လီယာဟိုနာ
ဘုရားပကတိကိုဆက်ခံရသောသူများ
ဇန်နဝါရီ ၂၀၂၆ လီယာဟိုနာ


“ဘုရားပကတိကိုဆက်ခံရသောသူများ၊” လီယာဟိုနာ၊ ဇန်၊ ၂၀၂၆။

လစဉ် လီယာဟိုနာ အမှာစကား၊ ဇန်နဝါရီ ၂၀၂၆

ဘုရားပကတိကိုဆက်ခံရသောသူများ

(၂ ပေတရု ၁:၄)

ကယ်တင်ခြင်းအစီအစဉ်အား သိရှိခြင်းသည် တန်ဖိုးမဖြတ်နိုင်သော အမြင်ကို ပေးစွမ်းပြီး၊ ကျွန်တော်တို့၏ ပျော်ရွှင်မှုများကို ကြွယ်ဝစေကာ၊ ကျွန်တော်တို့၏ စိန်ခေါ်မှုများနှင့် ဆင်းရဲဒုက္ခများကို ကျော်လွှားနိုင်ရန် အားဖြည့်ပေးပါသည်။

ခရစ်တော်မှ တပည့်တော်နှစ်ပါးအား ခေါ်တော်မူခြင်းအား သရုပ်ဖော်ရေးဆွဲခြင်း

ဂယ်ရီ အီး၊ စမစ် ၏၊ ခရစ်တော်မှ တပည့်တော်နှစ်ပါးအား ခေါ်တော်မူခြင်း

တမန်တော်ပေတရုက ယေရှုခရစ်တော်၏တပည့်တော်များအတွက်၊ ကျွန်တော်တို့အား ဤကဲ့သို့ သတိပေးခဲ့ပါသည်၊ “ငါ​တို့​ကို ဘုန်း​တန်​ခိုး​တော်​နှင့် ခေါ်​တော်​မူ​သော​ဘု​ရား​ကို သိ​သော​ဉာဏ်​အား​ဖြင့်၊ ငါ​တို့​အား အ​သက်​ရှင်​ခြင်း၊ ဘု​ရား​ဝတ်၌ မွေ့​လျော်​ခြင်း​နှင့် စပ်​ဆိုင်​သော အ​ရာ​ရှိ​သ​မျှ​တို့​ကို ဘု​ရား​တန်​ခိုး​တော်​သည် ပေး​သ​နား​တော်​မူ​ပြီ။

“ထို​သို့​သော​အား​ဖြင့်​လည်း အ​လွန်​ကြီး​မြတ်၍ အ​ဖိုး​ထိုက်​သော က​တိ​များ​ကို ငါ​တို့၌ အပ်​ပေး​တော်​မူ​ပြီ။ အ​ကြောင်း​မူ​ကား၊ ထို​က​တိ​တော်​များ​ကို အ​မှီ​ပြု၍ ဘု​ရား​ပ​က​တိ​ကို ဆက်​ဆံ​ရ​သော​သူ ဖြစ်​ကြ​မည်​အ​ကြောင်း​တည်း”( ၂ ပေတရု ၁:၃–၄၊ အလေးပေးထည့်သွင်းထားသည်)။

ကောင်းကင်ဘုံရှင်အဘ၏ အစီအစဉ်သည် ကျွန်တော်တို့၏ ထာဝရသွင်ပြင်လက္ခဏာနှင့် ရည်ရွယ်ချက်ကို သတ်မှတ်ပေးသည့် အလွန်ကြီးမြတ်ပြီး အဖိုးထိုက်သော သမ္မာတရားများနှင့် ကတိတော်များကို ဖော်ပြထားပါသည်။

“မိသားစု၊ လောကသို့ကြေညာချက်”တွင် ရှင်းပြထားသည့်အတိုင်း၊

“ခပ်သိမ်းသောလူသားတို့—ယောက်ျားနှင့် မိန်းမတို့—ကို ဘုရားသခင်၏ပုံသဏ္ဌာန်နှင့် အညီ ဖန်ဆင်းထားပါသည်။ တစ်ယောက်ချင်းစီတိုင်းသည် ကောင်းကင်ဘုံရှင်မိဘတို့၏ ချစ်လှစွာသော ဝိညာဉ်သား သို့မဟုတ် သမီးဖြစ်ပါသည်၊ ထို့အတူ၊ သို့ဖြစ်၍၊ တစ်ယောက်ချင်းစီ၌ မြင့်မြတ်သောသဘောနှင့် ကံကြမ္မာရှိပါသည်။

