2025
ယေရှုခရစ်တော်၊ ပသခါပွဲတော်၏မျှော်လင့်ချက်နှင့်ကတိတော်
ဧပြီ ၂၀၂၅


“ယေရှုခရစ်တော်၊ ပသခါပွဲတော်၏မျှော်လင့်ချက်နှင့်ကတိတော်၊” လီယာဟိုနာ၊ဧပြီ၊ ၂၀၂၅။

လစဉ် လီယာဟိုနာ အမှာစကား၊ ဧပြီ ၂၀၂၅

ယေရှုခရစ်တော်၊ ပသခါပွဲတော်၏မျှော်လင့်ချက်နှင့်ကတိတော်

ပသခါပွဲတော်၏ မျှော်လင့်ချက်နှင့်ကတိတော်အားဖြင့်၊ ယေရှုခရစ်တော်သည် ကျွန်ုပ်တို့နှလုံးသားများ၏လိုအင်ဆန္ဒများကို ပြည့်စေပြီး ကျွန်ုပ်တို့စိတ်ဝိညာဉ်များ၏မေးခွန်းများကို အဖြေပေးကြောင်း အသင်းလူကြီးဂေါင်းက သင်ကြားခဲ့ပါသည်။

မြုံနေသောသစ်ကိုင်း

မိုက်ကယ် ဒန့်ဖိုဒ်၏ သရုပ်ဖော်ပုံများ

သင်သည် ဤသတင်းစကားကိုဖတ်ရှုသောအခါ ကျေးဇူးပြုပြီး တိတ်ဆိတ်သောအချိန်အခါနှင့် ဝိညာဉ်ရေးရာစင်ကြယ်မှုရှိသည့် နေရာတစ်ခုကိုဖန်တီးပါ။

မကြာခဏဆိုသလို၊ ကျွန်တော်တို့ရဲ့ ကမ္ဘာကြီးက ဆူညံပြီး၊ ဟန်ဆောင်မှုတွေ မာန်မာနတွေနဲ့ ပြည့်နေပါတယ်။ ဒါပေမယ့် ကျွန်တော်တို့က ကျွန်တော်တို့ကိုယ်တိုင်နဲ့ဘုရားသခင်ထံမှာ ပွင့်လင်းမယ်၊ ရိုးသားမယ်၊ မြင်သာအောင်ပြမယ်ဆိုရင်၊ ယေရှုခရစ်တော်ထံမှာရှိတဲ့ ပသခါပွဲတော်ရဲ့ မျှော်လင့်ချက်နဲ့ကတိတော်က အမှန်တကယ် ပေါ်ပေါက်လာမှာဖြစ်ပါတယ်။ အဲလိုအချိန်အခါမျိုးတွေမှာ၊ ကျွန်တော်တို့ အသနားခံကြပါတယ်၊

“ကျွန်တော့်ရဲ့မိသားစုဝင်၊ ကျွန်‌တော့်ရဲ့သူငယ်ချင်း၊ ကျွန်တော်ချစ်ရတဲ့သူတွေကို နောက်တစ်ကြိမ် ဘယ်လိုပြန်မြင်နိုင်ပါမလဲ။“

“တဒင်္ဂဆက်ဆံရေးတွေဖြစ်တဲ့ ‘ငါ့ကိုယ်ငါပဲရွေးချယ်တယ်’ဆိုတဲ့ လောကမှာ၊ ကျွန်တော်က ငြိမ်းချမ်းခြင်း၊ မျှော်လင့်ခြင်းနှင့် ဘုရားသခင်နဲ့ဖြစ်စေ၊ ကျွန်တော့်ပတ်ဝန်းကျင်ကလူတွေနဲ့ဖြစ်စေ၊ မိမိကိုယ်တိုင်နဲ့ဖြစ်စေ ဆက်ဆံခြင်းကို ဘယ်နေရာမှာရှာဖွေခံစားရမလဲ (ရှု ဩဝါဒနှင့်ပဋိညာဉ်များ ၁၀၇:၁၉)။”

“ကျွန်တော်ချစ်နိုင်မယ့်သူရောရှိပါ့မလား—ဘယ်သူကရော ကျွန်တော့်ကိုတကယ်ချစ်ပါ့မလဲ။ ပဋိညာဉ်ဆက်ဆံရေးတွေက တိုးတက်ပြီး တည်မြဲနိုင်ပါ့မလား၊ ပုံပြင်တစ်ပုဒ်လိုမဟုတ်ဘဲ သေခြင်းကြိုးတွေထက် ပိုမိုခိုင်မာတဲ့ အနှောင်အဖွဲ့မျိုးနဲ့၊ အမှန်တကယ် ပျော်ရွှင်ပြီး ထာဝရဖြစ်တည်နိုင်ပါ့မလား။”

“များစွာသောနာကျင်မှုတွေ၊ ဝေဒနာတွေနဲ့ မမျှတမှုတွေရှိတဲ့နေရာမှာ၊ ကျွန်တော်က ယေရှုခရစ်တော်နှင့် သူ့ရဲ့ပြန်လည်ဆောင်ယူထားတဲ့ ဧဝံဂေလိနှင့် အသင်းတော်ထံမှာ ငြိမ်းချမ်းမှု၊ သဟဇာတဖြစ်မှုနဲ့ နားလည်သဘောပေါက်မှုတို့ကို ဘယ်လိုထည့်ဝင်နိုင်ပါမလဲ။”

