“ယေရှုသင်ယူတိုးတက်၏၊” မိတ်ဆွေ ဇန္နဝါရီ ၂၀၂၁
ကျမ်းစာ ပုံပြင်များ
ယေရှုသင်ယူတိုးတက်၏
ဧပရယ်လ် စတော့၏ သရုပ်ဖော်ပုံများ
ယေရှုကို ကလေးငယ်တစ်ဦးအဖြစ်မွေးဖွားခဲ့ပါတယ်။ ကျွန်တော်လည်း တစ်ချိန်က ကလေးလေးပါပဲ။
မာရိနဲ့ ယောသပ်က ယေရှုကို ကူညီပြုစုစောင့်ရှောက်ခဲ့ပါတယ်။ ကျွန်တော့်ကို ဘယ်သူကူညီစောင့်ရှောက်ခဲ့ပါသလဲ။
ယေရှုဟာ ကျွန်တော်တိုးတက်သလိုမျိုး တိုးတက်ခဲ့ပါတယ်။ သူဟာ ဉာဏ်ပညာမှာ တိုးတက်ခဲ့ပါတယ်။ ဆိုလိုတာကတော့ သူဟာအကြောင်းအရာအသစ်တွေကို သင်ယူခဲ့ပါတယ်။
သူဟာ အရပ်အမောင်းမှာ တိုးတက်ခဲ့ပါတယ်။ ဆိုလိုတာကတော့ သူ့ကိုယ်ခန္ဓာကြီးထွားခဲ့ပါတယ်။
သူဟာ ဘုရားသခင်နဲ့ပတ်သက်လို့ တိုးတက်ခဲ့ပါတယ်။ ဆိုလိုတာကတော့ သူဟာကောင်းကင်ဘုံရှင်အဘအကြောင်းကို သင်ယူခဲ့ပါတယ်။ ဆုတောင်းဖို့ သင်ယူခဲ့ပါတယ်။ ကျမ်းစာတွေကို ဖတ်ခဲ့တယ်။
သူဟာ လူသားနဲ့ ပတ်သက်လို့ တိုးတက်ခဲ့ပါတယ်။ ဆိုလိုတာကတော့ သူဟာ မိတ်ဆွေအသစ်တွေကိုဖွဲ့ခဲ့ပါတယ်။ သူက အခြားသူတွေကို ကြင်နာပါတယ်။ သူ့မိသားစုကို ကူညီခဲ့ပါတယ်။
ကျွန်တော့်စိတ်နဲ့ ကိုယ်ကို တိုးတက်ဖို့ ကျွန်တော်ကူညီနိုင်ပါတယ်။ ကျွန်တော် ဘုရားသခင်အကြောင်းကို သင်ယူနိုင်ပါတယ်။ ကျွန်တော်ဟာ မိတ်ဆွေကောင်းတစ်ယောက်ဖြစ်နိုင်ပါတယ်။ ကျွန်တော်ဟာ ယေရှုတိုးတက်ခဲ့သလိုမျိုး၊ ကောင်းသောနည်းလမ်းတွေနဲ့ တိုးတက်မှာဖြစ်ပါတယ်။
© 2020 by Intellectual Reserve, Inc. All rights reserved. USA တွင်ပုံနှိပ်သည်။ အင်္ဂလိပ်စာခွင့်ပြုချက် ၆/၁၉ ဘာသာပြန် ထောက်ခံချက် ၆/၁၉. Monthly Friend Message, January 2021.၏ ဘာသာပြန် Burmese 17463 256