၂၀၂၀- ၂၀၂၄
ခရစ်တော်၌ ဝမ်းမြောက်ခြင်းဖြင့် လွှမ်းမိုးခံရလေသည်
ဧပြီလ ၂၀၂၄ အထွေထွေညီလာခံ


11:35

ခရစ်တော်၌ ဝမ်းမြောက်ခြင်းဖြင့် လွှမ်းမိုးခံရလေသည်

ကျွန်တော်တို့ရဲ့ ကောင်းကင်ဘုံရှင်အဘက မျက်ရည်အပြည့်နဲ့အသနားခံချက်တွေကို နားညောင်းပြီး စုံလင်တဲ့ဉာဏ်ပညာနဲ့ အမြဲတမ်း တုံ့ပြန်မယ်ဆိုတာ ကျွန်တော်သက်သေခံပါတယ်။

အသင်းလူကြီး ခီးရွန်၊ ကျွန်တော်တို့သင်ကိုချစ်ပါတယ်။ အဲ့ဒီ လေယူလေသိမ်းကို ကျွန်တော် ၁၀ မိနစ်လောက်အတုခိုးလို့ရမလား ခင်ဗျာ။

အံ့ဖွယ်အမှုတွေကို တောင့်တပါ။

ဓမ္မသစ်ကျမ်းတွင် သခင်ယေရှုအား အံ့ဖွယ်အမှုကို လိုလားတဲ့မျက်မမြင် ဗာတိမဲအကြောင်းကို ကျွန်တော်တို့ လေ့လာခဲ့ရပါတယ်။ “ယေရှုက၊ သွားလော့၊ သင်၏ယုံကြည်ခြင်းသည် သင့်ကိုကယ်မပြီဟုမိန့်တော်မူ၏။ ထို့နောက် ခဏခြင်းတွင် ထိုသူသည် မျက်စိမြင်၏။”

နောက်ဖြစ်ရပ်တွင် ဗက်ဇဲဒမြို့မှ အမျိုးသားတစ်ဦးဟာ ပျောက်ကင်းခြင်းကို တောင့်တခဲ့ပါတယ်။ ဆန့်ကျင်ဘက်အနေနဲ့၊ ထိုအံ့ဖွယ်အမှုဟာ ချက်ချင်းဖြစ်မလာခဲ့ပါဘူး။ အဲ့အစား၊ သခင်ယေရှုက သူ့အား “ပကတိ အဖြစ်သို့ မရောက်မီ” နှစ်ကြိမ် ကောင်းချီးပေးခဲ့ပါတယ်။

တတိယဥပမာတွင်၊ တမန်တော်ပေါလုဟာ သူရဲ့ဆင်းရဲဒုက္ခ၌ “ကိုယ်တော်ရှင်ကို သုံးကြိမ်မြောက်အောင် အသနားတော်ခံ” တဲ့ထိတိုင်၊ ကျွန်တော်တို့ရဲ့ဉာဏ်အရဆိုရင်၊ သူရဲ့ပြင်းပြတဲ့အသနားခံစာဟာ ခွင့်ပြုမခံခဲ့ရပါဘူး

ကွဲပြားတဲ့လူသုံးယောက်ဖြစ်ပါတယ်။ ထူးခြားတဲ့အတွေ့အကြုံသုံးခုဖြစ်ပါတယ်။

ဒါကြောင့်၊ ဒီမေးခွန်းက၊ အချို့တွေဟာတော့ ကိုယ်တော်ရှင်ကို ဘာလို့စိတ်ရှည်စွာစောင့်မျှော်နေကြရစဉ်၊ အချို့သူတွေဟာ သူတို့တောင့်တနေတဲ့အံ့ဖွယ်အမှုတွေကို ဘာလို့ အလျင်အမြန်ရရှိနေကြပါသလဲ။ ဘာကြောင့်၊ ဆိုတာကို အမြဲမသိနိုင်သော်လည်း၊ ကျေးဇူးတင်စွာဖြင့်၊ ဘယ်သူ က “[ကျွန်တော်တို့ကို]ချစ်တယ်” ဆိုတာ “နဲ့ [ကျွန်တော်တို့ရဲ့]ကောင်းကျိုးနဲ့ ပျော်ရွှင်ခြင်းအတွက် ခပ်သိမ်းသောအမှုတို့ကို[ပြု]”သောသူကို ကျွန်တော်တို့ အမြဲသိနိုင်ပါတယ်။

မြင့်မြတ်သောရည်ရွယ်ချက်များ

အစမှအဆုံးကိုမြင်တော်မူတဲ့၊ကျွန်တော်တို့ရဲ့ဘုရားသခင်ဟာ “သင်၏ ဒုက္ခနှင့် ဆင်းရဲဒုက္ခတို့သည် ခဏသာရှိလိမ့်မည်” ပြီးတော့ “သင်၏အကျိုးအတွက် သန့်ရှင်းမွန်မြတ်စေတော်မူလိမ့်မည်၊” ဆိုပြီး ကျွန်တော်တို့ကိုစိတ်ချစေပါတယ်။

စမ်းသပ်မှုတွေ၌ နောက်ထပ်အဓိပ္ပာယ်ကိုရှာတွေ့ရန် ကူညီပေးဖို့၊ အသင်းလူကြီး အော်စန် အက်ဖ် ဝှစ်တနီက သင်ကြားခဲ့ပါတယ်၊ “ကျွန်တော်တို့ခံစားရတဲ့ နာကျင်မှု၊ ကျွန်တော်တို့တွေ့ကြုံရတဲ့ စမ်းသပ်မှုတွေဟာ အလဟဿမဖြစ်စေရပါဘူး။ အဲဒါက ကျွန်တော်တို့ လေ့ကျင့်ရေးကို ထိန်းကျောင်းပေးထားပါတယ်။ … ကျွန်တော်တို့ … [စိတ်ရှည်လက်ရှည်] ခံနိုင်ရည်ရှိမှုဟာ … ကျွန်တော်တို့ရဲ့စရိုက်လက္ခဏာတွေကို တည်ဆောက်ကြပါတယ်၊ စိတ်နှလုံးကို သန့်စင်ကြပါတယ်၊ စိတ်ဝိညာဉ်တွေကို ချဲ့ထွင်ကြပြီး, ကျွန်တော်တို့ကို ပိုနူးညံ့ပြီး ကြင်နာစေပါတယ်။ … ဝမ်းနည်းခြင်းနဲ့ ဒုက္ခရောက်ခြင်း၊ ပင်ပန်းခြင်းနှင့် ဆင်းရဲခြင်းတို့ကို ဖြတ်ကျော်ရခြင်းမှာ ကျွန်တော်တို့ ဒီဘဝမှာဆည်းပူးရမယ့် ပညာရေးကို ရရှိစေပြီး ကျွန်တော်တို့ရဲ့ [ကောင်းကင်ဘုံရှင်မိဘများ] နဲ့ ပိုတူလာစေမှာပဲဖြစ်ပါတယ်။”