ဒီပသခါပွဲတော်ရာသီမှာ၊ ကျွန်တော်က ယေရှုခရစ်တော်၊ သူ့ရဲ့ကတိတော်နှင့် မျှော်လင့်ချက်တို့အကြောင်း သက်သေခံချက်ကို ဝေမျှပါမယ်။

ပဋိညာဉ်ဆက်သွယ်မှု၏ကတိတော်နှင့်ရည်ရွယ်ချက်

ဘုရားသခင်၊ ကျွန်တော်တို့ရဲ့ ကောင်းကင်ဘုံရှင်ထာဝရအဘ၊ ယေရှုခရစ်တော်၊ သူ၏ချစ်စွာသောသားတော်နှင့် သန့်ရှင်းသောဝိညာဉ်တော်တို့က ကျွန်တော်တို့နဲ့ ကိုယ်တိုင်ကိုယ်ကျ နီးကပ်စွာရှိနေပါတယ်။ သူတို့ရဲ့ အနန္တ နဲ့ ထာဝရအလင်း၊ ကရုဏာနဲ့ ရွေးနုတ်တော်မူသောချစ်ခြင်းတို့က ဖန်ဆင်းခြင်းရဲ့ ရည်ရွယ်ချက်နဲ့ ကျွန်တော်တို့ဖြစ်တည်မှုရဲ့ အသွေးအသားထဲမှာ ရောယှက်လျက်ရှိပါတယ်။ (ရှုအယ်လမာ ၃၀:၄၄မောရှေ ၆:၆၂–၆၃)။

ကောင်းကင်ဘုံတွင် သေခြင်းရှိရာဘဝမတိုင်မီ စည်းဝေးခြင်း၌၊ “နံနက်ကြယ်တို့သည် တညီတညွတ်တည်း သီချင်းဆို၍၊ ဘုရားသခင်သားနှင့် သမီးအပေါင်းတို့သည် ဝမ်း‌မြောက်သဖြင့်၊ ကြွေးကြော်ကြသည်“(‌ယောဘဝတ္ထု ၃၈:၇)။ ကျွန်တော်တို့က ရွေးချယ်ပြုမူနိုင်ခွင့်ကို ရွေးချယ်ခဲ့ကြပါတယ်။ အခုတော့ ကျွန်တော်တို့က ယုံကြည်ခြင်းဖြင့် လျှောက်လှမ်းနေကြပါတယ်။ ကျွန်တော်တို့ရဲ့ ကိုယ်ပိုင်အတွေ့အကြုံအားဖြင့်၊ ကျွန်တော်တို့က သေခြင်းတရားရဲ့မသေချာမရေရာမှုတွေ၊ စိတ်ပျက်အားလျှော့မှုတွေနဲ့ စိန်ခေါ်မှုတွေကြားမှာ ဘုရားသခင်ကတိပြုထားတဲ့ အလှတရား၊ ရှင်းလင်းပြတ်သားမှု၊ ဝမ်းမြောက်မှုနှင့် ရည်ရွယ်ချက်တို့ကို တွေ့ရှိနိုင်ပါတယ်။

ကျွန်တော်တို့က မသေချာမရေရာတဲ့ ဖြစ်တည်မှုတွေထဲမှာ တစ်ဦးတည်း လျှောက်သွားရမှာမဟုတ်ပါဘူး။ ကျွန်တော်တို့က ကောင်းကင်ဘုံနဲ့ဆက်သွယ်နိုင်ပါတယ်၊ ယုံကြည်ခြင်းနဲ့လက်ခံခြင်းကို မိသားစု၊ အိမ်သူအိမ်သားများနှင့် သန့်ရှင်းသူများအသိုင်းအဝိုင်းမှာ တည်ဆောက်ပြီး၊ ဘုရားသခင်ရဲ့ ပညတ်တော်များကို တလိုတလားဝမ်းမြောက်စွာနာခံခြင်းအားဖြင့် မိမိတို့ကိုယ်တိုင် အမှန်ကန်ဆုံး၊ အလွတ်လပ်ဆုံး၊ အစစ်မှန်ဆုံး၊ ဝမ်းမြောက်မှုအရှိဆုံးသူများဖြစ်လာနိုင်ပါတယ်။ အပြစ်ဖြေခြင်းမင်္ဂလာ— ယေရှုခရစ်တော်အားဖြင့် ဤပဋိညာဉ်ဆက်သွယ်မှုကို ဆောင်ယူလာခဲ့ပါတယ်။

