၂၀၂၀- ၂၀၂၄
ပဋိညာဉ် လမ်းစဉ်၊ ထာဝရအသက် လမ်းကြောင်း
ဧပြီ ၂၀၂၂ အထွေထွေညီလာခံ


11:22

ပဋိညာဉ် လမ်းစဉ်၊ ထာဝရအသက် လမ်းကြောင်း

စုံလင်ခြင်းသို့လမ်းကြောင်းဟာ ပဋိညာဉ်လမ်းကြောင်းဖြစ်ပြီး ခရစ်တော်သည် ဘိသိက်မင်္ဂလာများနှင့် ပဋိညာဉ်တရားအားလုံး၏ ဗဟိုချက်ဖြစ်ပါတယ်။

တန်ခိုးကြီးသော ဘုရင်တစ်ပါးဟာ သူ့၏နိုင်ငံကို သားတော်အား အုပ်စိုးရန် အလိုရှိခဲ့ပါတယ်။ မင်းသားဟာ ရာဇပလ္လင်ပေါ်ထိုင်ဖို့ ဉာဏ်ပညာကို သင်ယူပြီး ကြီးပြင်းလာရတယ်။ တစ်နေ့တွင်၊ မင်းကြီးဟာ မင်းသားနှင့်တွေ့ဆုံ၍ အကြံအစည်ကို ဝေမျှခဲ့ပါတယ်။ မင်းသားက တခြားမြို့တစ်မြို့ကိုသွားပြီး အတွေ့အကြုံတွေယူရမယ်လို့ သဘောတူခဲ့ကြတယ်။ အဲ့ဒီမှာ သူဟာ စိန်ခေါ်ချက်များနှင့် ရင်ဆိုင်ရမည့်အပြင် ကောင်းမွန်သောအရာများစွာနဲ့လည်း ပျော်မွေ့ရမှာပါ။ ထို့နောက် ဘုရင်က သူ့ကို မြို့သို့ စေလွှတ်လိုက်ပြီး မင်းသားဟာ ဘုရင်အား မိမိ၏သစ္စာရှိကြောင်း သက်သေထူရန် မျှော်လင့်ပြီး ဘုရင်သိုထားသော အခွင့်ထူးများနှင့် တာဝန်များကို လက်ခံရရှိရန် အသင့်တော်ဆုံးဖြစ်ကြောင်း သရုပ်ပြရန် မျှော်လင့်ထားပါတယ်။ မင်းသားသည် မိမိ၏အလိုဆန္ဒများနှင့် တည်ကြည်မှုအပေါ်မူတည်၍ ထိုအခွင့်ထူးများနှင့် တာဝန်များကို လက်ခံရရှိရန် ရွေးချယ်ခွင့်ရခဲ့ပါတယ်။ မင်းသား ဘာဖြစ်သွားတယ်ဆိုတာ သင်သိချင်နေမှာ ကျွန်တော်သေချာပါတယ်။ သူနိုင်ငံတော်ကို အမွေရဖို့ ပြန်လာခဲ့သလား။

ချစ်ရတဲ့ညီအစ်ကိုမောင်နှမများခင်ဗျာ၊ ကျွန်တော်တို့တစ်ယောက်စီက မင်းသား ဒါမှမဟုတ် မင်းသမီးဖြစ်ပါတယ်။ ယေရှုခရစ်တော်၏ အပြစ်ဖြေခြင်းနှင့် ရှင်ပြန်ထမြောက်ခြင်းအားဖြင့် မသေနိုင်သောကိုယ်ခန္ဓာ၏ကောင်းချီးကိုခံစားရန် ချစ်လှစွာသောကောင်းကင်ဘုံရှင်အဖက ကျွန်တော်တို့ကို သေခြင်းသို့ စေလွှတ်ခဲ့ပါပြီ။ ကျွန်တော်တို့သည် “ကိုယ်တော်ရှင် [ကျွန်ုပ်တို့၏] ဘုရားသခင် [ကျွန်ုပ်တို့ကို] မိန့်တော်မူသမျှအတိုင်းပြုစေ” ကြောင်း သက်သေပြခြင်းဖြင့် ကျွန်တော်တို့သည် ဘုရားသခင်၏မျက်မှောက်တော်သို့ ပြန်သွားဖို့ ပြင်ဆင်ထားရန် မျှော်လင့်ထားပါတယ် (အာဗြဟံ ၃း၂၅)။

