“ပွဲတော်၊ ကယ်တင်ရှင်ကို အောက်မေ့ရာ နည်းတစ်ခု၊”Liahona ဧပြီ၊ ၂၀၂၂။
လစဉ် Liahona အမှာစကား၊ ဧပြီ ၂၀၂၂
ပွဲတော်၊ ကယ်တင်ရှင်ကို အောက်မေ့ရာ နည်းတစ်ခု
ဆိုင်မွန်ဒီဝေး၏ နောက်ဆုံးညစာ
ယေရှုခရစ်တော်ဟာ ကားတိုင်ပေါ်မှာကွပ်မျက်မခံရမီညမှာ၊ သူ့တမန်တော်တွေနဲ့ ညစာစားပွဲမှာ တွေ့ခဲ့ပါတယ်။ အဲဒီမှာ သူတို့ကို ပထမဆုံးအကြိမ်အဖြစ် ပွဲတော်ကို ပေးခဲ့ပါတယ်။ အဲဒါက သူတို့ သူ့ကိုအောက်မေ့ရာနည်းတစ်ခုဖြစ်ကြောင်းရှင်းပြခဲ့ပါတယ်။ ပွဲတော်ဟာ ကျွန်တော်တို့ ခရစ်တော်ရဲ့ အပြစ်ဖြေခြင်းမင်္ဂလာကို အောက်မေ့ဖို့ ပေါင်မုန့်နဲ့ရေကို သုံးဆောင်တဲ့ ဘိသိက်မင်္ဂလာ တစ်ခုဖြစ်ပါတယ်။ ပေါင်မုန့်က ခရစ်တော်ရဲ့ ကိုယ်ခန္ဓာကို ကိုယ်စားပြုပါတယ်၊ ရေက သူ့အသွေးကို ကိုယ်စားပြုပါတယ်။
ကျွန်တော်တို့ တနင်္ဂနွေနေ့တိုင်း ပွဲတော်အစည်းအဝေးမှာ ပွဲတော်ကို သုံးဆောင်ကြပါတယ်။ ယဇ်ပုရောဟိတ်အခွင့်ကိုင်ဆောင်သူတွေ ပေါင်မုန့်ကို အပိုင်းငယ်လေးတွေဖဲ့စဉ်မှာ ကျွန်တော်တို့ ဓမ္မတေးတစ်ပုဒ်ကို သီဆိုကြပါတယ်။
ပေါင်မုန့်ကို ဖဲ့တဲ့ယဇ်ပုရောဟိတ်အခွင့်ကိုင်ဆောင်သူတွေ{ က အထူးဆုတောင်းခြင်းတွေတောင်းကြပါတယ်။ ဒီဆုတောင်းခြင်းတွေကို ဩဝါဒနှင့်ပဋိညာဉ်များကျမ်း ၂၀း၇၇၊ ၇၉ မှာတွေ့ရပါတယ်။ ဆုတောင်းခြင်းတွေက ကျွန်တော်တို့ ကောင်းကင်ဘုံရှင်အဘကို ကတိပေးခဲ့တဲ့အရာနဲ့ ကျွန်တော်တို့ကို သူကတိပေးခဲ့တဲ့အရာတွေကို သတိပေးပါတယ်။
အခြားယဇ်ပုရောဟိတ်အခွင့်ကိုင်ဆောင်သူတွေ{က ပွဲတော်ကို အသင်းတော်စု (သို့) အသင်းတော်ခွဲ အသင်းသားတွေဆီကို ဝေငှပါတယ်။ ကျွန်တော်တို့ဟာ ပွဲတော်ကိုသုံးဆောင်ကြစဉ်မှာ ကယ်တင်ရှင်ကို၊ ပြီးတော့ ကျွန်တော်တို့အတွက် သူ့ရဲ့ပေးဆပ်ခြင်းကို အောက်မေ့ကြပါတယ်။ ကျွန်တော်တို့ ကောင်းကင်ဘုံရှင်အဘနဲ့ ပြုခဲ့တဲ့ ပဋိညာဉ်တွေ (ကတိတွေ)ကို စောင့်ထိန်းဖို့လည်း ကျွန်တော်တို့ပြန်လည်ကတိကဝတ်ပြုကြပါတယ်။
ကျွန်တော်တို့ဟာ ပွဲတော်ကောင်းချီးပေးစဉ်နဲ့ ဝေငှစဉ်မှာ ရိုသေကြပါတယ်။ အဲဒါက ကျွန်တော်တို့အတွက် ယေရှုခရစ်တော်ရဲ့ အသက်တာ၊ သွန်သင်ခြင်းနဲ့ အပြစ်ဖြေခြင်းမင်္ဂလာ အကြောင်းစဉ်းစားရာအချိန်တစ်ခုဖြစ်ပါတယ်။ သူ့ပုံသက်သေနောက်ဘယ်လိုလိုက်လျှောက်နိုင်မလဲဆိုတာကိုလည်း စဉ်းစားနိုင်ကြပါတယ်။
© 2022 by Intellectual Reserve, Inc. All rights reserved. USA တွင်ပုံနှိပ်သည်။ အင်္ဂလိပ်စာခွင့်ပြုချက် ၆/၁၉ ဘာသာပြန် ခွင့်ပြုချက် ၆/၁၉. Monthly Liahona Message, April 2022.၏ဘာသာပြန် Burmese. 18314 256