အဖူးဖူးနေသောသစ်ကိုင်း

ယေရှုခရစ်တော်၏အသက်တာနှင့်သာသနာ၏ မျှော်လင့်ချက်

နေ့ရက်တိုင်းအတွက်၊ ပသခါပွဲတော်ရဲ့ မျှော်လင့်ချက်နှင့် ကတိတော်မှာ ပါဝင်တာကတော့ ယေရှုခရစ်တော်ရဲ့ စုံလင်သော သေခြင်းရှိရာဘဝ၌အမှုတော်ဆောင်ခြင်းအတွင်း သူဝေငှခဲ့တဲ့ ကောင်းချီးများနဲ့သွန်သင်ချက်များဖြစ်ပါတယ်။ မူလအစကပင် ခန့်ထားတော်မူခဲ့ပြီး၊ ဘုရားသခင်၏ တစ်ပါးတည်းသောသားတော်ဖြစ်သော ယေရှုခရစ်တော်မွေးဖွားခဲ့ပါတယ် ၊(ရှု ယာကုပ် ၄:၅ အယ်လမာ ၁၂:၃၃–၃၄ မောရှေ ၅:၇၊၉)။ ယေရှုသည်လည်း အစဉ်အတိုင်းကြီး၍ ပညာတိုးပွားလျက်၊ ဘုရားသခင်ရှေ့၊ လူတို့ရှေ့မှာ မျက်နှာရတော်မူ၏ (ရှု ရှင်လုကာ ၂:၅၂)။ ခမည်းတော်ရဲ့အလိုတော်ကို ဆောင်ရန်သာကြိုးပမ်းလျက်၊ ယေရှုခရစ်တော်က အပြစ်တွေကို ခွင့်လွှတ်ခဲ့ပြီး၊ အနာရောဂါများကို ကုသပေးကာ၊ သေလွန်သူများကို ထမြောက်စေလျက်၊ ဖျားနာပြီး အထီးကျန်သူများကို နှစ်သိမ့်ပေးခဲ့ပါတယ်။

တစ်ခါက၊ ရက် ၄၀ အစာ‌ရှောင်ပြီးတဲ့အခါမှာ၊ ကိုယ်တော်က သက်သေခံခဲ့ပါတယ်၊ “ဘုရားရှင်ထာဝရဘုရား၏ဝိညာဉ်တော်သည် ငါ့အပေါ်တည်တော်မူ၏။ အကြောင်းမူကားဆင်းရဲသားတို့အား ကောင်းမြတ်သောသတင်းကိုဟောပြောရန် ထာဝရဘုရားသည် ငါ့ကိုဘိသိက်ပေးတော်မူပြီ။ စိတ်နှလုံးကြေကွဲသောသူတို့ကို ဖြေသိမ့်ပေးရန်၊ ဖမ်းဆီးချုပ်နှောင်ခံရသူတို့အား လွတ်မြောက်ရာတရားကို‌ဟောပြောရန်၊ အကျဉ်းချခံရသောသူတို့အား လွတ်ငြိမ်းခြင်းတရားဟောပြောရန် ငါ့ကိုစေလွှတ်တော်မူပြီ”(ရှင်လုကာ ၄:၁၈၊ လည်းရှု ဟေရှာယ ၆၁:၁)။

အဲဒါက ကျွန်တော်တို့အယောက်ချင်းစီတိုင်းပဲဖြစ်ပါတယ်။

နောက်ဆုံးသောညစာစားချိန်၌၊ ယေရှုခရစ်တော်က တပည့်တော်များရဲ့ခြေကို ဆေးတော်မူခဲ့ပါတယ်။ (ရှု ရှင်ယောဟန် ၁၃:၄-၈)။ လောကဟောင်းနှင့် လောကသစ်နှစ်ခုစလုံးတွင်၊ အသက်ရေနဲ့အသက်မုန့်ဖြစ်တဲ့ ကိုယ်တော်ကိုယ်တိုင်ပွဲတော်မင်္ဂလာကို စတင်ပြဋ္ဌာန်းခဲ့ပါတယ်။ စင်ကြယ်သောပွဲတော်ဘိသိက်မင်္ဂလာမှာ၊ ကျွန်တော်တို့က ခမည်းတော်ကို ပတ္ထနာပြုပြီး ယေရှုခရစ်တော်ရဲ့နာမတော်ကို ကျွန်တော်တို့အပေါ်မှာခံယူဖို့၊ ကိုယ်တော်ကို အစဉ်အောက်မေ့ဖို့နှင့်၊ ကိုယ်တော်ရဲ့ ပညတ်တော်တွေကို စောင့်ထိန်းဖို့ ကျွန်တော်တို့ ပဋိညာဉ်ပြုပါတယ်၊ ထို့မှသာ ကိုယ်တော်ရဲ့ ဝိညာဉ်တော်က ကျွန်တော်တို့နဲ့အမြဲအတူရှိနေမှာဖြစ်ပါတယ် (ရှုရှင်လုကာ ၂၂:၁၉-၂၀၃ နီဖိုင်း ၁၈:၇၊ ၁၀-၁၁)။

ဂေသရှေမန်ဥယျာဉ်မှာ၊ ကျွန်တော်တို့ကို ရွေးနုတ်ပြီး အပြစ်ဖြေဖို့အတွက် ယေရှုကလူသားခံစားနိုင်သည်ထက်ပင် ပိုပြီးခံစားခဲ့ရပါတယ်။ ချွေးပေါက်မှန်သမျှမှ သွေးထွက်ခဲ့ပါတယ်။ ကျွန်‌တော်တို့နောင်တရကြမယ်ဆိုရင်၊ မနာကျင်စေဖို့အတွက်၊ ကိုယ်တော်က ခပ်သိမ်းသော လူသားတို့ရဲ့ နာကျင်မှုကို ခံစားခဲ့ပါတယ် ( ရှု သြဝါဒနှင့်ပဋိညာဉ်များ ၁၈:၁၁၁၉:၁၆)။

