သတိပေးသောနှုတ်သံ
အထူးသဖြင့်သေခြာစွာသတိပေးသောတာဝန်ကိုပရောဖက်များဆောင်ရွက်သည့် အခါအခြားသူများလဲဤတာဝန်ကိုထမ်းဆောင်ရပါမယ်
ပရောဖက်ယေဇကျေလဟာလီးဟိုင်နဲ့ သူ့ရဲ့မိသားစုယေရှုရှလင်မြို့မှမထွက်ခွာခင်အနှစ်နှစ်ဆယ်လောက်ကမွေးဖွားခဲ့ပါတယ်။ဘီစီ ၅၉၇ နှစ်မှာ အသက် ၂၅ နှစ်ရှိတဲ့ယေဇကျေလဟာ နေဗုခဒ် နေဇာမင်းလူများကိုဖမ်းပြီး၊ ဗာဗုလုန်နိုင်ငံကိုသယ်ဆောင်သွားတဲ့အထဲမှာပါခဲ့ပါတယ်။ သူ့ရဲ့အသက်တာတလျှောက်လုံးအဲ့ဒီမှာဘဲ နေတော့တယ်လို့ကျွန်တော်တို့ပြောနိုင်ပါတယ်။ သူဟာအာရုန်ယဇ်ပရောဟိတ်အမျိုးအနွယ်က ဆင်းသက်ခဲ့ပြီး၊အသက် ၃၀ မှာသူဟာ ပရောဖက်ဖြစ်ခဲ့ပါတယ်။
ယေဇကျေလကို ထာဝရဘုရားသခင်ဟာ ကင်းစောင့်ကြည့်သူလို့တင်စားပြီး တာဝန်ပေးပါတယ်။
"ကင်းစောင့်သည် ဒါးဘေးရောက်သည်ကို မြင်လျက် တံပိုးမှုတ်၍သတိပေးသော်လည်း
တစုံတယောက်သော သူသည်တံပိုးမှုတ်သံကို ကြားလျက်နှင့် အမှုမထား၊ ဒါးဘေးရောက်၍ သူ၏ အသက်ဆုံးလျှင် ထိုသူသည်ကိုယ်အသက်ဆုံးသော အပြစ်ကို ကိုယ်တိုင်ခံရမည်။"
"သို့မဟုတ် ကင်းစောင့်ထားသောသူသည် ဒါးဘေးရောက်ကြောင်းကို မြင်လျက် တံပိုးမမှုတ်၊ ပြည်သားတို့အား သတိမပေးသောကြောင့် ဒါးဘေးရောက်၍တစုံတယောက်သောသူအသက်ဆုံးလျှင်၊ထိုသူသည် မိမိအပြစ်ကြောင့်အသက်ဆုံးသော်လည်း သူ၏အသက်ကို ကင်းစောင့်သောသူ့၌ ငါတောင်းမည်။
ယေဇကျေလကို ထာဝရဘုရား တိုက်ရိုက်ပြောပါတယ်။ "အချင်းလူသား၊သင့်ကို ဣသရေလ အမျိုး၌ ကင်းစောင့်စေခြင်းငှါ ငါခန့်ထားသောကြောင့်၊သင်သည် ငါ၏ နှုတ်ထွက်စကားကိုနာခံ၍သူတို့ကိုသတိပေးရမည်။" အပြစ်များရှောင်ကြဉ်ဘို့် သတိပေးခြင်းဖြစ်ပါတယ်။
"ငါသည်လူဆိုးအား၊အိုလူဆိုးအကယ်စင်စစ် သင်သည်အသေခံရမည်ဟုဆိုသောအခါ ဆိုးသောသူကိုသူ၏လမ်းမှလွှဲစေခြင်းငှါ သင်သည်သတိမပေးလျှင် ထိုလူဆိုးသည် မိမိအပြစ်ကြောင့် အသက်ဆုံးလိမ့်မည်။သို့ရာတွင် သူ၏အသက်ကိုသင်၌ငါတောင်းမည်။
