2025
ယဇ်ပုရောဟိတ်အခွင့်အာဏာနှင့်တန်ခိုးတော်အားဖြင့် ကောင်းချီးပေးခံရသော
စက်တင်ဘာ ၂၀၂၅


“ယဇ်ပုရောဟိတ်အခွင့်အာဏာနှင့်တန်ခိုးတော်အားဖြင့် ကောင်းချီးပေးခံရသော၊” လီယာဟိုနာ၊ စက်၊ ၂၀၂၅။

လစဉ် လီယာဟိုနာ အမှာစကား၊ စက်တင်ဘာ ၂၀၂၅

ယဇ်ပုရောဟိတ်အခွင့်အာဏာနှင့်တန်ခိုးတော်အားဖြင့် ကောင်းချီးပေးခံရသော

အသင်းသားများသည် ဘုရားသခင်၏တန်ခိုးတော်အား အသင်းတော်၊ အိမ်နှင့် ကမ္ဘာတစ်ဝှမ်းရှိ တစ်ပါးသူများကို အစေခံရန်နှင့်ကောင်းချီးပေးရန် အသုံးပြုကြပါသည်။

အသင်းလူကြီး ဒီ၊ တော့ဒ် ခရစ္စတိုဖာဆန်

လောကသို့ ကျွန်ုပ်တို့၏သက်သေခံချက်မှာ ဘုရားသခင်၏သန့်ရှင်းသောယဇ်ပုရောဟိတ်အခွင့်သည် ကိုယ်တော်ရှင်၏ကယ်တင်ခြင်းနှင့်ချီးမြှောက်ခြင်းအမှုတော်အတွက် မရှိမဖြစ်အရေးကြီးပါသည်၊ ထိုရည်ရွယ်ချက်အတွက် ကိုယ်တော်ရှင်သည် ယဇ်ပုရောဟိတ်အခွင့်အား မြေကြီးပေါ်သို့ ပြန်လည်ဆောင်ယူခဲ့ပါသည်၊ ထိုယဇ်ပုရောဟိတ်အခွင့်အား ယေရှုခရစ်တော်၏နောက်ပိုင်းကာလသန့်ရှင်းသူများအသင်းတော်မှ စီမံဆောင်ရွက်ပါသည်။

ယဇ်ပုရောဟိတ်အခွင့်အာဏာနှင့်တန်ခိုးတော်၏ အရေးပါပုံ

ယေရှုခရစ်တော်သည် အသင်းတော်၏ ဦးဆောင်သူဖြစ်ပါသည်။ ကိုယ်တော် မြေကြီးပေါ်၌အသက်ရှင်နေထိုင်စဉ်သာသနာကဲ့သို့ပင် ဤနောက်ဆုံးသောဧဝံဂေလိသာသနာ၌ လူသားမျိုးနွယ်ကိုရွေးနုတ်မည့် အရေးကြီးသည့်အမှုတော်ကိုအောင်မြင်ရန် ကိုယ်တော်သည် အသင်းတော်အားအသုံးပြုမည့် ကိရိယာတစ်ခုအဖြစ်ဖန်တီးခဲ့ခြင်းဖြစ်ပါသည်။ အသင်းတော်အားဖြင့်၊

  • ကိုယ်တော်သည် သူ၏ဧဝံဂေလိအား ကမ္ဘာတစ်ဝှမ်းတွင် ထုတ်ဖော်ကြေညာနိုင်သည်။

  • ကိုယ်တော်သည် ဗတ္တိဇံနှင့်တခြားသောပဋိညာဉ်များအားလုံး —သူ၏ဆီလက်ရှယ်လ်နိုင်ငံတော်သို့ဝင်ရောက်နိုင်မည့် ပဋိညာဉ်လမ်းကြောင်းကိုပင် ပေးအပ်နိုင်ပါသည်။

  • ကိုယ်တော်သည် မိသားစုများကို ထာဝရပေါင်းစည်းစေနိုင်ပါသည်။

  • ကိုယ်တော်သည် ကယ်တင်ခြင်းဆုကျေးဇူးများကို ပေးအပ်နိုင်ပါသည်၊ ထိုဆု‌ကျေးဇူးများမရှိဘဲ သေဆုံးသွားသည့်သူများကိုပင် ပေးအပ်နိုင်ပါသည်။