သစ္စာဖောက်ခြင်းကိုခံရပြီး မှားယွင်းစွာစွပ်စွဲခံရကာ၊ ယေရှုခရစ်တော်ကို ပြက်ရယ်ပြုပြီး ကြာပွတ်နဲ့ရိုက်ခဲ့ကြပါတယ်၊ ဆူးပင်နှင့်ရက်သောဦးရက်ကို ကိုယ်တော်၏နှိမ့်ချသောခေါင်းပေါ်မှာ တင်ခဲ့ကြပါတယ် (ရှုရှင်မဿဲ ၂၇:၂၆၊၂၉ ရှင်မာကု၁၅:၁၅၊ ၁၇၊၂၀၊၃၁ ရှင်လုကာ ၂၂:၆၃ရှင်ယောဟန် ၁၉:၁-၂)။ “ငါတို့၏ဒုစရိုက်များအတွက်ချိုးဖဲ့ခြေမွှခြင်းခံရ၏ … သူခံရသောဒဏ်ရာဒဏ်ချက်အားဖြင့် ငါတို့သည်အနာပျောက်ကင်းလျက်ရှိကြ၏” (ဟေရှာယ ၅၃:၅)။ ကိုယ်တော်က ကျွန်တော်တို့ကို သူ့ထံဆွဲခေါ်နိုင်ဖို့ “လက်ဝါးကပ်တိုင်မှာ မြှောက်ထားခံ”ခဲ့ရပါတယ် (ရှု ၃ နီဖိုင်း ၂၇:၁၄-၁၅)။ သို့တိုင်၊ လက်ဝါးကပ်တိုင်ပေါ်၌ပင်၊ ယေရှုခရစ်တော်က ခွင့်လွှတ်ခဲ့ပါတယ် (ရှု ရှင်လုကာ ၂၃:၃၄)။ ကိုယ်တော်က ရှင်‌ယောဟန်အား သူ၏မယ်တော်ကို စောင့်ရှောက်ရန် မိန့်တော်မူခဲ့ပါတယ် (ရှု ရှင်‌ယောဟန် ၁၉:၂၆–၂၇)။ သူ့ကိုစွန့်ပစ်တယ်လို့ ကိုယ်တော်ရှင်က ခံစားခဲ့ရပါတယ် (ရှု ရှင်မဿဲ ၂၇:၄၆ ရှင်မာကု ၁၅:၃၄)။ ကျမ်းစာပြည့်စုံစေခြင်းငှာ၊ ရေငတ်သည်ဟု မိန့်တော်မူခဲ့ပါတယ်(ရှု ရှင်ယောဟန် ၁၉:၂၈)။ အရာအားလုံးပြီးမြောက်သွားသောအခါ၊ ကိုယ်တော်ရှင်ကိုယ်တိုင် “အသက်ချူပ်တော်မူခဲ့ပါတယ်”(ရှင်လုကာ ၂၃:၄၆၊ လည်းရှု ရှင်ယောဟန် ၁၀:၁၇-၁၈)။

ယေရှုခရစ်တော်က ကျွန်တော်တို့ရဲ့ ဖျားနာခြင်းတွေ၊ အနာရောဂါဝေဒနာတွေ၊ အထီးကျန်မှုတွေ၊ တစ်ကိုယ်တည်းဖြစ်ခြင်းတွေနဲ့ ခက်ခဲမှုတွေကနေ ကျွန်တော်တို့ကို ဘယ်လိုမစရမယ်ဆိုတာ သိတော်မူပါတယ် (ရှု အယ်လမာ ၇:၁၂)။ ဒီလိုမျိုးဆင်းရဲဒုက္ခတွေက တခြားသူတွေရဲ့ ရွေးချယ်မှုအကျိုးဆက်အဖြစ် မကြာခဏရောက်လာတတ်ပါတယ်။ ကိုယ်တော်က ကျွန်တော်တို့ရဲ့ ပျော်ရွှင်ခြင်းနဲ့ကျေးဇူးတရားသိတတ်ခြင်းအတွက် ကျွန်တော်တို့နဲ့အတူ ဘယ်လိုရွှင်လန်းရမယ်ဆိုတာသိသလို၊ ကျွန်တော်တို့ ဝမ်းမြောက်ခြင်းပြည့်ဝတဲ့အခါ ကျွန်တော်တို့နဲ့ဘယ်လိုငိုကြွေးရမလဲဆိုတာကိုလည်း သိပါတယ်။ နူးညံ့စွာဖြင့်၊ ကိုယ်တော်က ကျွန်တော်တို့ကို သူ၏နာမတော်ဖြင့်၊ သူ၏အသံဖြင့်၊ သူ၏သိုးအုပ်ထဲသို့ ခေါ်တော်မူပါတယ်။ ကိုယ်တော်က နေရာတိုင်းက လူတိုင်းကို ခေါ်တော်မူပါတယ်။ သေခြင်းရှိရာဘဝကို ထာဝရရှုထောင့်မှ ကြည့်ရှုနားလည်ဖို့ ကိုယ်တော်က ကျွန်တော်တို့ကို ဖိတ်ခေါ်ခဲ့ပါတယ်။ ကျွန်တော်တို့က ဖြောင့်မတ်စွာကျင့်ပြီး ကျွန်တော်တို့ရဲ့ ပဋိညာဉ်တွေကိုစောင့်ထိန်းမယ်ဆိုရင်၊ ခပ်သိမ်းသောအရာတို့သည် ကျွန်တော်တို့ကောင်းကျိုးအတွက် အတူတကွဖြစ်လိမ့်မည်လို့ ကိုယ်တော်က ကတိ‌ပေးပါတယ် (ရှု ဩဝါဒနှင့်ပဋိညာဉ်များ ၉၀:၂၄ရောမ ၈:၂၈)။

