မိတ်ဆွေ
ပရောဖက် မောရှေ
မတ် ၂၀၂၆ မိတ်ဆွေ


“ပရောဖက် မောရှေ၊” မိတ်ဆွေ၊ မတ် ၂၀၂၆၊ ၄၆–၄၈။

လစဉ် မိတ်ဆွေ အမှာစကား၊ မတ် ၂၀၂၆

ပရောဖက် မောရှေ

အဲ​ဂု​တ္တုလူတစ်ဦးက ဣသရေလကျွန်တစ်ဦးအား ညှဉ်းပန်းနှိပ်စက်သည်ကို ကြည့်နေသည့် အဲ​ဂုတ္တု အဝတ်အစားဝတ်ဆင်ထားသောမောရှေ

မောရှေသည် ဣသရေလလူမျိုးဖြစ်ပါသည်၊ သို့သော် သူ့ကို အဲ​ဂု​တ္တုပြည်တွင် ဖာရောဘုရင်၏သမီးတော်မှ ပြုစုပျိုးထောင်ပေးခဲ့ပါသည်။ အဲ​ဂု​တ္တုလူတို့သည် ဣသရေလလူတို့အား ရက်စက်ပြီး ၎င်းတို့ကို သူတို့၏ကျွန်များအဖြစ်ခိုင်းစေခဲ့ကြသည်ကို မောရှေက ဝမ်းနည်းခဲ့ပါသည်။

မောရှေသည် ဣသရေလကျွန်တစ်ဦးကို ပုခုံးဖက်ပြီး သူ့ကိုကူညီထောက်မနေပုံ

တစ်နေ့တွင်၊ မောရှေသည် အဲ​ဂု​တ္တုလူတစ်ဦးက ဣသရေလလူတစ်ဦးအား ရိုက်နှက်နေသည်ကို မြင်တွေ့ခဲ့ပါသည်။ မောရှေသည် ဣသရေလလူမျိုးကို ကာကွယ်ပေးခဲ့ပါသည်။

တောထဲတွင် တစ်ယောက်တည်းရှိနေသော မောရှေ

ဖာရောဘုရင်က သိရှိသွားသောအခါ၊ သူသည် မောရှေကို သတ်ချင်ခဲ့ပါသည်၊ သို့သော် မောရှေသည် အဲ​ဂု​တ္တုပြည်မှ ထွက်ပြေးခဲ့ပါသည်။

သူ၏ဇနီးနှင့် ကလေးများနှင့်အတူရှိသောမောရှေ

မောရှေသည် မိ​ဒျန်ဟုခေါ်သောအရပ်သို့ရောက်ရှိလာခဲ့ပြီး၊ ထိုအရပ်တွင် ဇိ​ပေါ​ရအမည်ရှိသော အမျိုးသမီးတစ်ဦးနှင့် ဆုံတွေ့ခဲ့ပါသည်။ သူတို့သည် လက်ထပ်ခဲ့ကြပြီး ကလေးများရရှိခဲ့ပါသည်။

မီးလောင်နေသောချုံထဲက ကိုယ်တော်ရှင်ကိုမြင်သော မောရှေ

မိဒျန်ပြည်တွင်နေထိုင်စဉ်၊ မောရှေသည် မီးလောင်နေသာချုံတစ်ခုကို မြင်ခဲ့ပါသည်၊ သို့သော် မီးသည် ချုံကိုမလောင်ကျွမ်းစေခဲ့ပါ။ ကိုယ်တော်ရှင်သည် မီးထဲမှပေါ်လာခဲ့ပြီး မောရှေကို စကားပြောခဲ့ပါသည်။

မောရှေနှင့်စကားပြောနေသောကိုယ်တော်ရှင်

ကိုယ်တော်ရှင်သည် အဲ​ဂု​တ္တုပြည်တွင် ဣသရေလလူမျိုးများ ဒုက္ခဝေဒနာခံစားနေရသည်ကို သိတော်မူကြောင်း ပြောခဲ့ပါသည်။ ကိုယ်တော်ရှင်သည် မောရှေအား အဲ​ဂု​တ္တုပြည်သို့ ပြန်သွားပြီး ဖာရောဘုရင်အား ဣသရေလလူမျိုးများကို လွှတ်ပေးဖို့ပြောရန် မိန့်တော်မူခဲ့ပါသည်။ ကိုယ်တော်ရှင်က ဣသရေလလူမျိုးများကို လွှတ်ပေးပြီး သူတို့ကို ကတိထားရာပြည်သို့ ဦးဆောင်ရာတွင် မောရှေကိုကူညီမည့်အကြောင်း ပြောခဲ့ပါသည်။

အရောင်ခြယ်စာမျက်နှာ

ကျွန်ုပ်သည် အခြားသူများကို ကြင်နာနိုင်ပါသည်

အရောင်ခြယ်စာမျက်နှာ ပီဒီအက်ဖ်

အော်ဒရီ ‌ဒေး၏ သရုပ်ဖော်ပုံ အသင်းတော်အသုံးပြုရန်အတွက်သာ မိတ္တူကူးနိုင်ပါသည်။

ဤအပတ်တွင် ကြင်နာမှုပြုဖို့ သင်ဘာကို လုပ်ဆောင်နိုင်ပါသနည်း။