လူငယ်တို့အတွက် ခွန်အား
ပိုပြီးပျော်ရွှင်ချင်ပါသလား။ ကျေးဇူးတင်ကြည့်ပါ
လူငယ်တို့အတွက်ခွန်အား ဖေဖော်ဝါရီ ၂၀၂၆


လစဉ် လူငယ်တို့အတွက်ခွန်အား အမှာစကား၊ ဖေဖော်ဝါရီ ၂၀၂၆

ပိုပြီးပျော်ရွှင်ချင်ပါသလား။ ကျေးဇူးတင်ကြည့်ပါ

သင်၏ဘဝသည် အပြောင်းအလဲများနှင့် ပြည့်နှက်နေသောအခါ၊ ကျေးဇူးတင်ခြင်းသည် သင့်အား အပြုသဘောဆောင်ခြင်းအပေါ် အာရုံစိုက်စေပြီး မျှော်လင့်ချက်ဆက်လက်ရှိရန် ကူညီပေးနိုင်ပါသည်။

မိုးတိမ်များအောက်ရှိလူနှင့် ငှက်များ၊ လိပ်ပြာများနှင့် ပန်းများ ဝန်းရံနေသောလူ

မက်ဂီ စတီဖင်ဆင်၏ သရုပ်ဖော်ပုံများ

သင်ကျေးဇူးတင်သောအခါထက် ဘယ်သောအခါမှ ပိုမိုပျော်ရွှင်ရမည်မဟုတ်ပါ။”

ခုနစ်ကျိပ်အဖွဲ့မှ အသင်းလူကြီး ဂယ်ရီ ဘီ၊ ဇေဘန်၏ ဤစကားမှ အကြံပြုထားသည့်အတိုင်း၊ သင်မည်မျှကျေးဇူးတင်ကြောင်းသည် သင်မည်မျှပျော်ရွှင်ကြောင်းအပေါ် တိုက်ရိုက်လွှမ်းမိုးမှုရှိပါသည်။ ၎င်းသည် အဓိပ္ပါယ်ရှိပါသည်—သင်ကျေးဇူးတင်သောအခါ၊ သင်သည် အပျက်သဘောဆောင်သောအရာများထက် အပြုသဘောဆောင်သောအရာများကို အာရုံစိုက်နေခြင်းဖြစ်ပါသည်။

သို့တိုင်၊ ဘဝသည် အမြဲတမ်း စီစဉ်ထားသည့်အတိုင်း မဖြစ်ပါ။ မမျှော်လင့်ထားသော အပြောင်းအလဲများသည် သင့်အား ပျော်ရွှင်မှုထက် စိတ်ဖိစီးမှု၊ ဝမ်းနည်းမှု သို့မဟုတ် စိတ်ပျက်အားငယ်မှုကို ပို၍ဖြစ်စေနိုင်ပါသည်။ သို့သော် အခက်အခဲများကြုံတွေ့သောအခါ၊ ကျေးဇူးတင်ခြင်းသည် သင့်အား မျှော်လင့်ချက်ဆက်လက်ရှိရန် ကူညီပေးနိုင်ပါသည်။ ကျေးဇူးတင်စိတ်ကို သင့်ဘဝထဲသို့ ပိုမိုယူဆောင်လာရန် ဤနည်းလမ်းသုံးသွယ်ကို ကြိုးစားကြည့်ပါ။

၁။ ကောင်းသောအရာများကို ရှာဖွေပါ

မကြာခဏဆိုသလို၊ သင်သည် တစ်စုံတစ်ရာ ချို့တဲ့နေသည်ဟုခံစားရသောအခါ ကျေးဇူးတင်စိတ်ရှိဖို့ရန် အခက်ခဲဆုံးဖြစ်နေတတ်ပါသည်။ သို့သော် သင့်မှာ ရှိ သည့်အရာထက် သင့်မှာမရှိသည့်အရာကို အာရုံစိုက်ခြင်းအားဖြင့် သင်သည် မည်သည့်ကောင်းချီးများကို လျစ်လျူရှုမိနိုင်ပါသနည်း။

သင့်ဘဝရှိ ကောင်းသောအရာများကို သင်ရှာဖွေသည့်အခါ၊ အချိန်ကြာလာသည်နှင့်အမျှ ရှာဖွေရန် ပိုမိုလွယ်ကူလာပါလိမ့်မည်။