သူရဲ့ဆင်းရဲဒုက္ခတွေမှာ “ခရစ်တော်ရဲ့တန်ခိုး [သူ့အပေါ်၌] ကျိန်းဝပ်[လိမ့်မည်]” ဆိုတဲ့ နားလည်မှုဖြင့် တမန်တော်ပေါလုက ကျိုးနွံစွာပြောကြားခဲ့ပါတယ်၊ “ငါသည် အားနည်းသောအခါ တန်ခိုးနှင့် ပြည့်စုံလျက်ရှိ၏။”

ဘဝရဲ့စမ်းသပ်မှုတွေက ကျွန်တော်တို့ကိုသက်သေပြပေးပါတယ်။ ကယ်တင်ရှင်ပင်လျှင် “နာခံမှုကို … သင်ယူ” ခဲ့ပြီး “ဆင်းရဲဒုက္ခအားဖြင့် စုံလင်” ခဲ့ပါတယ်။

တစ်နေ့တွင် သနားကြင်နာစွာဖြင့် သူကြေညာပါလိမ့်မယ်၊ “ရှုလော့၊ ငါသည် သင့်ကိုစစ်ခဲ့ပြီ၊ သို့သော်လည်း၊ ဒုက္ခမှိုက်၌ သင့်ကို စုံစမ်းခဲ့ပြီ၊”

ဘုရားသခင်ရဲ့မြင့်မြတ်တဲ့ရည်ရွယ်ချက်တွေကို ယုံကြည်ခြင်းဟာ ပင်ပန်းနွမ်းနယ်တဲ့ ဝိညာဉ်တွေထဲကိုမျှော်လင့်ချက် ရှူသွင်းစေပြီး နာကျင်မှုကာလတွေမှာ စိတ်ဓာတ်ကြံ့ခိုင်မှုကို နှိုးဆွပေးပါတယ်။

မြင့်မြတ်သောရှုထောင့်များ

လွန်ခဲ့တဲ့နှစ်များစွာက၊ အသင်းလူကြီး ရပ်ဆဲလ် အမ် နယ်လဆင်က ဒီတန်ဖိုးရှိတဲ့ အမြင်ကို ဝေမျှခဲ့ပါတယ်၊ “အရာရာခပ်သိမ်းကို ထာဝရရှုထောင့်ဖြင့် ကြည့်တဲ့အခါ၊ အဲ့ဒါဟာ ကျွန်တော်တို့ရဲ့ဝန်ကို သိသိသာသာ ပေါ့ပါးစေပါလိမ့်မယ်။”

ဟော်လီ နဲ့ထရေး ပေါ်တာ။

ကျွန်တော့်ဇနီး ဂျီးလ်နဲ့ ကျွန်တော်ဟာ မကြာသေးမီက ဒီအမှန်တရားကို ဟော်လီ နဲ့ရစ်ခ် ပေါ်တာတို့ရဲ့ သစ္စာရှိအသက်တာတွေမှာ သူတို့ရဲ့ ၁၂ နှစ်အရွယ်သား ထရေးဟာ ကြေကွဲဖွယ် မီးလောင်မှုနဲ့ ကွယ်လွန်သွားခြင်းမှာ မြင်တွေ့ခဲ့ရပါတယ်။ အဲ့နောက်၊ သူမရဲ့ချစ်ရတဲ့သားကို ကယ်တင်ရန် သူရဲကောင်းဆန်ဆန် ကြိုးပမ်းမှုမှ လက်ခြေများ မီးလောင်ဒဏ်ရာတွေနဲ့၊ ဟော်လီဟာ အသင်းတော်စုပွဲတော်အစည်းအဝေးတွင် သူတို့ရဲ့မိသားစုအပေါ် ကိုယ်တော်ရှင်သွန်းလောင်းပေးခဲ့တဲ့ ကြီးစွာသောငြိမ်သက်ခြင်းနဲ့ ပျော်ရွှင်ခြင်းအကြောင်းကို အံ့သြစရာမဖြစ်နိုင်စရာနဲ့ မယုံကြည်နိုင်စရာစကားလုံးတွေကို အသုံးပြုကာ၊ ဩဇာအပြည့်နဲ့ သက်သေခံခဲ့ပါတယ်။

ကုသပေးနေသောလက်များအား တင်းတင်းဆုပ်ကိုင်ခြင်း။

ဒီအဖိုးတန်လှတဲ့ မိခင်ရဲ့မခံရပ်နိုင်တဲ့ဝမ်းနည်းပူဆွေးမှုက ဒီအတွေးနဲ့အတူ သာလွန်ငြိမ်သက်မှုဖြင့် အစားထိုးခံလိုက်ရပါတယ်၊ “ကျွန်မလက်တွေဟာ ကယ်တင်ထားတဲ့ လက်တွေ မဟုတ်ပါဘူး။ အဲဒီလက်တွေက ကယ်တင်ရှင်နဲ့ သက်ဆိုင်ပါတယ်။ ကျွန်မ မတတ်နိုင်ခဲ့ဘူးလို့ ကျွန်မရဲ့အမာရွတ်တွေက သတိပေးခံမယ့်အစား၊ ကျွန်မရဲ့ကယ်တင်ရှင်ခံယူခဲ့ရတဲ့ အမာရွတ်တွေကို သတိရမိပါတယ်။”

