လစဉ် လူငယ်တို့အတွက်ခွန်အား အမှာစကား၊ ဒီဇင်ဘာ ၂၀၂၅
ပထမဆုံးခရစ္စမတ်၌ သိုးထိန်းများအကြောင်းကို ကျွန်ုပ်တို့ ဘာများသိကြပါသနည်း။
သိုးထိန်းများ၊ ဘရိုင်ယန် ခေါလ် မှ
ပထမဆုံးခရစ္စမတ်၌ သိုးထိန်းများအကြောင်း ကျွန်ုပ်တို့ အနည်းငယ် သိကြပါသည်။
သူတို့သည် ဗက်လင်မြို့အနီး၌ ရှိနေခဲ့ကြပါသည်။ သိုးထိန်းတို့သည် ခရစ်တော် ဖွားမြင်ရာ “တိုင်းပြည်အတွင်း၌ပင်” ရှိနေခဲ့ကြပါသည် (လုကာ ၂:၈)။ ထို့နောက် သူတို့သည် ကိုယ်တော်ထိုနေရာ၌ ရှိနေဆဲအချိန်တွင် ဗက်လင်မြို့သို့ ခြေလျင်သွားရောက်နိုင်ခဲ့ကြပါသည် (ရှု လုကာ ၂:၁၅–၁၆)။
သူတို့သည် သူတို့၏တာဝန်ကို ဆောင်ရွက်နေခဲ့ကြပါသည်။ ဤသိုးထိန်းများသည် “ညအခါ တောအရပ်၌ တည်းခိုလျက်၊ မိမိသိုးစုကို စောင့်နေ”ခဲ့ကြပါသည် (လုကာ ၂:၈)။ သူတို့သည် ကယ်တင်ရှင်— ကောင်းသောသိုးထိန်း (ရှု ယောဟန် ၁၀:၁၁၊ ၁၄)ကဲ့သို့၊ ကောင်းမြတ်ပြီး သစ္စာရှိသောသိုးထိန်းများ ဖြစ်ကြပါသည်။
သူတို့သည် မေရှိယအကြောင်း ပရောဖက်ပြုဟောချက်များကို သိခဲ့ကြပါသည်။ သူတို့သည် ကောင်းကင်တမန်က ရှေးကပရောဖက်ပြုခဲ့သည့် မေရှိယ၊ “သခင်ခရစ်တော်” (လုကာ ၂:၁၁) ဖွားမြင်ခြင်းကို ကြေညာသောအခါ မည်သည်ကိုပြောနေကြောင်း သိရှိထားပုံရပါသည်။
သူတို့တွင် ကြီးမားသောစိတ်အားထက်သန်မှု ရှိခဲ့ကြပါသည်။ ကောင်းကင်တမန်က “နွားစားခွက်၌ သိပ်ထားလျက်ရှိသည့် … သူငယ်” (လုကာ ၂:၁၂) အကြောင်းကို သူတို့အားပြောသောအခါ၊ သူတို့သည် ကိုယ်တော့်ကိုတွေ့ရန် “အလျင်အမြန်သွား” (လုကာ ၂:၁၆) ခဲ့ကြပါသည်။
သူတို့သည် သတင်းကောင်းကို ဝေငှခဲ့ကြပါသည်။ သူတို့သည် ခရစ်တော်ဖွားမြင်ခြင်းအကြောင်း ကောင်းကင်တမန်၏သတင်းစကားနှင့်စပ်လျဉ်း၍ သူတို့ကြားခဲ့၊ မြင်ခဲ့သည်ကို “အနှံ့အပြားပြောကြ” ပါသည် (လုကာ ၂:၁၇)။
သူတို့သည် ဘုရားသခင်ကို ကျေးဇူးတင်ပြီး ချီးမွမ်းခဲ့ကြပါသည်။ ဤအရာအားလုံးဖြစ်ပြီးနောက်၊ သူတို့သည် “မိမိတို့အား ပြောနှင့်သည်အတိုင်း ကြားမြင်သမျှသော အကြောင်းအရာကို ထောက်၍၊ ဘုရားသခင်ကို အံ့ဩချီးမွမ်းလျက် ပြန်သွားကြ၏” (လုကာ ၂:၂၀)။
© ၂၀၂၅ by Intellectual Reserve, Inc. All rights reserved. USA တွင်ပုံနှိပ်သည်။ အင်္ဂလိပ်စာခွင့်ပြုချက်၊ ၆/၁၉။ ဘာသာပြန် ခွင့်ပြုချက်၊ ၆/၁၉။ Monthly For the Strength of Youth Message, ဒီဇင်ဘာ ၂၀၂၅ ၏ဘာသာပြန်။ Burmese. 19617 256