2025
ခရစ်တော်ကို မှီခိုအားကိုးလော့
ဇန်နဝါရီ ၂၀၂၅


လစဉ် လူငယ်တို့အတွက်ခွန်အား အမှာစကား၊ ဇန်နဝါရီ ၂၀၂၅

ခရစ်တော်ကို မှီခိုအားကိုးလော့

ဩဝါဒနှင့် ပဋိညာဉ်များ ၆:၃၆

၂၀၂၅ လူငယ်ထုဆောင်ပုဒ်သည် ယုံမှားသံသယထက်ကိုးစားခြင်းနှင့် ကြောက်ခြင်းထက်ယုံကြည်ခြင်းကို ရွေးချယ်ရန် သင့်ကိုကူညီပါမည်။

၂၀၂၅ လူငယ်ထုဆောင်ပုဒ် အမှတ်အသား

ဆယ့်ခုနစ်နှစ်အရွယ် ကေလီက မတော်တဆထိခိုက်မှုတစ်ခုကြောင့် ဦးနှောက်ဒဏ်ရာတစ်ခုမဖြစ်ပွားခင်အချိန်ထိ အားပေးကြွေးကြော်သော အသင်းတစ်ခုတွင် ရှိနေခဲ့ပါတယ်။ ပြန်လည်ကျန်းမာရန်ကုသခြင်းကြောင့် သူမကျောင်းမတက်နိုင်ဘဲ၊ သူမက တစ်သီးပုဂ္ဂလနေပြီး အထီးကျန်လာခဲ့ပါတယ်။ သူမ စိတ်ပိုင်းဆိုင်ရာရုန်းကန်ခဲ့ရပြီး ဘယ်မှာအကူအညီရှာရမလဲဆိုတာ မသိခဲ့ပါဘူး။ မိတ်ဆွေတစ်ဦးက သာသနာပြုများ၏စကားကို နားထောင်ရန် သူမကိုအကြံပြုခဲ့ပါတယ်။ သူတို့က ယေရှုခရစ်တော်၏အပြစ်ဖြေခြင်းမင်္ဂလာအကြောင်း သူမကိုသင်ပေးခဲ့ကြပါတယ်။ ခရစ်တော်အကြောင်း ပိုမိုသင်ယူခြင်းက သူမကိုမျှော်လင့်ချက်‌ပေးပြီး ဘုရားသခင်ကိုယ်တိုင်က သူမကိုလက်လှမ်းနေသကဲ့သို့ ခံစားခဲ့ရပါတယ်။

ကေလီက သူမမိခင်ကို ပြောခဲ့ပါတယ်၊ “ဘုရားသခင် ကျွန်မကိုချစ်တယ်လို့ ကျွန်မတစ်ခါမှ မခံစားဖူးဘူး။ ဒါပေမယ့် သူကျွန်မကိုချစ်တယ်ဆိုတာ ကျွန်မအခုသိပါပြီ။”

သူမမိခင် မီရှယ်လ်က အနည်းငယ်အံ့သြသွားခဲ့ပါတယ်။ သူမနှင့် သူမ၏ခင်ပွန်းဘရော့ခ်တို့က အမျိုးမျိုးသောမေးခွန်းများ၊ သံသယများနှင့် စိုးရိမ်ပူပန်မှုများကြောင့် ကေလီ အသက်ခုနစ်နှစ် အရွယ်မှာ ယေရှုခရစ်တော်၏နောက်ပိုင်းကာလသန့်ရှင်းသူများ၏အသင်းတော်မှ ထွက်ခဲ့ကြပါတယ်။ အစည်းအဝေးများနှင့် ပညတ်တော်များအားလုံးမပါဘဲ သူတို့သမီးက ပိုပျော်ရွှင်မယ်လို့ သူတို့ယူဆခဲ့ကြပါတယ်။ သူတို့၏ရွေးချယ်မှုက ကေလီကို ဘုရားသခင်နှင့်ရင်းနှီးသောဆက်ဆံရေးမှ ‌ဝေးကွာစေလိမ့်မည်ဟု သူတို့ဘယ်တော့မှ မထင်ခဲ့ကြပါဘူး။ မီရှယ်လ်နှင့်ဘရော့ခ်တို့က ကေလီပြောင်းလဲသွားတာကိုကြည့်ပြီး ဘုရားသခင်နှင့်နီးကပ်မှုမခံစားရသည်မှာကြာပြီဖြစ်ကြောင်း သူတို့သိလိုက်ရပြီး ထိုကဲ့သို့သူတို့တဖန်ခံစားချင်ကြပါတယ်။