ကိုယ်တော်ရှင်ရဲ့နည်းလမ်းနဲ့အချိန်အားဖြင့်၊ ပြန်လည်ဆောင်ယူခြင်းကရောက်ရှိလာပါတယ်—အဲဒီအရာတွေက မူလအခြေအနေကို ပြန်ရောက်သွားရုံသာမက အရင်ထက်ပိုပြီး ပြည့်ဝလာဖို့လည်းဖြစ်ပါတယ်။ ယုံကြည်ခြင်းနဲ့ နောင်တရခြင်းအားဖြင့်၊ အမှန်ပင်၊ ယေရှုခရစ်တော်က ကျွန်တော်တို့ကို အချုပ်အနှောင်နှင့် အပြစ်၊ သေခြင်းနှင့် ငရဲတို့မှ လွတ်မြောက်စေပြီး၊ ကျွန်တော်တို့ စိတ်ကူးထားတာထက် ပို၍ဖြစ်လာသည်နှင့်အမျှ ကျွန်ုပ်တို့ရဲ့ မြင့်မြတ်သောဝိသေသလက္ခဏာကို ဖြည့်ဆည်းရန် ကူညီပေးနိုင်ပါတယ်။

ကယ်လွှတ်တော်မူခြင်းကတိတော်

ယေရှုခရစ်တော်ကြောင့်၊ သေခြင်းက အဆုံးသတ်မဟုတ်ပါ။ ပသခါပွဲတော်မှာ ကျွန်တော်တို့ ကြေညာကြပါတယ်၊

သေခြင်းအောင်၍ လွတ်မြောက်ပြီ။

ခရစ်တော်၏အောင်ပွဲကြီး။

ကိုယ်တော့်ရဲ့ခမည်းတော်ထံမှ ပညတ်တော်နှင့်တန်ခိုးအားဖြင့်၊ ယေရှုက သူ့အသက်ကိုစွန့်နိုင်ပြီး ပြန်လည်ရယူနိုင်ပါတယ် (ရှု ရှင်ယောဟန် ၁၀:၁၇)။ ကိုယ်ခန္ဓာ သင်္ချိုင်းတွင်းထဲ လဲလျောင်းနေစဉ်မှာ၊ ယေရှုခရစ်တော်က ဝိညာဉ်လောကမှာ အမှုတော်ဆောင်ကာ စည်းရုံးဟောပြောခဲ့ပြီး၊ “သေခြင်း၏ ကြိုးများမှ သူတို့၏ရွေးနုတ်ခြင်း”ကို ဟောကြားခဲ့ပါတယ်(ဩဝါဒနှင့်ပဋိညာဉ်များ ၁၃၈:၁၆)။

တတိယ‌မြောက်နေ့မနက်မှာ၊ သင်္ချိုင်းတွင်းထဲမှ ကိုယ်တော်ထမြောက်လာခဲ့ပါတယ်။ ကိုယ်တော်က မာရိကိုစကားပြောခဲ့ပါတယ်။ ဧမောက်ရွာကိုသွားတဲ့လမ်းမှာ ကိုယ်တော်က တပည့်တော်နှစ်ပါး၊ သူ၏တမန်တော်များနှင့် တခြားသူများထံသို့ ကိုယ်ထင်ရှားပြတော်မူခဲ့ပါတယ်။ (ရှု ရှင်မဿဲ ၂၈ရှင်မာကု ၁၆ရှင်လုကာ ၂၄; ရှင်ယောဟန် ၂၀။)