  • ကိုယ်တော်သည် လက်ရှိအချိန်၌ ဘုရားသခင့်သားသမီးများ၏ ရုပ်ပိုင်းဆိုင်ရာလိုအပ်ချက်များအတွက် အမှုတော်ဆောင်ပေးနိုင်ပါသည်။

ထိုကြီးကျယ်ခမ်းနားသည့် ရည်ရွယ်ချက်များအောင်မြင်ရန်နှင့်၊ ကယ်တင်ရှင်၏ပြန်ကြွတော်မူလာခြင်းအတွက် ပြင်ဆင်ရန်၊ အသင်းတော်သည် ဘုရားသခင်၏ အဆက်မပြတ် လမ်းညွှန်မှု၊ အခွင့်အာဏာနှင့် တန်ခိုးတော်တို့အား လိုအပ်ပါသည်။ အသင်းတော်သည် “မှန်ကန်ပြီး အသက်ရှင်သည့်အသင်းတော်”(ဩဝါဒနှင့်ပဋိညာဉ်များ ၁:၃၀ )ဖြစ်ပါသည်၊ အကြောင်းမှာ ခရစ်တော်သည် သူ၏ဦးဆောင်မှုနှင့် ယဇ်ပုရောဟိတ်မှတန်ခိုးတော်ဖြစ်သည့်၊ “ဘုရားသခင့်သားတော်၏အသင်းအတိုင်း၊ သန့်ရှင်းသောယဇ်ပုရောဟိတ်အခွင့်” အားဖြင့်(ဩဝါဒနှင့်ပဋိညာဉ်များ၁၀၇:၃) အသင်းတော်ထံအပ်နှင်းထားသောကြောင့်ဖြစ်ပါသည်။

သို့ရာတွင်၊ ဤသန့်ရှင်းသောယဇ်ပုရောဟိတ်အခွင့်မရှိပါက၊ အသင်းတော်သည် အခြေခံအားဖြင့် လောကီအဖွဲ့အစည်းတစ်ရပ်အဖြစ်သာတည်ရှိနေပါလိမ့်မည်၊ လောက၌ ကောင်းမှုများပြုနိုင်သော်လည်း ကိုယ်တော်ရှင်၏မျက်မှောက်တော်၌ ထာဝရအသက်တာ၏ဝမ်းမြောက်ခြင်းကိုခံစားရန် ဘုရားသခင်၏သားသမီးများကို ပြင်ဆင်ပေးမည့် အဓိကရည်ရွယ်ချက်ကိုပြီးမြောက်ရန် အင်အားမဲ့နေပါလိမ့်မည်။ ဤယဇ်ပုရောဟိတ်အခွင့်နှင့်၊ ဤယဇ်ပုရောဟိတ်အခွင့်၏အမှုတော်အားလမ်းညွှန်ရန် အခွင့်သော့များနှင့်အတူ၊ အသင်းတော်၌ အခွင့်အာဏာနှင့် စည်းမျဉ်း နှစ်မျိုးလုံးရှိပါသည်။

“အသင်းတော်၌၊ အလုံးစုံသောယဇ်ပုရောဟိတ်အခွင့်အာဏာကို ယဇ်ပုရောဟိတ်အခွင့်သော့များကိုင်ဆောင်ထားသူများ၏လမ်းညွှန်မှုအောက်၌ ကျင့်သုံးကြပါသည်။

“ထိုက်တန်သောအသင်းသား အမျိုးသားများသည် ယဇ်ပုရောဟိတ်အခွင့်အပ်နှင်းခြင်းနှင့် ယဇ်ပုရောဟိတ်အခွင့်အမှုအရာများအား ဘိသိက်ပေးခြင်းအားဖြင့် ယဇ်ပုရောဟိတ်အခွင့်အာဏာအား လက်ခံရရှိပါသည်။ အသင်းသားများအားလုံးသည် ဘုရားသခင်၏အမှုတော်အားပြီးမြောက်အောင်မြင်ရန် ခန့်အပ်ခံရခြင်း သို့မဟုတ် တာဝန်ပေးအပ်ခြင်းခံရသည့်အခါ အပ်နှင်းထားသောအခွင့်အာဏာကို အသုံးပြုနိုင်ပါသည်။”