ဟော်လီရဲ့သက်သေခံချက်ဟာ ကျွန်တော်တို့ပရောဖက်ရဲ့ကတိကို ဖြည့်ဆည်းပေးလိုက်ပါတယ်၊ “သင်ဟာ ဆီလက်ရှယ်လ်ကို စဉ်းစားတာနဲ့အမျှ၊ စုံစမ်းခြင်းတွေနဲ့ ဆန့်ကျင်မှုကို အလင်းသစ်နဲ့ ရှုမြင်ပါလိမ့်မယ်။”

အသင်းလူကြီး ဒီ တော့ ခရစ္စတိုဖာဆန်က ဖော်ပြခဲ့ပါတယ်၊ “ကမ္ဘာမြေသို့မရောက်ခင်ဘဝတွင် ဘုရားသခင်ဟာ သူရဲ့ရွေးနှုတ်ခြင်းအစီအစဉ်ကို တင်ပြတဲ့အခါ အခက်အခဲတွေကို ကျော်လွှားပြီး တိုးတက်လာရန် စိန်ခေါ်မှုဟာ ကျွန်တော်တို့စိတ်အတွက် ဆွဲဆောင်မှုရှိခဲ့တယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။ ကောင်းကင်ဘုံရှင်အဘဟာ ကျွန်တော်တို့ကို ထောက်မပေးမယ်ဆိုတာ သိပြီး ယခုစိန်ခေါ်မှုကို ကျွန်တော်တို့ ချဉ်းကပ်သင့်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ဟာ ကိုယ်တော်ထံလှည့်ဖို့ အရေးကြီးပါတယ်။ ဘုရားသခင်မရှိဘဲ၊ ဆင်းရဲဒုက္ခနဲ့ အခက်အခဲတွေ့ကြုံမှုတွေဟာ မျှော်လင့်ချက်ကင်းမဲ့ခြင်း၊ စိတ်ပျက်အားငယ်ခြင်းနဲ့ ခါးသီးခြင်းပင်ဖြစ်တတ်ပါတယ်။”

မြင့်မြတ်သောအခြေခံမူများ

မကျေနပ်မှုမှောင်ထုကို ရှောင်ရှားပြီး ဘဝရဲ့ခက်ခဲတဲ့စိန်ခေါ်မှုတွေအတွင်း သာ၍ကြီးမြတ်တဲ့ငြိမ်သက်မှု၊ မျှော်လင့်ချက်နဲ့ ပျော်ရွှင်မှုကိုပင် ရှာဖွေရမဲ့အစား၊ ကျွန်တော် ဖိတ်ခေါ်ချက်အဖြစ် ဒီမြင့်မြတ်တဲ့မူသုံးခုကို ဝေမျှပေးပါမယ်။

နံပါတ်တစ်—ယေရှုခရစ်တော်ကို ဦးစားပေးခြင်းဖြင့် ပိုမိုအားကောင်းတဲ့ယုံကြည်ခြင်းကို ရရှိပါတယ်။ “အတွေးအကြံမှန်သမျှ၌ ငါ့ကို မှီခိုအားကိုးလော့၊” လို့သူအသနားခံပါတယ်၊ “ယုံမှားသံသယမရှိနှင့်။ ကြောက်ခြင်းမရှိနှင့်။” ဥက္ကဋ္ဌ နယ်လ်ဆင်က သင်ကြားပေးခဲ့ပါတယ်၊

“[ကျွန်တော်တို့ရဲ့] ထာဝရအသက်ဟာ [သခင်ယေရှု]နဲ့ သူ့ရဲ့ အပြစ်ဖြေခြင်းမင်္ဂလာ၌ [ကျွန်တော်တို့ရဲ့]ယုံကြည်ခြင်းအပေါ်မှာ မှီခိုပါတယ်၊ လို့ ဥက္ကဋ္ဌ နယ်လဆင်ကသင်ကြားပေးခဲ့ပါတယ်။”

“ကျွန်တော် မကြာမီကဒဏ်ရာကြောင့်ဖြစ်တဲ့ နာကျင်မှုနဲ့ နပမ်းလုံးရင်းနဲ့၊ ယေရှုခရစ်တော်နဲ့ နားမလည်နိုင်တဲ့ ကိုယ်တော့်အပြစ်ဖြေခြင်းမင်္ဂလာဆုကျေးဇူးအတွက် ပိုလေးနက်တဲ့တန်ဖိုးထားမှုကိုခံစားခဲ့ရပါတယ်။ အဲဒီအကြောင်းကို စဉ်းစားကြည့်ပါ။ ကယ်တင်ရှင်ဟာ ‘နာကျင်မှုတွေ၊ ဆင်းရဲဒုက္ခတွေနဲ့ စုံစမ်းခြင်းအမျိုးမျိုး’ ကို ခံစားခဲ့ပါတယ်၊ ဒါကြောင့် ကိုယ်တော်က ကျွန်တော်တို့ကိုလိုအပ်တဲ့အချိန်တွေမှာ နှစ်သိမ့်နိုင်၊ အနာငြိမ်းစေနိုင်၊ [ပြီး] ကယ်ဆယ်နိုင်ခဲ့တာပါ။”

သူကဆက်ပြောခဲ့ပါတယ်၊ “ကျွန်တော့်ဒဏ်ရာက ကျွန်တော့်ကို ‘ဣသရေလအမျိုး၏သန့်ရှင်းသောဘုရား’ အကြောင်းကို ထပ်တလဲလဲဆင်ခြင်စေပါတယ်။ ကျွန်တော့်အနာငြိမ်းခြင်းကာလမှာ၊ ကိုယ်တော်ရှင်က ကိုယ်တော်ရဲ့ မြင့်မြတ်တဲ့တန်ခိုးကို ငြိမ်းချမ်းတဲ့၊ မမှားနိုင်တဲ့နည်းတွေနဲ့ အထင်အရှားဖော်ပြခဲ့ပါတယ်။”