"သို့မဟုတ် လူဆိုးကိုသူ၏လမ်းမှလွှဲစေခြင်းငှါသင်သည်သတိပေး၍သူသည်မလွှဲဘဲနေလျှင်၊မိမိအပြစ်ကြောင့်အသက်ဆုံးသော်လည်း၊သင်သည်ကိုယ်အသက်ကိုကယ်တင်ပြီ။
"တဖန်ဆိုးသောသူအားသင်သည်စင်စစ်အသေခံရ လိမ့်မည်ဟုငါဆိုသော်လည်း၊ထိုသူသည်မိမိဒုစရိုက်ကိုရှောင်၍၊တရားသောအမှု၊ဖြောင့်မတ်သောအမှုကိုပြုလျက်၊ …
"ပြုမိသောဒုစရိုက်အပြစ်တစုံတခုကိုမျှသူ၌မတင်၊တရားသောအမှု၊ဖြောင့်မတ်သောအမှုကိုပြုသောကြောင့်စင်စစ်အသက် ရှင်ရလိမ့်မည်။"
ဖြောင့်မတ်သူအားလည်းဤသို့သတိပေး၏။ "ဖြောင့်မတ်သောသူသည်စင်စစ်အသက်ရှင်ရလိမ့်မည်ဟုငါဆိုသော်လည်း ၊သူသည်မိမိဖြောင့်မတ်ခြင်းကို ကိုးစား၍၊ ဒုစရိုက်ကိုပြုမိလျှင်၊ အရင်ဖြောင့်မတ်ခြင်း အမှုတစုံတခုကိုမျှမအောက်မေ့ရ၊ပြုမိသောဒုစရိုက်ကြောင့် အသေခံရလိမ့်မည်။
ထာဝရ ဘုရားသခင် သည် သူ၏သားသမီးများအတွက်ယေဇကျေလအား ပြောသည်မှာ "အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါအသက်ရှင်သည်အတိုင်း ဆိုးသောသူသည် အသေခံခြင်းအမှုကို ငါနှစ်သက်သည်မဟုတ်။ ဆိုးသောသူသည် မိမိဆိုးသောလမ်းမှလွှဲ၍အသက်ရှင်ခြင်းအမှုကိုသာ ငါနှစ်သက်၏။ အိုဣသရေလ အမျိုးသားတို့၊သင်တို့လိုက်သောလမ်းဆိုးမှ လွှဲကြလော့။ လွှဲကြလော့။ အဘယ်ကြောင့်အသေခံလိုကြသနည်း?"
ကျွန်တော်တို့ရဲ့ကောင်းကင်ဘုံမှအဘနှင့် ကျွန်တော်တို့ရဲ့ ကယ်တင်ရှင်ဟာ၊ကျွန်တော်တို့ကိုအပြစ်မဆိုချင်ပါဘူး၊ ကျွန်တော်တို့ ပျော်ရွှင်ခြင်းရဘို့ နောင်တရစေချင်ပါတယ်။ "ယုတ်မာခြင်း၌ပျော်ရွှင်မှု မရှိခဲ့ပါ။ ဘယ်တော့မှလည်းမရှိနိုင်ပါ။"ဒါကြောင့် ယေဇကျေလနှင့်တကွ ပရောဖက်တိုင်း ဘုရားသခင်၏နှုတ်ကပတ်တော်ကို စိတ်နှလုံးအကြွင်းမဲ့ပြောခဲ့ပါတယ်။ လူတိုင်းရဲ့ရန်သူဖြစ်တဲ့ စာတန်ရဲ့လမ်းမှလွှဲပြီး "လွတ်မြောက်ခြင်းနှင့် ထာဝရအသက်တာကို ကြီးမားသောကယ်တင်ရှင်အားဖြင့် လူတိုင်းရွေးဘို့ ပြောကြပါတယ်။
