၂၀၂၁
ကြားနာလော့၊ နားထောင်လော့၊ အာရုံပြုလော့
၂၀၂၁ ဇန်နဝါရီ


“ကြားနာလော့၊ နားထောင်လော့၊ အာရုံပြုလော့” လူငယ်တို့အတွက်ခွန်အား ဇန္နဝါရီ၊ ၂၀၂၁၊ ၃၂။

လစဉ် လူငယ်တို့အတွက်ခွန်အား အမှာစကား၊ ဇန္နဝါရီ ၂၀၂၁

ကြားနာလော့၊ နားထောင်လော့၊ အာရုံပြုလော့

ဧပြီ ၂၀၂၀ အထွေထွေညီလာခံ မိန့်ခွန်း တစ်ခုမှ။

နားထောင်ခြင်း၊ ဖတ်ခြင်း၊ တရားဟောစင်၌ ဟောပြောခြင်း

ဂုဂ် ဒီဇိုင်း၏ သရုပ်ဖော်ပုံများ

ဩဝါဒနှင့် ပဋိညာဉ်များကျမ်းရဲ့ ပထမဦးဆုံးသော စကားလုံးကတော့ နားထောင်လော့ ဖြစ်ပါတယ် (ဩဝါဒနှင့် ပဋိညာဉ်များကျမ်း ၁:၁ တွင်ကြည့်ပါ)။ နာခံလိုသောရည်ရွယ်ချက်နဲ့ နားထောင်ဖို့ လို့ဆိုလိုပါတယ်။ နားထောင်ဖို့ ဆိုသည်မှာ “သူ့ကိုကြားနာလော့” ဖြစ်ပါသည်—ကယ်တင်ရှင်မိန့်တော်မူသည့်အရာကို ကြားနာ ရန်နှင့် ထို့နောက် သူ၏သွန်သင်ခြင်းကို အာရုံစိုက် ဖို့ ဖြစ်ပါသည်။ ထိုစကားနှစ်လုံး—“သူ့ကိုကြားနာလော့”—၌ ဘုရားသခင်သည် ကျွန်တော်တို့အား ဤဘဝ၌ အောင်မြင်ခြင်း၊ ပျော်ရွှင်ခြင်းနှင့် ဝမ်းမြောက်ခြင်းတို့၏ ပုံစံကို ပေးတော်မူပါသည်။ ကျွန်တော်တို့သည် ကိုယ်တော်ရှင်၏စကားများကို ကြားနာ ကြရပါမည်၊ ထိုစကားများကို နားထောင် ကြရပါမည်၊ ကျွန်တော်တို့ကို သူပြောသည့်အရာကိုလည်း အာရုံစိုက် ကြရပါမည်။

သူ့ကို ကြားနာဖို့ရာ ကျွန်တော်တို့ ဘယ်ကို သွား နိုင်ပါသလဲ။

ကျမ်းစာများသို့ ကျွန်တော်တို့ သွားနိုင်ကြပါသည်။ ကျွန်တော်တို့သည် ဗိမာန်တော်ထဲ၌လည်း သူ့ကို ကြားနာ နိုင်ပါသည်။ ကျွန်တော်တို့သည် သန့်ရှင်းသောဝိညာဉ်တော်၏ တိုးတိုးပြောသံအား အသိအမှတ်ပြုနိုင်စွမ်းကို ကျွန်တော်တို့ သန့်စင်စေသည်နှင့်အမျှ ပို၍ရှင်းလင်းစွာလည်း ကျွန်တော်တို့ သူ့ကို ကြားနာ ကြပါသည်။ နောက်ဆုံးအနေဖြင့်၊ ကျွန်တော်တို့သည် ပရောဖက်များ၊ မြင်သောသူများနှင့် ဗျာဒိတ်ဟောသူများ၏စကားများကို အာရုံစိုက်ကြသည်နှင့်အမျှ သူ့ကို ကြားနာ ကြပါသည်။

ကယ်တင်ရှင်မိန့်တော်မူခဲ့သည့်အရာများနှင့် ယခုတွင် သူ၏ပရောဖက်များမှတစ်ဆင့် သူမိန့်တော်မူနေသည့်အရာများကို သင်တို့ ရည်ရွယ်ချက်ရှိရှိ၊ ကြားနာ၊ နားထောင်ပြီး၊ အာရုံစိုက်ကြလျှင် မည်သည့်အရာဖြစ်လာမည်နည်း။ စုံစမ်းနှောင့်ယှက်ခြင်းများ၊ ရုန်းကန်ခြင်းများ၊ အားနည်းချက်တို့ကို ကိုင်တွယ်ဖြေရှင်းရန် ထပ်ဖြည့်အင်အားနှင့် သင်တို့ကောင်းချီးခံစားကြရမည့်အကြောင်း ကျွန်တော်ကတိပေးပါသည်။ သင်တို့၏အိမ်ထောင်၊ မိသားစု၊ ဆွေမျိုးများနှင့် နေ့စဉ်အလုပ်တို့၌ အလွန်တရာအံ့ဩဖွယ်များရှိလိမ့်မယ်ဆိုတာ ကျွန်တော်ကတိပေးပါတယ်။ သင်တို့ဘဝ၌ ဝဲဂယက်ကြီးမားလာလျှင်တောင်မှ သင်တို့၏ဝမ်းမြောက်မှုကို ခံစားနိုင်စွမ်းတိုးတက်လာမည့်အကြောင်း ကျွန်တော်ကတိပေးပါသည်။