သူတို့၏သင်းအုပ်နှင့်တွေ့ဆုံခဲ့ကြပြီး မကြာမီ ကေလီ၏မောင်လေး ဘရေးဒန် အပါအဝင် မိသားစုသည် အသင်းတော်သို့ ပြန်လာခဲ့ကြပါတယ်။ ဘုရားသခင်နှင့်နီးကပ်သောခံစားချက်နှင့် သူနှင့်ပြန်လည်ဆက်သွယ်ခြင်းက—အထူးသဖြင့် ဆုတောင်းခြင်းအားဖြင့်—သူတို့ရဲ့ ယုံကြည်ခြင်းကို ပြန်လည်ရရှိစေခဲ့ပါတယ်။ အသင်းတော်သို့ပြန်လာခြင်းက သူတို့၏မေးခွန်းများ သို့မဟုတ် စိုးရိမ်ပူပန်မှုများကို ဖြေရှင်းမပေးခဲ့ပါဘူး၊ သို့သော် ဘုရားသခင်နှင့် ပို၍ခိုင်မြဲသော ကိုယ်ရေးကိုယ်တာဆက်သွယ်မှုရှိခြင်းက သူတို့၏မယုံကြည်ခြင်းထက် ပို၍အရေးကြီးကြောင်း သူတို့သဘောပေါက်ခဲ့ကြပါတယ်။

ဒီအရာအားလုံးက သင့်လိုဆယ်ကျော်သက်တစ်ယောက်ဖြစ်တဲ့ မိတ်ဆွေတစ်ယောက်က ခရစ်တော်ကိုမှီခိုအားကိုးရန် ကေလီ့ကို ဖိတ်ခေါ်ရာမှအစပြုခဲ့ပါတယ်။ ထို့နောက် သူမလုပ်ခဲ့ပါတယ်။

“အတွေးအကြံမှန်သမျှ၌ ငါ့ကိုမှီခိုအားကိုးလော့။ ယုံမှားသံသယမရှိနှင့်။ ကြောက်ခြင်းမရှိနှင့်။”(သြဝါဒနှင့်ပဋိညာဥ်များ ၆:၃၆) ဟု ယေရှုပြောခဲ့ပါသည်။ ဤသည် ၂၀၂၅ လူငယ်ထုဆောင်ပုဒ် နောက်ကွယ်မှ လှုံ့ဆော်မှုဖြစ်ပါတယ်။ သင်ခရစ်တော်ကိုမှီခိုအားကိုးသောအခါ ယုံမှားသံသယထက်ကိုးစားခြင်းနှင့် ကြောက်ခြင်းထက်ယုံကြည်ခြင်းကို သင်မည်ကဲ့သို့ရွေးချယ်နိုင်ကြောင်း ဝေမျှရန် ကျွန်ုပ်တို့ကိုခွင့်ပြုပါ။

လူငယ်အမျိုးသမီး အထွေထွေဥက္ကဋ္ဌအဖွဲ့

ဘယ်မှညာ၊ ညီအစ်မ ရူးနီးယား၊ ဥက္ကဋ္ဌ ဖရီးမန်း၊ ညီအစ်မ စပန်းနောင့်စ်

ထမာရာ ဒက်ဗလျူ၊ ရူးနီးယား

ကျွန်မရုန်းကန်နေရတဲ့အခါ သူရဲ့လက်တွေကိုဆန့်နေတဲ့ ယေရှုခရစ်တော်ပုံကိုစိတ်ကူးဖို့ ကျွန်မကိုအမြဲကူညီပေးပါတယ်။ ကျွန်မသူ့ကိုကြည့်တဲ့အခါ “ယေရှုနှင့်ကျွန်ုပ်လျှောက်လှမ်းမည်” သီချင်းမှစာသားတွေကို ကျွန်မသတိရပါတယ်။ “ကျွန်မကျရုံးသွားရင်တောင် ကျွန်မကို သူဘယ်တော့မှ စွန့်ခွာမှာမဟုတ်ပါဘူး။”

အမ်မလီ ဘဲလ် ဖရီးမန်း

ကျွန်မ ဒီဆောင်ပုဒ်ကျမ်းချက်ကိုဖတ်တဲ့အခါ ဂါလိလဲအိုင်မှ ပေတရုကို သတိရမိပါတယ်။ မုန်တိုင်းကိုအာရုံစိုက်ခြင်းက သူရဲ့ကြောက်စိတ်နှင့် သံသယတွေကိုတိုးပွား‌စေပြီး မုန်တိုင်းထန်တဲ့လှိုင်းလုံးတွေထဲ သူ့ကိုနစ်မြုပ်စေပါတယ်။ ဒါပေမယ့် ကယ်တင်ရှင်အပေါ်အာရုံစိုက်ခြင်းက သူတစ်ခါမှမကြုံဖူးတဲ့အရာကို ပြီးမြောက်စေနိုင်ခဲ့တယ်၊ သူရေပေါ်လမ်းလျှောက်သွားခဲ့ပါတယ်။ ဒါဟာ အမှန်တကယ် ထူးခြားအံ့သြဖွယ်ဖြစ်ပါတယ်။ သူ့ကို သင်မျှော်ကြည့်တဲ့အခါ သင်ဘာကို ပြီးမြောက်နိုင်မလဲ။