သင်တို့သည် လောက၌ ဆင်းရဲဒုက္ခကိုခံကြရလိမ့်မည်။ သို့သော်လည်းမစိုးရိမ်ကြနှင့်။ ငါသည်လောကကိုအောင်ပြီ။”

နံပါတ်နှစ်—ကျွန်တော်တို့ရဲ့ထာဝရကံကြမ္မာကို မှန်းဆခြင်းဖြင့် ပိုမိုတောက်ပတဲ့မျှော်လင့်ချက်ကို ရရှိပါတယ်။ “ကျွန်မတို့ခမည်းတော်ရဲ့မယုံနိုင်စရာ ကတိတော်ကောင်းချီးတွေဟာ … ကျွန်မတို့ရဲ့မျက်စိရှေ့တွင် နေ့တိုင်းမပြတ်စောင့်မျှော်ကြည့်ရှု” ရတဲ့ ရှိရင်းစွဲတန်ခိုးအကြောင်း ပြောဆိုရာတွင်၊ ညီအစ်မ လင်ဒါ ရီးဗစ် က “ကျွန်မတို့၌ စမ်းသပ်မှုတွေကို ဘာကြောင့်ခံရသလဲဆိုတာကိုတော့ ကျွန်မ မသိပါဘူး၊ ဒါပေမဲ့ အဲ့ဒီ အလွန်ကြီးမြတ်ပြီး … အလွန်ဝမ်းမြောက်နိုင်တဲ့ ဆုလာဒ်ဟာ ကျွန်မတို့ရဲ့ကိုယ်ရေးကိုယ်တာဖြစ်ပါတယ်၊ ကျွန်မတို့ရဲ့နားလည်မှုထက်ကျော်လွန်၍ ထိုဆုလာဒ်တွင် ကျွန်မတို့ဟာ သနားကြင်နာတတ်တဲ့ မေတ္တာရှင်အဘအား ‘လိုအပ်လေပါသလား’ ဆိုပြီး ခံစားရပါလိမ့်မယ်။ နောက်ဆုံးတွင်၊ ဒီမှာ ကျွန်မတို့ ခံစားနေခဲ့ရတွေ၊ ထိုစုံစမ်းနှောင့်ယှက်မှုတွေက … ကျွန်မတို့ကို ဘုရားသခင်ရဲ့နိုင်ငံတော်၌ ထာဝရအသက်ကိုရရှိရန် အရည်အချင်းပြည့်မီစေပါက … ဘယ်အရာက အရေးကြီးနိုင်ပါ့မလဲ။”

ဥက္ကဋ္ဌ နယ်လဆင်က ဒီအတွေးအား ဝေမျှခဲ့ပါတယ်၊ “ဂျိုးဇက်စမစ် လစ်ဗာတီအကျဉ်းထောင်မှာ သက်သာခြင်းရဖို့ တောင်းခံတုန်းက ကိုယ်တော်ရှင်ရဲ့ အဖြေကို စဉ်းစားကြည့်ပါ။ ပရောဖက်အပေါ် လူသားမဆန်သောဆက်ဆံမှုက သူ့ကို အတွေ့အကြုံပေးပြီး သူ့ကောင်းကျိုးအတွက်ဖြစ်မဲ့ အကြောင်းကို ကိုယ်တော်ရှင်က သွန်သင်ပေးခဲ့ပါတယ်။ ‘သင်သည် ဒါကို ကောင်းကောင်းကြံ့ကြံ့ခံလျှင်’၊ ‘ဘုရားသခင်သည် သင့်ကို အမြင့်၌ ချီးမြှောက်လိမ့်မည်’ လို့ကိုယ်တော်ရှင်ကကတိပေးခဲ့ပါတယ်။ ကိုယ်တော်ရှင်က ဂျိုးဇက်စမစ်ကို ဆီလက်ရှယ်လ်ကို စဉ်းစားဖို့၊ ဒုက္ခကြီးတဲ့အခက်အခဲနေ့ရက်ကို အာရုံစိုက်မယ့်အစား ထာဝရဆုလာဘ်ကိုမြင်ယောင်ဖို့ သွန်သင်နေခဲ့တာပါ။”

ထိုအမြင်ပြောင်းလဲမှုဟာ ဒီပေးပို့စာတွင်ထင်ဟပ်နေတဲ့အတိုင်း၊ ဂျိုးဇက်အား နက်ရှိုင်းတဲ့ဆပ်ကပ်မှုကို ယူဆောင်လာပေးပါတယ်၊ “ပိတ်ထားတဲ့ထောင်နံရံတွေကြား ငါးလကြာ အကျဉ်းချထားပြီးတဲ့ နောက်မှာ အရင်ကထက် ကျွန်တော့်နှလုံးသားက အမြဲတမ်း ပိုပြီးနူးညံ့နေမယ်လို့ ထင်မိပါတယ်။ … ကျွန်တော်ခံစားနေရတဲ့ အမှားတွေကို မခံစားခဲ့ဘူးဆိုရင် အခုခံစားနေရသလိုမျိုး ဘယ်တော့မှ မခံစားနိုင်မှာမဟုတ်ဘူးလို့ ထင်မိပါတယ်။”

နံပါတ်သုံး—ပျော်ရွှင်မှုကို အာရုံစိုက်ခြင်းဖြင့် သာ၍စွမ်းအားတန်ခိုး ရရှိပါတယ်။ ကျွန်တော်တို့ရဲ့ကယ်တင်ရှင်ဟာ ထာဝရကာလရဲ့အရေးကြီးဆုံး၊ နာကျင်စရာအချိန်တွေအတွင်း၊ အားမလျော့ဘဲ ခါးသီးတဲ့ခွက်ကိုသုံးဆောင်ခဲ့ပါတယ်။ သူဘယ်လိုများ လုပ်ခဲ့တာပါလိမ့်။ “[ခရစ်တော်]သည် မိမိရှေ့၌ ထားသော ဝမ်းမြောက်ခြင်း အကြောင်းကြောင့်၊ လက်ဝါးကပ်တိုင်၌ခံတော်မူ၏။၊” သူ၏အလိုတော်ဟာ “ခမည်းတော်၏အလိုတော်အားဖြင့် လွှမ်းခြုံခံခဲ့ကြောင်း” ကျွန်တော်တို့လေ့လာရပါတယ်။

