“အိမ်တွင်းညနေဆိုတာဘာလဲ” Liahona ဩ၊ ၂၀၂၂။
လစဉ် Liahona အမှာစကား၊ ဩဂုတ် ၂၀၂၂
အိမ်တွင်းညနေဆိုတာဘာလဲ
မိသားစုညနေဆိုတာ သီတင်းပတ်အတွင်းမှာ သင့်မိသားစုအတူတကွရှိဖို့ သီးသန့်ဖယ်ထားတဲ့အချိန်တစ်ခုဖြစ်ပါတယ်။ ဒီအချိန်အတွင်းမှာ၊ သင်ဟာ “ဧဝံဂေလိတရားတော်ကို သင်ယူနိုင်တယ်၊ သက်သေခံချက်တွေခွန်အားဖြည့်ပေးနိုင်တယ်၊ စည်းလုံးခြင်းတည်ဆောက်နိုင်တယ်၊ အချင်းချင်းမွေ့လျော်နိုင်ပါတယ်” (အထွေထွေလက်စွဲစာအုပ်၊ ယေရှုခရစ်တော်၏နောက်ပိုင်းကာလသန့်ရှင်းသူများအသင်းတော်၌ အမှုတော်ဆောင်ခြင်း၊၂၊၂၊၄၊ ChurchofJesusChrist.org). အိမ်တွင်းညနေဟာ မိသားစုတစ်စုချင်းစီအတွက် အတော်အသင့် ကွဲပြားဖွယ်ရှိပါတယ်။ ဒါပေမယ့်၊ ရည်မှန်းချက်ကတော့ အတူတကွချဉ်းကပ်ကြဖို့နဲ့ ကယ်တင်ရှင်ဆီကို ချဉ်းကပ်ဖို့ဖြစ်ပါတယ်။
ပြင်ဆင်ချက်
သင်၏မိသားစုနှစ်သက်တဲ့ လှုပ်ရှားမှုတစ်ခု၊ သင်ဆွေးနွေးလိုတဲ့၊ အတူတကွသင်ယူလိုတဲ့ ဧဝံဂေလိတရားတော်အကြောင်းအရာတစ်ခုကို စဉ်းစားပါ။ သီတင်းပတ်တိုင်းမှာ မိသားစုဝင်အများစု သို့မဟုတ် အားလုံးတွေ့နိုင်မယ့် နေ့နဲ့အချိန်ကို ရွေးချယ်ပါ။ မိသားစုညနေကို တနင်္လာနေ့ညတွေမှာ ကျင်းပကြဖို့ အသင်းသားတွေကို အသင်းတော်က တိုက်တွန်းပါတယ်။ ဒါပေမယ့်၊ မိသားစုတွေဟာ သူတို့အတွက်အကောင်းဆုံးဖြစ်မယ့်အချိန်မှာ တွေ့နိုင်ကြပါတယ်။
ဆုတောင်းခြင်း
မိသားစုများစွာဟာ အိမ်တွင်းညနေကို ဆုတောင်းခြင်းနဲ့ စတင်ကြ အဆုံးသတ်ကြပါတယ်။ ဒီအရာက သန့်ရှင်းသောဝိညာဉ်တော်ကို သူတို့အိမ်ထဲကို ဖိတ်ခေါ်ပါတယ်။ အိမ်တွင်းညနေဟာ ကလေးများနဲ့အရွယ်ရောက်သူများအတွက် အဖွဲ့ငယ်တစ်ခုအဖြစ် သင်ယူဖို့ ဆုတောင်းဖို့ အကောင်းဆုံးအချိန်တစ်ခု ဖြစ်ပါတယ်။
တေးဂီတ
မိသားစုများစွာဟာ အဖွင့်သီချင်းနဲ့ အပိတ်သီချင်းတွေကိုလည်း သီဆိုကြပါတယ်။ သူတို့ဟာ အများအားဖြင့် ဓမ္မတေးစာအုပ် သို့မဟုတ် မူလတန်းသီချင်းစာအုပ်မှ သီချင်းတစ်ပုဒ်ကို ရွေးချယ်ကြပါတယ်။ အသင်းတော်မှာ music.ChurchofJesusChrist.org မှာ ဓမ္မတေးစန္ဒယားအသံသွင်းထားတာတွေရှိပါတယ်။ ဗိမာန်တော်ရင်ပြင်တဲတော်ဓမ္မတေးသံစုံအဖွဲ့ ဗီဒီယိုတွေကိုလည်း ကြည့်ရှုနိုင်ပါတယ်။ မိသားစုညနေအတွင်းမှာ သီဆိုခြင်းဟာ အသင်းသားတွေကို အသင်းတော်မှာ ဆိုတဲ့ ဓမ္မတေးတွေကို သင်ယူဖို့ ကူညီပါတယ်။
သင်ခန်းစာ
