လူငယ်တို့အတွက် ခွန်အား
ကျွန်ုပ်တို့၏ပသခါပွဲ—ပွဲတော်မင်္ဂလာ
လူငယ်တို့အတွက်ခွန်အား မတ် ၂၀၂၆


လစဉ် လူငယ်တို့အတွက်ခွန်အား အမှာစကား၊ မတ် ၂၀၂၆

ထွက်မြောက်ရာကျမ်း ၁၂

ကျွန်ုပ်တို့၏ပသခါပွဲ—ပွဲတော်မင်္ဂလာ

ရှေးယခင်က ပသခါပွဲနှင့် ကျွန်တော်တို့၏အပတ်စဉ်ပွဲတော်မင်္ဂလာအကြား ဆက်နွယ်မှုတစ်ခု ရှိပါသည်။

လူငယ်အမျိုးသမီး

အက်လစ်ဆာ ထောလန့်တ်၏ သရုပ်ဖော်ပုံ

ရှေးက ဣ​သ​ရေ​လ​လူမျိုး​များသည် အဲ​ဂု​တ္တု​ပြည်တွင် သူတို့၏ကျွန်ခံခြင်းမှ မထွက်ခွာနိုင်မီ၊ ကိုယ်တော်ရှင်ထံမှ တိကျသောညွှန်ကြားချက်များကို လိုက်နာရန် တောင်းဆိုခံခဲ့ရပါသည်။ ထိုမှသာ ဖျက်​ဆီး​သော​တမန်သည် သူတို့ကိုချမ်းသာပေးလိမ့်မည်၊ သို့မဟုတ် သူတို့ကိုလွန်သွားမည်ဖြစ်သည် (ရှု ထွက်မြောက်ရာ ၁၂)။ အဲ​ဂု​တ္တု​ပြည်ကို သူတို့စွန့်ခွာပြီးနောက်၊ ဣ​သ​ရေ​လ​လူမျိုး​များသည် ကိုယ်တော်ရှင်က သူ၏ပဋိညာဉ်ခံလူများအား မည်သို့ကယ်လွှတ်တော်မူခဲ့ကြောင်းကို အောက်မေ့ရန် ပသခါပွဲဟုခေါ်သော ပွဲတော်ကို နှစ်တိုင်းကျင်းပခဲ့ကြပါသည်။

ကိုယ်တော်၏သေခြင်းရှိရာဘဝ၏နောက်ဆုံးရက်သတ္တပတ်အတွင်း၊ ယေရှုခရစ်တော်သည် ပသခါစားပွဲ၌ ရှိနေခဲ့ပါသည်။ ကျွန်တော်တို့ ယခုအခါ ထိုစားပွဲကို နောက်ဆုံးညစာစားပွဲဟု ခေါ်ကြပါသည်။ ကယ်တင်ရှင်သည် ထိုအခိုက်အတန့်ကို ကျွန်တော်တို့ယခုအခါ အပတ်တိုင်းပါဝင်ဆောင်ရွက်သည့် ပွဲတော်ဘိသိက်မင်္ဂလာကို မိတ်ဆက်ရန် အသုံးပြုခဲ့ပါသည်။ (ရှု မဿဲ ၂၆:၂၆–၂၈လုကာ ၂၂:၁၉–၂၀ဩဝါဒနှင့် ပဋိညာဉ်များ ၂၀:၇၇၊ ၇၉။)

ဤသည်မှာ ကယ်တင်ရှင်အားဖြင့် ကျွန်တော်တို့၏လွတ်မြောက်ခြင်းကို အောက်မေ့ရန် ကျွန်တော်တို့ကို ကူညီနိုင်သည့် ပထမဦဆုံးပသခါပွဲ၊ ကိုယ်တော်ရှင်၏နောက်ဆုံးညစာစားပွဲနှင့် ယနေ့ခေတ်ပွဲတော်မင်္ဂလာတို့အကြား ဆက်နွယ်မှုနှစ်ခုဖြစ်ပါသည်။

ပသခါပွဲရှိ တံခါးဘောင်
နောက်ဆုံး ညစာစားပွဲ
ပွဲတော် မုန့်နှင့်ရေ

မုန့်

ပသခါပွဲ၊ ခုနစ်ရက်အကြာ၊ ဣ​သ​ရေ​လ​လူမျိုး​များသည် တ​ဆေး​မ​ပါ​သော​မုန့်ကို စားခဲ့ကြပါသည် (၎င်းသည် ပြုလုပ်ရန်မြန်ဆန်ပြီး ပုပ်ပျက်ဆွေးမြေ့မှုလည်း နည်းပါးပါသည်)။