အန်ဒရီယာ မူနီယိုဇ် စပန်းနောင့်စ်

ကျွန်မ ဘယ်နေရာမှာရှိနေပါစေ သို့မဟုတ် ဘယ်အခြေအနေမှာရောက်နေပါစေ ကျွန်မကြောက်စိတ်စတင်ခံစားရတဲ့အခါ ကောင်းကင်ဘုံရှင်အဘနှင့် ယေရှုခရစ်တော်နှင့် ကျွန်မရဲ့ဆက်ဆံရေးကို တမင်ရည်ရွယ်ပြီး စဉ်းစားမိပါတယ်။ ကျွန်မစိတ်ထဲမှာ အကြိမ်ကြိမ် ထပ်ပြောမိတယ် ကျွန်မက ဘုရားသခင်ရဲ့သမီးတစ်‌ယောက်ဖြစ်တယ်။ ကျွန်မစိတ်သက်သာရာရလာတဲ့အထိ ကျွန်မဒါကိုဆက်ပြောပါတယ်။ ဒါက အမြဲတမ်းထိရောက်ပါတယ်။

လူငယ်အမျိုးသား အထွေထွေဥက္ကဋ္ဌအဖွဲ့

ဘယ်မှညာ၊ ညီအစ်ကို ဝီလ်ကော့၊ ဥက္ကဋ္ဌ လန့်ဒ်၊ ညီအစ်ကို နယ်လ်ဆင်

ဘရက်ဒလီ အာရ်၊ ဝီလ်ကော့

သင့်ကို ဘယ်သူကဂရုစိုက်ပြီး အချစ်ဆုံးလဲဆိုတာကို ကိုယ့်ကိုယ်ကို မေးကြည့်ပါ။ သင့်မိဘများနှင့် အသင်းတော်ခေါင်းဆောင်များလား။ သူများအတွက် သင်က ကိန်းဂဏန်းတစ်ခုမျှသာ ဖြစ်နိုင်တဲ့လူမှုမီဒီယာပေါ်မှ လူတွေလား။ ကောင်းကင်ဘုံရှင်အဘနှင့် ခရစ်တော်ကို မှီခိုအားကိုးပါ။ သူတို့ အမှန်တကယ် ဂရုစိုက်ကြပါတယ်။

စတီဗင် ဂျေ၊ လန့်ဒ်

အာရုန်ယဇ်ပုရောဟိတ်အဖွဲ့ နှင့် လူငယ်အမျိုးသမီးအဖွဲ့ဆောင်ပုဒ်ကို သင်ရွတ်ဆိုတဲ့အခါ သင့်ကိုသတိပေးထားတာတွေကို အမှတ်ရပါ၊ သင်က ဘုရားသခင်ရဲ့ချစ်သား သို့မဟုတ် သမီးတစ်ယောက်ဖြစ်ပါတယ်။ ကျွန်တော်တို့အဘမှာ သင့်အတွက် အစီအစဉ်ရှိကြောင်း ယုံကြည်ပါ။ ခရစ်တော်ကို မှီခိုအားကိုးခြင်းက သူ့ရဲ့အပြစ်ဖြေခြင်းမင်္ဂလာသည် ထိုအစီအစဉ်ရဲ့အလယ်ဗဟိုမှာရှိကြောင်း မြင်ခြင်းကို ဆိုလိုပါတယ်။

မိုက်ကယ် တီ၊ နယ်လ်ဆင်

ကျမ်းချက်များကိုဖတ်ရှုခြင်းက ခရစ်တော်ကို မှီခိုအားကိုးခြင်းဖြစ်ပါတယ်။ ယေရှုရဲ့ အလွန်တရာအံ့ဩဖွယ်အမှုများနှင့် သွန်သင်ချက်များဖြင့် ကျွန်တော်တို့ကိုသတိပေးနေသ၍ သံသယများနှင့် ကြောက်ရွံ့မှုများက သဘာဝအလျောက် မှေးမှိန်သွားပါတယ်။ ကျွန်တော်တို့ သူရဲ့စကားတွေကို ရယူသုံးစွဲခွင့်ရလို့ အလွန်ကံကောင်းကြပါတယ်။ သူတို့က ကျွန်တော်တို့ရဲ့ဘဝအသက်တာမှာ ကျွန်တော်တို့ကြုံတွေ့ရတဲ့ အခြေအနေတိုင်းမှာ သက်ရောက်မှုရှိပါတယ်။

မှတ်စု

  1. စာသားနှင့်ဂီတမှ စတီဗင် ပီ၊ ရှိန့် (ရှုမိတ်ဆွေ၊ ဖေ၊ ၂၀၂၀၊ ၂၇၊ လည်းရှု Hymns—For Home and Church နံပါတ်၊ ၁၀၀၄)။