၂။ ပေးကမ်းသူအား ကျေးဇူးတင်ခြင်းကို ဖော်ပြပါ

သင်၏ကောင်းချီးများကို သင်ရေတွက်သောအခါ၊ ၎င်းတို့မည်သည့်နေရာမှလာကြောင်းကို မမေ့ပါနှင့်။

ကောင်းကင်ဘုံရှင်အဘအား—သူ၏သားတော်ဆုကျေးဇူးအပါအဝင်—သူ၏ဆုကျေးဇူးများအတွက် ကျေးဇူးတင်ခြင်းသည် သူ့အတွက် သင်၏ချစ်ခြင်းမေတ္တာနှင့်သူ၌ယုံကြည်ခြင်းကို နက်ရှိုင်းစေနိုင်ပါသည်။ ပထမဥက္ကဋ္ဌအဖွဲ့၏ဒုတိယအတိုင်ပင်ခံဖြစ်သူ၊ ဥက္ကဋ္ဌ ဒီ၊ တော့ဒ် ခရစ္စတိုဖာဆန် ကလည်း ရှင်းပြခဲ့သည်မှာ၊ “ဘုရားသခင်အားကျေးဇူးတင်မှုကို ခံစားခြင်းနှင့်ဖော်ပြခြင်းက … ဝတ်ပြုကိုးကွယ်ခြင်းကို ဝမ်းမြောက်ဖွယ်ခံစားချက်အသစ်နဲ့ အသက်သွင်းပေးပါတယ်”၊ ၎င်းသည် သင့်ထံသို့ ဝမ်းမြောက်ခြင်းနှင့် ခွန်အားကို ယူဆောင်လာကာ သင်၏သက်သေခံချက်အား ဆက်လက်ခိုင်မာစေရန် ကူညီပေးပါသည်။

၃။ ကောင်းကင်ဘုံရှင်အဘ၏ အစီအစဉ်အပေါ် အာရုံစိုက်ပါ

သိသာထင်ရှားသည်မှာ၊ ကျေးဇူးတင်စိတ်ရှိခြင်းသည် ဘဝ၏ခက်ခဲသောအရာများကို လျစ်လျူရှုခြင်း သို့မဟုတ် အချိန်တိုင်း ပျော်ရွှင်နေခြင်းဟု မဆိုလိုပါ။ ယေရှုခရစ်တော်ပင်လျှင် နာကျင်မှုကို ခံစားခဲ့ပြီး အသိအမှတ်ပြုခဲ့ပါသည် (ရှု အယ်လမာ ၇:၁၁သြဝါဒနှင့်ပဋိညာဉ်များ ၁၉:၁၈–၁၉)။ ဝမ်းနည်းခြင်းသည် သေခြင်းရှိရာဘဝ၏ ပုံမှန်အစိတ်အပိုင်းတစ်ခု ဖြစ်ပါသည်။

သို့သော် မည်သည့်အရာများဖြစ်ပျက်ပါစေ၊ ဘယ်သောအခါမျှ မပြောင်းလဲသောအရာတစ်ခုမှာ၊ ကောင်းကင်ဘုံရှင်အဘ၏ ကရုဏာတော်အစီအစဉ်ဖြစ်ပါသည်။ ဘဝတွင် သင်ကြုံတွေ့ရသော ဝမ်းနည်းခြင်းနှင့် နာကျင်ခြင်းအားလုံးကို ယေရှုခရစ်တော်နှင့် သူ၏အပြစ်ဖြေခြင်းမင်္ဂလာကြောင့် မှန်ကန်စွာ ပြုပြင်ခြင်းခံရပါလိမ့်မည် (ရှု ဗျာဒိတ် ၂၁:၄)။

တမန်တော်တစ်ဆယ့်နှစ်ပါးအဖွဲ့၏ အသင်းလူကြီး ဒီရက်တာ အက်ဖ်၊ ဥဒေါ့ဖ် က ဤသို့ရှင်းပြခဲ့ပါသည်၊ “ဒုက္ခဆင်းရဲရောက်နေတဲ့အချိန်တွေမှာ ကျေးဇူးတင်ခြင်းဆိုတာ ကျွန်တော်တို့ရဲ့ အခြေအနေတွေကို ကျွန်တော်တို့ကျေနပ်နှစ်သက်တယ်လို့ ဆိုလိုပါဘူး။ အဲဒါက အမှန်တော့ ယုံကြည်ခြင်းမျက်စိနဲ့ ကျွန်တော်တို့ရဲ့ မျက်မှောက်ခေတ်စိန်ခေါ်မှုတွေကို ကျော်လွန်ကြည့်ရှုခြင်းကို ဆိုလိုပါတယ်။”