“ကျွန်ုပ်တို့ရဲ့ကောင်းကင်ဘုံရှင်အဖသည် ကျွန်ုပ်တို့ကိုပျော်ရွှင်စေလိုသည်၊”Liahona၊ ဂျူလိုင် ၂၀၂၁
လစဉ် Liahona အမှာစကား၊ ဂျူလိုင် ၂၀၂၁
ကျွန်ုပ်တို့ရဲ့ကောင်းကင်ဘုံရှင်အဖသည် ကျွန်ုပ်တို့ကိုပျော်ရွှင်စေလိုသည်
ကျွန်ုပ်တို့ဟာ ဘုရားသခင်၏ပျော်ရွှင်ခြင်းအစီအစဉ်ကို သတိရလျှင် ဘဝ၌ခက်ခဲသော်ငြားလည်း ပျော်ရွှင်မှုကို ရှာတွေ့နိုင်ပါတယ်။
ကျွန်ုပ်တို့ဟာမြေကြီးပေါ်မှာ မမွေးဖွားမီက၊ အားလုံးဟာ ကောင်းကင်ဘုံရှင်အဖရဲ့ ဝိညာဉ်သားသမီးများအဖြစ် သူနဲ့အတူနေထိုင်ခဲ့ပါတယ်။ သူသည်သူ၏သားသမီးများအားဖွံ့ဖြိုးကြီးထွားပြီးသင်ယူဖို့ ကူညီပေးမည့်အစီအစဉ်တစ်ခုကိုတင်ပြခဲ့ပါတယ်။ သူ၏အစီအစဉ်အားဖြင့်၊ ကျွန်ုပ်တို့သည်သူနှင့်ပိုမိုတူလာနိုင်ပြီးပျော်ရွှင်သောထာဝရအသက်ကိုရရန် ထိုက်တန်နိုင်ပါတယ်။ ဤသည်မှာ ဘုရားသခင်၏သားတော်၊ ယေရှုခရစ်တော်သည်၊ ကျွန်ုပ်တို့၏အပြစ်များအတွက်ကမ္ဘာမြေသို့ကြွလာခြင်းဖြစ်၍၊ အပြစ်ဖြေခြင်းဟုခေါ်သောယဇ်ကိုပူဇော်ခြင်းအစီအစဉ်ဖြစ်နိုင်ပါတယ်။
ကောင်းကင်ဘုံရှင်အဖ၏အစီအစဉ်၏ အစီအစဉ်ဟုခေါ်သည်
-
ပျော်ရွှင်ခြင်း (အယ်လမာ ၄၂း၈ တွင်ကြည့်ပါ)၊
-
ကယ်တင်ခြင်း (မောရှေ ၆း၆၂ တွင်ကြည့်ပါ)၊
-
ရွေးနှုတ်ခြင်း (ယာကုပ် ၆း၈ တွင်ကြည့်ပါ)၊ သို့မဟုတ်
-
ကရုဏာ (အယ်လမာ ၄၂း၁၅ တွင်ကြည့်ပါ)၊
ဤကျမ်းချက်များနှင့်အခြားကျမ်းချက်များအရ၊ ကောင်းကင်ဘုံရှင်အဖသည်ကျွန်ုပ်တို့ကိုသူနှင့်တူလာရန်၊ သူထံပြန်လှည့်လာရန်၊ နှင့်အမှန်တကယ်ပျော်ရွှင်ရန်အလိုရှိပါတယ် (မောရှေ ၁း၃၉ တွင်ကြည့်ပါ)။
ကျွန်ုပ်တို့သည် သင်ယူဖို့နှင့်ကြီးထွားဖို့ ကမ္ဘာမြေသို့လာခြင်းဖြစ်ပါတယ်။
ဘုရားသခင်သည်ကျွန်ုပ်တို့အား၊ ရုပ်ခန္ဓာကိုယ်ရရှိနိုင်တဲ့ကမ္ဘာမြေကြီးပေါ်သို့စေလွှတ်ခဲ့ပါတယ် (ကမ္ဘာဦးကျမ်း ၁း၂၆-၂၇ တွင်ကြည့်ပါ)။ ကမ္ဘာပေါ်ရှိ ဘဝအတွေ့အကြုံခံစားနိုင်ရန်ရုပ်ခန္ဓာကိုယ်များကိုကျွန်ုပ်တို့လိုအပ်ပါတယ်။
ဘုရားသခင်သည်ကျွန်ုပ်တို့အမြဲတမ်းပျော်ရွှင်မှုမခံစားရဘူးဆိုတာသိပါတယ်။ ကျွန်ုပ်တို့သည်စိတ်ပျက်စရာများ၊ နာကျင်မှုနှင့်သေခြင်းကိုပင်ကြုံတွေ့ရပါမယ်။ သို့သော်ဘဝအခက်အခဲများအားဖြင့်၊ ကောင်းကင်ဘုံရှင်အဖသည်ကျွန်ုပ်တို့ကိုသင်ယူပြီးကြီးထွားဖို့ကူညီပေးပါတယ်။