အထူးသဖြင့် ပရောဖက်များစိတ်ထက်သန်စွာ သတိပေးဘို့တာဝန်ရှိသလို၊ အများသောသူတို့လဲ တာဝန်ရှိကြပါတယ်။အမှန်မှာ "လူတိုင်းမိမိရဲ့အိမ်နီးနားချင်းကို သတိပေးဘို့ ကြိုတင်ပြောခြင်းကိုရခဲ့ပါတယ်။ ကျွန်တော်တို့ ဝမ်းမြောက်ခြင်းရဘို့ ကြီးမားတဲ့ ရည်ရွယ်ချက်ရဲ့အသိပညာကို ရခဲ့ပါတယ်။၎င်းဟာပြည့်စုံသော ပညတ်တော်များဖြစ်ပါတယ်။ ယခုကာလနဲ့ နောင်ကာလမှာ ထူးခြားတဲ့အသက်တာရဘို့ ထိုအသိပညာကိုဝေငှရပါမယ်။ "သတိပေးဘို့ ကျွန်တော်တို့ရဲ့ အိမ်နီးချင်းဟာ ဘယ်သူလဲလို့ကျွန်တော် တို့မေးရင်း၊အဖြေက "လူတယောက် ယေရုရှလင်မြို့မှ ယေရိခေါမြို့သို့ သွားရင်း ထားပြတိုက်ခံတဲ့" အကြောင်းမှာတွေ့ရပါမယ်။
ကောင်းသောရှမာရိလူရဲ့ ပုံဥပမာကိုတွေးကြည့်ရင် " ကျွန်တော်ရဲ့ စပ်ဆိုင်သူဟာဘယ်သူလဲ?" ဆိုတဲ့မေးခွန်းရဲ့ အဖြေကကြီးမားတဲ့ ပညတ်တော်နှစ်ပါးနဲ့ တိုက်ဆိုင်ခဲ့ပါတယ်။ " သင်၏ဘုရားသခင်ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့ အစွမ်းသတ္တိ ရှိသမျှ ဥာဏ်ရှိသမျှနှင့် ချစ်လော၊ ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှချစ်လော့။" ချစ်ခြင်း၊ဘုရားသခင်ကိုချစ်တော်မူခြင်း၊ ကိုယ်အချင်းချင်းချစ်ခြင်းသည် သတိပေးတဲ့အသံကို မြင့်တင်ဘို့လှုံ့ဆော် ပါတယ်။ဂရုစိုက်ဘို့ သတိပေးခြင်းဖြစ်ပါတယ်။ ကိုယ်တော်က " နူးညံ့နှိမ့် ချစွာ"တိုက်တွန်းရန်၊ "စိတ်ရှည် သည်းခံ၍ သိမ်မွေ့စွာ မပြောင်းလဲသော မေတ္တာ နဲ့ သတိပေးဘို့ သင်ကြားခဲ့ပါတယ်။ အရေးကြီးတဲ့ သတိပေးချက်များလည်းရှိပါမယ်။ ဥပမာ ကလေးကို မီးထဲလက်မထဲ့ရဘူး လို့သတိပေးတဲ့အခါ၊ သေခြာခိုင်မာစွာပြောရပါမယ်.. တခါတရံဆူပူသလိုလဲ ဖြစ်မယ်။ "သန့်ရှင်းသောဝိညာဉ်တော်ပါရှိခြင်းကြောင့် အမြဲချစ်ခြင်း မေတ္တာ အခြေခံလျက် ရှိပါမယ်။ သက်သေအဖြစ် ကျွန်တော်တို့ ရဲ့ သာသနာရှင်များရဲ့စွန့်စားမှု နှင့်အမှုတော်ဆောင်ခြင်းတို့ဟာ မေတ္တာကြောင့်ဖြစ်ပါတယ်.