“လူ့ဇာတိမတိုင်မီ နယ်ပယ်တွင်၊ ဝိညာဉ်သားများနှင့် သမီးများသည် ဘုရားသခင်ကို မိမိတို့၏ ထာဝရအဘအဖြစ် သိခဲ့ကြ၊ ကိုးကွယ်ခဲ့ကြပြီး၊ အစီအစဉ်ကို လက်ခံခဲ့ကြပါသည်၊ ထိုအစီအစဉ်အားဖြင့် သူ၏သားသမီးတို့သည် ရုပ်ကိုယ်ခန္ဓာကို ရရှိကြ၊ စုံလင်ခြင်းဆီသို့ တိုးတက်သည့် လောကီအတွေ့အကြုံကို ရရှိကြပြီးလျှင်၊ နောက်ဆုံးတွင်၊ သူတို့၏ မြင့်မြတ်သော ကံကြမ္မာမှာ ထာဝရအသက်ကို အမွေခံသောသူများဖြစ်ကြရကြောင်း သတိပြုမိကြပါသည်။”

ကောင်းကင်ဘုံရှင်အဘသည် သူ့သားသမီးများအား သူ၏အစီအစဉ်၏ လမ်းညွှန်ချက်များနှင့် သူ၏ချစ်လှစွာသောသားတော်၏ ပုံသက်သေကို လိုက်နာပြီး၊ ပညတ်တော်များကို စောင့်ထိန်းကာ၊ ယုံကြည်ခြင်းဖြင့် အဆုံးတိုင်အောင် တည်ကြည်ခြင်းရှိပါက၊ “ဘုရားသခင်၏​ဆုကျေးဇူးအပေါင်းတို့​အထဲတွင် အကြီးမြတ်ဆုံး​ဆုကျေးဇူး​ဖြစ်သည့် ထာဝရ​အသက်ကို ရရှိ​လိမ့်မည်”(သြဝါဒနှင့်ပဋိညာဉ် ၁၄:၇) ဖြစ်ကြောင်း ကတိ‌ပေးတော်မူပါသည်။

ဘုရားသခင်၏အမှုသည် သူ့သားသမီးများ၏ တိုးတက်မှုနှင့် ချီးမြှောက်ခြင်းအပေါ် အာရုံစိုက်ထားပါသည်။ “[ကိုယ်တော်]၏​အမြင်၌ လူတို့၏​ထိုက်တန်မှု​ကြီးမြတ်”သောကြောင့် (သြဝါဒနှင့်ပဋိညာဉ်များ၁၈:၁၀) ကိုယ်‌တော့်အစီအစဉ်၏ အစိတ်အပိုင်းတိုင်းသည် သူ၏သားသမီးများကို ကောင်းချီးပေးရန်အတွက် ရေးဆွဲထားခြင်းဖြစ်ပါသည်။

ခမည်းတော်၏အစီအစဉ်

လူ့ဇာတိမတိုင်မီ အစည်းအဝေးတွင်၊ ကောင်းကင်ဘုံရှင်အဘသည် သူ၏ဝိညာဉ်သားသမီးများအား သူတို့၏ ထာဝရတိုးတက်မှုနှင့် ပျော်ရွှင်မှုအတွက် သူ၏အစီအစဉ်ကို တင်ပြခဲ့ပါသည်။

“ဤသူတို့ နေထိုင်နိုင်ရန် မြေကြီးကိုလည်း ငါတို့ ဖန်ဆင်းကြမည်၊

“သူတို့၏ဘုရားသခင်ကိုယ်တော်ရှင် မိန့်မှာလေသည့် ခပ်သိမ်းသောအရာမှန်သမျှကို သူတို့လုပ်ဆောင်ခြင်းရှိမရှိ ဤနည်းအားဖြင့် ငါတို့စမ်းသပ်ကြမည်။

