်အမျိုးသမီး

သိုးထိန်းများ၊ ဘရိုင်ယန် ခေါလ် မှ

ပထမဆုံးခရစ္စမတ်၌ သိုးထိန်းများအကြောင်း ကျွန်ုပ်တို့ အနည်းငယ် သိကြပါသည်။

သူတို့သည် ဗက်​လင်​မြို့အနီး၌ ရှိနေခဲ့ကြပါသည်။ သိုးထိန်းတို့သည် ခရစ်တော် ဖွားမြင်ရာ “တိုင်းပြည်အတွင်း၌ပင်” ရှိနေခဲ့ကြပါသည် (လုကာ ၂:၈)။ ထို့နောက် သူတို့သည် ကိုယ်တော်ထိုနေရာ၌ ရှိနေဆဲအချိန်တွင် ဗက်​လင်​မြို့သို့ ခြေလျင်သွားရောက်နိုင်ခဲ့ကြပါသည် (ရှု လုကာ ၂:၁၅–၁၆)။

သူတို့သည် သူတို့၏တာဝန်ကို ဆောင်ရွက်နေခဲ့ကြပါသည်။ ဤသိုးထိန်းများသည် “ည​အ​ခါ တော​အ​ရပ်၌ တည်း​ခို​လျက်၊ မိ​မိ​သိုး​စု​ကို စောင့်​နေ​​”ခဲ့ကြပါသည် (လုကာ ၂:၈)။ သူတို့သည် ကယ်တင်ရှင်— ကောင်းသောသိုးထိန်း (ရှု ယောဟန် ၁၀:၁၁၊ ၁၄)ကဲ့သို့၊ ကောင်းမြတ်ပြီး သစ္စာရှိသောသိုးထိန်းများ ဖြစ်ကြပါသည်။

သူတို့သည် မေရှိယအကြောင်း ပရောဖက်ပြုဟောချက်များကို သိခဲ့ကြပါသည်။ သူတို့သည် ကောင်းကင်တမန်က ရှေးကပရောဖက်ပြုခဲ့သည့် မေရှိယ၊ “သ​ခင်​ခ​ရစ်​တော်” (လုကာ ၂:၁၁) ဖွားမြင်ခြင်းကို ကြေညာသောအခါ မည်သည်ကိုပြောနေကြောင်း သိရှိထားပုံရပါသည်။

သူတို့တွင် ကြီးမားသောစိတ်အားထက်သန်မှု ရှိခဲ့ကြပါသည်။ ကောင်းကင်တမန်က “နွား​စား​ခွက်၌ သိပ်​ထား​လျက်​ရှိ​သည့် … သူငယ်” (လုကာ ၂:၁၂) အကြောင်းကို သူတို့အားပြောသောအခါ၊ သူတို့သည် ကိုယ်တော့်ကိုတွေ့ရန် “အ​လျင်​အ​မြန်​သွား” (လုကာ ၂:၁၆) ခဲ့ကြပါသည်။

သူတို့သည် သတင်းကောင်းကို ဝေငှခဲ့ကြပါသည်။ သူတို့သည် ခရစ်တော်ဖွားမြင်ခြင်းအကြောင်း ကောင်းကင်တမန်၏သတင်းစကားနှင့်စပ်လျဉ်း၍ သူတို့ကြားခဲ့၊ မြင်ခဲ့သည်ကို “အ​နှံ့​အ​ပြား​ပြော​ကြ” ပါသည် (လုကာ ၂:၁၇)။

သူတို့သည် ဘုရားသခင်ကို ကျေးဇူးတင်ပြီး ချီးမွမ်းခဲ့ကြပါသည်။ ဤအရာအားလုံးဖြစ်ပြီးနောက်၊ သူတို့သည် “မိ​မိ​တို့​အား ပြော​နှင့်​သည်​အ​တိုင်း ကြား​မြင်​သ​မျှ​သော အ​ကြောင်း​အ​ရာ​ကို ထောက်၍၊ ဘု​ရား​သ​ခင်​ကို အံ့​ဩ​ချီး​မွမ်း​လျက် ပြန်​သွား​ကြ၏” (လုကာ ၂:၂၀)။