မိဘများဟာသူတို့ရဲ့အနီးစပ်ဆုံး၊စပ်ဆိုင်သူတို့ဖြစ်တဲ့သူတို့်ရဲ့သားသမီးများကို ချစ်တဲ့အတွက် သတိပေးဘို့မေတ္တာက တိုက်တွန်းမယ်ဆိုတာ သေခြာပါတယ်။ဆိုလိုသည်မှာ သမ္မာတရားရဲ့မှန်ကန်ခြင်းကို သင်ကြားပြီး သက်သေခံခြင်းဖြစ်ပါတယ်။ဆိုလိုတာက သားသမီးများကို ခရစ်တော်၏ သြဝါဒများကို သင်ကြားပေးရပါမယ်။အလင်းတရား၊နောင်တ တရား ယုံကြည်ခြင်း၊နှစ်ခြင်းမင်္ဂလာခံယူခြင်း နှင့် သန့်ရှင်းသောဝိညာဉ်တော် ဆုကျေးဇူးတို့ ရရှိခြင်းဖြစ်ပါတယ်။ "ငါသည် သင်တို့အား ပညတ်ပေးခဲ့သည်မှာ အလင်းနှစ်အမှန်တရားအကြောင်းကို သင်တို့၏သားသမီးများ သိနားလည်ရန် သင်ကြားရပါမယ်။"
မိဘများသားသမီးများကို သတိပေးတဲ့အခါ အရေးကြီးတဲ့အချက်က အကျင့်စာရိတ္တပျက်ပြားခြင်း အပြစ်ကြောင့်ခံစားရမဲ့ ဒုက္ခကို သိအောင်သတိပေးတာ မကဘူး၊ ပညတ်တော်များကို လိုက်နာတဲ့အတွက် စိတ်ဝမ်းမြောက်ခြင်း ခံစားရမှာကိုလည်း သင်ကြားရပါမယ်။ Enos ဟာ ဘာကြောင့်ဘုရားကို ရှာခဲ့တယ်။ အပြစ်ဖြေလွှတ်ခြင်းခံရပြီး ပြောင်းလဲခဲ့တယ် ဆိုတဲ့ သူရဲ့ပြောခဲ့တဲ့စကားကို သတိရမိပါတယ်။
"ကြည့်ပါ တောထဲမှာသားကောင်များကို အမဲလိုက်ဘို့ ကျွန်တော်သွားခဲ့တယ်။ ကျွန်တော်ရဲ့ ဖခင်ပြောခဲ့တဲ့ ထာဝရအသက်တာနဲ့ သူတော်စင်တို့ရဲ့ ဝမ်းမြောက်ခြင်းကို ကျွန်တော်ရဲ့ စိတ်နှလုံးထဲမှာ လေးနက်စွာရှိနေပါတယ်။
"တဖန်ကျွန်တော်ရဲ့စိတ်နှလုံးတောင့်တနေခဲ့တယ်။ကျွန်တော့်ဖန်ဆင်းရှင်းရဲ့ရှေ့တော်မှာဒူးထောက်ပြီးငိုကျွေး၍တောင်းလျှောက်ခဲ့ပါတယ်။"
ကိုယ်တော်၏တုပမှုမရှိသောမေတ္တာတော်၊ဂရုဏာတော်နှင့်လူတိုင်းဝမ်းမြောက်ခြင်းရရှိဖို့အတွက်ယေရှုခရစ်တော်ဟာလူတို့အားသတိပေးဖို့ဆိုင်းတွမှုမရှိပါ။သူ၏သာသနာတော်အစပိုင်းမှာ,"ယေရှုကနောင်တရကြလော၊ကောင်းကင်နိုင်ငံတော်သည်တည်လုနီးပြီ။ ဟူသောတရားကိုဟောစပြုတော်မှု၏။အဘယ်ကြောင့်ဆိုသော်ကောင်းကင်နိုင်ငံတော်သို့ရောက်ဘို့လမ်းကိုသူသာသိသည်။သူမိတ်တော်မူခဲ့သည်မှာ"
"ကျဉ်းသောတံခါးကိုဝင်ကြလော။ပျက်စီးခြင်းသို့ရောက်သောလမ်းနှင့်တံခါးသည်ကျယ်ဝန်းသည်ဖြစ်၍ဝင်သောသူတို့သည်များကြ၏။
