၂၀၂၂
လဲကျခြင်းသည် ဘုရားသခင့်အစီအစဉ်၏တစ်စိတ်တစ်ပိုင်းဖြစ်၏
၂၀၂၂ ဇန်နဝါရီလ


“လဲကျခြင်းသည် ဘုရားသခင့်အစီအစဉ်၏တစ်စိတ်တစ်ပိုင်းဖြစ်၏၊” လီယဟိုနာ ဇန္နဝါရီ ၂၀၂၂

လစဉ် Liahona အမှာစကား၊ ဇန္နဝါရီ ၂၀၂၂

လဲကျခြင်းသည် ဘုရားသခင့်အစီအစဉ်၏တစ်စိတ်တစ်ပိုင်းဖြစ်၏

လဲကျခြင်းကြောင့်၊ ကျွန်တော်တို့ဟာ မြေကြီးသို့လာကြရပြီး၊ တစ်နေ့မှာ ကျွန်တော်တို့ရဲ့ကောင်းကင်ဘုံရှိအဘနဲ့ အတူနေထိုင်ဖို့ ပြန်သွားနိုင်ကြပါတယ်။

အာဒံနှင့် ဧဝ

ရောဘတ် တီ၊ ဘားရက် ၏ ဧဒင်ဥယျာဉ်မှ အာဒံနှင့် ဧဝ

ဧဒင်ဥယျာဉ်မှာ၊ ဘုရားသခင်က အာဒံနဲ့ ဧဝကို ကောင်းမကောင်းကို သိတဲ့အပင်ရဲ့ အသီးကို မစားဖို့ ပညတ်ခဲ့ပါတယ်။ အဲဒီနောက် သူတို့ကို မိန့်တော်မူခဲ့ပါတယ်၊ “သို့သော်လည်း၊ သင်ကိုယ်တိုင်ရွေးချယ်နိုင်ပေ၏၊ … သို့ရာတွင်၊ ငါတားမြစ်ကြောင်းကို သတိရလော့” မောရှေ ၃း၁၇။ စာတန်က ဧဝကို အဲဒီအပင်ရဲ့အသီးကို စားစေဖို့ သွေးဆောင်ခဲ့ပါတယ်။ “သင်တို့သည် အကောင်းနှင့် အဆိုးကို သိ၍၊ ဘုရားများကဲ့သို့ ဖြစ်ကြလတ္တံ့” မော‌ရှေ ၄း၁၁ လို့ သူ့မကို ပြောခဲ့ပါတယ်။ သူမက အသီးကို စားပြီး၊ အာဒံနဲ့လည်း မျှဝေခဲ့ပါတယ်။ ဘုရားသခင်က သူတို့ကို ဧဒင်ဥယျာဉ်ကနေ နှင်ထုတ်ခဲ့ပါတယ်။

လဲကျခြင်း

အာဒံနှင့် ဧဝ

ဂယ်ရီအယ်လ် ကက်၏ ဧဒင်ဥယျာဉ်မှ နှင်ထုတ်ခံရသည့် အာဒံနှင့် ဧဝ ကူးယူ၍မရနိုင်ပါ။

အာဒံနဲဧဝဟာ ဧဒင်ဥယျာဉ်ကနေ ထွက်သွားတဲ့အခါ၊ ဘုရားသခင်ရဲ့မျက်မှောက်တော်မှာ မရှိကြတော့ပါဘူး။ ဘုရားသခင်ထံကနေ ဒီကွဲကွာခြင်းကို ဝိညာဉ်ပကတိသေခြင်းလို့ ခေါ်ပါတယ်။ ဧဒင်ဥယျာဉ်ကနေ ထွက်ခွာခြင်းဟာ အာဒံနဲ့ ဧဝ သေတတ်တဲ့သူတွေဖြစ်လာခဲ့ကြပြီး၊ ဒီလိုနဲ့ ကျွန်တော်တို့သေနိုင်ကြပါတယ်။ အာဒံနဲ့ ဧဝဟာ ဘုရားသခင်နဲ့ အတူ မရှိကြတော့ပဲ၊ သေတတ်တဲ့သူတွေဖြစ်ကြသော်လည်း၊ သူတို့တိုးတက်နိုင်တယ်ဆိုတာကို သိမြင်ကြတဲ့အခါ ပျော်ရွှင်ကြ၊ မျှော်လင့်ချက်ရှိကြပါတယ် ( ရှု မောရှေ ၅း၁၀-၁၁)။ “အာဒံသည် လူသားတို့ဖြစ်တည်နိုင်ကြစေခြင်းငှာ လဲကျ၏။ လူသားတို့သည် ဝမ်းမြောက်ခြင်းရှိနိုင်ကြစေကြောင်း ဖြစ်တည်ကြ၏” (၂ နီဖိုင်း ၂း၂၅)

