“မစောင့်နှင့်။ သိုးထိန်းများကဲ့သို့ရှိပါစေ” လူငယ်တို့အတွက် ခွန်အား၊ ဒီဇင်၊ ၂၀၂၂။
လစဉ် လူငယ်တို့အတွက်ခွန်အား အမှာစကား၊ ဒီဇင်ဘာ ၂၀၂၂
လုကာ ၂း၈-၂၀
မစောင့်နှင့်။ သိုးထိန်းများကဲ့သို့ရှိပါစေ
ရှေးရှေးက တိတ်ဆိတ်ညတစ်ညတွင်၊ သိုးထိန်းများသည် သူတို့၏သိုးများကို လုံ့လထက်သန်စွာ စောင့်ထိန်းခဲ့ကြပါသည်။
သိုးထိန်းများတွင် အရေးကြီးသောအလုပ်တစ်ခုရှိပါသည်။ သိုးများသည် အစာ၊ ရေနှင့် အန္တရာယ်ကာကွယ်မှုတို့လိုအပ်ပါသည်။
ရုတ်တရက်၊ ကောင်းကတမန်တစ်ပါး ပေါ်လာခဲ့ပါသည်။
“ကြောက်ခြင်းမရှိနှင့်၊ အကြောင်းမူကား ရှုလော့၊ ငါသင် သင်တို့ထံ ကြီးစွာသောဝမ်းမြောက်ခြင်းသတင်းကောင်းများကို ဆောင်ယူလာ၏။ … ယနေ့တွင် သခင်ခရစ်တော်တည်းဟူသော ကယ်တင်သောအရှင်သည် သင်တို့အဘို့အလိုငှါ ဘွားမြင်ခြင်းကိုခံတော်မူပြီ။
ကောင်းကင်တမန်က သိုးထိန်းတို့အား သူတို့သည် သူငယ်တော်ကို ဘက်လင်မြို့တွင် အဝတ်နှင့်ပတ်ရစ်လျက်၊ နွားစာခွက်၌သိပ်ထားသည်ကို တွေ့ရမည့်အကြောင်းမြွက်ဆိုခဲ့၏။
ကောင်းကင်တမန်ဓမ္မတေးသံစုံကျူးအဖွဲ့သည် ကောင်းကင်ကိုပြည့်စေ၍၊ ဘုရားသခင်ကိုချီးမွမ်းခြင်း၌ ကောင်းကင်တမန်နှင့်ပူးပေါင်းကြပါသည်။
“ကောင်းကင်ဘဝဂ်ဝယ် ဘုရားသခင်သည် ဘုန်းကြီးတော်မူစေသတည်း။ မြေကြီးပေါ်၌ ငြိမ်သက်ခြင်း ရှိစေသတည်း။ လူတို့အား မေတ္တာကရုဏာရှိစေသတည်း။”
“ဘက်လင်မြို့သို့သွားကြစို့၊ ငါတို့အားကိုယ်တော်ရှင်ဖော်ပြတော်မူခဲ့သည့်အရာကို ကြည့်ကြစို့။”
သိုးထိန်းတို့သည် မစောင့်ခဲ့ကြပါ။ ဤအရာသည် အလွန်အရေးကြီးပါသည်။ သူတို့သည် ဘက်လင်မြို့သို့ “အမြန်လာခဲ့ကြပါသည်”။
သိုးထိန်းတို့သည် ယေရှုကို အဝတ်နှင့် ပတ်ရစ်လျက်၊ နွားစာခွက်၌သိပ်ထားလျက်တွေ့ခဲ့ကြ၏၊ ကောင်းကင်တမန်မြွက်ဆိုခဲ့သည့်အတိုင်းပင်ဖြစ်၏။
ဤသူသည်ကား လောက၏ကယ်တင်ရှင်နှင့် ရွေးနှုတ်ရှင်အဖြစ်နှင့် ကျွန်တော်တို့ဆီ စစ်မှန်သော ဝမ်းမြောက်ခြင်းကို ဆောင်ယူဖို့ ကြွလာခဲ့သူ ကတိတော်လာ မေရှိယဖြစ်ပါသည်။
သိုးထိန်းတို့သည် အလွန်စိတ်လှုပ်ရှားခဲ့ကြပါသည်။ သူတို့သည် ကြားခဲ့မြင်ခဲ့သည့်အရာကို ဝေငှခဲ့ကြပါသည်။
“လောက၏ကယ်တင်ရှင် ဖွားတော်မူပြီ။”
“မေရှိယ နောက်ဆုံး၌ ကြွလာတော်မူခဲ့ပြီ။”
သိန်းထိန်းများသည် ယေရှုထံ “အမြန်”လာခဲ့ကြပါသည်။ သင်လည်းအမြန်လာနိုင်ပါသည်။
သင်လည်း ကိုယ်တော့်အကြောင်းကို သင်ယူနိုင်ပါသည်။
သင်သည် အခြားသူများကို အစေခံခြင်းအားဖြင့် ကိုယ်တော်ကို အစေခံနိုင်ပါသည်။
သင်သည် ကိုယ်တော့်အကြောင်းကို သက်သေခံနိုင်ပါသည်။
© 2022 by Intellectual Reserve, Inc. All rights reserved. USA တွင်ပုံနှိပ်သည်။ အင်္ဂလိပ်စာခွင့်ပြုချက် ၆/၁၉ ဘာသာပြန် ခွင့်ပြုချက် ၆/၁၉. Monthly For the Strength of Youth Message, December 2022. ၏ဘာသာပြန် Burmese 18318 256