၂၀၂၁
အထွေထွေညီလာခံ၊ ကမ္ဘာတစ်ဝန်းအသင်းတော်အစည်းအဝေး
စက်တင်ဘာ ၂၀၂၁


“အထွေထွေညီလာခံ၊ ကမ္ဘာတစ်ဝန်းအသင်းတော်အစည်းအဝေး၊” လီယာဟိုနာ စက်တင်ဘာ ၂၀၂၁

လစဉ် Liahona အမှာစကား၊ စက်တင်ဘာ၊ ၂၀၂၁

အထွေထွေညီလာခံ၊ ကမ္ဘာတစ်ဝန်းအသင်းတော်အစည်းအဝေး

ကျွန်မတို့ဟာ အထွေထွေညီလာခံမှာ ပရောဖက်များနဲ့ အခြားအသင်းတော်ခေါင်းဆောင်တွေကို နားထောင်ကြပါတယ်။ ဘုရားသခင် ကျွန်မတို့ကို ကြားစေချင်တဲ့အရာကို သူတို့က ကျွန်မတို့ကို သွန်သင်ပေးပါတယ်။

ညီလာခံဌာနအပြင်ပိုင်း

ဧပြီနဲ့ အောက်တိုဘာတိုင်းမှာ၊ အသင်းတော်က အထွေထွေညီလာခံလို့ခေါ်တဲ့ အစည်းအဝေးတွေကို ကျင်းပပါတယ်။ ခေါင်းဆောင်တွေက ယေရှုခရစ်တော်နဲ့ သူ့ဧဝံဂေလိတရားတော်အကြောင်း သွန်သင်ကြ၊ သက်သေခံကြပါတယ်။ အထွေထွေညီလာခံကို ဆော့လိတ်မြို့၊ ယုတ၊ အမေရိကန်ပြည်ထောင်စုမှာကျင်းပပါတယ်၊ ပြီးတော့ ဘာသာစကား ၈၀ ကျော်နဲ့ ကမ္ဘာတစ်ဝန်းကို ထုတ်လွှင့်ပါတယ်။ အသင်းသားများအားလုံးနဲ့၊ အခြားစိတ်ဝင်စားသူမှန်သမျှကို ဒေသနာတွေကို နားထောင်ဖို့ ဖိတ်ခေါ်ပါတယ်။

ညီလာခံဌာနအတွင်းပိုင်း

ပထမဆုံးအသင်းတော်ညီလာခံများ

အသင်းတော်ကို ဧပြီ ၆ ၊ ၁၈၃၀ အစည်းအဝေးတစ်ခုမှာ တရားဝင်တည်ထောင်ခဲ့ပါတယ် ( ရှု ဩဝါဒနှင့် ပဋိညာဉ်များကျမ်း ၂၀ )။ ပထမဆုံးအထွေထွေညီလာခံကို ဇွန် ၉၊ ၁၈၃၀ မှာ ကျင်းပခဲ့ပါတယ်။ အဲဒီကတည်းက၊ အထွေထွေညီလာခံတွေကို အသင်းသားတွေ အတူစုဝေးနိုင်တဲ့နေရာမှန်သမျှမှာ အသင်းတော်ဥက္ကဋ္ဌရဲ့ လမ်းညွှန်မှုနဲ့ ကျင်းပခဲ့ကြပါတယ်။ ၁၈၄၀ နှစ်တွေမှာ၊ ခေါင်းဆောင်တွေက ညီလာခံကို တစ်နှစ်နှစ်ကြိမ်စပြီးကျင်းပခဲ့ကြပါတယ်။

တရားဟောစင်မှ ဥက္ကဋ္ဌနယ်လဆင်

ယခုခေတ်၌ ညီလာခံများကို စီစဉ်ထားပုံ

ပထမဥက္ကဋ္ဌအဖွဲ့၊ တမန်တော်တစ်ဆယ်နှစ်ပါးအဖွဲ့နှင့် အခြားခေါင်းဆောင်တွေဟာ အထွေထွေညီလာခံမှာ ဟောပြောကြပါတယ်။ ဗိမာန်တော်ရင်ပြင်ရှိ တဲတော်ဓမ္မတေးသံစုံကျူးအဖွဲ့နဲ့ အခြားအသင်းတော်ဓမ္မတေးသံစုံကျူးအဖွဲ့တို့က တေးဂီတနဲ့ ပံ့ပိုးပေးကြပါတယ်။ ညီလာခံတစ်ခုစီမှာ ကဏ္ဍငါးခုရှိပါတယ်၊ စနေနေ့မှာသုံးခု၊ တနင်္ဂနွေနေ့မှာ နှစ်ခုပါ။ ဧပြီမှာ၊ စနေနေ့တတိယကဏ္ဍဟာ အရုန်နှင့် မေလခိဇေဒက် ယဇ်ပုရောဟိတ်အခွင့် အဖွဲ့အသင်းသားတွေ အတွက် ဖြစ်ပါတယ်။ အောက်တိုဘာမှာ၊ အဲဒါက လူမှုသက်သာရေးအဖွဲ့နဲ့ လူငယ်အမျိုးသမီးအဖွဲ့ အသင်းသားတွေအတွက်ဖြစ်ပါတယ်။