စမ်းသပ်ခြင်းကာလ

ကျွန်တော်တို့ဟာ မွေးလာတဲ့အခါမှာ၊ ဘုရားသခင်နဲ့ ဝေးကွာခဲ့ပါတယ်၊ လဲကျခြင်းနောက်မှာ အာဒံနဲ့ ဧဝ ဖြစ်ခဲ့ကြသလိုပါပဲ။ စာတန်က ကျွန်‌တော်တို့ကို မကောင်းတဲ့ရွေးချယ်မှုတွေလုပ်ဖို့ သွေးဆောင်ပါတယ်။ ဒီသွေးဆောင်ခြင်းတွေက ကျွန်တော်တို့ကို အစမ်းသပ်ခံကြရဖို့နဲ့ အမှားနဲ့အမှန်ကို ရွေးချယ်ဖို့ အခွင့်ပေးပါတယ် (ရှု အယ်လမာ ၁၂း၂၄)။ ကျွန်တော်တို့ဟာ အပြစ်လုပ်ပြီးနောင်တမရတဲ့အခါတိုင်း၊ ကောင်းကင်ဘုံရှင်အဘဆီကနေ ပိုပိုပြီးဝေးသွားကြပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ဟာ နောင်တရကြမယ်ဆိုလျှင်၊ ကောင်းကင်ဘုံရှင်အဘနဲ့ ပိုပိုပြီးနီးလာကြပါတယ်။

ဇာတိပကတိသေခြင်း

သုသာန်

မြေကြီးကို ကျွန်တော်တို့အတွက် ဖန်ဆင်းခဲ့ပါတယ် (ရှု ၁ နီဖိုင်း ၁၇း၃၆)။ လဲကျခြင်းက၊ အာဒံနဲ့ဧဝကို သားသမီးတွေမွေးရမယ်ဆိုတဲ့ ဘုရားသခင့်ပညတ်တော်ကို လုပ်ဆောင်ရွက်ဖို့ဖြစ်နိုင်စေပါတယ်၊ ကျွန်တော်တို့ကို ဇာတိကိုယ်ခန္ဓာနဲ့ မြေကြီးဆီလာစေဖို့ အခွင့်ပေးပါတယ်။ ကျွန်တော်တို့ရဲ့ကိုယ်ခန္ဓာတွေ တစ်နေ့မှာ သေပါလိမ့်မယ်၊ ဒါပေမယ့်ကျွန်တော်တို့ရဲ့ဝိညာဉ်တွေ ဆက်ပြီးအသက်ရှင်ပါလိမ့်မယ်။ ကျွန်တော်တို့ ရှင်ပြန်ထမြောက်ကြတဲ့အခါ ကျွန်တော်တို့ရဲ့ ကိုယ်ခန္ဓာတွေနဲ့ ဝိညာဉ်တွေ ပြန်လည်ပေါင်းစည်းကြပါလိမ့်မယ်။

ယေရှုခရစ်တော်အားဖြင့် ကယ်တင်ခံရ၏

ယေရှုခရစ်တော်၏ရှင်ပြန်ထမြောက်ခြင်း

ဟယ်ရီအန်ဒါဆင်၏ ရှင်ပြန်ထမြောက်ခြင်း

ယေရှုခရစ်တော်၏အပြစ်ဖြေခြင်းမင်္ဂလာတန်ခိုးတော်အားဖြင့်၊ ကျွန်တော်တို့ဟာ ဇာတိပကတိနဲ့ ဝိညာဉ်ပကတိသေခြင်းကို အောင်နိုင် နိုင်ကြပါတယ်။ ခရစ်တော်ရှင်ပြန်ထမြောက်ခဲ့တာကြောင့်၊ မြေကြီးပေါ်မှာမွေးလာခဲ့တဲ့သူတိုင်းဟာ ရှင်ပြန်ထမြောက်ပြီး၊ ကာလအစဉ်အဆက် အသက်ရှင်ကြပါလိမ့်မယ်။ ခရစ်တော်က ကျွန်တော်တို့ရဲ့ အပြစ်တွေအတွက် ခံစားခဲ့တာကြောင့်၊ ကျွန်တော်တို့ဟာ နောင်တရနိုင်ကြ၊ ခွင့်လွှတ်ခံကြရမှာဖြစ်လို့၊ ကျွန်တော်တို့ရဲ့ ကောင်းကင်ဘုံရှိအဘနဲ့ တစ်ဖန် ‌အတူနေထိုင်နိုင်ကြမှာဖြစ်ပါတယ်။