အလင်္ကာမြောက်အောင်ရေးထားသောသက်သေခံချက်တွင်၊ ကိုယ်တော်က သူ၏တပည့်တော်များကို လှေ၏တခြားတစ်ဖက်တွင် ပိုက်ကွန်များကိုပစ်ချရန် မိန့်‌တော်မူခဲ့ပါတယ်၊ ဒီတစ်ကြိမ်၌၊ ငါးအပြည့်ရသော်လည်း၊ ပိုက်ကွန်များစုတ်ပြဲသွားခြင်းမရှိခဲ့ပါ (ရှု ရှင်ယောဟန် ၂၁:၆-၁၁{၉၂}၊ {၉၃}ရှင်လုကာ၅:၃-၇{၉၄})။ ကိုယ်တော်က တပည့်တော်များကို ကျွေးမွေးခဲ့ပြီး ပေတရုအား ကိုယ်တော်၏သိုးများနှင့်သိုးသငယ်များကို ကျွေးမွေးရန် သုံးကြိမ်တိုင် တောင်းပန်ခဲ့ပါတယ်။ (ရှု ရှင်ယောဟန် ၂၁:၁၂-၁၇)။ ကိုယ်တော်က ကောင်းကင်ဘုံသို့ တက်တော်မူပြီး၊ တပည့်တော်များနှင့် ယခုကျွန်တော်တို့အားလုံးဟာ ပသခါပွဲတော်ရဲ့ ဘုန်းအသေရေပွင့်လန်းတဲ့သတင်းနှင့် သူရဲ့ဧဝံဂေလိအကြောင်းကို ခပ်သိမ်းသော ပြည်သား၊ အမျိုးစုနဲ့ လူမျိုးတို့ကို ဝေငှသင့်ကြောင်း မိန့်တော်မူခဲ့ပါတယ် (ရှုရှင်မဿဲ ၂၈:၁၉-၂၀ ရှင်မာကု ၁၆:၁၅)။

ယေရှုခရစ်တော်က ကျွန်တော်တို့ရဲ့ကောင်းမြတ်သောသိုးထိန်းဖြစ်ပြီး ဘုရားသခင်ရဲ့ သိုးသငယ်ဖြစ်ပါတယ်။ သူ့ရဲ့ သိုးများအတွက်သော်လည်းကောင်း၊ သူ့ရဲ့ သိုးများထံသို့သော်လည်းကောင်း သူ့အသက်ကို စွန့်ခဲ့ပါတယ်။ ဥယျာဉ်တော်နှင့် လက်ဝါးကပ်တိုင်ပေါ်မှာ၊ သည်းမခံနိုင်လောက်တဲ့အရာတွေကိုထမ်းပိုးပြီး ကျွန်တော်တို့အတွက် အပြစ်ဖြေပေးခဲ့ပါတယ်။ ယခုကာလနှင့်ထာဝရကာလ၌၊ ကိုယ်တော်က “သေခြင်းတရားသည် ထာဝရတရားဆီသို့ လမ်းဖွင့်ပေးကြောင်း“ ဥပမာဖြင့် ပြခဲ့ပါတယ်။

ခရစ်တော်ရဲ့အပြစ်ဖြေခြင်းမင်္ဂလာနဲ့ ရှင်ပြန်ထမြောက်ခြင်းတန်ခိုးအားဖြင့်၊ ကျွန်တော်တို့တွေရဲ့ ကိုယ်ခန္ဓာနဲ့ စိတ်ဝိညာဉ်တွေက ရုပ်ပိုင်းဆိုင်ရာရှင်ပြန်ထမြောက်ခြင်းအဖြစ် ပြန်လည်ပေါင်းစည်းကြပါလိမ့်မယ်။ ကျွန်တော်တို့က ဘုန်းအသရေပွင့်လန်းကြပါလိမ့်မယ်၊ ခြေလက်တစ်ချောင်းချင်းမှသည်၊ မျက်နှာထားနဲ့ ဇာတိကိုယ်အတိုင်း၊ ပြန်လည်ပေါင်းစည်းခံရပါလိမ့်မယ်။ ကျွန်တော်တို့ခေါင်းပေါ်က ဆံချည်မျှင်တွေတောင် ပြန်လည်ပေါင်းစည်းခံရပါလိမ့်မယ်။ ကျွန်တော်တို့က သေခြင်းရှိရာအဖြစ်ရဲ့ဖျားနာခြင်းများ၊ ရောဂါ၊ ရုပ်ပိုင်းဆိုင်ရာ မတော်တဆဖြစ်မှုနဲ့ စိတ်ပိုင်းဆိုင်ရာ ချို့တဲ့မှုတို့မှ ကင်းဝေးပါလိမ့်မယ်။ ခရစ်တော်ရဲ့ အပြစ်ဖြေခြင်းမင်္ဂလာက ကျွန်တော်တို့ကို ဝိညာဉ်ပကတိဝေးကွာခြင်းနဲ့ ဝိညာဉ်ပကတိသေဆုံးခြင်း အမျိုးမျိုးမှ ကျော်လွှားနိုင်စေရန် ကောင်းချီးပေးပါတယ်။ နောင်တရတဲ့အခြေအနေမှာ၊ ကျွန်တော်တို့က အပြစ်နဲ့ ဝမ်းနည်းမှုတိုင်းမှ လွတ်မြောက်ပြီး ထာဝရပြည့်စုံသောချစ်ခြင်းမေတ္တာနှင့် ဝမ်း‌မြောက်ခြင်းဆီသို့ ကြိုဆိုခြင်းခံရပါတယ်။ စင်ကြယ်ခြင်း၊ သန့်ရှင်းခြင်း၊ လွတ်လပ်ခြင်းဖြင့်၊ ကျွန်တော်တို့ရဲ့ အမြတ်နိုးရဆုံးမိသားစုအသိုက်အဝန်းနှင့်တကွ အဘဘုရားသခင်နှင့်ယေရှုခရစ်တော်ရဲ့ ဘုန်းအသရေပွင့်လန်းသော ဆီလက်ရှယ်လ် မျက်မှောက်တော်သို့ ပြန်သွားနိုင်မှာဖြစ်ပါတယ်။