“မိမိတို့၏ ပထမအရိပ်အရာကို စောင့်ထိန်းသည့် သူတို့အပေါ် ထပ်လောင်း၍ ပေးလိမ့်မည်။ မိမိတို့၏ ပထမအရိပ်အရာကို စောင့်ထိန်းခြင်းမရှိသူတို့သည် မိမိတို့၏ ပထမအရိပ်အရာကို စောင့်ထိန်းသူတို့နှင့်အတူ တူသည့်နိုင်ငံ၌ ဘုန်းတော်ကို မရကြလတ္တံ့။ မိမိတို့၏ ဒုတိယအရိပ်အရာကို စောင့်ထိန်းသူတို့သည် ဘုန်းတော်ကို ဦးခေါင်းများပေါ်၌ ထပ်လောင်း၍ ကာလအစဉ်အဆက် အမြဲရရှိကြလိမ့်မည်။

“အဘယ်သူကို ငါစေလွှတ်ရမည်နည်းဟု ကိုယ်တော်ရှင်မေးတော်မူလျှင်၊ လူသားတော်နှင့် တူသောသူက အကျွန်ုပ် ရှိပါ၏။ အကျွန်ုပ်ကို စေလွှတ်တော်မူပါဟု လျှောက်၏။ တခြားတစ်ဦးကလည်း၊ အကျွန်ုပ်ရှိပါ၏၊ အကျွန်ုပ်ကို စေလွှတ်တော်မူပါဟု လျှောက်လျှင်၊ ကိုယ်တော်ရှင်က ငါသည် ပထမပြောသူကို စေလွှတ်မည်ဟု မိန့်တော်မူ၏။

“ဒုတိယပြောသူသည်လည်း အမျက်ထွက်၍၊ သူ၏ပထမအရိပ်အရာကို စောင့်ထိန်းခြင်းမရှိ။ ထိုနေ့၌၊ များစွာသောသူတို့သည် သူ့နောက်ကလိုက်သွားကြ၏” (အာဗြဟံ ၃:၂၄–၂၈)။

လူ့ဇာတိမတိုင်မီအစည်းအဝေးတွင် တင်ပြခဲ့သည့် တစ်ခုတည်းသောအစီအစဉ်မှာ— ခမည်းတော်၏အစီအစဉ်ဖြစ်ကြောင်း သတိပြုပါ။ ကျွန်ုပ်တို့၏ ကောင်းကင်ဘုံရှင်အဘသည် “ငါတို့သည် အဘယ်သို့ ပြုရမည်နည်း” ဟူသော မေးခွန်းကို မေးတော်မမူပါ။ ကိုယ်တော်သည် အကြံဉာဏ်တောင်းခံခြင်း၊ အကြံပြုချက်တောင်းခံခြင်း သို့မဟုတ် အဆိုပြုချက်တောင်းခံခြင်းများ မပြုခဲ့ပါ။ သို့သော်၊ ကိုယ်တော်သည် သူ၏အစီအစဉ်၏ အခြေခံအစိတ်အပိုင်းများကို တင်ပြပြီး “အဘယ်သူကို ငါစေလွှတ်ရမည်နည်း” ဟု မေးမြန်းတော်မူခဲ့ပါသည်။ ကိုယ်တော့်မေးခွန်း၏ အနှစ်သာရသည် သူ၏အစီအစဉ်၏ စည်းကမ်းသတ်မှတ်ချက်များကို အကောင်အထည်ဖော်ရန် မည်သူ့ကို စေလွှတ်သင့်ကြောင်း အာရုံစိုက်ထားခြင်းဖြစ်ပါသည်။

ရန်သူမာရ်နတ်၏ပုန်ကန်မှု၏ နောက်ဆက်တွဲအကျိုးဆက်များကိုလည်း ကျမ်းစာတွင် ဖော်ပြထားပါသည်။

“သို့ဖြစ်၍၊ ထိုစာတန်သည် ငါ့ကိုဆန့်ကျင်၍ ပုန်ကန်သောကြောင့်၊ ထို့အတူ လူသားအား ငါ၊ … ပေးထားလေသည့် ရွေးချယ်ပြုမူနိုင်ခွင့်ကို ဖျက်ဆီးရန် ကြိုးစား အားထုတ်သောကြောင့်၊ ငါ၏တန်ခိုးတော်ကို သူ့အားပေးစေကြောင်း ကြိုးစားအားထုတ်သောကြောင့်၊ … ၊ ငါသည် သူ့ကို ပစ်ချခံရစေ၏၊

