လစဉ် လူငယ်တို့အတွက်ခွန်အား အမှာစကား၊ အောက်တိုဘာ ၂၀၂၅
အဘယ့်ကြောင့် ကိုယ်တော်ရှင်၌ အသင်းတော်တစ်ခုရှိသနည်း။
ခရစ်တော်၏အသင်းတော်၏ ရည်ရွယ်ချက်မှာ “တစ်ဦးချင်းနှင့် မိသားစုများသည် ဘုရားသခင်၏ ကယ်တင်ခြင်းနှင့် ချီးမြှောက်ခြင်း အမှုတော်ကို ပြီးပြည့်စုံအောင် ကူညီလုပ်ဆောင်နိုင်စွမ်းရှိစေရန်” ဖြစ်ပါသည်။ ယေရှုခရစ်တော်၏ နောက်ပိုင်းကာလသန့်ရှင်းသူများ အသင်းတော်သည် “[ဘုရားသခင်၏] သားသမီးများအား အမြင့်ဆုံး ဘုန်းအသရေအဆင့်ဖြစ်သည့်၊ ချီးမြှောက်ခြင်း သို့မဟုတ် ထာဝရအသက်အတွက် အရည်အချင်းပြည့်မီစေရန်” ကူညီပေးပါသည်။
“ကယ်တင်ရှင်သည် … သူ၏ရည်ရွယ်ချက်များ ပြီးမြောက်စေရန် [အသင်းတော်]အား တာဝန်ပေးအပ်တော်မူခဲ့သည်—ကိုယ်တော်၏ ဧဝံဂေလိတရားကို ဟောပြောခြင်း၊ ကိုယ်တော်၏ ဘိသိက်မင်္ဂလာများနှင့်ပဋိညာဉ်များကို ဆက်ကပ်ခြင်းနှင့် ကျွန်ုပ်တို့အား ဖြောင့်မတ်စေပြီး သန့်ရှင်းစေရန် ကိုယ်တော်၏တန်ခိုးတော်ထင်ရှားလာစေခြင်းတို့ဖြစ်ပါသည်။”
အသင်းတော်သားများသည် ယဇ်ပုရောဟိတ်အခွင့်အာဏာနှင့် သော့များ၊ ပဋိညာဉ်များနှင့်ဘိသိက်မင်္ဂလာများ၊ ပရောဖက်ပြုလမ်းညွှန်ချက်၊ ကျမ်းစာများနှင့် သန့်ရှင်းသူများ၏ အသိုင်းအဝိုင်းတို့မှတစ်ဆင့် ယေရှုခရစ်တော်၏ တန်ခိုးတော်နှင့် ကောင်းချီးမင်္ဂလာများကို ရယူခွင့်ရရှိကြပါသည်။
အသင်းတော်အားလည်း ပညတ်တော်မူခဲ့ပါသည်၊ “ထ၍တောက်ပစေကြလော့၊ သင်တို့၏အလင်းသည် ပြည်သားတို့အဖို့ အလံဖြစ်စေကြောင်းပေတည်း” (သြဝါဒနှင့်ပဋိညာဉ်များ ၁၁၅:၅)။
အသင်းသားများသည် ဧဝံဂေလိတရားတော်အတိုင်းနေထိုင်ခြင်း၊ လူအပေါင်းတို့အား ဧဝံဂေလိတရားတော်ကို လက်ခံရန် ဖိတ်ခေါ်ခြင်း၊ ထာဝရအတွက် မိသားစုများပေါင်းစည်းခြင်းနှင့် ဆင်းရဲနွမ်းပါးသူများနှင့် လိုအပ်သူများအား ပြုစုစောင့်ရှောက်ခြင်းတို့ဖြင့် “တောက်ပ”ရန် ကြိုးပမ်းကြပါသည်။ ဤအရာသည် ဘုရားသခင်၏ ကယ်တင်ခြင်းနှင့်ချီးမြှောက်ခြင်းအမှုတော်ဖြစ်ပါသည်။
© ၂၀၂၅ by Intellectual Reserve, Inc. All rights reserved. USA တွင်ပုံနှိပ်သည်။ အင်္ဂလိပ်စာခွင့်ပြုချက်၊ ၆/၁၉။ ဘာသာပြန် ခွင့်ပြုချက်၊ ၆/၁၉။ Monthly For the Strength of Youth Message, October 2025 ၏ဘာသာပြန်။ Burmese.19624 256