၂၀၂၁
ဗိမာန်တော်အလုပ်
အောက်တိုဘာ ၂၀၂၁


“ဗိမာန်တော်အလုပ်၊” Liahona အောက်တိုဘာ ၂၀၂၁

လစဉ် Liahona အမှာစကား၊ အောက်တိုဘာ ၂၀၂၁

ဗိမာန်တော်အလုပ်

ဗိမာန်တော်တွေဟာ ကိုယ်တော်ရှင်ရဲ့ အိမ်တော်ဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ ဗိမာန်တော်တွေထဲမှာ ဘိသိက်မင်္ဂလာတွေကို ရရှိနိုင်၊ သူနဲ့ ပဋိညာဉ်တွေပြုနိုင်ကြပါတယ်။ ကျွန်တော်တို့ဟာ ကျွန်တော်တို့ဘိုးဘေးတွေအတွက် ဘိသိက်မင်္ဂလာတွေကိုလည်း ဗိမာန်တော်တွေထဲမှာ ဆောင်ရွက်နိုင်ပါတယ်။

ဗိမာန်တော်

ဘရူနိုလီမာ၏ ဘာရန်ကွီလာကိုလံဘီယာ ဗိမာန်တော်ဓာတ်ပုံ

သမိုင်းတစ်လျှောက်မှာ၊ ကိုယ်တော်ရှင်က သူ့လူမျိုးတွေကို ဗိမာန်တော်တွေဆောက်ဖို့ မိန့်တော်မူခဲ့ပါတယ်။ ဗိမာန်တော်တွေဟာ ကျွန်တော်တို့ ဘုရားသခင်ရဲ့ ချစ်ခြင်းကို ခံစားနိုင်၊ ဘိသိက်မင်္ဂလာတွေရရှိနိုင်၊ ပြီးတော့ သူနဲ့ ကတိတွေပြုလုပ်နိုင်တဲ့ သန့်ရှင်းသောနေရာတွေဖြစ်ပါတယ်။ အသင်းတော်က ကမ္ဘာတစ်ဝန်းမှာဗိမာန်တော်တွေတည်ဆောက်နေတာကြောင့် များသည်ထက်များစွာသောလူတွေဟာ ဤကောင်းချီးမင်္ဂလာတွေကို ရရှိနိုင်ကြပါတယ်။

ဗိမာန်တော်ရှေ့မှ အမျိုးသမီး

နက်ရှီရိုနှင့် မက်သရူးရေးယာတို့၏ အော်ကွီယ မောင်တိန် ယုတဗိမာန်တော်ရှေ့မှ အမျိုးသမီး

ဝိညာဉ်ပကတိအပ်နှင်းခြင်း

ဖြောင့်မတ်စွာနေထိုင်ကြတဲ့အသင်းတော်အသင်းသားတွေဟာ ဘိသိက်မင်္ဂလာတွေရရှိဖို့၊ ဘုရားသခင်နဲ့ပဋိညာဉ်တွေပြုဖို့ သို့မဟုတ် ကတိတွေပြုဖို့ ဗိမာန်တော်ဆီကို သွားကြပါတယ်။ ဗိမာန်တော်ထဲမှာ ကျွန်တော်တို့ရရှိတဲ့ ဘိသိက်မင်္ဂလာတစ်ခုကတော့ ဝိညာဉ်ပကတိအပ်နှင်းခြင်းဖြစ်ပါတယ်။ ဝိညာဉ်ပကတိအပ်နှင်းခြင်းဆိုတဲ့ စကားလုံးက “ဆုကျေးဇူးတစ်ခု”လို့ အဓိပ္ပာယ်ရပါတယ်။ ဗိမာန်တော်ဝိညာဉ်ပကတိအပ်နှင်းခြင်းဟာ ဘုရားသခင်ဆီက ဆုကျေးဇူးတစ်ခုဖြစ်ပါတယ်။ ဤဘိသိက်မင်္ဂလာမှာ ကျွန်တော်တို့ဟာ ကျွန်တော်တို့အတွက် ကောင်းကင်ဘုံရှင်အဘရဲ့ အစီအစဉ်အကြောင်းကို သင်ယူကြပါတယ်၊ ပြီးတော့ ဘုရားသခင်ရဲ့ ပညတ်တော်တွေကို စောင့်ထိန်းဖို့ ပဋိညာဉ်တွေပြုကြပါတယ်။ ကျွန်တော်တို့ဟာ ကျွန်တော်တို့ပြုတဲ့ပဋိညာဉ်တွေအပေါ်သစ္စာရှိမယ်ဆိုရင်၊ ဘုရားသခင်က ကျွန်တော်တို့ကို ကောင်းချီးပေးပါလိမ့်မယ်။

ဗိမာန်တော်ရှေ့မှဇနီးမောင်နှံ

ခရစ္စတီးနားစမစ်၏ မနီလာဖိလစ်ပိုင်ဗိမာန်တော်ဘေးမှာ လမ်းလျှောက်နေသည့် ဇနီးမောင်နှံ၏ဓာတ်ပုံ

