“မိသားစုသမိုင်းသည် ကျွန်ုပ်တို့၏ဘိုးဘေးတို့ကို ကူညီပါသည်၊” Liahona, ဒီဇင်ဘာ ၂၀၂၁
လစဉ် Liahona အမှာစကား၊ ဒီဇင်ဘာ ၂၀၂၁
မိသားစုသမိုင်းသည် ကျွန်ုပ်တို့၏ဘိုးဘေးတို့ကို ကူညီပါသည်
မိသားစုသမိုင်းသည် ကျွန်ုပ်တို့မိသားစုဝင်များအကြောင်းရှာဖွေခြင်းနှင့် သင်ယူခြင်းဖြစ်ပါသည်။ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့ဘိုးဘေးတို့အကြောင်း သတင်းအချက်အလက်ကိုလည်း စုစည်း၍၊ ထိုကဲ့သို့အားဖြင့် ကျွန်ုပ်တို့သည် သူတို့အတွက် ဗိမာန်တော်အမှုကို လုပ်ဆောင်နိုင်ကြပါသည်။
မိသားစုများသည် ကောင်းကင်ဘုံရှင်အဘ၏ပျော်ရွှင်ခြင်းအစီအစဉ်၏ ဗဟိုဖြစ်ပါသည်။ သူသည် မိသားစုများ ထာဝရဆက်ရှိစေရန် နည်းလမ်းတစ်ခုကို ပြင်ဆင်ထားပါသည်။ ကျွန်ုပ်တို့သည် မိသားစုသမိုင်းနှင့် ဗိမာန်တော်အမှုတို့ကို လုပ်ဆောင်လုပ်သည်နှင့်အမျှ၊ ကျွန်ုပ်တို့၏ ရှင်သူ၊ သေသူ မိသားစုဝင်နှစ်မျိုးစလုံးတို့ကို အတူတကွဖြစ်စေရန် ကူညီပါသည်။ (“ဗိမာန်တော်အမှု ဆိုသည်မှာ” ကျွန်ုပ်တို့၏ဘိုးဘေးတို့အတွက် ဗိမာန်တော်ထဲ၌ ဘိသိက်မင်္ဂလာများ ဆောင်ရွက်သည့်နည်းတူ၊ ကျွန်ုပ်တို့၏အိမ်ထောင်ဖက်များနှင့်တံဆိပ်ခတ်ခြင်းကဲ့သို့သော ကျွန်ုပ်တို့ကိုယ်တိုင်အတွက် ဘိသိက်မင်္ဂလာများ ရရှိခြင်းကို ဆိုလိုပါသည်။)
မိသားစုသမိုင်းနှင့် ဗိမာန်တော်အမှု
မြေကြီးပေါ်မှာ နေထိုင်ခဲ့သူ၊ သို့မဟုတ် နေထိုင်မည့်သူတိုင်းသည် ဧဝံဂေလိတရားတော် ဘိသိက်မင်္ဂလာများ လိုအပ်ပါသည်။ ကျွန်ုပ်တို့၏ဘိုးဘေးတို့၌ ထိုအခွင့်အရေးမရှိခဲ့လျှင်၊ ကျွန်ုတို့သည် ဗိမာန်တော်ထဲ၌ သူတို့အတွက် ဘိသိက်မင်္ဂလာများကို လုပ်ဆောင်နိုင်ပါသည်။ ထိုဘိသိက်မင်္ဂလာများထဲမှ တစ်ခုမှာ မိသားစုဝင်များနှင့် တံဆိပ်ခတ်ခြင်းဖြစ်ပါသည်။ “တံဆိပ်ခတ်ထား” ခြင်းဆိုသည်မှာ ကျွန်ုပ်တို့သည် ဖြောင့်မတ်ကြလျှင်၊ ကျွန်ုပ်တို့၏မိသားစုများနှင့် ထာဝရနေနိုင်ကြမည်ဟု ဆိုလိုပါသည်။ ကျွန်ုပ်တို့သည် ဗိမာန်တော်များထဲ၌သာ ကျွန်ုပ်တို့မိသားစုများနှင့် တံဆိပ်ခတ်ခံနိုင်ကြပါသည်။
မိသားစုသမိုင်းအမှု၏ကောင်းချီးမင်္ဂလာများ
မိသားစုသမိုင်း အမှုသည် ကျွန်ုပ်တို့ကို ကျွန်ုပ်တို့၏အသက်ရှင်သောမိသားစုဝင်များနှင့် ဆက်ဆံရေးကို ခွန်အားဖြည့်ပေးရာ၌ ကူညီနိုင်ပါသည်။ ကျွန်ုပ်တို့သည် ပုံပြင်များ၊ ဓာတ်ပုံများနှင့် အခြားအမှတ်တရများကို အချင်းချင်းဝေငှကြသောအခါ၊ မိသားစုသံယောဇဉ်ကို တည်ဆောက်ကြပါသည်။ အချင်းချင်းအပေါ်ရှိသည့် ချစ်ခြင်းကိုလည်း ခွန်အားဖြည့်ပေးကြပါသည်။ ကျွန်ုပ်တို့မိသားစုသမိုင်း၌ အလုပ်လုပ်ခြင်းသည် ကျွန်ုပ်တို့ကို ယေရှုခရစ်တော်နှင့် ပို၍နီးရာသို့ ဆောင်ယူမည်ဖြစ်ကြောင်း ပရောဖက်များကလည်း ကတိထားခဲ့ကြပါသည်။
ဘိုးဘေးတို့ကို ရှာဖွေခြင်း
ကောင်းကင်ဘုံရှင်အဘသည် ကျွန်ုပ်တို့ကို ကျွန်ုပ်တို့၏ လက်ရှိမိသားစုများ၊ ကျွန်ုပ်တို့၏ဘိုးဘေးတို့နှင့် တံဆိပ်ခတ်ခံရစေဖို့ အလိုရှိပါသည်။ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ဘိုးဘေးတို့နှင့် တံဆိပ်ခတ်မခံရမီ၊ သူတို့အကြောင်းသတင်းအချက်အလက်ကို ရှာဖွေသိမ်းထားဖို့ လိုအပ်ပါသည်။ သို့ရာတွင် မိသားစုသမိုင်းသည် နာမည်များ၊ နေ့စွဲများနှင့် နေရာများကို သုတေသနလုပ်ခြင်းသက်သက်ထက် ပိုပါသည်။ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ဘိုးဘေးတို့အကြောင်း သင်ယူကြသည်နှင့်အမျှ၊ သူတို့နှင့် ပို၍ဆက်သွယ်ထားခြင်းရှိကြောင်းခံစားရမည်ဖြစ်ပါသည်။
© 2021 by Intellectual Reserve, Inc. All rights reserved. USA တွင်ပုံနှိပ်သည်။ အင်္ဂလိပ်စာခွင့်ပြုချက် ၆/၁၉ ဘာသာပြန် ခွင့်ပြုချက် ၆/၁၉. Monthly Liahona Message, December 2021.၏ဘာသာပြန် Burmese. 17476 256