ယဇ်ပုရောဟိတ်အခွင်သော့များအားဖြင့်၊ ကိုယ်တော်ရှင်၏ဦးစားပေးအမှုတော်များသည် အမြဲတမ်း အောင်မြင်ထမြောက်ပါလိမ့်မည်။ ကိုယ်တော်၏လမ်းညွှန်မှုနှင့်မကိုက်ညီသော ကိုယ်ပိုင်အကြံအစည်တို့ကို မည်သူတစ်ဦးတစ်ယောက်မျှ မတည်တံ့စေနိုင်ပါ။ ဘာသာရေးဖြင့်ကိုယ်ကျိုးရှာခြင်း၊ ကိုယ်ပိုင်စီးပွားရှာခြင်းနှင့် ကိုယ်ပိုင်နောက်လိုက်များစုဆောင်းခြင်းတို့၌ မည်သူတစ်ဦးတစ်ယောက်မျှ မအောင်မြင်နိုင်ပါ။

ယဇ်ပုရောဟိတ်အခွင့်သည် အသင်းသားများ၏အိမ်များ၌လည်း အရေးကြီး‌သောအခန်းကဏ္ဍမှပါဝင်ပါသည်။ ပထမဥက္ကဋ္ဌအဖွဲ့၏ ပထမအတိုင်ပင်ခံဖြစ်သည့်၊ ဥက္ကဋ္ဌ ဒယ်လင် အိတ်ချ်၊ အုတ်ခ်စ်က ဤသို့သွန်သင်ခဲ့ပါသည်၊ “ယဇ်ပုရောဟိတ်အခွင့်အာဏာကို ထိုလုပ်ငန်းဆောင်တာအတွက် အခွင့်သော့များကိုကိုင်ဆောင်သူ၏လမ်းညွှန်မှုဖြင့်သာကျင့်သုံးရမည်ဟူသော အခြေခံမူသည် အသင်းတော်တွင် အဓိကကျသော်လည်း၊ မိသားစုတွင်း၌ သက်ဆိုင်ခြင်းမရှိပါ။” ဖခင်များသည် ၎င်းတို့၏မိသားစုအတွင်း၌ ယဇ်ပုရောဟိတ်အခွင့်ကို ဦးဆောင်ပြီးကျင့်သုံးနိုင်ပါသည်—အကြံပေးခြင်း၊ မိသားစုအစည်းအဝေးများကျင်းပခြင်း၊ မိသားစုဝင်များ သို့မဟုတ် တခြားသူများကို ယဇ်ပုရောဟိတ်အခွင့်ပေးခြင်း သို့မဟုတ် အနာငြိမ်းစေသောကောင်းချီးများပေးခြင်း စသည်တို့ကို—ယဇ်ပုရောဟိတ်အခွင့်ကိုင်ဆောင်သူများ၏ အခွင့်အာဏာ သို့မဟုတ် လမ်းညွှန်မှုမရှိဘဲ လုပ်ဆောင်နိုင်ပါသည်။

“ဖခင်မရှိဘဲ မိခင်သည် မိသားစု၏ဦးဆောင်သူဖြစ်ပါကလည်း အလားတူနည်းလမ်းကို ကျင့်သုံးနိုင်ပါသည်။ မိခင်သည် သူမ၏အိမ်ထောင်စုကို ဦးဆောင်ပြီး ဗိမာန်တော်၌ သူမ၏ဝိညာဉ်ပကတိအပ်နှင်းခြင်းနှင့်တံဆိပ်ခတ်ခြင်းအားဖြင့် ယဇ်ပုရောဟိတ်အခွင့်၏ကောင်းချီးများနှင့်တန်ခိုးတော်များကို မိသားစုထံဆောင်ကြဉ်းပေးရာတွင် အခရာကျပါသည်။”

ကျွန်ုပ်တို့ကာလ၌ ယဇ်ပုရောဟိတ်အခွင့်ကို ပြန်လည်ဆောင်ယူခြင်း

မေ ၁၅၊ ၁၈၂၉

အာရုန်ယဇ်ပုရောဟိတ်အခွင့်ကို ဂျိုးဇက်စမစ်နှင့် အော်လီဗာကောင်ဒရီထံ ပြန်လည်ဆောင်ယူလာသော ဗတ္တိဇံဆရာယောဟန်