“သူသည်လည်း လူသားတို့ကို လှည့်စားရန်နှင့် အလင်းကွယ်စေရန်၊ ထို့အတူ များနိုင်သမျှ များစွာသောသူတို့ကို ငါ၏ အသံကို စေ့စေ့နားမထောင်လိုကြသည့် တိုင်အောင်ပင် သူ၏အလိုအတိုင်း ချုပ်နှောင်ခြင်းသို့ ပို့ဆောင်ရန် စာတန်၊ … နတ်ဆိုး၊ ခပ်သိမ်းသော မုသားတို့၏အဘ ဖြစ်လာခဲ့၏” (မောရှေ ၄:၃–၄၊ အလေးပေးထည့်သွင်းထားသည်)။

လူစီဖာနတ်ဆိုးသည် လူ့ဇာတိမတိုင်မီအစည်းအဝေးတွင် ပါဝင်သူအများစုက မဲပေးပယ်ချခဲ့သော အစီအစဉ်တစ်ခုကို တင်ပြခဲ့ခြင်း မဟုတ်ပါ။ ၎င်းသည် ရွေးကောက်ပွဲတစ်ခုတွင် ရှုံးနိမ့်ခဲ့သော စာနာထောက်ထားဖွယ်ကောင်းသည့် ဇာတ်ကောင်တစ်ဦး မဟုတ်ပါ။ သူက ပုန်ကန်ခဲ့ခြင်းဖြစ်ပါသည်။ မာန၊ ထောင်လွှားမှုနှင့် တစ်ကိုယ်ကောင်းဆန်မှုတို့သည် ခမည်းတော်၏အစီအစဉ်ကို ဆန့်ကျင်သည့် ၎င်း၏ပုန်ကန်မှုကို လှုံ့ဆော်ပေးခဲ့ပါသည်။

ခမည်းတော်၏အစီအစဉ်နှင့်ကယ်တင်ရှင်၏ဧဝံဂလိတရား

အစီအစဉ်သည် လူသားအားလုံးအတွက် ထာဝရအသက်၏ကောင်းချီးများကို ရရှိနိုင်စေနိုင်မည့် ခမည်းတော်နှင့် သားတော်၏အမှုများကို ဖော်ပြထားပါသည်။

ယေရှုခရစ်တော်၏ ဧဝံဂေလိတရားသည် ဘုရားသခင်၏အစီအစဉ်တွင် ကတိပေးထားသော ကောင်းချီးများကို ကျွန်တော်တို့ လက်ခံရရှိနိုင်သည့် နည်းလမ်းကို ဖွဲ့စည်းထားသည်၊ ဆိုလိုသည်မှာ လူယောက်ျားနှင့် လူမိန်းမတို့ ယုံကြည်ပြီးလိုက်နာရမည့် ဩဝါဒ၊ အခြေခံမူများ၊ ဘိသိက်မင်္ဂလာများနှင့် ပဋိညာဉ်များပင် ဖြစ်ပါသည်။ “ဤယေရှုခရစ်တော်​မှတစ်ပါး၊ လူသား ကယ်တင်ခြင်းသို့ ရောက်နိုင်ကြောင်း၊ ပေးထားသည့်​အခြားနာမ ကောင်းကင်​အောက်၌ မရှိ” ( ၂ နီဖိုင်း ၂၅:၂၀)။ စစ်မှန်စွာပင်၊ သခင်ယေရှုခရစ်တော်သည် “လမ်း​ခ​ရီး​ဖြစ်၏၊ သ​မ္မာ​တ​ရား​လည်း​ဖြစ်၏။ အ​သက်​လည်း​ဖြစ်၏။ [ကိုယ်တော့်]ကို အ​မှီ​မ​ပြု​လျှင် အ​ဘယ်​သူ​မျှ ခ​မည်း​တော်​ထံ​သို့​မ​ရောက်​ရ” (ယောဟန် ၁၄:၆၊ အလေးပေးထည့်သွင်းထားသည်)။