ကျွန်တော်တို့ကို ကူညီရန်၊ ကယ်တင်ရှင်သည် ကျွန်တော်တို့ကို ရွေးနှုတ်ရန် ကြွလာပြီး ဘုရားသခင်ထံ ပြန်သွားရန် လမ်းကြောင်းကို ပြသခဲ့ပါတယ်။ ဘုရားသခင်၏သားသမီးများကို ကယ်တင်ရှင်ထံသို့လာ၍ သူ့၌ စုံလင်ခြင်းရှိရန် ဖိတ်ခေါ်ပါတယ်။ ကျမ်းစာတွေမှာ၊ ကိုယ်တော်ရှင်ဆီလာဖို့ ဖိတ်ခေါ်ချက်ကို အကြိမ် ၉၀ ကျော် ထပ်ခါတလဲလဲတွေ့ရပြီး အဲဒီဖိတ်ခေါ်ချက်တွေထဲက ထက်ဝက်ကျော်ကျော်ဟာ ကိုယ်တော်ရှင် ကိုယ်တိုင်ဆီကနေ ကိုယ်ပိုင်ဖိတ်ခေါ်ချက်တွေဖြစ်ပါတယ်။ ကယ်တင်ရှင်၏ဖိတ်ခေါ်ချက်ကို လက်ခံခြင်းဆိုတာ ကိုယ်တော်၏ဥပဒေများကို ကျင့်သုံးပြီး ကိုယ်တော်နှင့် ကျွန်တော်တို့၏ပဋိညာဉ်များကို စောင့်ထိန်းခြင်းဖြစ်ပါတယ်။ ယေရှုခရစ်တော်ဟာ “လမ်းခရီး၊ သမ္မာတရားနှင့် အသက်ဖြစ်ပါတယ်” (ယောဟန် ၁၄:၆) ပြီးတော့ ကိုယ်တော်က ကျွန်တော်တို့ကို ဖိတ်ခေါ်ထားပါတယ်၊ “ခပ်သိမ်းသော​သူတို့ကို သူ့ထံသို့​လာ၍ သူ၏ကောင်းမြတ်​ခြင်းကို ခံယူကြဖို့ပါ၊ သူ့ဆီကိုလာတဲ့သူ ဘယ်သူ့ကို မှ မငြင်းပါဘူး” (၂ နီဖိုင်း ၂၆:၃၃)။

ကျွန်တော်တို့၏ ဟောပြောခြင်း နှင့် သွန်သင်ခြင်းဟာ ကောင်းကင်ဘုံရှင်အဖ နှင့် ယေရှုခရစ်တော်ထံ ကျွန်တော်တို့၏ ပြောင်းလဲခြင်းကို ပိုမိုနက်ရှိုင်းစေပြီး သူတို့နှင့် ပို၍တူလာရန် ကူညီပေးပါတယ်။ ချီးမြှောက်ခြင်း၏ကောင်းချီးများရရှိမည့် တိကျမှန်ကန်သောအချိန်နှင့် အမူအကျင့်နှင့်စပ်လျဉ်း၍ အရာခပ်သိမ်းကို မဖော်ပြထားသော်လည်း ယင်းတို့ကို ကျွန်တော်တို့အခိုင်အမာယုံကြည်စိတ်ချကြပါတယ်။ (အမ်၊ ရပ်ဆဲလ် ဘောလ်ဒ် “Hope in Christ,” Liahona, မေ၊ ၂၀၂၁၊ ၅၅)။

ဇရာဟင်မလပြည်မှာ သွန်သင်တဲ့၊ ယဇ်ပုရောဟိတ်မင်း အယ်လမာက၊ ယေရှုခရစ်တော် ရဲ့လေးနက်သော ဖိတ်ခေါ်ချက်ကို ပြန်လည်ပြောပြထားပါတယ်။