ယဇ်ပု‌ရောဟိတ်အခွင့်အာဏာကို ‌ဤနောက်ဆုံးသောသာသနာတွင်ပြန်လည်ဆောင်ယူခြင်းကို စနစ်တကျနှင့် တစ်ဆင့်ချင်း ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။ ကျွန်ုပ်တို့သာသနာ၏အခြေခံကျသော ကျမ်းစာဖြစ်သည့်၊ မော်မုန်ကျမ်းကို၊ ၁၈၂၉ခုနှစ်တွင်ဘာသာပြန်ဆိုခဲ့စဉ်၊ ကိုယ်တော်ရှင်သည် သူ၏ယဇ်ပုရောဟိတ်အခွင့်ဖွဲ့စည်းပုံကို စတင်နေရာချခဲ့ပါသည်။ ဂျိုးဇက်စမစ်နှင့်အော်လီဗာကောင်ဒရီတို့၏ ဗတ္တိဇံနှင့်စပ်လျဉ်း၍ ဆုတောင်းလျှောက်ထားချက်ကို တုံ့ပြန်သောအားဖြင့်၊ ရှင်ပြန်ထမြောက်သော ဗတ္တိဇံဆရာယောဟန်သည် ပေါ်ထွန်းလာ၍ ၎င်းတို့အား “ကောင်းကင်တမန်များအမှုတော်ဆောင်ခြင်း၏၊ ထို့အတူ နောင်တရခြင်းအကြောင်း၊ အပြစ်များမှလွှတ်ခြင်းအတွက် ရေနှစ်မြှုပ်ခြင်းအားဖြင့် ဗတ္တိဇံအကြောင်း ဧဝံဂေလိတရားတော်၏‌သော့များကို ကိုင်ဆောင်သည့်”(ဩဝါဒနှင့်ပဋိညာဉ်များ ၁၃:၁)၊ အာရုန်ယဇ်ပုရောဟိတ်အခွင့်ကို အပ်နှင်းခဲ့ပါသည်။ ထိုအခွင့်အာဏာအားဖြင့်၊ ဂျိုးဇက်နှင့် အော်လီဗာတို့သည် တစ်ဦးကိုတစ်ဦးဗတ္တိဇံပေးခဲ့ကြကာ၊ နောင်တွင် အသင်းတော်ကို တရားဝင်စတင်ဖွဲ့စည်းသောအခါ အခြားသူများအားလည်း ဗတ္တိဇံပေးခဲ့ကြပါသည်။

၁၈၂၉ ခုနှစ် မေလ ၁၅ ရက်နေ့နောက်ပိုင်း မကြာမီ

မေလခိဇေဒက်ယဇ်ပုရောဟိတ်အခွင့်အား ပြန်လည်အပ်နှင်းခြင်း

ဗတ္တိဇံဆရာယောဟန် ပေါ်ထွန်းပြီးမကြာမီ၊ ရှေးတမန်တော်များဖြစ်ကြသည့် ပေတရု၊ ယာကုပ်နှင့် ယောဟန်တို့သည် ပေါ်ထွန်းလာ၍ ပို၍အဆင့်မြင့်သော သို့မဟုတ် မေလခိဇေဒက်ယဇ်ပုရောဟိတ်အခွင့်အား အပ်နှင်းခဲ့သည်၊ ထိုအခွင့်အာဏာတွင် “အချိန်ကာလပြည့်စုံခြင်းအတွက်၊ ငါ့နိုင်ငံတော်၏သော့များနှင့်၊ ဧဝံဂေလိတရားတော်သာသနာ” ပါဝင်သည်(ဩဝါဒနှင့်ပဋိညာဉ်များ ၂၇:၁၃၊ လည်းရှု၁၂၈:၂၀)။

