2025
ဤလောကတွင် ကျွန်ုပ်တို့နေထိုင်ပြီး မည်သို့ “ဤလောကနှင့် စပ်ဆိုင်သောအရာတို့ကို ပယ်ရှား” နိုင်ပါမည်နည်း။
မတ် ၂၀၂၅


လစဉ် လူငယ်တို့အတွက်ခွန်အား အမှာစကား၊ မတ် ၂၀၂၅

ဤလောကတွင် ကျွန်ုပ်တို့နေထိုင်ပြီး မည်သို့ “ဤလောကနှင့် စပ်ဆိုင်သောအရာတို့ကို ပယ်ရှား” နိုင်ပါမည်နည်း။

ယေရှုခရစ်တော်သည် နီဖိုင်းတပည့်တော်များကို ခန့်ထားခြင်း

သူ​ရွေးကောက်​ထားတော်မူသည့် တပည့်တော်များ၊ ကေစီ ချိုင်းစ် မှ

“သင်သည် ဤလောကနှင့် စပ်ဆိုင်သောအရာတို့ကို ပယ်ရှားလျက်၊ သာ၍ကောင်းသောအရာတို့ကို ရှာရမည်“ (သြဝါဒနှင့်ပဋိညာဥ်များ ၂၅:၁၀)ဟု ကိုယ်တော်ရှင်က မိန့်ခဲ့ပါသည်။ ကျွန်ုပ်တို့၏ ဇာတိပကတိနှင့် ရုပ်ဝတ္ထုလိုအပ်ချက်များကို ကျွန်ုပ်တို့ လျစ်လျူရှုရမည်ဖြစ်ကြောင်း ဆိုလိုသည်မဟုတ်ပါ၊ သို့သော် ကျွန်ုပ်တို့၏ စိတ်နှလုံးများကို ကြွယ်ဝမှု၊ အာဏာ၊ ရာထူး၊ သို့မဟုတ် လောက၏မျက်နှာသာပေးမှုအပေါ် မထားကြောင်း ဆိုလိုပါသည်။ လောကတွင်နေထိုင်ခြင်းနှင့်ပတ်သက်၍ ကျွန်ုပ်တို့ကို သင်ကြားပေးခဲ့သည့် အခြေခံမူဝါဒအချို့မှာ အောက်ပါအတိုင်းဖြစ်ပါသည်။

ဘုရားသခင်၏ နက်နဲသောအရာကိုရှေးဦးစွာထားပါ “ဘုရားသခင်၏ နိုင်ငံတော်နှင့်ဖြောင့်မတ်ခြင်းတရားတော်ကို ရှေ့ဦးစွာရှာကြလော့” (မဿဲ ၆:၃၃)။ ကျွန်ုပ်တို့၏ စိတ်နှလုံးများနှင့် ကျွန်ုပ်တို့၏အသက်တာများတွင် ဘုရားသခင်၏ ပညတ်တော်များနှင့် သူနှင့်ပြုသော ကျွန်ုပ်တို့၏ ပဋိညာဉ်များသည် ကျွန်ုပ်တို့၏ ဦးစားပေးရာဖြစ်ပါသည်။

သင်ယူမှု ရှာဖွေပါ။ “သင့်ပတ်ဝန်းကျင်လောကအကြောင်း သင်ယူသလို ကယ်တင်ရှင်အကြောင်းကိုလည်း သင်ယူပါ။ … သင်ပိုသင်ယူလာလေ ဘုရားသခင်၏နိုင်ငံတော် တည်ထောင်ရာ၌ ပိုကူညီနိုင်ပြီး လောကကို ကောင်းကျိုးအတွက် လွှမ်းမိုးနိုင်လေဖြစ်ပါသည်” For the Strength of Youth: A Guide for Making Choices [၂၀၂၂]၊ ၃၁၊ ၃၂)။

အလုပ်။ “အလုပ်သည် အရေးကြီးသော ဧဝံဂေလိတရားအခြေခံမူဝါဒတစ်ခုဖြစ်ပါသည်။ ၎င်းသည် ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ပေးပြီး ကျွန်ုပ်တို့ကို တိုးတက်စေပါသည်။ … ကိုယ်တော်ရှင်သည် ကျွန်ုပ်တို့၏မိသားစုများကို ကျွန်ုပ်တို့ထောက်ပံ့ပေးစေလိုသည်သာမက ‘ကောင်းမြတ်သောအရာ၌ စိတ်ထက်သန်စွာပါဝင်ကြ’ [သြဝါဒနှင့်ပဋိညာဥ်များ ၅၈:၂၇] စေလိုပါသည်” (“Employment,” Topics and Questions၊ ဧဝံဂေလိစာကြည့်တိုက်)။