ဥက္ကဋ္ဌ ရပ်ဆဲလ် အမ်၊ နယ်လ်ဆင်မှ အောက်ပါအတိုင်း ရှင်းပြခဲ့ပါသည်၊

“အစီအစဉ်က ဖန်ဆင်းခြင်းကို လိုအပ်ခဲ့ပြီး၊ အဲဒီအရာကပဲ လဲကျခြင်းနဲ့ အပြစ်ဖြေခြင်းကို လိုအပ်စေခဲ့ပါတယ်။ အဲဒါတွေက အစီအစဉ်ရဲ့ အခြေခံအစိတ်အပိုင်းသုံးရပ် ဖြစ်ပါတယ်။ ပြီးပြည့်စုံသောဂြိုဟ်တစ်ခု ဖန်ဆင်းခြင်းက ဘုရားသခင်ထံမှ ဖြစ်ပေါ်လာပါတယ်။ အာဒံရဲ့လဲကျခြင်းမှ သေခြင်းရှိရာဘဝနဲ့ သေခြင်းက လောကထဲကိုရောက်ရှိလာခဲ့ပါတယ် [ရှု ၂ နီဖိုင်း ၂:၂၅မောရှေ ၆:၄၈]။ သေခြင်းမရှိရာဘဝနဲ့ ထာဝရအသက်ရဲ့ ဖြစ်နိုင်ခြေကို ယေရှုခရစ်တော်ရဲ့အပြစ်ဖြေခြင်းအားဖြင့် ပေးအပ်ခဲ့ပါတယ် [ရှု ၂ နီဖိုင်း ၂:၂၁–၂၈]။

“… ကျွန်တော်တို့က မြေကြီးပေါ်ကို တိုတောင်းတဲ့ကာလအတွက် ရောက်ရှိလာကြပြီး၊ ကျွန်တော်တို့ရဲ့ စမ်းသပ်မှုများနှင့် ဒုက္ခဆင်းရဲများကို သည်းခံရင်ဆိုင်ကာ၊ ရှေ့သို့တက်လှမ်းပြီး ဘုန်းအသရေရှိသော အိမ်ပြန်ခြင်းဆီသို့ ရောက်အောင်ပြင်ဆင်ကြပါတယ် [ရှု ဆာလံ ၁၁၆:၁၅အယ်လမာ ၄၂:၈]။ ဘုရားသခင်ရဲ့ အစီအစဉ်ကို နားလည်ပြီး ကိုယ်တော်ရဲ့ ပညတ်တော်များကို ကျေးဇူးတင်ပြီး နာခံကြမယ်ဆိုရင်၊ [သေခြင်းရှိရာဘဝမှာ] ကျွန်တော်တို့ရဲ့အတွေးအခေါ်တွေနဲ့ လုပ်ရပ်တွေဟာ ပိုပြီးရည်ရွယ်ချက်ရှိလာမယ်ဆိုတာ သေချာပါတယ် [ရှု သြဝါဒနှင့်ပဋိညာဉ်များ ၅၉:၂၀–၂၁]။”

မော်မုန်ကျမ်းရှိ အစီအစဉ်၏ အမည်နာမများ

ယေရှုခရစ်တော်၏ တခြားသောသက်သေခံချက်ဖြစ်သည့် မော်မုန်ကျမ်းရှိ ခမည်းတော်၏အစီအစဉ်အတွက် အမျိုးမျိုးသော အမည်နာမများကို ဖော်ထုတ်လေ့လာခြင်းဖြင့် အရေးကြီးသော သမ္မာတရားများကို ကျွန်တော်တို့ သင်ယူနိုင်ပါသည်။ ဥပမာအားဖြင့်၊ အောက်ပါရွေးချယ်ထားသော အမည်နာမများကို စဉ်းစားကြည့်ပါ၊

“ကြီး​မြတ်​တော်​မူ​သည့် ဖန်​ဆင်း​ရှင်​၏ ကရုဏာကြီး​တော်​မူ​သော အစီအစဉ်​” (၂ နီဖိုင်း ၉:၆)။

“ငါ​တို့​ဘုရားသခင်​၏အစီအစဉ်” ( ၂ နီဖိုင်း ၉:၁၃)။

“ကယ်တင်ခြင်းအစီအစဉ်” (ယာရုမ် ၁:၂အယ်လမာ ၂၄:၁၄)။

“ရွေးနုတ်ခြင်းအစီအစဉ်” (အယ်လမာ ၁၂:၂၅၊ ၂၆၊ ၃၀၊ ၃၂၊ ၃၃၄၂:၁၁၊ ၁၃)။

“ပြန်လည်ဆောင်ယူခြင်းအစီအစဉ် ” (အယ်လမာ ၄၁:၂).