ဧပြီ ၃၊ ၁၈၃၆ ခုနှစ်

ကာ့တ်လန်းဗိမာန်တော်ရှိ တရားဟောစင်မြင့်များ

ထပ်မံလိုအပ်သော ယဇ်ပုရောဟိတ်အခွင့်အာဏာကို ကာတ့်လန်းဗိမာန်တော်၌ ထပ်မံရရှိခဲ့ပါသည်၊ ရှေးပရောဖက်သုံးဦးဖြစ်သည့်၊ မောရှေ၊ ဧလိုင်ယနှင့်၊ ဧလိယတို့သည်၊ ဂျိုးဇက်နှင့်‌ အောလီဗာတို့ထံပေါ်ထွန်းလာပြီး ဣသရေလအမျိုးကိုစုဝေးခြင်းအတွက်သော့များနှင့် ကိုယ်တော်ရှင်၏ဗိမာန်တော်များနှင့်စပ်လျဉ်းသည့်အမှုတော်သော့များကို ၎င်းတို့ထံအပ်နှင်းခဲ့ပါသည် (ရှု ဩဝါဒနှင့်ပဋိညာဉ်များ ၁၁၀:၁၁–၁၆)။

၁၈၂၉ ခုနှစ် နွေရာသီ – ၁၈၃၅ ခုနှစ် ဧပြီ

ဂျိုးဇက်စမစ် ဂျုနီယာသည် ရှေးဦးသန့်ရှင်းသူများကို အမှုတော်ဆောင်တာဝန်များ၌ ခန့်အပ်အတည်ပြုရန် ခေါ်သွင်းခဲ့ပါသည်။

ဩဝါဒနှင့်ပဋိညာဉ်များကျမ်းတွင် ယခုစုစည်းဖော်ပြထားသည့် ဗျာဒိတ်တော်များသည် ပို၍မြင့်သော (မေလခိဇေဒက်)နှင့်၊ ပဏာမ (အာရုန်) ယဇ်ပုရောဟိတ်အခွင့်များ၏ အမှုအရာများအတွက် ဘိသိက်ပေးခြင်း၊ ယဇ်ပုရောဟိတ်အမှုထမ်းများခန့်အပ်ခြင်း၊ ဥပမာ သင်းအုပ်များ၊ ယဇ်ပုရောဟိတ်အဖွဲ့များနှင့်၊ အတိုင်ပင်ခံအဖွဲ့များ ဖွဲ့စည်းခြင်းနှင့်စပ်လျဉ်း၍ ပရောဖက်ဂျိုးဇက်စမစ်အား ညွှန်ကြားခဲ့ပါသည်။

၁၈၃၅ - ၁၉၇၃

မြေပြန့်လွင်ပြင်များကို ဖြတ်သန်းနေကြသည့် ရှေ့ဆောင်လမ်းပြသူများ

ပရောဖက်ပြုလမ်းညွှန်ချက်သည် အသင်းတော်ရှိ ယဇ်ပုရောဟိတ်အဖွဲ့အစည်းနှင့် ယဇ်ပုရောဟိတ်လုပ်ငန်းတာဝန်ကို ဆက်လက်လမ်းပြနေမည်ဖြစ်ပါသည်။ ဥပမာအားဖြင့်၊ ခုနစ်ကျိပ်အဖွဲ့များကို ကာ့တ်လန်းခေတ်၌ တမန်တော်တစ်ဆယ့်နှစ်ပါးအဖွဲ့အားကူညီရန် ဖွဲ့စည်းခဲ့ကြပါသည်။ အသင်းသားအမြောက်အများသည် အမေရိကအနောက်ဘက်သို့ ရွှေ့ပြောင်းခဲ့ကြပြီး ကျယ်ပြန့်သောအရပ်ဒေသများတွင် ပြန့်နှံ့နေထိုင်ကြပြီးနောက်၊ အသင်းတော်ရှိ ပန္နက်များတွင် လုပ်ငန်း‌ဆောင်တာများ ဆောင်ရွက်ရန် ထိုအဖွဲ့များကို ဖွဲ့စည်းခဲ့ကြပါသည်။

