“ယဇ်ပရောဟိတ်အခွင့် ကောင်းချီးမင်္ဂလာများ၊” လီယဟိုနာ ၊ မတ်၊၂၀၂၃။
လစဉ် လီယဟိုနာ အမှာစကား၊ မတ် ၂၀၂၃
ယဇ်ပုရောဟိတ်အခွင့် ကောင်းချီးမင်္ဂလာများ
တမန်တော်တစ်ဆယ့်နှစ်ပါးအားယေရှုမှဘိသိတ်ပေးခြင်း၊ ဟင်နရီ အန်ဒါဆင် မှ
ယဇ်ပရောဟိတ်အခွင့် ကောင်းချီးမင်္ဂလာများကို မေလခိဇေဒက်အခွင့်အာဏာကိုင်ဆောင်သူ မှ ဝိညာဉ်တော်၏လှုံ့ဆော်မှုအရ ပေးသည်။ ယဇ်ပရောဟိတ်အခွင့် ကောင်းချီးမင်္ဂလာများကို မေလခိဇေဒက်အခွင့်အာဏာကိုင်ဆောင်သူ မှ ဝိညာဉ်တော်၏လှုံ့ဆော်မှုအရ ပေးသည်။
ယဇ်ပရောဟိတ်အခွင့်
ယဇ်ပုရောဟိတ်အခွင့်သည် ဘုရားသခင်၏တန်ခိုး နှင့် အခွင့်အာဏာ ဖြစ်သည်။ မေလခိဇေဒက် ယဇ်ပရောဟိတ်အခွင့်ကိုင်ဆောင်သည့် ထိုက်တန်မှုရှိသောအမျိုးသားတို့သည် ယဇ်ပရောဟိတ်အခွင့် ကောင်းချီးမင်္ဂလာများပေးသောအခါ ယေရှုခရစ်တော်၏အမည်နာမတော်ဖြင့်လုပ်ဆောင်ကြသည်။ သူတို့သည်ထိုကောင်းချီးမင်္ဂလာများကိုပေးသည်နှင့်အမျှ၊ တခြားသူများကိုကောင်းချီးပေးသည့် ကယ်တင်ရှင်၏ဥပမာကိုလိုက်လျှောက်ကြသည်။
ဒေးဗစ် ဝင်းတားစ်၏ရိုက်ကူးမှု
ကောင်းချီးမင်္ဂလာများပေးထားပုံ
ယဇ်ပရောဟိတ်အခွင့် ကောင်းချီးမင်္ဂလာများကို ခေါင်းပေါ်တွင်လက်တင်ခြင်းဖြင့်ပေးကြသည်။ မေလခိဇေဒက် ယဇ်ပရောဟိတ်အခွင့်ကိုင်ဆောင်သည့် သူသည် ကောင်းချီးမင်္ဂလာရရှိမည့်သူ၏ခေါင်းပေါ်သို့သူ၏လက်နှစ်ဖက်ကိုတင်ရမည်။ ထို့နောက် ဝိညာဉ်တော်လမ်းပြသည့်အတိုင်း ကောင်းချီးမင်္ဂလာများပေးသည်။ ကောင်းချီးမင်္ဂလာပေးသူနှင့်ရရှိသူတို့သည် ဘုရားသခင်တွင်ယုံကြည်မှုရှိပြီး သူ၏အလိုတော်နှင့် အချိန်ကို ယုံကြည်စိတ်ချသူများဖြစ်ကြသည်။
ကလေးများကို အမည်ပေးခြင်းနှင့် ကောင်းချီးပေးခြင်း
ကလေးတစ်ယောက်မွေးဖွားလာသောအခါ၊ ယဇ်ပရောဟိတ်အခွင့်ကိုင်ဆောင်သူသည် ကလေးအား အမည်နှင့် ကောင်းချီးမင်္ဂလာပေးသည် (ရှု ဩဝါဒနှင့် ပဋိညာဉ်များကျမ်း ၂၀း၇၀ )။ ဤအမှုကို ပုံမှန်အားဖြင့် အစာရှောင် သက်သေခံ အစည်းဝေး တွင်ပြုလုပ်သည်။ ကလေးအား အမည်ကိုပထမဦးစွာပေးသည်။ ထို့နောက် ယဇ်ပရောဟိတ်အခွင့်ကိုင်ဆောင်သူသည် ကလေးအား ကောင်းချီးမင်္ဂလာပေးသည်။
ဝဲလ်ဒန် စီ အန်ဒါဆန် ၏ရိုက်ကူးမှု
ဖျားနာသောသူတို့ အတွက်ကောင်းချီးမင်္ဂလာများ