ဂေသရှေမန်အရပ်ရှိ ခရစ်တော်။

“လွှမ်းမိုးခံရတယ်” ဆိုတဲ့စကားစုဟာ ကျွန်တော်အား နက်ရှိုင်းစွာ ခံစားစေပါတယ်။ “လွှမ်းမိုးတယ်” ဆိုတဲ့စကားကို ကို စပိန်ဘာသာဖြင့် “ဝါးမျိုတယ်”၊ ဂျာမန်ဘာသာတွင်၊ “စားသုံးတယ်၊” ပြန်သလို တရုတ်ဘာသာတွင်၊ “ဝိုင်းရံတယ်၊” လို့ဘာသာပြန်ဆိုထားတာကို လေ့လာရတဲ့အခါ၊ ကျွန်တော်ရဲ့စိတ်ဝင်စားမှု ပိုတိုးလာခဲ့ပါတယ်။ ဒါကြောင့်၊ အသက်တာရဲ့ အနာကျင်ဆုံးစိန်ခေါ်မှုတွေ လွှမ်းမိုးခဲ့ရတဲ့အခါ၊ ကျွန်တော်တို့ရဲ့ သစ္စာရှိမှု၌— ကျွန်တော်တို့အား “ခရစ်တော်၌ ဝမ်းမြောက်ခြင်းဖြင့် လွှမ်းမိုး[ခံ]ရလေသည် [ဝါးမျိုတယ်၊ စားသုံးတယ်၊နှင့် ဝိုင်းရံတယ်] မှတစ်ပါး၊ အဘယ်ဆင်းရဲဒုက္ခမျိုးကိုမျှ မခံစားရစေခြင်းငှာ၊” ဆိုတဲ့ ကိုယ်တော်ရှင်ရဲ့ ကတိတော်ကို ကျွန်တော်သတိရပါတယ်။

သင့်ခါးသီးတဲ့ခွက်တွေကို မဖယ်ရှားရသေးသော်လဲ “[တင်းခံ၍] … သေခြင်းသဘောနားလည်မှု” ဆိုတဲ့ ဒီဝမ်းမြောက်မှုကို သင်တို့များစွာတွင် ကျွန်တော်တွေ့မြင်နေရပါတယ်။ သင်တို့ရဲ့ပဋိညာဉ်တွေကို စောင့်ထိန်းပြီး ဘုရားသခင်အတွက် သက်သေတွေအဖြစ် ရပ်တည်တဲ့အတွက် ကျေးဇူးတင်ပါတယ်။ “မျက်စိဖြင့်မမြင်နိုင်သော [သင်တို့ရဲ့]ဝမ်းနည်းငြိမ်သက်သောနှလုံးသား၌ကွယ်ဝှက်ထား” စဉ် ကျွန်တော်တို့အားလုံးကို ကောင်းချီးပေးဖို့ ကမ်းလှမ်းပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့ဟာ ကယ်တင်ရှင်ရဲ့ သက်သာမှုကို အခြားသူတွေထံ ယူဆောင်လာပေးတဲ့အခါ၊ ကျွန်တော်တို့ အဲ့ဒါကို ကိုယ်တိုင်အတွက်လည်း ရှာဖွေတွေ့ရှိပါတယ်၊ လို့ ဥက္ကဋ္ဌ ကာမီလ် အန် ဂျွန်ဆင်ကို သင်ပေးခဲ့ပါတယ်။

မြင့်မြတ်သောကတိတော်များ

ယခု၊ ကျွန်တော်နဲ့အတူ ကိုယ်တော်ရှင်အားဖြင့် ကယ်တင်ခြင်းခံရသော ဟော်လီ ပေါ်တာမိသားစုရဲ့အံ့ဖွယ်အမှုအားသက်သေခံခဲ့နေရာကို ကျွန်တော်နဲ့အတူ ပြန်သွားပါမယ်။ ဒီအံဩဖွယ်မိသားစုနဲ့ သူတို့ချစ်ရတဲ့ မိတ်ဆွေတွေကို နှစ်သိမ့်ပေးဖို့ ကျွန်တော်ပြောနိုင်မယ့်အရာကို မတ်တပ်ရပ်တွေးကြည့်ရင်း၊ “ကယ်တင်ရှင်ရဲ့နှုတ်ကပတ်တော်တွေကို အသုံးပြုပါ” ဆိုတဲ့ ယူဆချက်စိတ်ထဲရောက်လာပါတယ်။ ဒါကြောင့် “နာလျက်ရှိသော ဝိညာဉ်ကို အနာကင်းစေသည်” ဟူသော သူ့နှုတ်ကပတ်တော်ဖြင့် ဒီဥပုသ်နေ့တွင် ယနေ့ ကျွန်တော်ဟောပြောခဲ့တာကို အဆုံးသတ်ပါမယ်။

“ဝန်လေး၍ ပင်ပန်းသောသူအပေါင်းတို့၊ ငါ့ထံသို့ လာကြလော့၊ ငါသည် သင်တို့ကို ချမ်းသာပေးမည်။”

“သင်တို့၏ပခုံးပေါ်၌ တင်ထားသော ဝန်များကိုလည်း ငါပေါ့စေတော်မူသဖြင့်၊ သင်တို့သည် ကျွန်ခံရာ၌ရှိစဉ်မှာပင်၊ ထိုဝန်များကျောပေါ်၌ ရှိသည်ဟုမခံစားရ၊ … ငါ၏လူမျိုးတို့ဆင်းရဲဒုက္ခရောက်နေချိန်၌၊ ငါကိုယ်တော်ရှင်ဘုရားသခင် အကြည့်အရှုကြွတော်မူသည်ကို သင်တို့ဧကန်အမှန်သိနိုင်ကြစေကြောင်းပင်တည်း။”

