“သင်သည် သူ့ကို မည်သို့နားထောင်သနည်း၊” လူငယ်တို့အတွက်ခွန်အား မတ်၊ ၂၀၂၂။
လစဉ် လူငယ်တို့အတွက်ခွန်အား အမှာစကား၊ မတ် ၂၀၂၁
သင်သည် သူ့ကို မည်သို့နားထောင်သနည်း
ဧပြီ ၂၀၂၀ အထွေထွေညီလာခံ မိန့်ခွန်း တစ်ခုမှ။
အိုကန်စနာ ဂရစ်ဗင်နာ၏သရုပ်ဖော်ပုံများ
အချိန်နှင့်အမျှ၊ သန့်ရှင်းသောဝိညဉ်တော်ထံမှ ကျွန်တော်တို့ရရှိတဲ့ ငြိမ်းချမ်းသောလမ်းညွှန်ချက်နဲ့အတူ ဘုရားသခင်က ကျွန်တော်တို့ကို သူသိကြောင်းနဲ့ ချစ်ကြောင်း ကျွန်တော်တို့တစ်ဦးချင်းစီကို တန်ခိုးကြီးစွာ၊ အမှန်ပင်အာမခံပါတယ်။ အဲဒီနောက်၊ ကျွန်တော်တို့ရဲ့ ခက်ခဲခြင်းကာလတွေမှာ၊ ကယ်တင်ရှင်က ဤအတွေ့အကြုံတွေကို ကျွန်တော်တို့ရဲ့စိတ်ထဲကို ပြန်လည်ဆောင်ယူပါတယ်။
သင်ကိုယ်တိုင်ရဲ့ဘဝအကြောင်းကို စဉ်းစားပါ။ ဤအတွေ့အကြုံတွေဟာ ကျွန်တော်တို့ဘဝတွေရဲ့အချက်အချာကျတဲ့အချိန်တွေမှာ သို့မဟုတ် အစမှာ ထူးခြားမှုမရှိဘူးလို့ထင်ရတဲ့ အဖြစ်အပျက်တွေရှိတဲ့အချိန်မှာ ရောက်လာနိုင်ပါတယ်။ ဤဝိညာဉ်ပကတိသတ်မှတ်ကာလတွေဟာ ကျွန်တော်တို့တစ်ယောက်ချင်းစီအတွက် သီးသန့်ခွဲထားလျက် အချိန်အမျိုးမျိုးမှာ နည်းအမျိုးမျိုးနဲ့ရောက်လာပါတယ်၊
ကျွန်တော်တို့ဟာ တစ်ခါတစ်ရံမှာ “ရုတ်တရက်စိတ်ကူးများ”၊ ပြီးတော့ရံဖန်ရံခါ အသိဉာဏ်စီးဆင်းမှုသန့်သန့်အဖြစ်နဲ့၁ကို ရရှိကြောင်း ဂျိုးဇက်စမစ်ကရှင်းပြခဲ့ပါတယ်။
ဥက္ကဋ္ဌဒလျံအိတ်ခ်ျအုတ်က ထိုကဲ့သို့သောအတတွေ့အကြုံမရှိဖူးလို့ဆိုတဲ့ ရိုးသားသောလူတစ်ဦးကို ပြန်ပြောရာမှာ၊ အကြံပေးခဲ့ပါတယ်၊ “သင့်ရဲ့ဆုတောင်းခြင်းတွေထပ်ခါထပ်ခါ အဖြေရနေတာဖြစ်နိုင်တယ်၊ ဒါပေမယ့်၊ သင်ကသင့်ရဲ့ မျှော်လင့််လင့်ချက်တွေ အင်မတန် ခမ်းနားတဲ့ လက္ခဏာတစ်ခု (သို့) အလွန်ကျယ်တဲ့အသံနဲ့ စွဲထားတာဖြစ်လို့၊ သင်အဖြေမရဘူးလို့ထင်နေတာဖြစ်ပါတယ်။”၂
ကျွန်တော်တို့မကြာသေးမီက၊ ဥက္ကဋ္ဌ ရပ်ဆဲလ်၊ အမ် နယ်လဆင်ပြောတာကို ကြားခဲ့ကြပါတယ်၊ “သင်တို့ သူ့ကိုဘယ်လိုနားထောင်သလဲ ဆိုတဲ့ ဒီအဓိကမေးခွန်းအကြောင်းကို လေးလေးနက်နက် မကြာမကြာစဉ်းစားကြဖို့ သင်တို့ကို ကျွန်တော်ဖိတ်ခေါ်ပါတယ်။ သူ့ကို ပိုပြီးကောင်းကောင်းနားထောင်ဖို့နဲ့ ပိုပြီးမကြာမကြာနားထောင်ဖို့ကိုလည်း သင်တို့ကို ကျွန်တော်ဖိတ်ခေါ်ပါတယ်။”၃
© 2022 by Intellectual Reserve, Inc. All rights reserved. USA တွင်ပုံနှိပ်သည်။ အင်္ဂလိပ်စာခွင့်ပြုချက် ၆/၁၉ ဘာသာပြန် ခွင့်ပြုချက် ၆/၁၉. Monthly For the Strength of Youth Message, March 2022. ၏ဘာသာပြန် Burmese. 18296 256