“ပျော်ရွှင်ခြင်းအစီအစဉ်” (အယ်လမာ ၄၂:၁၆)။

“ကြီးမြတ်သော ကရုဏာတော်​အစီအစဉ်” (အယ်လမာ ၄၂:၃၁)။

ဤအမည်နာမတစ်ခုစီသည် ခမည်းတော်၏အစီအစဉ်၏ တန်ဖိုးရှိသော ကတိတော်များကို ပိုမိုရှင်းလင်းစွာ နားလည်ရန် ကူညီပေးပြီး၊ ကျွန်တော်တို့လောကီဘဝ၏ ရည်ရွယ်ချက်များနှင့် အဓိပ္ပာယ်အကြောင်း ကျွန်တော်တို့၏အမြင်ကို ကြွယ်ဝစေပါသည်။

အရေးအကြီးဆုံးမှာ၊ မော်မုန်ကျမ်းတွင် ဘုရားသခင်၏အစီအစဉ်အတွက် အများဆုံးအသုံးပြုသော အမည်နာမသည် ယေရှုခရစ်တော်၏ အပြစ်ဖြေခြင်းမင်္ဂလာမှတစ်ဆင့် ဖြစ်လာနိုင်သော ရွေးနုတ်ခြင်းအပေါ် အာရုံစိုက်ထားပါသည်။

အယ်လမာက ထုတ်ဖော်ကြေညာခဲ့ပါသည်၊ “ယခုတွင် ကမ္ဘာတည်ကတည်းက ချထား​တော်မူ​ခဲ့လေသော ရွေးနုတ်​ခြင်း​အစီအစဉ်​အတွက် မဟုတ်​လေလျှင်၊ သေသူတို့၏​ရှင်ပြန်​ထမြောက်ခြင်း ရှိနိုင်​လေမည်​မဟုတ်။ သို့ရာတွင်၊ သေသူတို့၏​ရှင်ပြန်​ထမြောက်ခြင်းကို ဖြစ်ပေါ်​စေမည့်​အကြောင်း၊ ပြောထား​လေသည့်၊ ချထား​တော်မူသော ရွေးနုတ်ခြင်း​အစီ​အစဉ်​ရှိလေ၏ ” (အယ်လမာ ၁၂:၂၅)။

အယ်လမာက ယခုလိုလည်း ဆိုဆုံးမခဲ့ပါသည်၊ “ဘုရားသခင်၏​သားတော်ကို ယုံကြည်​စပြုရမည်မှာ၊ သူသည် မိမိ​လူမျိုးတို့ကို ရွေးနုတ်ခြင်းငှာ၊ ကြွလာ​တော်မူမည်​ဖြစ်ကြောင်း၊ သူတို့၏​အပြစ်များ​အတွက် အပြစ်​ဖြေခြင်းငှာ၊ ဒုက္ခ​ဝေဒနာ​ခံစား၍ သေမည်​ဖြစ်ကြောင်းနှင့် သေရာမှ တစ်ဖန်​ထမြောက်၍၊ ထိုအမှုက ရှင်ပြန်​ထမြောက်ခြင်းကို ဖြစ်ပေါ်​စေသဖြင့်၊ လူသား​ခပ်သိမ်းတို့သည် သူတို့​အကျင့်များ​အတိုင်း တရား​စီရင်ခံရစေရန် နောက်ဆုံးသော တရားစီရင်​တော်မူရာ​နေ့၌ သူ့ရှေ့မှာ ရပ်ရမည်​ဖြစ်ကြောင်းတို့​ပေတည်း။”(အယ်လမာ ၃၃:၂၂)။

လမ်းခရီးအားပြင်ဆင်ထား၏

ကျွန်တော်တို့၏စိတ်ဝိညာဉ်များသည် ဘုရားသခင်၏ ကယ်တင်ခြင်းအစီအစဉ်၊ ရွေးနုတ်ခြင်းအစီအစဉ်၊ ပြန်လည်ဆောင်ယူခြင်းအစီအစဉ်၊ ကရုဏာတော်အစီအစဉ်နှင့် ပျော်ရွှင်ခြင်းအစီအစဉ်များကို စဉ်းစားတွေးတောကြသည်နှင့်အမျှ ကျေးဇူးတင်ခြင်းနှင့်ပြည့်လျှံနေသင့်ပါသည်။ ကိုယ်တော်၏အစီအစဥ်အား သိရှိခြင်းသည် တန်ဖိုးမဖြတ်နိုင်သော အမြင်ကို ပေးစွမ်းပြီး၊ ကျွန်တော်တို့၏ ပျော်ရွှင်မှုများကို ကြွယ်ဝစေကာ၊ ကျွန်တော်တို့၏ စိန်ခေါ်မှုများနှင့် ဆင်းရဲဒုက္ခများကို ကျော်လွှားနိုင်ရန် အားဖြည့်ပေးပါသည်။