“ငါသည် သင်တို့ကို မိဘမဲ့ဖြစ်စေခြင်းငှါ စွန့်ပစ်မည်မဟုတ်။ သင်တို့ဆီသို့ လာဦးမည်။”

ကျွန်တော်ရဲ့ သက်သေခံချက်

ရွှင်လန်းရိုသေစွာဖြင့်၊ ကျွန်တော်တို့ကယ်တင်ရှင်အသက်တာနဲ့ ကိုယ်တော်ရဲ့ကတိတော်တွေက သေချာတယ်ဆိုတာ ကျွန်တော်သက်သေခံပါတယ်။ “ဘယ်နည်းနဲ့မဆို ဒုက္ခရောက်နေတဲ့” ဒါမှမဟုတ်ပြဿနာတတ်နေတဲ့သင်တို့အတွက်၊ ကျွန်တော်တို့ရဲ့ကောင်းကင်ဘုံရှင်အဘဟာ သင်ရဲ့မျက်ရည်အပြည့်နဲ့အသနားခံမှုတွေကိုကြားရပြီးပြီးပြည့်စုံတဲ့ဉာဏ်ပညာနဲ့ အမြဲတုံ့ပြန်မယ်ဆိုတာကို ကျွန်တော်သက်သေခံပါတယ်။ ကြီးစွာလိုအပ်ချိန်တွေမှာ ကျွန်တော်တို့မိသားစုအတွက် လုပ်ဆောင်ပေးတော်မူတဲ့အတိုင်း ကိုယ်တော်ရှင်က၊ “သင့်အား ပေးသနားတော်မူပါစေသော၊” “သင်တို့၏ဝန်ထုပ်ဝန်ပိုးများ ပေါ့ပါးစေခြင်းငှာ ငါတို့မိသားစုအတွက်၊” “ခရစ်တော်၌ ဝမ်းမြောက်ခြင်းဖြင့် လွှမ်းမိုးခံရပါစေသော်။” ယေရှုခရစ်တော်၏သန့်ရှင်းမွန်မြတ်သောနာမတော်အားဖြင့်၊ အာမင်။

မှတ်စုများ

  1. မာကု ၁၀း၅၂ အထူးပြု ထည့်သွင်းထားသည်။

  2. ရှင်မာကု ၈း၂၅

  3. ကောရိန္သုဩဝါသစာဒုတိယစောင် ၁၂း၈၊ အထူးပြု ထည့်သွင်းထားသည်။

  4. ရှု ဆာလံကျမ်း ၃၇း၅

  5. ၁ နီဖိုင်း ၁၁း၁၇

  6. ဟေလမန် ၁၂း၂၊ လည်းရှု ၂ နီဖိုင်း ၂၆း၂၄

  7. ရှု အာဗြဟံ ၂း၈

  8. ဩဝါဒနှင့် ပဋိညာဉ်များကျမ်း ၁၂၁း၇

  9. ၂ နီဖိုင်း ၂း၂

  10. အော်စန် အက်ဖ် ဝှစ်တနီ၊ ၌ အသင်းတော်၏ဥက္ကဋ္ဌများ၏သင်ကြားမှုများ၊ စပန်ဆာ ဒဗလျူ ကင်ဘော (၂၀၀၆)၊ ၁၆။

  11. ကောရိန္သုဩဝါဒစာဒုတိယစောင် ၇း၉-၁၀

  12. ရှု အာဗြဟံ ၃း၂၅-၂၆

  13. ဟေဗြဲဩဝါဒစာ ၅း၈၂း၁၀.

  14. ၁ နီဖိုင်း ၁၇း၄၀၊ အထူးပြုချက် ပေါင်းထည့်ထားသည်။

  15. ရှု ၂ နီဖိုင်း ၄း၁၉-၃၅

  16. အသင်းလူကြီး ရပ်ဆဲလ် အမ် နယ်လဆင်နှင့် ပုဂ္ဂိုလ်ရေးဆိုင်ရာ စကားဝိုင်း၊ ဧပြီလ ၂၀၁၁။

  17. ရပ်ဆဲလ် အမ် နယ်လဆင်၊ “ဆီလက်ရှယ်လ်ကိုစဉ်းစားပါ၊” လီယဟိုနာ၊ နို၊ ၂၀၂၃၊ ၁၁၈။

  18. ဒီ တော့ဒ် ခရစ္စတိုဖာဆန်၊ “The Refining Fire of Affliction,လီယဟိုနာ၊ မတ်၊ ၂၀၂၂၊ ၇၊ အထူးပြုချက် ပေါင်းထည့်ထားသည်။

  19. ရှု ရပ်ဆဲလ် အမ်၊ နယ်လဆင် “ဘုရားသခင်ကိုအောင်နိုင်ပါစေ၊” Liahona၊ နို၊ ၂၀၂၀၊ ၉၄။

  20. ဩဝါဒနှင့် ပဋိညာဉ်များကျမ်း ၆း၃၆

  21. ရပ်ဆဲလ် အမ် နယ်လဆင်၊ “ဆီလက်ရှယ်လ်ကိုစဉ်းစားပါ။၊” ၁၁၈။

  22. ရပ်ဆဲလ် အမ် နယ်လဆင်၊ “ဆီလက်ရှယ်လ်ကိုစဉ်းစားပါ။၊” ၁၁၇။ ဥက္ကဋ္ဌ ဂျက်ဖရီ အာရ် ဟောလန်က ဤသို့သွန်သင်ခဲ့ပါတယ်၊ “သင်ရုန်းကန်နေရတဲ့အခါ၊ ငြင်းပယ်ခံရရတဲ့အခါ၊ တံတွေးထွေးခံရတဲ့အခါ၊ နှင်ထုတ်ခံရတဲ့အခါ၊ အော်ဟစ်ကြိမ်းမောင်းခံရတဲ့အခါ၊ သင်ဟာ ဤကမ္ဘာတွင်သိဖူးသမျှတွင် အကောင်းဆုံးဘဝဖြင့် ရပ်တည်နေပါတယ်၊ တစ်ခုတည်းသန့်ရှင်းပြီး ပြီးပြည့်စုံတဲ့အသက်တာမှာ အသက်ရှင်ခဲ့ဖူးပါတယ်။ အသက်ရှင်တဲ့ဘုရားသခင်ရဲ့ အသက်ရှင်တဲ့သားတော်ဟာ သင်ရဲ့ဝမ်းနည်းမှုတွေနဲ့ ဆင်းရဲဒုက္ခတွေအကြောင်းအားလုံးကို သိတော်မူတာကြောင့် ကျေးဇူးတော်ချီးမွမ်းပြီး ဂုဏ်ယူရန် အကြောင်းပြချက်ရှိပါတယ်” (“သာသနာပြုအလုပ်နှင့် အပြစ်ဖြေခြင်း၊” Ensign၊ မတ်၊ ၂၀၀၁၊ ၁၅)။