“ရှုလော့၊ သူသည် ခပ်သိမ်းသောလူသားတို့ထံသို့ ဖိတ်ခေါ်ခြင်းကို စေလွှတ်တော်မူ၏။ အကြောင်းမူကား၊ ကရုဏာတော်လက်ရုံးတို့သည် သူတို့ထံသို့ ဆန့်တန်းတော်မူလျက်ရှိ၏၊ နောင်တရကြလော့၊ ငါသည်လည်း သင်တို့ကို လက်ခံတော်မူမည်ဟုလည်း မိန့်တော်မူ၏။

“ထိုမှတစ်ပါး၊ သူမိန့်တော်မူ​သည်ကား၊ ငါ့ထံသို့​လာ၍၊ အသက်ပင်၏​အသီးကို သင်တို့​သုံးဆောင်ကြလော့” ( အယ်လမာ ၅:၃၃–၃၄)။

ကယ်တင်ရှင်ကိုယ်တိုင်လည်း ကျွန်တော်တို့ကို ရွေ့လျားနေသော ဤလောက၌ အနားယူနိုင်မည်အကြောင်း ကိုယ်တော်ထံတော်သို့ လာ၍ ကိုယ်တော်၏ထမ်းပိုးကို ယူဆောင်သွားရန် ဖိတ်ခေါ်ပါတယ် (ရှု မဿဲ ၁၁း၂၈-၂၉။ ကျွန်တော်တို့ဟာ ခရစ်တော်ထံသို့ လာကြပါတယ်၊ “သူ့၌ ယုံကြည်ခြင်းကို ကျင့်သုံးခြင်း၊ နေ့စဉ်နောင်တရခြင်း၊ ကယ်တင်ခြင်းနဲ့ ချီးမြှောက်ခြင်း ဘိသိက်မင်္ဂလာတွေကို ရယူရင်း ဘုရားသခင်နဲ့ ပဋိညာဉ်ပြုခြင်း၊ အဲဒီပဋိညာဉ်တွေကို စောင့်ထိန်းခြင်းဖြင့် အဆုံးတိုင်အောင်တည်ကြည်ခြင်းတို့” အားဖြင့်ပါ။ (General Handbook: Serving in The Church of Jesus Christ of Latter-day Saints, 1.2.1, ChurchofJesusChrist.org) စုံလင်ခြင်းသို့ လမ်းကြောင်းဟာ ပဋိညာဉ်လမ်းကြောင်းဖြစ်ပြီး ခရစ်တော်သည် ဥပဒေနှင့် ပဋိညာဉ်တရားအားလုံး၏ ဗဟိုချက်ဖြစ်ပါတယ်။

ဗင်္ယာမိန်​မင်းကြီးက သွန်သင်ခဲ့ပါတယ်၊ကျွန်တော်တို့ပြုသော ပဋိညာဉ်များကြောင့် ကျွန်တော်တို့သည် ဝိညာဉ်ရေးအရ အစပြုခဲ့သော ခရစ်တော်၏သားသမီးများဖြစ်လာကြပြီး ကိုယ်တော်၏နာမအောက်တွင် ကျွန်တော်တို့လွတ်လပ်ကြပြီ၊ အကြောင်းမှာ “ကယ်တင်ခြင်း​ရောက်လာစေသည့် ပေးထားသော​အခြားနာမ မရှိ” (မောဇိယ ၅:၇–၈)။ “အသက်ရှင်သောဘုရားသခင်၏သားတော်၏ပုံသက်သေကို လိုက်လျှောက်” ခြင်းဖြင့် အဆုံးတိုင်အောင်တည်ကြည်သဖြင့် ကျွန်တော်တို့ ကယ်တင်ခြင်းခံရပါတယ် (၂ နီဖိုင်း ၃၁း၁၆)။ ကျပ်တည်း ကျဉ်းမြောင်းသော လမ်းကြောင်းသို့ ရောက်သွားရုံမျှနှင့် အားလုံးမပြီးဆုံးနိုင်ဟု နီဖိုင်းက အကြံပေးခဲ့ပါတယ်။ ကျွန်တော်တို့ဟာ “စုံလင်သော​မျှော်လင့်ခြင်း​ရောင်ခြည်နှင့်​အတူ ဘုရားသခင်နှင့် ခပ်သိမ်းသောလူသား​တို့ကို ချစ်ခြင်းရှိလျက်၊ ခရစ်တော်၌ မြဲမြံခြင်းနှင့် ရှေ့သို့​ဆက်၍ ကြိုးစား​အားထုတ်​ရမည်” (၂ နီဖိုင်း ၃၁:၁၉–၂၀)။