၁၉၇၃–လက်ရှိ

အထွေထွေညီလာခံ၌ သီဆိုနေသော ဓမ္မတေးသံစုံကျူးအဖွဲ့

ဥက္ကဋ္ဌ စပန်ဆာ ဒဗယျူ၊ ခင်ဘောလ် (၁၈၉၅- ၁၉၈၅) ၊ အက်ဇရာ တက်ဖ်ထ် ဘန်ဆန် ( ၁၈၉၉- ၁၉၉၄)၊ ဂေါ်ဒန် ဘီ၊ ဟင်ဂလီ (၁၉၁၀- ၂၀၀၈)တို့၏ ဦးဆောင်မှုကာလများအတွင်း၊ ခုနစ်ကျိပ်ဝင်များ နှင့် သူတို့၏အဖွဲ့များသည် အထွေထွေအသင်းတော်အဆင့်နှင့် အသင်းတော်‌ဒေသများတွင် တမန်တော်တစ်ဆယ့်နှစ်ပါးအဖွဲ့၏လမ်းညွှန်မှုအောက်၌ တိုက်ရိုက်စတင်ဆောင်ရွက်ခဲ့ပါသည်။ ပန္နက်အဆင့်ရှိအဖွဲ့များကို နောက်ပိုင်းတွင် ရုပ်သိမ်းလိုက်ပါသည်။ ယနေ့၊ အ‌ထွေထွေအာဏာပိုင်နှင့် ဒေသခုနစ်ကျိပ်ဝင် တစ်ဆယ့်နှစ်ဖွဲ့တို့သည် “အသင်းတော်ကိုတည်ထောင်ခြင်းနှင့် ခပ်သိမ်းသောပြည်သားတို့၌ ထိုအသင်းတော်၏ခပ်သိမ်းသောအမှုများကိုအုပ်ချူပ်ရာတွင်” (ဩဝါဒနှင့်ပဋိညာဉ်များ ၁၀၇:၃၄) တမန်တော်များကို ကူညီပါသည်။ အသင်းတော်ကျယ်ပြန့်လာသည်နှင့်အမျှ ထပ်တိုးခုနစ်ကျိပ်အဖွဲ့များကိုလည်း ဖွဲ့စည်းနိုင်ပါသည်။

ဂမ်ဘီယာနိုင်ငံရှိ အသင်းသားများကို  နှုတ်ဆက်နေသည့် အသင်းလူကြီး ခရစ္စတိုဖာဆန်

ဖေဖော်ဝါရီ ၂၀၂၂တွင်၊ အ‌နောက်အာဖရိက၊ ဂမ်ဘီယာနိုင်ငံရှိ၊ ညီအစ်ကို ဆမ်ဆွန်နှင့် ဒန်နီရယ် အမ်မာကိုအား နှုတ်ဆက်နေသည့် အသင်းလူကြီး ခရစ္စတိုဖာဆန်။

ယဇ်ပုရောဟိတ်အခွင့်၊ ကောင်းချီးပေးရန်တန်ခိုးတော်

တစ်နည်းဆိုရသော်၊ ယဇ်ပုရောဟိတ်အခွင့်အာဏာနှင့် ယေရှုခရစ်တော်ပြန်လည်ဆောင်ယူလာသောတန်ခိုးတော်၏ ရည်ရွယ်ချက်သည် ကောင်းချီးပေးရန်ဖြစ်ပါသည်။ ထိုအရာသည် အသင်းသားများအား ဘုရားသခင်၏တန်ခိုးတော်ကို အသုံးပြု၍ အသင်းတော်၊ အိမ်နှင့် ကမ္ဘာတစ်ဝှမ်းရှိ တစ်ပါးသူများကို အစေခံရန်နှင့်‌ ကောင်းချီးများပေးရာတွင် စွမ်းဆောင်နိုင်စေပါသည်။ အသင်းသားများသည် ကယ်တင်ခြင်းနှင့် ချီးမြှောက်ခြင်းဆိုင်ရာ ကယ်တင်ရှင်၏ အမှုတော်ကို ပြီးမြောက်အောင်မြင်ရန် ပူးပေါင်းပါဝင်ကြပါသည်၊ ဘုရားသခင်၏နိုင်ငံတော်သည် မြေကြီးစွန်းတိုင်အောင် ပျံ့နှံ့ကြီးထွားလာစေရန်အတွက် မိမိတို့၏ကိုယ်ပိုင်စွမ်းရည်ထက် များစွာသာလွန်သော ဘုရားသခင့်ဆု‌‌ကျေးဇူးများနှင့် တန်ခိုးတော်ကို အသုံးပြုကြပါသည် (ရှု ဩဝါဒနှင့်ပဋိညာဉ်များ ၆၅:၂ ၊ ၅–၆)။