  23. ရပ်ဆဲလ် အမ် နယ်လဆင်၊ “ဆီလက်ရှယ်လ်ကိုစဉ်းစားပါ၊၊” ၁၁၇၊ လည်းရှု အယ်လမာ ၇း၁၁-၁၂

  24. ရှင်ယောဟန် ၁၆:၃၃

  25. ရှု ၂ နီဖိုင်း ၃၁း၂၀ဧသာ ၁၂း၄မော်ရော်နိုင်း ၇း၄၈

  26. လင်ဒါ အက်စ် ရီးဗစ်၊ “Worthy of Our Promised Blessings,” လီယဟိုနာ၊ နို၊ ၂၀၁၅၊ ၁၁။

  27. ရပ်ဆဲလ် အမ် နယ်လဆင်၊ “ဆီလက်ရှယ်လ်ကိုစဉ်းစားပါ၊” ၁၁၈။

  28. ဂျိုးဇက် စမစ်၊ letter to Presendia Huntington Buell, ၁၅၊ မတ်၊ ၁၈၃၉၊ josephsmithpapers.org.

  29. ရှု ရပ်ဆဲလ် အမ် နယ်လ်ဆင်၊ “ဝမ်းမြောက်ခြင်းနှင့်ဝိညာဥ်ပိုင်းဆိုင်ရာအသက်ရှင်ခြင်းလီယဟိုနာ နို၊ ၂၀၁၆၊ ၈၁-၈၄။

  30. ရှု ရှင်မာကု ၁၄း၃၅-၄၁

  31. ဟေဗြဲဩဝါဒစာ ၁၂း၂

  32. မောဇိယ ၁၅း၇

  33. အယ်လမာ ၃၁း၃၈၊ လည်းရှု ဆာလံကျမ်း ၃၀း၅ရှင်ယောဟန် ၁၅း၁၀-၁၁၁ သက်သာလောနိတ် ၁း၆၊ ဂျိုးဇက်စမစ်၏ဘာသာပြန်၊ ယာကုပ် ၁း၂ (၌ ယာကုပ် ၁း၂၊ အောက်ခြေမှတ်စု က)၊ ၂ နီဖိုင်း ၂း၂၅၉း၁၈အယ်လမာ ၂၆း၆-၇၊ ၁၁၊ ၃၇၂၈း၈၃၃း၂၃၃၆း၂၀-၂၁1ဩဝါဒနှင့်ပဋိညာဉ်များကျမ်း ၁၀၉း၇၆မောရှေ ၅း၁၀-၁၁

  34. “ကယ်တင်ရှင်ဟာ ‘အဘယ်သူမျှကြုံ၍ မမှီနိုင်သော’ ငြိမ်သက်ခြင်းကို ပေးသကဲ့သို့ပင်၊ ကိုယ်တော်ဟာ လူသားရဲ့ယုတ္တိဗေဒ သို့မဟုတ် သေခြင်းသဘောနားလည်မှုကို ဆန့်ကျင်တဲ့ ပြင်းထန်မှု၊ နက်နဲမှုနှင့် ကျယ်ပြန့်တဲ့ ရွှင်လန်းမှုကိုလည်း ပေးတော်မူပါတယ်။ ဥပမာအားဖြင့်၊ သင့်ကလေးဟာ မကုသနိုင်နဲ့နေမကောင်းမှုဖြင့် ခံစားရတဲ့အခါ ဒါမှမဟုတ် သင်အလုပ်ပြုတ်သွားတဲ့အခါ ဒါမှမဟုတ် သင့်အိမ်ထောင်ဖက်က သင့်အား သစ္စာဖောက်တဲ့အခါ ပျော်ရွှင်မှုခံစားရမဲ့ပုံတော့ မပေါ်ပါဘူး။ ဒါပေမဲ့ အဲ့တာဟာ ကယ်တင်ရှင်ကမ်းလှမ်းတဲ့ ပျော်ရွှင်မှုဖြစ်တယ်ဆိုတာ ဧကန်အမှန်ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ ‘ဆင်းရဲဒုက္ခတို့သည် ခဏသာရှိလိမ့်မည်’ [ဩဝါဒနှင့် ပဋိညာဉ်များကျမ်း ၁၂၁း၇] နဲ့ကျွန်တော်တို့ရဲ့အကျိုးအတွက် သန့်ရှင်းမွန်မြတ်စေကြောင်း (ရပ်ဆဲလ် အမ် နယ်လဆင်၊ “Joy and Spiritual Survival,” လီယဟိုနာ၊ နို၊ ၂၀၁၆၊ ၈၂) ကိုယ်တော်ရဲ့ဝမ်းမြောက်မှုဟာ အမြဲမပြတ်ရှိကြောင်း ကျွန်တော်တို့အားအာမခံထားပါတယ်။