မေလခိဇေဒက် ယဇ်ပရောဟိတ်အခွင့်ကိုင်ဆောင်သည့် သူသည် နာမကျန်းဖြစ်သူများအားကောင်းချီးမင်္ဂလာများပေးနိုင်သည်။ ဤ ကောင်းချီးမင်္ဂလာတွင် အပိုင်းနှစ်ပိုင်းရှိသည်၊ဆီဖြင့် လိမ်းခြင်း နှင့် ဆီလိမ်းခြင်းကိုတံဆိပ်ခတ်ခြင်းတို့ဖြစ်သည်။ ပထမဦးစွာ၊ ယဇ်ပရောဟိတ်အခွင့်ကိုင်ဆောင်သူသည် ဆပ်ကပ်ထားသည့် သို့မဟုတ် ကောင်းချီးပေးထားသည့် သံလွင်ဆီတစ်စက်ကို နာမကျန်းဖြစ်သူ၏ခေါင်းပေါ်သို့ထည့်ပြီး ဆုတောင်းခြင်းအကျဉ်းပေးသည်။ ထို့နောက်၊ ယဇ်ပရောဟိတ်အခွင့်ကိုင်ဆောင်သူနောက်တစ်ဦးက ဆီလိမ်းခြင်းကိုတံဆိပ်ခတ်ခြင်းပြီး နာမကျန်းဖြစ်သူအား သန့်ရှင်းသောဝိညာဉ်တော်၏လမ်းပြသည့်အတိုင်း ကောင်းချီးမင်္ဂလာပေးသည်။
နှစ်သိမ့်မှု နှင့် အကြံဉာဏ် ရရှိမှုအတွက် ကောင်းချီးမင်္ဂလာများ
မေလခိဇေဒက် ယဇ်ပရောဟိတ်အခွင့်ကိုင်ဆောင်သည့် သူသည် နှစ်သိမ့်မှု နှင့် အကြံဥာဏ် ရရှိမှုအတွက် ကောင်းချီးမင်္ဂလာများကိုမိသားစုဝင်များနှင့် တခြားတောင်းခံသူများအားပေးနိုင်သည်။ မေလခိဇေဒက် ယဇ်ပရောဟိတ်အခွင့်ကိုင်ဆောင်သည့် ဖခင်တစ်ဦးသည် သူ၏သားသမီးများအား ဖခင်၏ကောင်းချီးမင်္ဂလာပေးနိုင်သည်။ အထူးသဖြင့် ကလေးများ ခက်ခဲသောအခြေအနေများနှင့်တွေ့ကြုံနေရသောအခါ ထိုအရာကအကူအညီပေးကောင်းပေးနိုင်သည်။
အမှုတော်ဆောင်တာဝန်များထမ်းဆောင်ရန် အသင်းသားများကိုတာဝန်ပေးကောင်းချီးပေးခြင်း
အသင်းတော်၏အသင်းသားများ အမှုတော်ဆောင်ရန်အခေါ်ခံရသောအခါ၊ သူတို့သည် ထိုတာဝန်ပေးခံရသောအချိန်တွင် ကောင်းချီးမင်္ဂလာပေးခြင်းခံရသည်။ ယဇ်ပရောဟိတ်အခွင့်ကိုင်ဆောင်သူ ခေါင်းဆောင်သူသည် သူတို့အား အမှုတော်ဆောင်မှုခြင်း၌ အခွင့်အာဏာဖြင့်ပြုလုပ်နိုင်ရန် ကောင်းချီးပေးသည်။ ယဇ်ပရောဟိတ်အခွင့်ကိုင်ဆောင်သူခေါင်းဆောင်သည် သူတို့၏အမှုတော်ဆောင်ခြင်း၌အကူအညီရရန်လည်းကောင်းချီးပေးသည်။
ရှော့်န စတီဗန်ဆင် ၏ရိုက်ကူးမှု
မျိုးနွယ်စုအဘကောင်းချီးမင်္ဂလာများ
အသင်းတော်မှထိုက်တန်သောအသင်းသားတိုင်းသည် မျိုးနွယ်စုအဘကောင်းချီးမင်္ဂလာရရှိနိုင်သည်။ ထိုကောင်းချီးမင်္ဂလာသည် ကိုယ်တော်ရှင်ကိုယ်တိုင်ဆီမှတိုင်ပင်ပေးမှုဖြစ်သည်။ ထိုအရာက လူတစ်ဦး၏ဘဝတစ်လျှောက်လုံးအတွက် လမ်းညွှန်မှုနှင့် နှစ်သိမ့်မှုရရှိစေသည်။ လူတစ်ဦး၏ ဣသရေလအိမ်တော်မှလာသောအမျိုးအနွယ်အကြောင်းကိုလည်းပြောပြသည်။ ဤကဲ့သို့သောကောင်းချီးမင်္ဂလာမျိုးကို ဘိသိတ်ရရှိထားသော မျိုးနွယ်စုအဘကောင်းချီးမင်္ဂလာပေးသူ ကသာပေးနိုင်သည်။
@၂၀၂၃ ဖြင့် Intellectual Reserve, Inc. မူပိုင်ခွင့်ရယူပြီး USA တွင်ပုံနှိပ်သည်။ အင်္ဂလိပ်စာခွင့်ပြုချက် ၆/၁၉ ဘာသာပြန် ခွင့်ပြုချက် ၆/၁၉. လစဉ် လီယဟိုနာ အမှာစကား၊ မတ်၂၀၂၃၏ဘာသာပြန် Language. 18905 256