နောက်ဆုံးညစာစားပွဲ၊ ယေရှုခရစ်တော်သည် ပသခါပွဲ၏တ​ဆေး​မ​ပါ​သော​မုန့်ကို ကောင်းချီးပေးပြီးချိုးဖဲ့ခဲ့ပါသည်၊ ပြီးနောက် သူသည် တပည့်တော်များကို ပေးခဲ့ပါသည်။ ကိုယ်တော်က သူ၏ကိုယ်ခန္ဓာကို အောက်​မေ့​ဖို့​ရာ ၎င်းကိုသုံးဆောင်ရန် သူတို့ကိုမိန့်တော်မူခဲ့ပါသည်။ သူ၏ကိုယ်ခန္ဓာသည် မကြာမီ ချိုးဖဲ့ခံရပြီး သေဆုံးလိမ့်မည်၊ သို့သော် တဖန်ထမြောက်တော်မူမည်ကို ကိုယ်တော်သိတော်မူခဲ့ပါသည်။

ပွဲတော်မင်္ဂလာ၊ ကျွန်တော်တို့သည် ယေရှုခရစ်တော်၏ကိုယ်ခန္ဓာကို အောက်​မေ့​ဖို့​ရာ မုန့်ကိုသုံးဆောင်ကြပါသည်။

ယေရှုခရစ်တော်သည် အ​သက်​မုန့်​ဖြစ်ပါသည်။ ကိုယ်တော်၏ရှင်ပြန်ထမြောက်ခြင်းအားဖြင့်၊ ကျွန်တော်တို့အားလုံး စုံလင်သော၊ မပျက်စီးနိုင်သော၊ သေခြင်းမရှိသောကိုယ်ခန္ဓာများဖြင့် ထမြောက်ကြမည်ဖြစ်ပါသည်။ ကိုယ်တော်သည် ကျွန်တော်တို့ကို သေခြင်းမှကယ်လွှတ်တော်မူပါသည်။

သိုးသငယ်၏အသွေးတော်

ပသခါပွဲ၊ ပသခါသိုးသငယ်သည် အ​ပြစ်​မ​ပါ၊ အ​ခါ​လည်​သော သိုး​ထီး​ဖြစ်​ခဲ့ပါသည်။ ၎င်းကိုသတ်ပြီး၊ ၎င်း၏အသွေးကို ခွက်တစ်ခုထဲတွင် စုဆောင်းခဲ့ပါသည်။ ဟုဿုပ်​ပင်​ညွန့်​ (ဆေးဖက်ဝင် အပင်တစ်မျိုး)ကို ခွက်ထဲ​နှစ်​ပြီး​လျှင်၊ အိမ်၏အပြင်ဘက်တံ​ခါး​ဘောင်​တစ်ဝိုက်တွင် အသွေးကို သုတ်​လိမ်းရန် အသုံးပြုခဲ့ကြ​ပါသည်။ ဤသည်မှာ ဖျက်​ဆီး​သော​တမန်သည် ကိုယ်တော်ရှင်၏ပဋိညာဉ်ခံလူများအား လွန်သွားဖို့ ခွဲခြားရန်အတွက် အပြင်ပန်းသင်္ကေတဖြစ်ပါသည်။ ထိုမှသာ သူတို့ကို အဲ​ဂု​တ္တု​ပြည်တွင် ကျွန်ခံခြင်းမှ ကယ်လွှတ်နိုင်မည်ဖြစ်ပါသည်။

နောက်ဆုံးညစာစားပွဲ၊ ယေရှုခရစ်တော်သည် သူ၏အသွေးတော်ကို ကိုယ်စားပြုရန် စပျစ်ရည်ကိုအသုံးပြုခဲ့ပါသည်။ ကိုယ်တော်က သူ၏အသွေးတော်ကို အောက်မေ့ဖို့ရာ ၎င်းကိုသောက်သုံးရန် သူ၏တပည့်တော်များကို မိန့်တော်မူခဲ့ပါသည်။ ထိုအသွေးတော်ကို အပြစ်များမှလွှတ်ခြင်းအတွက်နှင့် ပဋိညာဉ်သစ်၏တစ်စိတ်တစ်ပိုင်းအဖြစ် သူတို့အတွက် သွန်းတော်မူမည် ဖြစ်ပါသည်။

ပွဲတော်မင်္ဂလာ၊ ကျွန်တော်တို့သည် ယေရှုခရစ်တော်၏အသွေးတော်ကို အောက်မေ့ဖို့ရာ ရေကိုသောက်သုံးကြပါသည်။

ယေရှုခရစ်တော်သည် ဘုရားသခင်၏သိုးသငယ်ဖြစ်ပါသည်။ ကျွန်တော်တို့၏အပြစ်များနှင့် အားနည်းချက်များအတွက် ကိုယ်တော်သည် ဒုက္ခဝေဒနာခံစားခဲ့စဉ် သူ၏အသွေးတော်ကို သွန်းခဲ့ပါသည်။ သူ၏အသွေးတော်—သူ၏စွန့်လွှတ်မှု—သည် ကျွန်တော်တို့ကို သန့်စင်စေပါသည်။ သူသည် ကျွန်တော်တို့ကို အပြစ်မှ ကယ်လွှတ်ပါသည်။