2025
ဤအသက်တာပြီး‌နောက်၊ အချို့သောမေးခွန်းများ၏အဖြေများ
လူငယ်တို့အတွက်ခွန်အား ဇူလိုင် ၂၀၂၅


လစဉ် လူငယ်တို့အတွက်ခွန်အား အမှာစကား၊ ဇူလိုင် ၂၀၂၅

အသက်တာ ပြီးနောက်

အချို့သောမေးခွန်းများ၏အဖြေများ

ကောင်းကင်ဘုံရှင်အဘ၏အစီအစဉ်သည် ကျွန်ုပ်တို့အား သေလွန်ပြီးနောက်အသက်တာအကြောင်း ရှုထောင့်နှင့်ငြိမ်သက်ခြင်းကို ပေးနိုင်ပါသည်။

တိမ်တိုက်များထဲမှလှေကားတစ်ခု

သောမတ်စ် အာနိုး၏ သရုပ်ဖော်ပုံ

ကျွန်ုပ်တို့သေလွန်ပြီးနောက် မည်သို့ဖြစ်ပါမည်နည်း။

ဤမေးခွန်းသည် ဘာသာတရားအားလုံးတွင်ရှိသော မေးခွန်းတစ်ခုဖြစ်ကောင်းဖြစ်နိုင်ပါသည်။ ယေရှုခရစ်တော်နှင့်သူ၏ဧဝံဂေလိတရားတော်အားဖြင့် ကျွန်ုပ်တို့ရရှိသည့်အဖြေများသည် အစွမ်းထက်လှပါသည်။ ဤအသက်တာသည် အဆုံးသတ်မဟုတ်ပါ။ ယေရှုခရစ်‌တော်သည် ရှင်ပြန်ထမြောက်ခဲ့သောကြောင့်၊ ကျွန်ုပ်တို့၏ဝိညာဉ်များသည် ကျွန်ုပ်တို့၏ကိုယ်ခန္ဓာများနှင့်ပေါင်းစည်းကာ၊ ကျွန်ုပ်တို့အားလုံးသည် တစ်နေ့တွင် ရှင်ပြန်ထမြောက်ကြပါလိမ့်မည်။

ဟုတ်ပါသည်၊ ခေတ်သစ်ဗျာဒိတ်တော်အားဖြင့် ကျွန်ုပ်တို့ထံရောက်လာသည့် သေလွန်ပြီးနောက်အသက်တာအကြောင်း တခြားအသေးစိတ်အချက်အလက်များက ကျွန်ုပ်တို့၌ရှိနိုင်သောတခြားမေးခွန်းများကို ဖြေနိုင်ပါသည်။ ဤသည်မှာ ထိုမေးခွန်းအချို့နှင့် အတိုချုပ်အဖြေအချို့ဖြစ်ပါသည်။

ဝိညာဉ်ကိုယ်ခန္ဓာများသည် မည်ကဲ့သို့ရှိသနည်း။

ဝိညာဉ်သည် အရာဝတ္ထုတစ်မျိုးဖြစ်ပါသည်၊ သို့သော် “ပို၍တင့်တယ် သို့မဟုတ် ပို၍စင်ကြယ်” ပါသည် (ဩဝါဒနှင့်ပဋိညာဉ်များ ၁၃၁:၇)။ ဝိညာဉ်ကိုယ်ခန္ဓာများသည် အရွယ်ရောက်လူသားကိုယ်ခန္ဓာများကဲ့သို့ဖြစ်ပါသည်။

ဝိညာဉ်ကမ္ဘာသည် အဘယ်မှာရှိပါသနည်း။

ဤနေရာ၊ ကျွန်ုပ်တို့၏ ပတ်ပတ်လည်တွင်ရှိပါသည်။

ဝိညာဉ်ကမ္ဘာတွင် မည်သည်တို့ ဖြစ်ပျက်ကြပါသနည်း။

တခြားသောအရာများထဲမှ၊ ဧဝံဂေလိတရားကိုလက်မခံခဲ့သောဝိညာဉ်များကို ဧဝံဂေလိတရားဟောပြောရန် ဧဝံဂေလိတရားကို လက်ခံခဲ့သောဝိညာဉ်များကို ဖွဲ့စည်းကြပါသည်။ ထိုဝိညာဉ်များသည် ၎င်းကို လက်ခံရန် သို့မဟုတ် ငြင်းပယ်ရန် ရွေးချယ်နိုင်ပါသည်။