ခရစ်တော်၏အယူဝါဒသည် ပဋိညာဉ်လမ်းစဉ်တွင် ရှာဖွေနေရန်နှင့် ဆက်နေရန် ကူညီပေးပြီး၊ ဧဝံဂေလိတရားသည်မြင့်မြတ်သော စည်းမျဉ်းများနှင့် ပဋိညာဉ်များအားဖြင့် ဘုရားသခင်၏ ကတိထားရာကောင်းချီးများကို ရရှိစေရန် စီစဉ်ပေးပါတယ်။ ဘုရားသခင့်ပရောဖက်၊ ဥက္ကဌ ရပ်ဆယ် အမ် နယ်ဆင် က ကျွန်တော်တို့ကို ဇန်နဝါရီလ ၁၆၊ ၂၀၁၈ ခုနှစ်မှာ တီဗီ အသံလွှင့်ဒေသနာမှာ “ပဋိညာဉ်လမ်းစဉ်အတိုင်း ဆက်လျှောက်ပါ လို့သတိပေးခဲ့တယ်။ ကိုယ်တော်ရှင်နဲ့ပဋိညာဉ်တွေပြုခြင်းနဲ့ ဒီပဋိညာဉ်တွေကို စောင့်ခြင်းအားဖြင့် သူ့နောက်ကို လိုက်လျှောက်ဖို့ သင့်ရဲ့ကတိကဝတ်တွေဟာ နေရာတိုင်းရှိ အမျိုးသမီး၊ အမျိုးသားများနဲ့ ကလေးများအတွက် ရရှိနိုင်တဲ့ ဝိညာဉ်ပကတိ အထူးအခွင့်အရေးနဲ့ ကောင်းချီးမင်္ဂလာတိုင်းအတွက် တံခါးကို ဖွင့်ပေးပါလိမ့်မယ်။ … ကျွန်တော်တို့တစ်ဦချင်းစီရဲ့ ကြိုးစားခြင်းရဲ့ ရည်ရွယ်ချက်ကတော့၊ ကိုယ်တော်ရှင်ရဲ့ အိမ်တော်ထဲမှာ တန်ခိုးနဲ့ ဝိညာဉ်ပကတိအပ်နှင်းခံရဖို့၊ မိသားစုများအဖြစ် တံဆိပ်ခတ်ခံရဖို့၊ ထာဝရအသက်ဆုကျေးဇူးဖြစ်တဲ့၊ ဘုရားသခင်ရဲ့အကြီးမြတ်ဆုံးဆုကျေးဇူးအတွက် ကျွန်တော်တို့ကို အရည်အချင်းပြည့်မီစေတဲ့ ဗိမာန်တော်ထဲမှာ ပြုခဲ့တဲ့ ပဋိညာဉ်တွေကို သစ္စာရှိဖို့” ဖြစ်ပါတယ် (“As We Go Forward Together,” Liahona, ဧပြီ၊ ၂၀၁၈၊ ၇)။