  35. ရှု မောဇိယ၁၄း၁၄အယ်လမာ ၃၃း၂၃။ မနှစ်က၊ ဂျီးလ်နဲ့ ကျွန်တော် ကင်ဆာရောဂါကို အပြင်းအထန် ရုန်းကန်နေရတဲ့ လှပတဲ့ ဂွါတီမာလာ က အမျိုးသမီးငယ် ပေါလာနဲ့ တွေ့ဆုံခဲ့ပါတယ်။ ကျွန်တော်ရဲ့မေးခွန်းအတွက် သူမရဲ့တုံ့ပြန်မှုက ကျွန်တော်တို့ရဲ့စိတ်နှလုံးထဲတွင် မမေ့နိုင်တဲ့အမှတ်တရအဖြစ် ကျန်ရစ်ခဲ့ပါတယ်၊ “ကျေးဇူးတော်ပါပဲ၊” “ကိုယ်တော်ရှင်က ကျွန်မညီမကို မပေးဘဲ ကျွန်မကိုပေးခဲ့တာပါ၊”လို့ နှိမ့်ချတတ်တဲ့ဆယ်ကျော်သက်အရွယ်ကတိုးတိုးလေး ပြန်ဖြေပါတယ်။ အဲ့နောက်၊ နေမကောင်းနေသော်လဲ၊ သူမ၊ သူ့ညီမ၊ စာရိယာ၊ နဲ့ သူတို့ရဲ့ဖခင်တို့ဟာ သူတို့ရဲ့ကိုယ်ပိုင်လိုအပ်ချက်တွေနဲ့ စိန်ခေါ်မှုများစွာရှိတဲ့ မုဆိုးမအိုနှစ်ဦးထံ အမှုတော်ဆောင်နှစ်ကြိမ်သွားရောက်ခဲ့ပါသေးတယ်။

  36. “ကိုယ်တော်နောက် လိုက်လိုပြီ၊” ဓမ္မသီချင်းများ နံပါတ်၊ ၂၂၀။

  37. ရှု ကမ်မီးလ် အန်၊ ဂျွန်ဆင်န်၊ “ယေရှုခရစ်တော်ကသက်သာစေခြင်းဖြစ်တယ်,” လီယဟိုနာ၊ မေ ၂၀၂၃၊ ၈၁၊ လည်းရှု၊ ရှင်လုကာ ၂၃း၃၄၊ ၄၃ရှင်ယောဟန် ၁၉း၂၆-၂၇။ အသင်းလူကြီး မက်ဝဲလ် အေ မက်ဝဲလ်က ဤလှပတဲ့ထိုးထွင်းဉာဏ်ကိုမျှဝေခဲ့ပြီး တိုက်တွန်းခဲ့ပါတယ်၊ “ယခုအချိန်တွင် ကျွန်တော်တို့ကိုယ်တိုင်ဟာ သီးခြားလက်ဝါးကပ်တိုင်တစ်ခုပေါ်တွင် ဆန့်မနေဘဲ၊ အခြားသူတစ်ဦးရဲ့ခြေရင်း၌—စာနာမှုအပြည့်နဲ့ ဝိညာဉ်ရေးရာလန်းဆန်းမှုကို ပေးဆောင်သင့်ပါတယ်” (“ကောင်းစွာတည်ကြည်ပါ၊” Ensign၊ မေလ ၁၉၉၀၊ ၃၄)။

  38. ရှု အယ်လမာ ၇း၁၂

  39. ရှု ဒယ်လင် အိတ်ချ် အုတ်ခ်၊ “ယေရှုခရစ်တော်၏သွန်သင်ချက်များ၊” လီယဟိုနာ၊ မေ ၂၀၂၃၊ ၁၀၂-၅။

  40. ယာကုပ် ၂း၈၊ နီရယ် အန်လ် အန်တာဆန်၊ “Wounded၊” လီယဟိုနာ၊ နို၊ ၂၀၁၈၊ ၈၃-၈၆။

  41. ရှင်မဿဲ ၁၁း၂၈၊ လည်းရှု ရှင်မဿဲ ၂၈း၂၀၊ “ငါသည်လည်း ကပ်ကမ္ဘာကုန်သည်တိုင်အောင် သင်တို့နှင့်အတူ အစဉ်မပြတ် ရှိသည်။”

  42. မောဇိယ ၂၄း၁၄

  43. ရှင်ယောဟန် ၁၄း၁၈

  44. “ဘုရား၏သားဖြစ်သည်၊” Children’s Songbook၊ ၃၊ လည်းရှု ဩဝါဒနှင့် ပဋိညာဉ်များကျမ်း ၉၈း၃။

  45. ၃ နီဖိုင်း ၁၇း၇၊ လည်းရှု အယ်လမာ ၃၆း၃၊ ၂၇

  46. ရှု ထွက်မြောက်ရာကျမ်း ၂း၂၄၃း၇မောရှိယ ၂၄း၁၂

  47. ရှု ၂ နီဖိုင်း ၂း၂၄မောရှိယ ၄း၉ယေရှာယ ၅၅း၉. “တချို့ကောင်းချီးတွေ မကြာခင်လာပါတယ်၊ တချို့က နောက်ကျတတ်ပါတယ်၊ တချို့ကတော့ ကောင်းကင်ဘုံထိတောင် မလာတတ်ပါဘူး၊ ဒါပေမဲ့ယေရှုခရစ်တော်ရဲ့ဧဝံဂေလိတရားကို လက်ခံယုံကြည်သူတို့အတွက်မူကား၊ ကောင်းချီးတွေက လာပါတယ်” (ဂျက်ဖရီ အာရ် ဟောလန်၊ “The High Priest of Good Things to ComeEnsign၊ နို၊ ၁၉၉၉၊ ၃၈)။

  48. အယ်လမာ ၃၃း၂၃

  49. အယ်လမာ ၃၁း၃၈၊ လည်းရှု ဆာလံကျမ်း ၃၀း၅ရှင်ယောဟန် ၁၅း၁၀-၁၁၁ သက်သာလောနိတ် ၁း၆၊ ဂျိုးဇက်စမစ်၏ဘာသာပြန်၊ ယာကုပ် ၁း၂ (၌ ယာကုပ် ၁း၂၊ အောက်ခြေမှတ်စု က)၊ ၂ နီဖိုင်း ၂း၂၅၉း၁၈အယ်လမာ ၂၆း၆-၇၊ ၁၁၊ ၃၇၂၈း၈၃၃း၂၃၃၆း၂၀-၂၁1ဩဝါဒနှင့်ပဋိညာဉ်များကျမ်း ၁၀၉း၇၆မောရှေ ၅း၁၀-၁၁