"အသက်ရှင်ခြင်းသို့ရောက်သောလမ်းနှင့်တံခါးသည်အလွန်ကျဉ်းမြောင်းသည်ဖြစ်၍၊တွေ့ဝင်သောလူတို့သည်နည်းကြ၏။
ကိုယ်တော်သည်အပြစ်သားများနှင့်အချိန်ပေး၍ပြောသည်မှာ "ဖြောင့်မတ်သောသူတို့ကိုနောင်တသို့ခေါ်ခြင်းငှါငါလာသည်မဟုတ်။ဆိုးသောသူတို့ကိုခေါ်ခြင်းငှါငါလာသတည်း။ ဟုမိတ်တော်မူ၏။
ကျမ်းပြုဆရာဖာရိရှဲတို့အားယေရှုကအလျှော့ပေးခြင်းမရှိဘဲသူတော်ကောင်းယောင်ဆောင်သူတို့ကိုရှုတ်ချ၍တိုက်ရိုက်သတိပေး၍မိတ်တော်မူသည်မှာ "လျှို့ဝှက်သောကျမ်းပြုဆရာ၊ဖာရိရှဲတို့ သင်တို့သည်အမင်္ဂလာရှိကြ၏။အကြောင်းမူကားပင်စိမ်း၊စမွှတ်၊ဇီယာ၊အသီးအရွက်တို့ကို ဆယ်ဖို့တဖို့ လျှူ ကြသည်တွင်၊တရားသဖြင့်စီရင်ခြင်း၊သူတပါးကိုသနားခြင်း၊သစ္စာစောင့်ခြင်းတည်းဟူသောပညတ်တရားတွင် လေးသောအရာတို့ကိုကား လှပ်၍ထားကြ၏။အရင်ဆိုသောအရာတို့ကိုမလှပ်မထား၊နောက်ဆိုသောအရာတို့ကိုကျင့်ရမည်။"ကယ်တင်ရှင်ဤသို့ပြောခြင်းကြောင့်ဘယ်သူမျှသူ့အားအပြင်မတင်ပါ။နောက်ဆုံးမှာသူတို့ကယ်တင်ခြင်းရဘို့ကိုယ်တော်ခံစားလျှက် အသက်ပေးခဲ့ပါတယ်။သူတို့အပေါ်မှာမေတ္တာထားပြီး အပြစ်ထဲသို့မရောက်ရန်ထိရောက်စွာသင်ကြားခဲ့ပါတယ်။အောင်မြင်ဘို့အတွက်ထိရောက်စွာချဉ်းကပ်ရပါတယ်။လေ့လာသူတစ်ဦးက "ယေရှုသည်သူ၏နောက်လိုက်တို့အားသူပြုသည့်အတိုင်းပြုရန်၊လူတိုင်းကိုလက်ခံရန် သို့သော်အပြစ်အကြောင်းကိုလဲသင်ကြားရန်၊မေတ္တာကြောင့်လူအများဒုက္ခမရောက်စေချင်တဲ့အတွက်သတိပေးရန်သင်ကြားခဲ့ပါတယ်။" ဟုမှတ်ယူခဲ့၏။
တခါတရံရဲရင့်စွာသတိပေးတတ်သောသူတို့ကိုစွတ်စွဲသူအဖြစ်ပယ်ထုတ်ခဲ့တယ်။ဘာပဲဖြစ်ဖြစ်ကိုယ်နှစ်သက်တဲ့ကိုယ်ကျင့်တရားကိုအမှန်လို့်ပြောတဲ့သူများဟာ "မှန်သောအတွေးအခေါ်" ဖြစ်တဲ့ခေတ်ရဲ့ပုံစံကိုလက်မခံဘဲ လူများကိုကြမ်းတမ်းစွာဝေဖန်ကြတယ်။စာရေးဆရာတဦးကဒါကို "ရှက်ဖွယ်သောဓလေ့ထုံးစံ" လို့ညွှန်းထားပါတယ်။
"အပြစ်ဓလေ့ထုံးစံတွင်သင်၏ အဆိုးအကောင်းသိသော စိတ်ခံစားမှုကြောင့် သင်သည် ကောင်းသည်၊ ဆိုးသည်ကိုသင်သိသည်။ "ရှက်ဖွယ်သောဓလေ့ထုံးစံ" တွင်ပတ်ဝန်းကျင်၏ပြောချက်အရ၊ ဂုဏ်ပြု ခြင်းသို့မဟုတ် ဖယ်ထုတ် ခြင်းခံရခြင်းတို့အပေါ် မူတည်ပြီး သင်ကောင်းသည်၊ဆိုးသည်ကိုသင်သိရ၏။ ရှက်ဖွယ်သောဓလေ့ထုံးစံတွင်၊ကိုယ်ကျင့်တရားနှင့်ဆိုင်သော အသက်တာ၌ အမှားနှင့်အမှန်၏ အတိုင်းအတာ ပေါ် ဆောက်တည်ခြင်းမဟုတ်ပါ။ ပါဝင်ခြင်းနှင့်ဖယ်ထုတ်ခြင်းအတိုင်းအတာပေါ်တွင် ဆောက်တည်ထား၏။