ကျွန်တော်တို့ချစ်ရတဲ့သူတွေကို နောက်တစ်ကြိမ် ပြန်မြင်ရပါလိမ့်မယ်။ ကျွန်တော်တို့ချစ်ရတဲ့သူတွေနဲ့ ပြန်လည်ပေါင်းစည်းတဲ့အခါ၊ ကျွန်တော်တို့က တစ်ယောက်ကိုတစ်ယောက် ထာဝရရှုထောင့်နဲ့ ကြည့်ကြပါလိမ့်မယ်—ပိုမိုကြီးမားတဲ့ချစ်ခြင်း၊ နားလည်မှု၊ ကြင်နာမှုတွေနဲ့ပါ။ ယေရှုခရစ်‌တော်ရဲ့ အပြစ်ဖြေခြင်းမင်္ဂလာက ကျွန်တော်တို့ကို ဘာကအရေးကြီးတယ်ဆိုတာ ‌အောက်မေ့သတိရစေပြီး အရေးမကြီးတဲ့အရာတွေကို မေ့ထားစေပါတယ်။ ကျွန်‌တော်တို့ရဲ့ ကယ်တင်ရှင်နှင့် ပိုမိုကြီးမားသောယုံကြည်ခြင်းနှင့် ကျေးဇူးသိတတ်ခြင်းရှိတဲ့ဆက်ဆံရေးတွေကို မြင်ရခြင်းက ငြိမ်းချမ်းခြင်းကိုသယ်ဆောင်လာပါတယ်၊ ယခုကာလနဲ့ထာဝရကာလမှာ ဝန်ထုပ်ဝန်ပိုးတွေကို လျော့ကျစေပြီး၊ နှလုံးသားတွေကို ရင်ကြားစေ့ကာ၊ မိသားစုတွေကို ပြန်လည်ပေါင်းစည်းစေပါတယ်။

အပွင့်ပွင့်နေသောသစ်ကိုင်း

ကြွယ်ဝပြည့်စုံခြင်းနှင့် ဝမ်းမြောက်ခြင်းမျှော်လင့်ချက်

ယေရှုခရစ်တော်၏ပသခါပွဲတော်တွင် ကောင်းကင်ဘုံပြတင်းပေါက်တို့ကိုဖွင့်လှစ်ခြင်း၊ စပျစ်သီးမှဖြစ်သောအရည်များပေါများခြင်းနဲ့ နှစ်သက်ဖွယ်ပြည်များဖြစ်လာခြင်းတို့ပါဝင်ပါတယ်။ ယေရှုခရစ်တော်၏ပသခါပွဲတော်တွင် မုဆိုးမများနှင့် မိဘမဲ့ကလေးများ၊ ငတ်မွတ်ခေါင်းပါးပြီး အကူအညီမဲ့နေကြသူများ၊ ကြောက်ရွံ့သောသူများ၊ နှိပ်စက်ညှဉ်းပန်းခြင်းခံရသူများ၊ သို့မဟုတ် အပြစ်ကင်းစင်စွာ အန္တရာယ်ပြုခံရသူများကို နှစ်သိမ့်ပေးခြင်းနဲ့ ပြုစုစောင့်‌ရှောက်ပေးခြင်းများပါဝင်ပါတယ်။ တစ်ဦးချင်းစီကို သတိပြုပြီး၊ ယေရှုခရစ်တော်က သူပြုခဲ့တဲ့အတိုင်း ချစ်ခြင်းမေတ္တာ၊ ကရုဏာနှင့် အမှုတော်ဆောင်ဖို့ ကျွန်တော်တို့ကို ဖိတ်ခေါ်ထားပါတယ်။

ကောင်းမြတ်သောအရာအားလုံးကို၊ ယေရှုခရစ်တော်က ကြွယ်ဝပြည့်စုံစွာ ပြန်လည်ဆောင်ယူတော်မူပါတယ် (ရှု ရှင်ယောဟန် ၁၀:၁၀အယ်လမာ ၄၀:၂၀–၂၄)။ “မြေကြီးသည် ပြည့်၏၊ လုံလောက်အောင်ရှိ၏၊ ပိုလည်းပို၏“ ဟုကိုယ်တော်က ကတိပေးခဲ့ပါတယ်(ဩဝါဒနှင့်ပဋိညာဉ်များ ၁၀၄:၁၇)။ ကိုယ်တော်၏ခပ်သိမ်းသောအရာတို့အား ပြန်လည်ဆောင်ယူခြင်းတွင် သူ၏ဧဝံဂေလိအပြည့်အစုံ၊ သူ၏ယဇ်ပုရောဟိတ်အခွင့်အာဏာနှင့် တန်ခိုး၊ ယေရှုခရစ်တော်၏နောက်ပိုင်းကာလသန့်ရှင်းသူများအသင်းတော်ဟုပင်၊ သူ၏နာမဖြင့်ခေါ်ဝေါ်သော၊ သူ၏အသင်းတော်၌တွေ့ရသည့် သန့်ရှင်းမွန်မြတ်သော ဘိသိက်မင်္ဂလာများနှင့် ပဋိညာဉ်များ ပါဝင်ပါတယ်။