မိသားစုများအတူတကွတံဆိပ်ခတ်ခြင်း

ဗိမာန်တော်ထဲ၌လက်ထပ်ခြင်းကိုလည်း တံဆိပ်ခတ်ခြင်းလို့ခေါ်ပါတယ်။ ဇနီးမောင်နှံတစ်စုံဟာ ဗိမာန်တော်ထဲမှာ တံဆိပ်ခတ်ပြီး၊ သူတို့ရဲ့ပဋိညာဉ်တွေကို စောင့်ထိန်းကြတဲ့အခါ၊ ထာဝရလက်ထပ်တာဖြစ်ပါလိမ့်မယ်။ သူတို့မှာ ကလေးတွေရှိလျှင်၊ အဲဒီကလေးတွေဟာလည်း သူတို့နဲ့တံဆိပ်ခတ်ခံရမှာဖြစ်ပါတယ်။ ကလေးရပြီးမှ တံဆိပ်ခတ်ထားတဲ့မိဘတွေဟာ သူတို့ကလေးတွေကို သူတို့တံဆိပ်ခတ်ခြင်းကို ရရှိနိုင်ပါတယ်။ သူတို့ဟာ ဖြောင့်မတ်စွာနေကြလျှင်၊ ထာဝရကာလတစ်လျှောက် မိသားစုတစ်ခုဖြစ်ပါလိမ့်မယ်။

လစ်စဘွန် ပေါတူဂယ်လ် ဗိမာန်တော်ဗတ္တိဇံကျင်းပရာနေရာ

လက်စလီနီလဆင်၏ လစ်စဘွန် ပေါတူဂယ်လ် ဗိမာန်တော်ဗတ္တိဇံကျင်းပရာနေရာ ဓာတ်ပုံ

ဘုရားသခင်၏သားသမီးအားလုံးအတွက် ဗိမာန်တော်အမှုတော်

ကျွန်တော်တို့ဟာ ကျွန်တော်တို့ဘိုးဘေးတို့အကြောင်းကို ရှာဖွေဖို့ မိသားစုသမိုင်းအလုပ်ကို လုပ်ဆောင်ကြပါတယ်။ အဲဒီနောက်၊ သူတို့ကိုယ်စားဗိမာန်တော်အလုပ်ကို လုပ်ဆောင်ကြပါတယ်။ ကျွန်တော်တို့ဟာ သူတို့အတွက် သက်ရှိလူတွေလိုအပ်တဲ့ ဘိသိက်မင်္ဂလာအားလုံး ၊ ဗတ္တိဇံ၊ အတည်ပြုခြင်း၊ ယဇ်ပုရောဟိတ်အခွင့် ရရှိခြင်း (အမျိုးသားများအတွက်)၊ ဝိညာဉ်ပကတိအပ်နှင်းခြင်း၊ ပြီးတော့ တံဆိပ်ခတ်ခြင်း တို့ကို ဆောင်ရွက်ကြပါတယ်။ အဲဒီနောက်သူတို့လည်း ဤဘိသိက်မင်္ဂလာတွေကို လက်ခံလိုခြင်းရှိမရှိ ရွေးချယ်နိုင်ကြပါတယ်။ ဤနည်းအားဖြင့်၊ ဘုရားသခင်ရဲ့ သားသမီးအားလုံးဟာ ဧဝံဂေလိတရားတော်ရဲ့ ကောင်းချီးမင်္ဂလာတွေနဲ့မွေ့လျော်နိုင်ကြပါတယ်။

ဗိမာန်တော်ရှေ့မှ မိသားစု

ကိုဒီဘဲလ်၏ ဖိလဒယ်လဖီးယား ပန်ဆယ်လ်ဗေးနီးယား ဗိမာန်တော်ရှေ့မှမိသားစု၏ဓာတ်ပုံ

ဗိမာန်တော်အလုပ်၏ကောင်းချီးမင်္ဂလာများ

ကျွန်တော်တို့ဟာ ဗိမာန်တော်ထဲမှာ ပြုတဲ့ ပဋိညာဉ်တွေကို စောင့်ထိန်းကြမယ်ဆိုလျှင်၊ ကောင်းချီးခံစားရ၊ ကာကွယ်ခံရ၊ ပြီးတော့ ခွန်အားဖြည့်ပေးခံကြရပါမယ်။ ကျွန်တော်တို့မှာ ယဇ်ပုရောဟိတ်အခွင့်တန်ခိုး ကျွန်တော်တို့နဲ့အတူရှိကြမှာဖြစ်ပါတယ်။ ကျွန်တော်တို့မိသားစုတွေဟာ ထာဝရအတူတကွရှိကြမှာဖြစ်ပါတယ်။

ဗိမာန်တော်ဟာ ငြိမ်းချမ်းခြင်းနဲ့ ဗျာဒိတ်တော်ရှိရာနေရာလည်းဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ ဗိမာန်တော်အလုပ်ကို လုပ်ဆောင်ကြတာနဲ့အမျှ ဝိညာဉ်ပကတိလမ်းညွှန်မှုကို ရရှိနိုင်ကြ၊ ပြီးတော့ ဘုရားသခင်ရဲ့ချစ်ခြင်းကို ခံစားနိုင်ကြပါတယ်။