ရှင်ပြန်ထမြောက်သောကိုယ်ခန္ဓာများသည် မည်ကဲ့သို့ရှိပါသနည်း။

ရှင်ပြန်ထမြောက်သောကိုယ်ခန္ဓာများသည် မသေဆုံးနိုင်ပါ၊ အရိုးနှင့်အသား ရှိပြီး၊ စုံလင်ကြပါသည်။ ၎င်းတို့သည် ဘုန်းအသရေနှင့်ပြည့်စုံ၍ လှပကြပါသည်။ “ရှင်ပြန်ထမြောက်လာသော အမျိုးသား သို့မဟုတ် အမျိုးသမီးကို မြင်ရသည်ထက် ပို၍လှပသောအရာမရှိပါ။”

ဆီလက်ရှယ်လ်နိုင်ငံတော်၌ မည်သည်တို့ ဖြစ်ပျက်ကြပါသနည်း။

ဆီလက်ရှယ်လ်နိုင်ငံတော်၏ အမြင့်ဆုံးအဆင့်တွင်ရှိကြသူများသည် ကျွန်တော်တို့၏ကောင်းကင်ဘုံရှင်အဘကဲ့သို့ဖြစ်လာပြီး ပြည့်စုံသောဝမ်း‌မြောက်ခြင်းကိုခံစားရပါသည်။ ခမည်းတော်၌ရှိသောအရာခပ်သိမ်းကို သူတို့ရရှိကြပါသည်။ သူတို့သည် ကိုယ်တော်ရှင်၏အမှုတော်နှင့်ဘုန်းအသရေ၌ ပါဝင်ဆောင်ရွက်ကြပါသည်။ သူတို့သည် ထာဝရအတွက် ထိမ်းမြားတံဆိပ်ခတ်ခဲ့ကြပြီး သူတို့၏ကိုယ်ပိုင်ထာဝရဝိညာဉ်သားသမီးများရှိကာ ယခုအခါထာဝရမိသားစုများအဖြစ် နေထိုင်ကြပါသည်။

ဤအသက်တာ၌ အိမ်ထောင်မပြုခဲ့ကြသူများသည် မည်ကဲ့သို့ဖြစ်ပါမည်နည်း။

ကောင်းကင်ဘုံရှင်အဘသည် စုံလင်စွာ တရားမျှတပြီး ကရုဏာတော်နှင့်ပြည့်စုံလှပါသည်။ “ပညတ်တော်ကို စောင့်ထိန်းသော၊ သူတို့၏ပဋိညာဉ်များအပေါ်၌မှန်ကန်သော၊ မှန်ကန်သည့်အရာကို လိုလားသော ကိုယ်တော်ရှင်၏သားများနှင့်သမီးများအား ထာဝရကာလများ၌ မည်သည့်ကောင်းချီးကမျှ ငြင်းပယ်လိမ့်မည် မဟုတ်ကြောင်း ကိုယ်တော်ရှင်က ကတိတော်ထားခဲ့ပါသည်။”

ကျွန်တော်၏မိဘများသည် ဗိမာန်တော်၌ တံဆိပ်ခတ်ခဲ့ကြသော်လည်း၊ ယခုအခါ ကွာရှင်းလိုက်ကြပါသည်။ ကျွန်တော်သည် မည်သူနှင့် တံဆိပ်ခတ်ခံရပါသနည်း။

သင်သည် “ပဋိညာဉ်၌မွေးဖွားလာသူ”ဖြစ်နိုင်ပါသည် (ဆိုလိုသည်မှာ၊ သင်၏မိဘများ ဗိမာန်တော်၌ တံဆိပ်ခတ်ပြီးနောက် မွေးဖွားလာသူဖြစ်ပါသည်)၊ သို့မဟုတ် သင်၏မိဘများ တစ်ဦးနှင့်တစ်ဦး တံဆိပ်ခတ်ပြီးနောက် သင်သည် သူတို့နှင့် ဗိမာန်တော်၌ တံဆိပ်ခတ်ခဲ့ခြင်း ဖြစ်နိုင်ပါသည်။ အခြေအနေနှစ်ရပ်လုံးတွင်၊ သင်၏မိဘများသည် ကွာရှင်းရန်ရွေးချယ်ပြီး သူတို့၏တံဆိပ်ခတ်ခြင်းကို ပယ်ဖျက်သွားသည့်တိုင် သင်၏ကောင်းချီးများသည် ဆက်လက်တည်မြဲနေပါသည်။