ဘုရားသခင်သည် ကျွန်ုပ်တို့ကို အကောင်းနှင့်အဆိုးကိုရွေးချယ်နိုင်ရန် အခွင့်အရေးကိုလည်းပေးခဲ့ပါတယ်။ သူကကျွန်ုပ်တို့၏စဉ်းစားတွေးခေါ်အပြုအမူများကို ကျွန်ုပ်တို့ကိုယ်တိုင်ရွေးချယ်နိုင်ရန် ခွင့်ပြုထားပါတယ်။ သူကကျွန်တော်တို့ကိုမှန်ကန်သောအရာကိုရွေးချယ်သင်ယူကူညီပေးဖို့ကျွန်တော်တို့ကိုကျမ်းပိုဒ်များနှင့်အသက်ရှင်သောပရောဖက်တို့ကိုပေးတော်မူထားပါတယ်။ (အာဗြံဟံ ၃း၂၅ တွင်ကြည့်ပါ)။
ယေရှုခရစ်တော်နှင့်တူဖို့ကြိုးစားပါ
ဘုရားသခင်က ကျွန်ုပ်တို့အားလိုက်လျှောက်ဖို့ဥပမာတစ်ခုမရှိဘဲ ကမ္ဘာမြေကြီးသို့မစေလွှတ်ခဲ့ပါဘူး။(}ယောဟန် ၁၃း၁၅ တွင်ကြည့်ပါ)။ သူက သူ၏သားတော်၊ ယေရှုခရစ်တော်၊ ကိုကျွန်ုပ်တို့အားလမ်းပြရန် စေလွှတ်ခဲ့ပါတယ်။ သူ့နောက်ကို ဘယ်လိုလိုက်လျှောက်ရမလဲဆိုတာကို သင်ယူဖို့၊ ကျွန်ုပ်တို့ဟာ သူဘယ်သူလဲဆိုတာနဲ့ မြေကြီးပေါ်ရှိ သူ့ဘဝမှာသူ ဘာတွေလုပ်ခဲ့တယ်ဆိုတာကို သင်ယူဖို့ ကျမ်းစာတွေကို ဖတ်နိုင်ပါတယ်။ ကျွန်ုပ်တိုဟာ ဘုရားသခင်ကို နာခံခြင်းနှင့်အခြားသူတွေကို ချစ်ခြင်းအားဖြင့်လည်း ခရစ်တော်နှင့်တူလာရန်အတတ်နိုင်ဆုံးကြိုးစားနိုင်ပါတယ်။
ကျွန်ုပ်တို့ဟာ အမှားတွေကျူးလွန်မိတဲ့အခါ၊ ခွင့်လွှတ်ခြင်းကိုတောင်းခံကြပါတယ်၊ ကျွန်တော်တို့ကို ပြောင်းလဲရာမှာ ကူညီဖို့ ယေရှုခရစ်တော်၏အပြစ်ဖြေခြင်းတန်ခိုးကို မှီခိုကြပါတယ်။ ကျွန်ုပ်တို့သည်သူနှင့်ပိုမိုတူလာစေရန်နေ့တိုင်းကြိုးစားနေသည့်အခါတိုင်း ပျော်ရွှင်နိုင်ပါတယ်။
သေခြင်းသည်အဆုံးမဟုတ်ပါ
ကျွန်ုပ်တို့သေဆုံးသောအခါ၊ ကျွန်ုပ်တို့ဝိညာဉ်များသည် ဝိညာဉ်ကမ္ဘာသို့ရောက်သွားပါတယ်။ အဲ့မှာကျွန်ုပ်တို့သည် ရှင်ပြန်ထမြောက်ခြင်းအတွက်ကြိုတင်ပြင်ဆင်နေပြီး ဆက်လက်လေ့လာသင်ယူနေပါတယ်။
ရှင်ပြန်ထမြောက်ခြင်းကာလအတွင်း၊ ကျွန်ုပ်တို့၏ကိုယ်ခန္ဓာများနှင့် ၀ိညာဉ်များသည်ပြန်လည်ပေါင်းစည်းမှာဖြစ်ပါတယ်။ ကျွန်ုပ်တို့၏ကိုယ်ခန္ဓာသည်စုံလင်ပါလိမ့်မည်၊ ကျွန်ုပ်တို့သည်နောက်တစ်ခါသေခြင်းနှင့်အနာရောဂါဝေဒနာကိုနောက်တဖန်ခံစားရတော့မည်မဟုတ်ပါ (အယ်လမာ ၁၁း၄၄-၄၅တွင်ကြည့်ပါ)။ ယေရှုခရစ်တော်သေဆုံးပြီး တစ်ဖန်ပြန်လည်ရှင်ပြန်ထမြောက်သကဲ့သို့ကျွန်ုပ်တို့အားလုံးသည်ရှင်ပြန်ထမြောက်ကြလိမ့်မည်။
