လစဉ် လူငယ်တို့အတွက်ခွန်အား အမှာစကား၊ မတ် ၂၀၂၆
ထွက်မြောက်ရာကျမ်း ၁၂
ကျွန်ုပ်တို့၏ပသခါပွဲ—ပွဲတော်မင်္ဂလာ
ရှေးယခင်က ပသခါပွဲနှင့် ကျွန်တော်တို့၏အပတ်စဉ်ပွဲတော်မင်္ဂလာအကြား ဆက်နွယ်မှုတစ်ခု ရှိပါသည်။
အက်လစ်ဆာ ထောလန့်တ်၏ သရုပ်ဖော်ပုံ
ရှေးက ဣသရေလလူမျိုးများသည် အဲဂုတ္တုပြည်တွင် သူတို့၏ကျွန်ခံခြင်းမှ မထွက်ခွာနိုင်မီ၊ ကိုယ်တော်ရှင်ထံမှ တိကျသောညွှန်ကြားချက်များကို လိုက်နာရန် တောင်းဆိုခံခဲ့ရပါသည်။ ထိုမှသာ ဖျက်ဆီးသောတမန်သည် သူတို့ကိုချမ်းသာပေးလိမ့်မည်၊ သို့မဟုတ် သူတို့ကိုလွန်သွားမည်ဖြစ်သည် (ရှု ထွက်မြောက်ရာ ၁၂)။ အဲဂုတ္တုပြည်ကို သူတို့စွန့်ခွာပြီးနောက်၊ ဣသရေလလူမျိုးများသည် ကိုယ်တော်ရှင်က သူ၏ပဋိညာဉ်ခံလူများအား မည်သို့ကယ်လွှတ်တော်မူခဲ့ကြောင်းကို အောက်မေ့ရန် ပသခါပွဲဟုခေါ်သော ပွဲတော်ကို နှစ်တိုင်းကျင်းပခဲ့ကြပါသည်။
ကိုယ်တော်၏သေခြင်းရှိရာဘဝ၏နောက်ဆုံးရက်သတ္တပတ်အတွင်း၊ ယေရှုခရစ်တော်သည် ပသခါစားပွဲ၌ ရှိနေခဲ့ပါသည်။ ကျွန်တော်တို့ ယခုအခါ ထိုစားပွဲကို နောက်ဆုံးညစာစားပွဲဟု ခေါ်ကြပါသည်။ ကယ်တင်ရှင်သည် ထိုအခိုက်အတန့်ကို ကျွန်တော်တို့ယခုအခါ အပတ်တိုင်းပါဝင်ဆောင်ရွက်သည့် ပွဲတော်ဘိသိက်မင်္ဂလာကို မိတ်ဆက်ရန် အသုံးပြုခဲ့ပါသည်။ (ရှု မဿဲ ၂၆:၂၆–၂၈၊ လုကာ ၂၂:၁၉–၂၀၊ ဩဝါဒနှင့် ပဋိညာဉ်များ ၂၀:၇၇၊ ၇၉။)
ဤသည်မှာ ကယ်တင်ရှင်အားဖြင့် ကျွန်တော်တို့၏လွတ်မြောက်ခြင်းကို အောက်မေ့ရန် ကျွန်တော်တို့ကို ကူညီနိုင်သည့် ပထမဦဆုံးပသခါပွဲ၊ ကိုယ်တော်ရှင်၏နောက်ဆုံးညစာစားပွဲနှင့် ယနေ့ခေတ်ပွဲတော်မင်္ဂလာတို့အကြား ဆက်နွယ်မှုနှစ်ခုဖြစ်ပါသည်။
မုန့်
ပသခါပွဲ၊ ခုနစ်ရက်အကြာ၊ ဣသရေလလူမျိုးများသည် တဆေးမပါသောမုန့်ကို စားခဲ့ကြပါသည် (၎င်းသည် ပြုလုပ်ရန်မြန်ဆန်ပြီး ပုပ်ပျက်ဆွေးမြေ့မှုလည်း နည်းပါးပါသည်)။
နောက်ဆုံးညစာစားပွဲ၊ ယေရှုခရစ်တော်သည် ပသခါပွဲ၏တဆေးမပါသောမုန့်ကို ကောင်းချီးပေးပြီးချိုးဖဲ့ခဲ့ပါသည်၊ ပြီးနောက် သူသည် တပည့်တော်များကို ပေးခဲ့ပါသည်။ ကိုယ်တော်က သူ၏ကိုယ်ခန္ဓာကို အောက်မေ့ဖို့ရာ ၎င်းကိုသုံးဆောင်ရန် သူတို့ကိုမိန့်တော်မူခဲ့ပါသည်။ သူ၏ကိုယ်ခန္ဓာသည် မကြာမီ ချိုးဖဲ့ခံရပြီး သေဆုံးလိမ့်မည်၊ သို့သော် တဖန်ထမြောက်တော်မူမည်ကို ကိုယ်တော်သိတော်မူခဲ့ပါသည်။