သင့်မိဘများ၏ရွေးချယ်မှုများသည် သင်၏ကောင်းချီးများကို သက်ရောက်မှုမရှိပါ။ အရေးကြီးသောအရာမှာ သင်သည် ဆက်လက်သစ္စာရှိနေပြီး ဗိမာန်တော်၏ကောင်းချီးများကို သင်ကိုယ်တိုင် ရှာဖွေရန်ဖြစ်ပါသည်။ သင့်မိသားစုဆက်ဆံရေးများနှင့်စပ်လျဉ်း၍၊ “ကောင်းကင်ဘုံရှင်အဘသည် သူ သို့မဟုတ် သူမ၏အလိုဆန္ဒများနှင့် ရွေးချယ်မှုများက ခွင့်ပြုသည့် ကောင်းချီးတိုင်းကို လူတိုင်းရရှိရန်သေချာစေမည်ဖြစ်ကြောင်း” သိရှိကာ သင်သည် “ကိုယ်တော်ရှင်ထံ၌ ယုံကြည်ပြီး သူ၏နှစ်သိမ့်မှုကို ရှာဖွေ”သင့်ပါသည်။

မိမိကိုယ်ကို အဆုံးစီရင်သောသူတို့သည် မည်သို့ဖြစ်ပါမည်နည်း။

မိမိကိုယ်ကို အဆုံးစီရင်သောသူတို့ မည်သို့ဖြစ်မည်ဖြစ်ကြောင်း ကျွန်တော်တို့မသိရှိကြပါ၊ (တခြားသူများအားလုံးနည်းတူ၊ နောက်ဆုံးတွင်) ကျွန်တော်တို့သည် သူတို့ကို တရားစီရင်ပိုင်ခွင့်မရှိပါ။ “ချစ်ခင်ရသူများ၊ ခေါင်းဆောင်များနှင့် ကျွမ်းကျင်သူများ၏အကောင်းဆုံးကြိုးပမ်းအားထုတ်မှုများရှိသော်လည်း၊ မိမိကိုယ်ကိုအဆုံးစီရင်ခြင်းကို အမြဲတမ်း တားဆီးမရနိုင်ပါ။

“လူတစ်ယောက်အတွက် သူ သို့မဟုတ် သူမ၏ ကိုယ်ပိုင်အသက်ကို နုတ်ယူခြင်းသည်မမှန်ကန်ပါ။ သို့သော်၊ ဘုရားသခင်သာလျှင် လူတစ်ဦး၏အတွေးများ၊ အပြုအမူများနှင့် တာဝန်ခံမှုအတိုင်းအတာကို တရားစီရင်နိုင်ပါသည် (ရှု ၁ ဓမ္မရာဇဝင် ၁၆:၇ဩဝါဒနှင့်ပဋိညာဉ်များ ၁၃၇:၉)။

“မိမိကိုယ်ကိုအဆုံးစီရင်မှုကြောင့် ချစ်ရသောသူကို ဆုံးရှုံးခဲ့ရသူများသည် ယေရှုခရစ်တော်နှင့်သူ၏အပြစ်ဖြေခြင်းမင်္ဂလာ၌ မျှော်လင့်ခြင်းနှင့်ကုစားခြင်းတို့ကို ရှာတွေ့နိုင်ပါသည်။”

မှတ်စုများ

  1. ရှု ဧသာ ၃:၁၆Teachings of Presidents of the Church: Joseph F. Smith (၁၉၉၈)၊ ၁၃၁–၃၂။

  2. ရှု Teachings of Presidents of the Church: Brigham Young (၁၉၉၇)၊ ၂၇၉။

  3. ရှု သြဝါဒနှင့် ပဋိညာဥ်များ ၁၃၈

  4. ရှု အယ်လ်မာ ၁၁:၄၅

  5. ရှု ရှင်လုကာ ၂၄:၃၉

  6. ရှု အယ်လမာ ၁၁:၄၃

  7. လော်ရန်ဇို စနိုး၊ The Teachings of Lorenzo Snow, ed. ကလိုက်ဒ် ဂျေ၊ ဝီလျံစ် (၁၉၉၆)၊ ၉၉။

  8. ရှု မောရှေ ၁:၃၉

  9. ရှု ဆာလံ ၁၆:၁၁၃ နီဖိုင်း ၂၈:၁၀ဩဝါဒနှင့်ပဋိညာဉ်များ ၇၆:၅၉၊ ၆၂၁၃၀:၂၁၃၂:၁၉–၂၃

  10. ဒယ်လင် အိတ်ချ်၊ အုတ်စ်၊ အောက်၊ ၁၉၉၃ အထွေထွေညီလာခံ (အန်ဇိုင်း၊ နို၊ ၁၉၉၃၊ ၇၅)။

  11. ရှု General Handbook: Serving in The Church of Jesus Christ of Latter-day Saints၃၈၊၄၊၂၊၈ ၊ ဧဝံဂေလိစာကြည့်တိုက်။

  12. အထွေထွေလက်စွဲစာအုပ်၃၈၊၄၊၂၊ ဧဝံဂေလိစာကြည့်တိုက်။

  13. အထွေထွေလက်စွဲစာအုပ်၃၈၊၆၊၂၀ ၊ ဧဝံ‌ဂေလိစာကြည့်တိုက်။