အားလုံး၏ ကိုယ်ကျင့်တရားစနစ်သည် ပါဝင်ခြင့်နှင့် ဖယ်ထုတ်ခြင်းအပေါ် အခြေခံပြီးထာဝစဉ်လုံခြုံ မှုမရှိပါ။တသတ်မတ်တည်မြဲသည့် အဆင့်အတန်းများမရှိပါ။လူစု၏ ဆုံးဖြတ်ချက်အားဖြင့် ပြောင်းလဲနေသည်။ဤဓလေ့ထုံးစံသည် အာရုံထိခိုက်လွယ်လွန်းသည်။ပို၍လှုပ်ရှားလွယ်သည်။မကြာခဏစိတ်အထိတ်တလန့်ဖြစ်၏။လူတိုင်းအတင်းပြုလုပ်ရန်ခိုင်းသည့်အခါများတွင်ကြုံ ကြ၏။
အပြစ်ဓလေ့ထုံးစံသည် ကြမ်း၏။သို့သော်လည်းသင်သည် အပြစ်ကိုမုန်း၍ အပြစ်သားကိုချစ်၏။ခေတ်ပေါ်ရှက်ဖွယ်သောဓလေ့ထုံးစံသည် ပါဝင်ခြင်းနှင့် သည်းခံခြင်းကို တန်ဘိုးထား၏။သို့သော်ထိုထုံးစံကိုသဘောမတူသူဖြစ်စေ၊ထိုထုံးစံတွင်ဝင်မဆန့်သူတို့ကိုထူးဆန်းစွာဖြင့် ကျင်နာမှုကင်းစွာဆက်ဆံ၏။"
ခြားနားချက်မှာ "ကျွန်ုပ်တို့၏ ကယ်တင်ရှင်ကျောက်တုံး" သည်မျှတခြင်း၊ ကောင်းမြတ်ခြင်းနှင့် တည်တံ့ခိုင်မြဲသောအခြေခံရှိသည်။ကြိုတင်၍မသိနိုင်သော စည်းမျဉ်း များကိုအုပ်ချု ပ်သော၊ ဒေါသအမျက်နှငြ့်ပည့်သည့် သောင်းကျန်းသောလူအုပ်၏ ထားစာခံဖြစ်မည့်အစား၊ မပြောင်းလဲသောဘုရားသခင်၏ ဥပဒေကိုကျွန်တော်တို့အနာဂတ်အတွက်ရွေးချယ်နိုင်ပါသည်။လေတိုက်တိုင်း ခေါင်းတုံ့ခေါက်ပြန်လွှင့်နေသောဥပဒေကို လိုက်နာမည့်အစား၊ အမှန်တရားအားသိရခြင်းသည်ပိုကောင်း၏။ အပြစ်နှင့်နောင်တတရားထဲတွင် အားနည်းပြီးအမှန်အမှားမရှိဘူးလို့ဟန်ဆောင်မည့်အစား၊နောင်တရပြီး၊ဒေသနာတရားတော်တွင် ရပ်တည်နေခြင်းကပိုကောင်းပါသည်။
ကိုယ်တော်မိန့်တော်မူခဲ့သည်။ "ဤနောက်ဆုံးနေ့များတွင်ငါရွေးထားသောငါ၏တပည့်တောများနှုတ်မှသတိပေးသံကို လူအားလုံးကြားရမည်။" တပည့်တော်များ၊ ကင်းစောင့်သူများအဖြစ်၊ ကျွန်တော်တို့ " ပိုကောင်းသောနည်း" အတွက် ကြားနေလို့မရပါ။ယေဇကျေလကဲ့သို့ ဒါးမြေသို့ရောက်တာကိုကျွန်တော်တို့မမြင်နိုင်ပါ။တဖန်ခရာကိုလဲမမှုတ်ပါ။" ကျွန်တော်တို့အိမ်နီးနားခြင်းများရဲ့ တံခါးကိုခေါက်ပြီးသို့မဟုတ်လူထုရှိတဲ့နေရာများမှာ "နောင်တ" ရကြဘို့အော်ပြီးပြောခိုင်းတာမဟုတ်ပါ။ သေခြာစွာ စဉ်းစားလျှင် လူများတကယ်လိုတဲ့ ပြန်လည်ပေးအပ်တဲ့ ဒေသနာတော် ကျွန်တော်တို့မှာရှိပါတယ်။ သူတို့ရဘို့သတိပေးတဲ့အသံကယဉ်ကျေးသောအသံမကပါ ဆာလံဆရာပြောတဲ့ အတိုင်း "ဝမ်းမြောက်သောအသံ" လဲ ဖြစ်ရပါမယ်။