ဘုရားသခင်က သူ့ဆက်ဆံရေးကို စွန့်ပစ်မှာမဟုတ်ပါ၊ သူ့ကတိတော်လာထာဝရအသက် ကောင်းချီးမင်္ဂလာတွေကိုလည်း သစ္စာရှိပဋိညာဉ်စောင့်ထိန်းသူဘယ်သူ့ဆီကိုမျှ ဟန့်တားမှာလည်းမဟုတ်ပါဘူး။ ကျွန်တော်တို့ဟာ သန့်ရှင်းမွန်မြတ်တဲ့ ပဋိညာဉ်တွေကို လေးစားကြတာနဲ့အမျှ၊ ကယ်တင်ရှင်နဲ့ပိုနီးရာကို ခေါ်ဆောင်ခံရကြပါတယ်။ ဧဝံဂေလိတရားတော်ပဋိညာဉ်တွေနဲ့ ဘိသိက်မင်္ဂလာတွေဟာ ကျွန်တော်တို့ဘဝတွေမှာ ကျွန်တော်တို့ကို ခရစ်တော်ဆီလာဖို့နဲ့ သူနဲ့ပိုတူလာဖို့ အခြေခံလမ်းညွှန်ချက်ကို ပေးတဲ့ သံလိုက်အိမ်မြှောင်တစ်ခုလို လုပ်ဆောင်တဲ့အကြောင်း အသင်းလူကြီးဒေးဗစ်အေဘက်ဒနာက မနေ့က သွန်သင်ခဲ့ပါတယ်။

ပဋိညာဉ်တွေက ဘုရားသခင်ဆီ ပြန်သွားတဲ့လမ်းကို မှတ်သားထားပါတယ်။ ဗတ္တိဇံခံခြင်းနှင့် သန့်ရှင်းသောဝိညာဉ်တော်၏ဆုကျေးဇူးကိုလက်ခံခြင်း၊ ယဇ်ပုရောဟိတ်အခွင့်ခန့်အပ်ခြင်းနှင့် ပွဲတော်ဘိသိက်မင်္ဂလာတို့က ကျွန်တော်တို့ကို သူ၏ချီးမြှောက်ခြင်းဘိသိက်မင်္ဂလာများကိုသုံးဆောင်ရန် ကိုယ်တော်ရဲ့ ဗိမာန်တော်သို့ ပို့ဆောင်ပါတယ်။

ပဋိညာဉ်များကိုစောင့်ထိန်းအောင် ကူညီပေးဖို့ ကျွန်တော်တို့ရဲ့ ကယ်တင်ရှင် အလေးပေးခဲ့တဲ့ အကြောင်းအရာနှစ်ခုကို ပြောပြချင်ပါတယ်။

  1. သန့်ရှင်းသောဝိညာဉ်တော်က ကျွန်တော်တို့ကို သွန်သင်ပေးနိုင်ပါတယ်၊ ကယ်တင်ရှင်၏သွန်သင်ချက်များကို အမှတ်ရစေနိုင်ပြီး ကျွန်တော်တို့နှင့်အတူ ထာဝစဉ်ရှိပါတယ် (ရှုယောဟန် ၁၄:၁၆၊ ၂၆)။ သူက ပဋိညာဉ်လမ်းကြောင်းပေါ် လမ်းညွှန်ပေးတဲ့ ကျွန်တော်တို့ရဲ့ တည်မြဲတဲ့ အပေါင်းအဖော်ဖြစ်နိုင်ပါတယ်။ ဥက္ကဌ ရပ်ဆယ်လ် အမ် နယ်လ်ဆင်က “လာမယ့်နေ့ရက်တွေမှာ သန့်ရှင်းတဲ့ ဝိညာဉ်တော်ရဲ့ လမ်းညွှန်မှု၊ နှစ်သိမ့်မှုနဲ့ တည်မြဲတဲ့သြဇာလွှမ်းမိုးမှုမရှိဘဲ ဝိညာဉ်ရေးအရ အသက်ရှင်နိုင်မှာမဟုတ်ဘူး” လို့သင်ကြားခဲ့ပါတယ် (“Revelation for the Church, Revelation for Our Lives,” Liahona, မေ ၂၀၁၈၊၉၆)။