ယေရှုခရစ်တော်ရဲ့ပသခါပွဲတော်မှာ နေရာအများအပြားက ဘုရားသခင်ရဲ့သားသမီးတွေထံ ပိုမိုနီးကပ်လာတဲ့ ကိုယ်တော်ရှင်ရဲ့သန့်ရှင်းသောအိမ်တော်တွေ ပိုမိုပါဝင်လာပြီး “ဇိအုန်တောင်ပေါ်ရှိကယ်တင်သောသူများ” ဆိုတဲ့ဩဝါဒကို ကျွန်တော်တို့ရဲ့နှလုံးသားတွေဆီ သယ်ဆောင်လာမှာဖြစ်ပါတယ် (ရှု ဩဗဒိ ၁:၂၁)။ ကိုယ်တော်ရှင်က ကျွန်တော်တို့ ကမ္ဘာမြေပေါ်မှာလုပ်နိုင်တဲ့ သန့်ရှင်းပြီး၊ ကိုယ်ကျိုးမငဲ့တဲ့နည်းလမ်းကို ထောက်မခဲ့ပါတယ်၊ အဲဒါကတော့ ကွယ်လွန်သွားတဲ့ချစ်ခင်ရသူတွေ သူတို့ကိုယ်တိုင်မရရှိနိုင်တဲ့ ထာဝရအတွက် လိုအပ်ပြီးတောင့်တတဲ့အရာကို ပေးအပ်ရန်အတွက်ဖြစ်ပါတယ်။

အဲဒါကတော့ ကျွန်တော့်ရဲ့မျှော်လင့်ချက်၊ ကတိ၊ နဲ့ သက်သေခံချက်ဖြစ်ပါတယ်။ ကျွန်တော်က ကျွန်တော်တို့ရဲ့ အဘဘုရားသခင်၊ ကယ်တင်ရှင်နှင့် ရွေးနုတ်ရှင်၊ ယေရှုခရစ်တော်နှင့်၊သန့်ရှင်းသောဝိညာဉ်တော်အကြောင်း သက်သေခံပါတယ်။ ပသခါပွဲတော်နှင့် နေ့ရက်တိုင်းမှာ၊ ဘုရားသခင်ရဲ့ မြင့်မြတ်သောပျော်ရွှင်ခြင်းအစီအစဉ်ထဲက ထာဝရမျှော်လင့်ချက်နဲ့ ကတိတော်ကို၊ သေခြင်းရှိရာဘဝမှ သေခြင်းမရှိရာဘဝနှင့် ထာဝရအသက်တာသို့မြင့်မြတ်စွာ ပြောင်းလဲခြင်းဖြစ်တဲ့ သူ့ရဲ့ပဋိညာဉ်လမ်းကြောင်းနဲ့အတူတကွ ကျွန်တော်တို့ရှာဖွေနိုင်ကြပါစေ။ နေ့ရက်တိုင်းမှာ သေချာမှုရှိ‌သော ယေရှုခရစ်တော်ရဲ့အပြစ်ဖြေခြင်းမင်္ဂလာက ကျွန်တော်တို့ရဲ့ ဝန်တွေကိုပေါ့ပါးစေကာ၊ ဝမ်းနည်းပူဆွေးနေတဲ့သူများကို နှစ်သိမ့်ပေးရန် ကျွန်တော်တို့ကိုကူညီပေးပြီး၊ ကိုယ်တော်ရဲ့ပြည့်စုံသောဝမ်းမြောက်ခြင်းကို လက်ခံရရှိဖို့ ကျွန်တော်တို့ရဲ့ စိတ်ဝိညာဉ်တွေကို လွတ်လပ်ပါစေ။

ပသခါပွဲတော်ရဲ့ မျှော်လင့်ချက်နဲ့ကတိတော်အားဖြင့်၊ ယေရှုခရစ်တော်က ကျွန်တော်တို့နှလုံးသားတွေရဲ့ လိုအင်ဆန္ဒတွေကိုပြည့်စေပြီး ကျွန်တော်တို့စိတ်ဝိညာဉ်တွေရဲ့ မေးခွန်းတွေကို ဖြေကြားပေးပါတယ်။

မှတ်စုများ

  1. ရှင်ယောဟန် ၄:၁၀၊၁၄၆:၃၅၇:၃၇၊ လည်းရှုဟေရှာယ ၄၉:၁၀

  2. ရှုရှင်မဿဲ ၂၆:၂၆-၂၉ရှင်မာကု ၁၄:၂၂-၂၅ရှင်လုကာ ၂၂:၁၇-၂၀၃ နီဖိုင်း ၁၈:၁-၁၁

  3. ထမြောက်မူရှင်။၊” ဓမ္မသီချင်းများ၊ နံပါတ် ၁၉၉။

  4. Upon the Cross of Calvary၊” ဓမ္မသီချင်းများ၊ နံပါတ် ၁၈၄။

  5. ရှု အသင်းတော်ဥက္ကဋ္ဌများ၏သင်ကြားပို့ချမှုများ၊ ဂျိုးဇက်စမစ် (၂၀၁၁)၊၄၇၃၊ ဧဝံဂေလိစာကြည့်တိုက်။