ပွဲတော်မင်္ဂလာ၊ ကျွန်တော်တို့သည် ယေရှုခရစ်တော်၏ကိုယ်ခန္ဓာကို အောက်မေ့ဖို့ရာ မုန့်ကိုသုံးဆောင်ကြပါသည်။
ယေရှုခရစ်တော်သည် အသက်မုန့်ဖြစ်ပါသည်။ ကိုယ်တော်၏ရှင်ပြန်ထမြောက်ခြင်းအားဖြင့်၊ ကျွန်တော်တို့အားလုံး စုံလင်သော၊ မပျက်စီးနိုင်သော၊ သေခြင်းမရှိသောကိုယ်ခန္ဓာများဖြင့် ထမြောက်ကြမည်ဖြစ်ပါသည်။ ကိုယ်တော်သည် ကျွန်တော်တို့ကို သေခြင်းမှကယ်လွှတ်တော်မူပါသည်။
သိုးသငယ်၏အသွေးတော်
ပသခါပွဲ၊ ပသခါသိုးသငယ်သည် အပြစ်မပါ၊ အခါလည်သော သိုးထီးဖြစ်ခဲ့ပါသည်။ ၎င်းကိုသတ်ပြီး၊ ၎င်း၏အသွေးကို ခွက်တစ်ခုထဲတွင် စုဆောင်းခဲ့ပါသည်။ ဟုဿုပ်ပင်ညွန့် (ဆေးဖက်ဝင် အပင်တစ်မျိုး)ကို ခွက်ထဲနှစ်ပြီးလျှင်၊ အိမ်၏အပြင်ဘက်တံခါးဘောင်တစ်ဝိုက်တွင် အသွေးကို သုတ်လိမ်းရန် အသုံးပြုခဲ့ကြပါသည်။ ဤသည်မှာ ဖျက်ဆီးသောတမန်သည် ကိုယ်တော်ရှင်၏ပဋိညာဉ်ခံလူများအား လွန်သွားဖို့ ခွဲခြားရန်အတွက် အပြင်ပန်းသင်္ကေတဖြစ်ပါသည်။ ထိုမှသာ သူတို့ကို အဲဂုတ္တုပြည်တွင် ကျွန်ခံခြင်းမှ ကယ်လွှတ်နိုင်မည်ဖြစ်ပါသည်။
နောက်ဆုံးညစာစားပွဲ၊ ယေရှုခရစ်တော်သည် သူ၏အသွေးတော်ကို ကိုယ်စားပြုရန် စပျစ်ရည်ကိုအသုံးပြုခဲ့ပါသည်။ ကိုယ်တော်က သူ၏အသွေးတော်ကို အောက်မေ့ဖို့ရာ ၎င်းကိုသောက်သုံးရန် သူ၏တပည့်တော်များကို မိန့်တော်မူခဲ့ပါသည်။ ထိုအသွေးတော်ကို အပြစ်များမှလွှတ်ခြင်းအတွက်နှင့် ပဋိညာဉ်သစ်၏တစ်စိတ်တစ်ပိုင်းအဖြစ် သူတို့အတွက် သွန်းတော်မူမည် ဖြစ်ပါသည်။
ပွဲတော်မင်္ဂလာ၊ ကျွန်တော်တို့သည် ယေရှုခရစ်တော်၏အသွေးတော်ကို အောက်မေ့ဖို့ရာ ရေကိုသောက်သုံးကြပါသည်။
ယေရှုခရစ်တော်သည် ဘုရားသခင်၏သိုးသငယ်ဖြစ်ပါသည်။ ကျွန်တော်တို့၏အပြစ်များနှင့် အားနည်းချက်များအတွက် ကိုယ်တော်သည် ဒုက္ခဝေဒနာခံစားခဲ့စဉ် သူ၏အသွေးတော်ကို သွန်းခဲ့ပါသည်။ သူ၏အသွေးတော်—သူ၏စွန့်လွှတ်မှု—သည် ကျွန်တော်တို့ကို သန့်စင်စေပါသည်။ သူသည် ကျွန်တော်တို့ကို အပြစ်မှ ကယ်လွှတ်ပါသည်။
© ၂၀၂၆ by Intellectual Reserve, Inc. All rights reserved. USA တွင်ပုံနှိပ်သည်။ အင်္ဂလိပ်စာခွင့်ပြုချက်၊ ၆/၁၉။ ဘာသာပြန် ခွင့်ပြုချက်၊ ၆/၁၉။ Monthly For the Strength of Youth Message, March 2026 ၏ဘာသာပြန်။ Burmese. 19936 256