  2. ကယ်တင်ရှင်က ကျွန်တော်တို့ သူ့ကို အစဉ်အောက်မေ့၍ သူ့ဝိညာဉ်တော်ကို ကျွန်တော်တို့နှင့်အတူရှိစေခြင်းငှါ၊ ပွဲတော်ဘိသိက်မင်္ဂလာကို စတင်တည်ဆောက်ခဲ့ပါတယ်။ ဗတ္တိဇံဟာ ထာဝရအသက်တာအတွက် တံခါးကိုဖွင့်ပေးပြီး ပဋိညာဉ်လမ်းစဉ်တစ်လျှောက် တည်မြဲစွာ ရှေ့ဆက်သွားရန် ထောက်ကူပေးပါတယ်။ ကျွန်တော်တို့ဟာ ပွဲတော်သုံးဆောင်သည်နှင့်အမျှ၊ သူ၏သားတော်အား အစဉ်အမြဲသတိရနေကြောင်း ခမည်းတော်ထံသို့ သက်သေဖြစ်ပါလိမ့်မယ်။ ကိုယ်တော်ကို အစဉ်အောက်မေ့၍ ပညတ်တော်တို့ကို စောင့်ထိန်းသည်နှင့်အညီ၊ ကိုယ်တော်၏ ဝိညာဉ်တော်သည် ကျွန်တော်တို့နှင့်အတူ ရှိပါလိမ့်မယ်။ ဒီကတိကို ထပ်ဖြည့်စွက်ပြီး၊ ကျွန်တော်တို့ရဲ့ အပြစ်တွေကို နှိမ့်ချစွာ နောင်တရသည်နှင့်အညီ ကိုယ်တော်ရှင်က ကတိပြုထားသောအပြစ်မှ လွတ်ငြိမ်းခွင့်ကို သက်တမ်းတိုးပေးပါတယ်။

ကျွန်တော်တို့၏ပဋိညာဉ်များကို သစ္စာစောင့်ထိန်းခြင်းတွင်၊ ပွဲတော်ကို ထိုက်တန်စွာသုံးဆောင်ရန် ပြင်ဆင်ရာတွင် ဝိညာဉ်တော်အမြဲရှိရန် ကြိုးစားသင့်ပါတယ်၊ ထိုနည်းတူစွာပဲ၊ ကျွန်တော်တို့နှင့်အတူ ဝိညာဉ်တော်အမြဲရှိရန် ပွဲတော်ကိုလည်း ပုံမှန်သုံးဆောင်သင့်ပါတယ်။

ကျွန်တော်တို့ရဲ့သမီးငါးနှစ်အရွယ်မှာ၊ ဘက်ထရီဓာတ်အားသုံးတဲ့ မော်ဒယ်ကားတစ်စီးရှိပြီး အိမ်ပတ်လည်မှာ မောင်းရတာကို သူမနှစ်သက်ခဲ့ပါတယ်။ တစ်ညနေမှာ၊ သူကျွန်တော့်ဆီလာပြီး ပြောပါတယ် “ဖေဖေ၊ သမီးကားက မသွားတော့ဘူး။ သူထဲထည့်ဖို့ အဖေရဲ့ကားထဲက ဂတ်စ်နည်းနည်းရနိုင်မလား၊ အဲ့တာဆိုပြန်မောင်းလို့ရနိုင်တယ်။ မောင်းဖို့ အဖေ့ကားလို ဂတ်စ်လိုနေတာဖြစ်နိုင်တယ်။”

နောက်ပိုင်းမှာ ဘက်ထရီဓာတ်အား ပြတ်သွားပြီဆိုတာ သိလိုက်ရတဲ့အတွက်၊ တစ်နာရီလောက်အတွင်း ကားမောင်းသွားရမယ်လို့ ပြောလိုက်တယ်။ စိတ်လှုပ်ရှားစွာနဲ့ သူမက ပြောပါတယ်၊ “ဟုတ်ကဲ့၊ ကျွန်မတို့ဆီဆိုင်ဆီသယ်သွားကြမယ်။” ကျွန်တော် ဘက်ထရီကို လျှပ်စစ်အရင်းအမြစ်နဲ့ ချိတ်ဆက်လိုက်ပြီး၊ တစ်နာရီကြာပြီးနောက် အားသွင်းထားသည့် ဘက်ထရီဖြင့် ကားကို သူမ မောင်းနှင်နိုင်ခဲ့ပါတယ်။ ထို့နောက် ဘက်ထရီကို လျှပ်စစ်ရင်းမြစ်တစ်ခုသို့ ချိတ်ဆက်ပေးခြင်းဖြင့် ဘက်ထရီကို အမြဲပြန်တပ်ဆင်ရန် အရေးကြီးကြောင်း သူမသင်ယူခဲ့ရပါတယ်။