မိသားစုညနေအတွက် ကူညီနိုင်တဲ့ အင်အားစုများစွာ အသင်းတော်မှာရှိပါတယ်။ သင်ဟာ Liahona, the Friend, or For the Strength of Youth တို့မှ ဆောင်းပါးတစ်ခုကို ဖတ်ဖို့၊ ဆွေးနွေးဖို့ မိနစ်အနည်းငယ်စဉ်းစားနိုင်ပါတယ်။ ဒီအရာက အသင်းတော်ဗီဒီယိုတွေကို ကြည့်ဖို့ ဆွေးနွေးဖို့ အချိန်တစ်ခုလည်း ဖြစ်နိုင်ပါတယ်။ သို့မဟုတ် အထွေထွေညီလာခံစကားပြောတစ်ခုကို ဖတ်နိုင်၊ ကျမ်းစာတွေကို ဖတ်နိုင်၊ သို့မဟုတ် ဤသီတင်းပတ်အတွက် လာ၍ ငါ့နောက်သို့ လိုက်လော့ စာတွေကိုလည်း ဆွေးနွေးနိုင်ပါတယ်။
မီရှဲလုံးစ်၏ ကွတ်ကီးလုပ်နေသည့် ကလေးများဓာတ်ပုံ
မိသားစုပါဝင်မှု
ကလေးတွေဟာ မိသားစုညနေမှာ ပါဝင်နိုင်ပါတယ်။ လှုပ်ရှားမှုတွေကိုစီစဉ်ရာမှာ၊ ဆုတောင်းရာမှာ၊ သို့မဟုတ် သီချင်းတွေကို ရွေးချယ်ရာ၊ ဦးဆောင်ရာမှာ ကူညီနိုင်ကြပါတယ်။ သင်ခန်းစာတွေကို တောင်သင်ပေးနိုင်ပါတယ်။ မိသားစုညနေမတိုင်မီမှာ၊ သင်ဟာ သင့်ကလေးကို Friend မဂ္ဂဇင်းပုံပြင် သို့မဟုတ် သူတို့အနှစ်သက်ဆုံး ကျမ်းစာပုံပြင်တစ်ခု ဖတ်ဖို့ကူညီနိုင်ပါတယ်။ အဲဒီနောက်၊ ကလေးက အဲဒီပုံပြင်ကို သင်ခန်းစာတစ်ခုအဖြစ် မိသားစုကို ပြောပြနိုင်ပါတယ်။ ကလေးများစွာဟာ အိမ်တွင်းညနေအတွက် ကျမ်းစာပုံပြင်တွေသရုပ်ဆောင်ရတာကို နှစ်သက်ကြပါတယ်။ ကြီးတဲ့ကလေးတွေကို သင်ခန်းစာစီစဉ်စေ၊ သို့မဟုတ် သူတို့ဖတ်လိုတဲ့ အထွေထွေညီလာခံစကားပြောတစ်ခုကို ရွေးချယ်စေပါ။ အဲဒီနောက် သူတို့ကို ဆွေးနွေးခြင်းကို ဦးဆောင်စေပါ။
လှုပ်ရှားမှုများ
မိသားစုများစွာဟာ အိမ်တွင်းညနေရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ်၊ လှုပ်ရှားမှုတွေလုပ်ရတာကို ပျော်မွေ့ကြပါတယ်။ အိမ်တွင်းလှုပ်ရှားမှုတွေမှာ ဂိမ်းတွေကစားခြင်း၊ လက်မှုအလုပ်တွေလုပ်ခြင်း၊ အတူတကွချက်ပြုတ်ခြင်းတွေပါဝင်နိုင်ပါတယ်။
အိမ်ပြင်လှုပ်ရှားမှုတွေမှာ၊ လမ်းလျှောက်ထွက်နိုင်၊ မိသားစုလိုက်တောင်တက်နိုင်၊ သို့မဟုတ် အပြင်မှာ အားကစားတစ်ခုကို အတူကစားနိုင်ကြပါတယ်။ မိသားစုဝင်အားလုံး လုပ်နိုင်၊ အတူပျော်ရွှင်နိုင်တဲ့ လှုပ်ရှားမှုတစ်ခုကို ရှာပါ။ ဝိညာဉ်တော်ကို ဖယ်ခွာစေမယ့် ယှဉ်ပြိုင်ခြင်းကာလတွေကို ရှောင်ကြဉ်ပါ။
အစေခံခြင်း
အိမ်တွင်းညနေဟာ မိသားစုတွေအတွက် အခြားသူတွေကို အစေခံဖို့ ကောင်းမြတ်တဲ့အချိန်ဖြစ်ပါတယ်။ သင်ဟာ အခြားအိမ်နီးချင်းသက်ကြီးသူအချို့ကို ကူညီနိုင်၊ အိုးအိမ်မဲ့ဂေဟာတွေမှာ အစားအစာကျွေးမွေးနိုင်၊ သာသနာပြုတွေဆီကို စာရေးနိုင်၊ ဥပမာအားဖြင့် အမှိုက်ကောက်နိုင်ပါတယ်။
© 2022 by Intellectual Reserve, Inc. All rights reserved. USA တွင်ပုံနှိပ်သည်။ အင်္ဂလိပ်စာခွင့်ပြုချက် ၆/၁၉ ဘာသာပြန် ခွင့်ပြုချက် ၆/၁၉. Monthly Liahona Message, August 2022.၏ဘာသာပြန် Burmese 18316 256