ကိုယ်တော်ရှင်က ရှင်းပြတော်မူခဲ့ပါသည်၊ “ဤ​သာ၍ကြီးသော [မေလခိဇေဒက်] ယဇ်ပုရောဟိတ်အခွင့်သည် ဧဝံဂေလိ​တရားတော်ကို စီမံ​ဆောက်ရွက်ပြီး၊ နိုင်ငံတော်၏​နက်နဲခြင်းသော့၊ ဘုရားသခင်​အကြောင်း​အသိပညာသော့ကိုပင် ကိုင်ဆောင်၏။

“ထို့ကြောင့်၊ ထိုဘိသိက်မင်္ဂလာတို့တွင်၊ ဘုရားဝတ်၌​မွေ့လျော်ခြင်းတန်ခိုးကို ထင်ရှားစွာပြ၏။

“ထို​ဘိသိက်မင်္ဂလာ၊ ထို့အတူ ယဇ်ပုရောဟိတ်အခွင့်​အာဏာ မရှိဘဲနှင့် ဘုရားဝတ်၌ မွေ့လျော်ခြင်း​တန်ခိုးကို ဇာတိ​ကိုယ်ခန္ဓာ၌​ရှိသော​လူသားတို့အား ထင်ရှားစွာမပြပေ” (ဩဝါဒနှင့်ပဋိညာဉ်များ ၈၄:၁၉–၂၁)။

ဘိသိက်မင်္ဂလာများသည်၊ ယဇ်ပုရောဟိတ်အခွင့်အားဖြင့်ဆောင်ရွက်ရသည့်အခမ်းအနားများ သို့မဟုတ် ပွဲတော်မင်္ဂလာများဖြစ်ပြီး၊ ကျွန်ုပ်တို့သည် ထိုအခမ်းအနားများဖြင့် ဘုရားသခင်နှင့်ပဋိညာဉ်များပြုကြပါသည်၊ ဗတ္တိဇံခံခြင်းမှ အစပြုလျက် ကိုယ်တော်ရှင်၏အိမ်တော်၌ ပဋိညာဉ်များလက်ခံရရှိသည်အထိ ဆက်လက်ဆောင်ရွက်ကြပါသည်။ ဤပဋိညာဉ်များကိုစောင့်ထိန်းခြင်းဖြင့်သာ ကျွန်ုပ်တို့သည် “ဇာတိပကတိလူ” မိန်းမနှင့်ယောင်္ကျား မှ သန့်ရှင်းသူများအဖြစ် (ရှု မောဇိယ ၃:၁၉)ပြောင်းလဲနိုင်မည်ဖြစ်ပြီး ခရစ်တော်၏အပြစ်ဖြေခြင်းကျေးဇူးတော်အားဖြင့် အပြစ်ကင်းပြီး သန့်ရှင်းလာမည်ဖြစ်ကာ ဘုရားသခင်‌ရှေ့၌ အပြစ်ကင်းစင်စွာရပ်နေနိုင်မည်ဖြစ်ပါသည် (ရှု ဩဝါဒနှင့်ပဋိညာဉ်များ ၂၀:၂၉–၃၁၃ နီဖိုင်း ၂၇:၁၆–၂၀)။

ပထမဥက္ကဋ္ဌအဖွဲ့နှင့် တမန်တော်တစ်ဆယ့်နှစ်ပါးအဖွဲ့၏ “ယေရှုခရစ်တော်၏ဧဝံဂေလိတရားတော်အပြည့်အစုံကိုပြန်လည်ဆောင်ယူခြင်း၊ လောကသို့အနှစ်နှစ်ရာမြောက်နှစ်ပတ်လည်ကြေညာချက်၊” မှ ဤကိုးကားချက်ကို အကျဉ်းကျုံးဖော်ပြထားပါသည်၊