ကျွန်တော့်သမီး၊ သူမရဲ့ကစားစရာကားကို မောင်းနှင်နိုင်တဲ့ ဘက်ထရီနဲ့ စွမ်းအားကြား ဆက်စပ်မှုကိုသိလာခဲ့သလိုမျိုး၊ ကျွန်တော်တို့လည်း ယေရှုခရစ်တော်၊ ပွဲတော် နဲ့ ဝိညာဉ်တော်အကြောင်း သိရှိလာပါတယ်။ ကျွန်တော်တို့ဟာ လူ့ဇာတိတလျှောက်မှာ ကျွန်တော်တို့ကိုလမ်းပြကူညီစေဖို့ ဝိညာဉ်တော်ကို လိုအပ်ပါတယ်၊ ကျွန်တော်တို့ရဲ့ ဝိညာဉ်ရေးကို အားကောင်းစေဖို့ပွဲတော်ကို လိုအပ်ပါတယ်။ ကျွန်တော်တို့၏ ဗတ္တိဇံ ပဋိညာဉ်ကို ပြန်လည်ကျင့်သုံးခြင်း နှင့် ပွဲတော်စားသုံးခြင်းသည် အခြားပဋိညာဉ်များ အားလုံးကို သစ္စာရှိစေပါတယ်။ ကျွန်တော်တို့သည် ကယ်တင်ရှင်၏ ဖိတ်ခေါ်မှုကို ဂုဏ်ပြုလေးစားကာ ကိုယ်တော်၏ကတိပြုထားသော ကောင်းချီးများကို ခံစားရင်း ဆုတောင်းခြင်းဖြင့် ပျော်ရွှင်သောအဆုံးသတ်ခြင်းကို သေချာစေပါတယ်။ ကိုယ်တော်ကလည်း၊ “သင်သည် လောကမှ အပြည့်အဝ စောင့်ရှောက်နိုင်မည်အကြောင်း၊ ဆုတောင်းရာ အိမ်တော်သို့သွား၍ သန့်ရှင်းသောနေ့၌ ငါ၏ပူဇော်သက္ကာများကို ပူဇော်ရမည်” (ဩဝါဒနှင့်ပဋိညာဉ်များကျမ်း ၅၉:၉)။

ပဋိညာဉ်စောင့်ထိန်းသူတွေဟာ “ဒီလောကမှာရော၊ လာမယ့်လောကမှာရော၊ ငြိမ်းချမ်းခြင်းနဲ့” ကတိထားခံရတယ်ဆိုတာ ကျွန်တော်သက်သေခံပါတယ် (ဩဝါဒနှင့် ပဋိညာဉ်များကျမ်း ၅၉း၂၃)။ သင်ဟာ ပွဲတော်အားဖြင့် ကယ်တင်ရှင်၏ အထိမ်းအမှတ်ကို မှန်မှန်သုံးဆောင်သည်နှင့်အမျှ၊ ပဋိညာဉ်လမ်ကြောင်းမှာ သင့်ကို လမ်းညွှန်စေဖို့နဲ့ သင့်ရဲ့ပဋိညာဉ်တွေအပေါ်သစ္စာဆက်ရှိနေစေဖို့ သူ့ဝိညာဉ်တော် သင့်မှာရှိနေမှာဖြစ်တယ်ဆိုတာ ကျွန်တော်သက်သေခံပါတယ်။ ယေရှုခရစ်တော်၏နာမတော်အားဖြင့်၊ အာမင်။