Deseret သတင်းထင်မြင်ချက်စာ တည်းဖြတ်သူ Hal Boyd ကတိတ်ဆိတ်စွာနေသောပင်ကိုယ်ကြောင့်အကျိုးမဲ့စေတဲ့ဥပမာအကိုးအကားကိုပြောပါတယ်။သူမှတ်သားသည်မှာ အမေရိကန်မှာရှိတဲ့လက်ရွေးစဉ်လူတစုဟာ မင်္ဂလာ ဆောင်ခြင်းကိုဗဟုသုတရှိသူတို့စကားရည်လုပြိုင်ရာတွင်၊ မင်္ဂလာ ဆောင်ခြင်းသက်သက်ဟာစကားရည်လုစရာမဟုတ်ပါ။" လက်ရွေးစဉ်များမင်္ဂလာဆောင်ပြီးသူတို့၏ကလေးများတည်တံ့တဲ့အိမ်ထောင်ရေးမှာပျော်စေပါတယ်။ဘာပဲ ဖြစ်ဖြစ်ပြဿ နာမှာသူတို့ကျင့်တဲ့အတိုင်းမဆုံးမပါ၊ မသွန်သင်ပါ။" သူတို့ကိုယ်ကျင့်တရားနဲ့မြင့်မြတ်ခြင်းကို ဦးဆောင်သွားတာကိုလိုက်နာတဲ့သူကို တာဝန်ကြပ်မတ်ခြင်းမပေးပါ။သို့သော်ပညာရှိမိသားစုများအား အချိန်ရောက်ပါပြီ။ကြားနေပြီးဟန်ဆောင်တာကိုရပ်ပါ။မင်္ဂလာဆောင်ခြင်း၊ မိဘတာဝန်စသည်တို့ကိုသင်ကြားပါ။ကိုယ့်ရဲ့အမေရိကန်နိုင်ငံသားတို့ကိုလည်း ကူညီပါ။
အထူးသဖြင့်တိုးတက်ဖြစ်ထွန်းလာသော သင်တို့လူငယ်များကိုကျွန်တော်တို့ယုံကြည်ပါတယ်။ကိုယ်တော်ဟာ လာမဲ့နှစ်များစွာမှာ၊ သူ၏လုပ်ငန်းအောင်မြင်ဘို့ သင်တို့ကိုအားကိုးတယ်။ဒေသနာတော်နှင့်အသင်းတော်၏ စည်းမျဉ်းဥပဒေကိုလူထုမှာဖြစ်စေ လွတ်လပ်စွာဖြစ်စေ သင်ကြားဘို့ သင်တို့ကို အထောက်အခံ ပြု ပါတယ်။ အမှန်တရားကိုကြိုး စားရှာသူတို့အား ပြစ်ပယ်မထားပါနဲ့။မမှန်သော သည်းခံတဲ့စိတ်ကူးများကိုအရှုံးမပေးပါနဲ့၊ အဆင်မပြေခြင်း၊အပြစ်တင်ရှုတ်ချမှု၊ နာကျင်မှုများကိုကြောက်ရွံ့ခြင်းမရှိပါနှင့်၊ကယ်တင်ရှင်၏ ဂတိတော်ကို သတိရပါ။
"ငါ့ကြောင့်သင်တို့ကိုကဲ့ရဲ့ညှင်းဆဲ၍၊မမှန်ဘဲလျက် အပြစ်တကာတင်ကြသောအခါ၊သင်တို့သည်မင်္ဂလာရှိကြ၏။
"ဝမ်းမြောက်ရွှင်မြူးခြင်းရှိကြလော့၊အကြောင်းမူကားကောင်းကင်ဘုံ၌ သင်တို့၏ အကျိုးသည် ကြီးလှပေ၏။သင်တို့ရှေ့ကပေါ်ထွန်းသောပရောဖက်တို့ကို ထိုနည်းတူညှင်းဆဲကြပြီ။