“၁၈၃၀ ခုနှစ်၊ ဧပြီလ ၆ ရက်နေ့၌ ဖွဲ့စည်းခဲ့သည့် ယေရှုခရစ်တော်၏နောက်ပိုင်းကာလသန့်ရှင်းသူများ အသင်းတော်သည် ခရစ်တော်၏ ပြန်လည်ဆောင်ယူထားသော ဓမ္မသစ်အသင်းတော်ဖြစ်ကြောင်း ကျွန်တော်တို့ကြေညာပါသည်။ ဤအသင်းတော်သည် မိမိအဓိကထောင့်ကျောက်၊ ယေရှုခရစ်တော်၊ ထို့အတူ သူ၏အတိုင်းမသိသောအပြစ်ဖြေခြင်းမင်္ဂလာနှင့် မှန်သောရှင်ပြန်ထမြောက်ခြင်းတို့၏ စုံလင်သောဘဝ၌ စွဲမြဲထားပါသည်။ ယေရှုခရစ်တော်က တမန်တော်များကို နောက်တစ်ဖန်ခေါ်သွင်းတော်မူခဲ့ပြီး၊ ယဇ်ပုရောဟိတ်အခွင့်အာဏာကိုလည်း ပေးတော်မူခဲ့ပါသည်။ သူက ကျွန်တော်တို့အားလုံးကို သူနှင့် သူ့အသင်းတော်သို့ လာကြရန်၊ သန့်ရှင်းသော ဝိညာဉ်တော်၊ ကယ်တင်ခြင်းဘိသိက်မင်္ဂလာများကို လက်ခံရရှိကြရန်နှင့် တည်မြဲသော ဝမ်းမြောက်ခြင်းတို့ကို ရယူကြရန်ဖိတ်ခေါ်ပါသည်။”

မှတ်စုများ

  1. ရှု General Handbook: Serving in The Church of Jesus Christ of Latter-day Saints၊ ၁၊၂- ၁၊ ၂၊ ၄၊ ဧဝံဂေလိစာကြည့်တိုက်။

  2. ရှု ရပ်ဆဲလ် အမ်၊ နယ်လ်ဆင်၊ “ယဇ်ပုရောဟိတ်အခွင့်သော့များ၏ဆုကျေးဇူး၌ပျော်မွေ့ခြင်း၊” လီယာဟိုနာ၊ မေ ၂၀၂၄၊ ၁၂၁။

  3. အထွေထွေလက်စွဲစာအုပ်၊ ၃၊၄။

  4. ဒယ်လင် အိပ်ခ်ျ၊ အုတ်ခ်စ်၊ “The Melchizedek Priesthood and the Keys,” လီယာဟိုနာ၊ မေ ၂၀၂၀၊ ၇၀-၇၁။

  5. ဒယ်လင် အိပ်ခ်ျ၊ အုတ်ခ်စ်၊ “The Melchizedek Priesthood and the Keys,” ၇၁။

  6. ရှု၊ ဥပမာ၊ ဩဝါဒနှင့်ပဋိညာဉ်များ ၂၀၄၁၈၄၁၀၇၊ လည်းရှု ဂျိုးဇက် အက်ဖ်၊ ဒါရိုစကီ နှင့် ဂျိမ်းစ် ဂိုးဘာချ့်၊ “Restoring the Ancient Order,” in Revelations in Context: The Stories behind the Sections of the Doctrine and Covenants (၂၀၁၆)၊ ၂၀၈–၁၂။

  7. အသင်းလူကြီး ဒေးလ် ဂျီ၊ ရန်လန်က တစ်ခါက ယဇ်ပုရောဟိတ်အခွင့်ကို ကမ္ဘာမြေပတ်လမ်းသို့ ဝန်တင်ပစ်လွှတ်သည့် ဒုံးပျံတစ်စင်းနှင့် နှိုင်းယှဉ်ဖော်ပြခဲ့ပါသည်။ ယေဘုယျအားဖြင့် ဆိုရသော်၊ “ကယ်တင်ရှင်၏ အပြစ်ဖြေခြင်းတန်ခိုးတော်မှ အကျိုးကျေးဇူးရယူနိုင်သော အခွင့်အရေး” သည် ယဇ်ပုရောဟိတ်အခွင့် “ဒုံးပျံ” မှ သယ်ယူပို့ဆောင်ပေးသော “ဝန်တင်ပစ္စည်း” ပင်ဖြစ်ပါသည် (ရှု “The Priesthood and the Savior’s Atoning Power,” လီယာဟိုနာ၊ နို၊ ၂၀၁၇၊ ၆၄–၆၅)။

  8. ယေရှုခရစ်တော်၏ဧဝံဂေလိတရားတော်အပြည့်အစုံကိုပြန်လည်ဆောင်ယူခြင်း၊ လောကသို့အနှစ်နှစ်ရာမြောက်နှစ်ပတ်လည်ကြေညာချက်၊” ဧဝံ‌ဂေလိစာကြည့်တိုက်။