2025
ကျွန်တော်သည် အမှန်တကယ်နောင်တရကြောင်း နှင့် ခွင့်လွှတ်ခံရကြောင်း မည်ကဲ့သို့သိနိုင်ပါမည်နည်း။
လူငယ်တို့အတွက်ခွန်အား ဇွန် ၂၀၂၅


လစဉ် လူငယ်တို့အတွက်ခွန်အား အမှာစကား၊ ဇွန် ၂၀၂၅

ကျွန်တော်သည် အမှန်တကယ်နောင်တရကြောင်း နှင့် ခွင့်လွှတ်ခံရကြောင်း မည်ကဲ့သို့သိနိုင်ပါမည်နည်း။

ဆုတောင်းနေသောအမျိုးသမီးငယ်

ဂျက်နဲဒီ ပေချ့်၏ ၊ စက်ဝန်းတစ်ပတ်လည်ခြင်း

ကိုယ်တော်ရှင်က မိန့်တော်မူခဲ့ပါသည်၊ “ရှုလော့၊ မိမိအပြစ်များမှ နောင်တရသောသူသည် အပြစ်လွှတ်ခြင်းခံရ၏၊ ငါ၊ ကိုယ်တော်ရှင်သည်လည်း ၎င်းတို့ကို သတိမရတော့။

“ဤသို့အားဖြင့် သင်တို့သည် လူတစ်ဦး မိမိအပြစ်များမှ နောင်တရမရကို သိနိုင်ကြ၏—ရှုလော့၊ သူသည် ၎င်းတို့ကို ဝန်ခံပြီး၊ စွန့်ပစ်လိမ့်မည်” (ဩဝါဒနှင့်ပဋိညာဉ်များ ၅၈:၄၂–၄၃)။

စစ်မှန်သောနောင်တရခြင်းအားဖြင့်၊ ကျွန်ုပ်တို့သည် ခွင့်လွှတ်ခြင်းကို လက်ခံရရှိနိုင်ပါသည်။ “သင်သည် ဝိညာဉ်တော်ထံမှ နှစ်သိမ့်မှုကို ခံစားရသည့်အခါ၊ ကယ်တင်ရှင်၏ အပြစ်ဖြေခြင်းတန်ခိုးတော်သည် သင်ရဲ့အသက်တာ၌ အလုပ်လုပ်ကြောင်း သိရှိနိုင်ပါသည်။“ ပြီးတော့ ကျွန်တော်တို့ အမှားပြန်လုပ်သောအခါ၊ ကျွန်တော်တို့ ထပ်မံနောင်တရနိုင်၊ ခွင့်လွှတ်ခံရနိုင်ပြီး ၊ ဆက်လက်ကြိုးစားနိုင်ပါသည်။

ထပ်လောင်း၍၊ တမန်တော်တစ်ဆယ့်နှစ်ပါးအဖွဲ့မှ အသင်းလူကြီး ဒီရက်တာ အက်ဖ်၊ ဥဒေါ့ဖ်က သင်ကြားခဲ့ပါသည်၊ “စေတန်က ကျွန်တော်တို့ရဲ့အပြစ်တွေကို ခွင့်လွှတ်မခံရဘူးလို့ ယုံကြည်ရအောင်လုပ်ပါလိမ့်မယ် ဘာလို့လဲဆို‌တော့ ကျွန်တော်တို့က အပြစ်တွေကို မှတ်မိနေတာကြောင့်ပါ။ စေတန်က လိမ်ညာသူတစ်ဦးဖြစ်ပါတယ်။… ကျွန်တော်တို့ရဲ့အပြစ်တွေကို ကျွန်တော်တို့ မှတ်မိနေမှာမဟုတ်ဘူးလို့ ဘုရားသခင်က ကတိမပေးခဲ့ပါဘူး။ မှတ်မိနေခြင်းက တူညီတဲ့အမှားတွေကိုထပ်မလုပ်မိအောင် ကျွန်တော်တို့ကို ကူညီပါလိမ့်မယ်။ ဒါပေမယ့် ကျွန်တော်တို့က မှန်ကန်စွာနဲ့ယုံကြည်ခြင်းရှိစွာနေထိုင်မယ်ဆိုရင်၊ ကျွန်တော်တို့ အပြစ်ပြုထားတဲ့ မှတ်ဥာဏ်တွေက အချိန်ကြာလာတာနဲ့အမျှ မှေးမှိန်လာပါလိမ့်မယ်။”

မှတ်စုများ

  1. လူငယ်တို့အတွက်ခွန်အား၊ A Guide for Making Choices (၂၀၂၂)၊၈။

  2. ရှု မောဇိယ ၂၆:၃၀

  3. ဒီရက်တာ အက်ဖ်၊ ဥဒေါ့ဖ် “ဧပြီ၊ ၂၀၀၇ အထွေထွေညီလာခံ” (အင်ဇိုင်း သို့မဟုတ် လီယာဟိုနာ, မေ ၂၀၀၇၊ ၁၀၁)။