ကျွန်တော်တို့အပြီးသတ်ပြောစရာမှာ ကျွန်တော်တို့တဦးစီဟာ ဘုရားသခင်အတွက်တာဝန်ရှိပါတယ်။ကျွန်တော်တို့အသက်တာမှာ ဘယ်လိုဘယ်လိုအသက်ရှင်မယ်ဆိုတာကိုကျွန်တော်တို့ရွေးရပါမယ်။ကယ်တင်ရှင်ကြေညာခဲ့ပါတယ်။ "ငါ၏အဘ ငါ့ကိုစေလွှတ်ရာတွင်ငါသည် လက်ဝါးကပ်တိုင်မှာ မြင့်တင်ခြင်းခံရလိမ့်မည်။ထို့နောက်လက်ဝါးကပ်တိုင်ပေါ်မှာငါသည် မြင့်တင်ခြင်းခံရခြင်းအားဖြင့်လူတိုင်းကိုငါ့ထံသို့ ရောက်စေလိမ့်မယ်။ငါသည်လူအများရဲ့ မြင့်တင်ခြင်းခံရသကဲ့သို့၊ သူတို့၏ လုပ်ဆောင်မှုများကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ၊ သူတို့ကိုတရားစီရင်ဘို့၊ငါ၏အရှေ့မှာရပ်ဘို့ အဘ ဘုရားသခင်၏ မြင့်တင်ခြင်းကိုခံသင့်သည်။"
ကိုယ်တော်၏အကြီးမားဆုံးသောတန်ခိုးကိုသိခြင်း။အယ်လ်မာ၏စကားများကိုကျွန်တော်ရဲ့ ကိုယ်ပိုင်အဖြစ်ယူ၍အဆုံးသတ်ပါမယ်။
"ယခု၊ ကျွန်တော်ရဲ့ညီအစ်ကိုမောင်နှမများခင်ဗျား၊ကျွန်တော်ရဲ့စိတ်နှလုံးအပြည့်အဝဖြင့်ဆန္ဒ ပြု သည်မှာ၊ ကြီးမားသောစိုးရိမ်မှု၊ နာကြည်မှုဖြင့်ကျွနုပ်၏စကားများကိုနာခံပါ။ သင်တို့၏အပြစ်များကို ဖယ်ရှားပြီးနောင်တရဘို့နေ့အတွက် အချိန်မဆွဲပါနဲ့။
"ကိုယ်တော်၏ရှေ့တော်မှာသင်တို့နှိုမ့်ချပြီး၊သူ၏သန့်ရှင်းသောနာမတော်ကိုတောင်းလျှောက်ပါ။တဖန်သင်သည်သွေးဆောင်ခြင်းကိုမခံရဘဲ၊ခံနိုင်ရည်ရှိရန်နှင့် သန့်ရှင်းသောဝိညာဉ်တော်၏ လမ်းပြခြင်းကိုခံစားရအောင်အစဉ်မပြတ်ဆုတောင်း၍စောင့်မျှော်ပါ။
"ကိုယ်တော်ကိုယုံကြည်ခြင်း၊ထာဝရအသက်တာကိုရမည်လို့မျှော်လင့်ခြင်း၊ ဘုရားသခင်၏မေတ္တာကိုသင်တို့၏စိတ်နှလုံးများထဲမှာအစဉ်တည်ရှိခြင်းအာဖြင့် နောက်ဆုံးနေ့တွင်သင်တို့သည်မြှင့်တင်ခြင်းကိုခံရပြီး ကိုယ်တော်နှင့် အေးချမ်းစွာနေရလိမ့်မည်။"
ကျွန်တော်တို့ဒါဝိတ်နှင့်အတူကိုယ်တော်အား "ကျွန်တော်၏စိတ်နှလုံးထဲမှာကိုယ်တော်၏မှန်ကန်ခြင်းကိုမဖုံးထားပါကိုယ်တော်၏သစ္စာရှိခြင်းနှင်ကယ်တင်ခြင်းကိုကြေညာပါတယ်။" ကိုယ်တော်၏ကြင်နာခြင်းမေတ္တာနှင့်မှန်ကန်ခြင်းကို ကြီးမားသောပရိသတ်တို့အားဖော်ပြပါ၏။ကိုယ်တော် ကျွန်တော်အားသနားကြင်နာတော်မူပါ။" (ဆာလံ ၄၀: ၁၀_၁၁)ယေရှုခရစ်တော်၏နာမတော်မြတ်၌အာမင်