ကောင်းကင်ဘုံရှင်အဘသည် ကျွန်တော်တို့အား သူ့အိမ်တော်ထံသို့ပြန်လာရန် တောင့်တတော်မူပါသည်။ ကိုယ်တော်သည် ကျွန်တော်တို့အား ဖိတ်ခေါ်လျက် ကောင်းချီးများပေးသနားတော်မူပါသည်၊ သို့သော်လည်း ကိုယ်တော်သည် ဘယ်သောအခါမျှ အတင်းအကျပ်ခိုင်းစေခြင်း၊ အကျပ်ကိုင်ခြင်း၊ သို့မဟုတ် ကိုယ်တော်ပေးထားသည့် လွတ်လပ်စွာရွေးချယ်ပြုမူနိုင်ခွင့်အား ကန့်သတ်ဘောင်ခတ်ထားခြင်းမရှိပါ။ ကျွန်တော်တို့သည် သူ၏ချစ်လှစွာသော သားတော်၏ ပုံသက်‌သေအားလိုက်လျှောက်ခြင်းဖြင့် ကိုယ်တော့်ထံသို့ ပြန်သွားနိုင်ရန်ပြုမူပြီး ရွေးချယ်ကြရမည်ဖြစ်သည်။

ယေရှုခရစ်တော်၏လက်တော်ထံသို့ လှမ်းနေသည့် ကလေးငယ်တစ်ဦး၏လက်အား ရေးဆွဲသရုပ်ဖော်ခြင်း

အဲလိဇဘက် တေလာ၏၊ ကိုယ်‌တော်၏လက်သည် အမြဲဆန့်တန်းလျက်ရှိသည်

နည်းလမ်းကို ပြင်ဆင်​ထား၍၊ ငါတို့​ကြည့်မည်ဆိုလျှင်၊ ကာလ​အစဉ်အဆက် အသက်​ရှင်နိုင်ပေ၏” (အယ်လမာ ၃၇:၄၆၊အလေးပေးထည့်သွင်းထားသည်)။

ကောင်းကင်ဘုံရှင်အဘသည် သူ့သားသမီးများအတွက် မြင့်မြတ်သောအစီအစဉ်၏ စာရေးဆရာဖြစ်ကြောင်း ကျွန်တော် ရွှင်လန်းစွာ သက်သေခံပါသည်။ ယေရှုခရစ်တော်သည် ကျွန်တော်တို့၏ကယ်တင်ရှင်နှင့် ရွေးနုတ်ရှင် ဖြစ်ပါသည်။ ကိုယ်တော်ရှင်၏ နောက်ဆုံးသောကာလ တမန်တော်များထဲမှ တစ်ဦးအဖြစ်၊ ကျွန်တော် သက်သေခံသည်မှာ ကိုယ်တော်သည် အမှန်တကယ်ပင် “လမ်းခရီးဖြစ်၏၊ သမ္မာတရားဖြစ်၏၊ အသက်လည်းဖြစ်၏”( ယောဟန် ၁၄:၆၊ အလေးပေးထည့်သွင်းထားသည်)။

မှတ်စုများ

  1. မိသားစု၊ လောကသို့ ကြေညာချက်၊” ဧဝံဂေလိစာကြည့်တိုက်။

  2. ရပ်ဆဲလ် အမ်၊ နယ်လ်ဆင်၊ “The Creation,” အန်ဇိုင်း မေ ၂၀၀၀၊ ၈၄၊ ၈၆။

  3. မော်မုန်ကျမ်းတွင်ပါရှိသည့် ဘုရားသခင်၏အစီအစဉ်၏ အမည်နာမပေါင်းများစွာအား စနစ်တကျခွဲခြားစိတ်ဖြာထားသည်ကို လေ့လာလိုပါက၊ ရှု Noel B. Reynolds, “The Plan of Salvation and the Book of Mormon,” Religious Educator, အတွဲ ၂၁၊ အမှတ်၁(၂၀၂၀ ), ၃၁–၅၃။