ခေါင်းဆောင်တို့၏သွန်သင်မှုများ

ညီလာခံမတိုင်မီလတွေမှာ၊ အသင်းတော်ခေါင်းဆောင်တွေဟာ သွန်သင်ရမယ့်အရာတွေနဲ့ပတ်သက်လို့ ဆုတောင်းကြပါတယ်။ ကိုယ်တော်ရှင်က သူတို့ကို သူတို့ပြောရမယ့်အရာကို သိစေဖို့ လမ်းပြလှုံ့ဆော်ပါတယ်။ သူတို့က ကျွန်မတို့ကို ဧဝံဂေလိတရားတော်သမ္မာတရားတွေကို သွန်သင်ပေးပါတယ်၊ ဘုရားသခင်ရဲ့ပညတ်တော်တွေကို စောင့်ထိန်းဖို့ဖိတ်ခေါ်ပါတယ်။ ယေရှုခရစ်တော်အကြောင်းကိုလည်း သက်သေခံကြပါတယ်၊ သူ့နောက်ကို လိုက်လျှောက်ဖို့ ကျွန်မတို့ကို တိုက်တွန်းပါတယ်။

ညီလာခံမှသင်ယူခြင်း

ညီလာခံမတိုင်မီမှာ၊ ကျွန်မတို့တတွေ ကိုယ်တော်ရှင်ကျွန်မတို့ကိုသင်ယူစေလိုတဲ့အရာကို ကြားဖို့ ဆုတောင်းနိုင်ကြပါတယ်။ ကျွန်မတို့ ဒေသနာတွေကို နားထောင်ကြတဲ့အခါ၊ ဝိညာဉ်တော်က ကျွန်မတို့သိဖို့လိုတဲ့အရာကို သွန်သင်ပေးပါလိမ့်မယ်။ ညီလာခံပြီးတဲ့နောက်မှာ၊ ဒေသနာတွေဟာ ၊ ChurchofJesusChrist.org မှာ ဧဝံဂေလိတရားတော်စာကြည့်တိုက်ကိရိယာ၊ နဲ့ လီယာဟိုနာ မှာ ပေါ်လာပါတယ်။ ကျွန်မတို့ဟာ ယေရှုခရစ်တော်နဲ့ သူ့ဧဝံဂေလိတရားတော်အကြောင်းကို ပိုပြီးသင်ယူဖို့ရာ ဒေသနာတွေကို ဆုတောင်းခြင်းထက်သန်စွာနဲ့လေ့လာနိုင်ကြပါတယ်။

ကျမ်းစာများမှ

ကျွန်မတို့ မကြာမကြာအတူတကွတွေ့ဆုံရမယ့်အကြောင်း ယေရှုခရစ်တော်က သွန်သင်ခဲ့ပါတယ် (ရှု ၃ နီဖိုင်း ၁၈း၂၂)။

အသင်းတော်အသင်းသားတွေ အတူတကွကိုးကွယ်ကြတဲ့အခါ၊ ကိုယ်တော်ရှင်က သူတို့နဲ့အတူရှိမှာဖြစ်ပါတယ် (ရှုမဿဲ ၁၈း၂၀)။

ကိုယ်တော်ရှင်က အသင်းတော်အသင်းသားတွေကို ”အချင်းချင်း လမ်းညွှန်တည်ဆောက်စေဖို့” မိန့်တော်မူခဲ့ပါတယ် (ဩဝါဒနှင့် ပဋိညာဉ်များကျမ်း ၄၃း၈ )။

အသင်းတော်အသင်းသားတွေ ယေရှုခရစ်တော်၌ ယုံကြည်ခြင်းကိုဖော်ပြကြတာနဲ့အမျှ၊ သူ့ရဲ့ဝိညာဉ်တော်က သူတို့တွေ့ကြတဲ့အခါ သူနဲ့အတူရှိပါလိမ့်မယ် (ရှု ဩဝါဒနှင့်ပဋိညာဉ်များကျမ်း ၄၄း၂ )