ဘုရားသခင်သည်ကျွန်ုပ်တို့ကိုစီရင်တော်မူသောအခါ၊ ကျွန်ုပ်တို့၏လုပ်ရပ်များနှင့် ကျွန်ုပ်တို့၏ဆန္ဒများကို စဉ်းစားပါလိမ့်မည်။ ကျွန်ုပ်တို့သည်ကောင်းကင်ဘုံရှင်အဘနှင့် ထားရှိသောကတိတော်များနှင့် ပညတ်တော်များကိုစောင့်ထိန်းရန်ကြိုးစားပါက၊ သူနှင့်အတူပြန်လည်ရှင်သန်နေထိုင်နိုင်ပါတယ်။
ကောင်းကင်ဘုံ၌ ဘုရားသခင်နှင့် ကျွန်ုပ်တို့မိသားစုများနှင့် အတူရှိရာဘဝ
ဆီလက်ရှယ်လ်နိုင်ငံတော်တွင်၊ ကျွန်ုပ်တို့သည်ဘုရားသခင် ယေရှုခရစ်တော်နှင့်အတူနေထိုင်ရလိမ့်မည်။ ကျွန်ုပ်တို့သည်မိသားစုများနှင့်တံဆိပ်ခတ်ထားလျှင်၊ သူတို့နှင့်လည်း ထိုနေရာတွင် အမြဲနေနိုင်မည်။ ကျွန်ုပ်တို့သည် ငြိမ်းချမ်းမှု၊ ပျော်ရွှင်မှု၊နှင့် အနားယူမှုတို့ကိုရှာတွေ့နိုင်ပါတယ်။ (မောဇိယ ၂း၄၁တွင်ကြည့်ပါ)။
တစ်ခါတစ်ရံကမ္ဘာပေါ်ရှိကျွန်ုပ်တို့၏ဘ၀များသည်ခက်ခဲနိုင်ပါသည်၊ သို့သော်ကျွန်ုပ်တို့သည်ယေရှုခရစ်တော်နောက်သို့လိုက်လျှောက်ပါက၊ လာမည့်ဘ၀၌ ၀မ်းမြောက်ခြင်းနှင့်ထာဝရပျော်ရွှင်မှုကိုရှာတွေ့နိုင်ပါတယ်။
ကျမ်းစာများက ပျော်ရွှင်ခြင်းအကြံအစည်တော်အကြောင်းမည်သည့်အရာကို ပြောသနည်း။
ကျွန်ုပ်တို့၏ဘဝနေထိုင်ပုံသည်အရေးကြီးပါတယ်။ ကျွန်ုပ်တို့၏ဘဝနေထိုင်ပုံသည်အရေးကြီးပါတယ်။ ဘုရားသခင်သည် ကျွန်ုပ်တို့ကို ကျွန်ုပ်တို့၏အတွေးများနှင့်လုပ်ရပ်များအတိုင်း တရားစီရင်၍ ဆုချမည်ဖြစ်သည် (အယ်လမာ ၄၁း၃တွင်ကြည့်ပါ)။
စာတန်သည် ကျွန်ုပ်တို့ပျော်ရွှင်မှု၏ရန်သူဖြစ်သည်။ သူသည်ကျွန်ုပ်တို့၏မြေကြီးသားဘဝကိုမှားယွင်းအသုံးပြုရန်နှင့် အပြစ်များကျူးလွန်ရန်ကျွန်ုပ်တို့ကိုသွေးဆောင်ပါသည်။ သူကကျွန်ုပ်တို့ကို သူ့လိုဝမ်းနည်းပူဆွေးစေဖို့လိုလားပါတယ် (၂ နီဖိုင်း ၂း၂၇တွင်ကြည့်ပါ)။
ကျွန်ုပ်တို့သည်ဘုရားသခင်၏အစီအစဉ်ကိုယုံကြည်ခြင်းရှိတဲ့အခါ၊ ကျွန်ုပ်တို့ရင်ဆိုင်ရတဲ့စမ်းသပ်မှုတွေဘယ်လိုပဲရှိပါစေ ငြိမ်းချမ်းမှုရှိနိုင်ကြပါတယ်။ ကျွန်ုပ်တို့သည် ဘုရားသခင်နှင့်အတူထာဝစဉ်နေနိုင်ရန် မျှော်လင့်နိုင်ပါသည် (ဩဝါဒနှင့်ပဋိညာဉ်များကျမ်း ၅၉း၂၃)။
© 2021 by Intellectual Reserve, Inc. All rights reserved. USA တွင်ပုံနှိပ်သည်။ အင်္ဂလိပ်စာခွင့်ပြုချက် ၆/၁၉ ဘာသာပြန် ထောက်ခံချက် ၆/၁၉. Monthly Liahona Message, July 2021၏ဘာသာပြန် Burmese 17471 256
ဂျေ ကစ် ကရစ်ချတ်၏ အနုပညာလက်ရာများ