“နောဧနှင့်သင်္ဘော၊” မိတ်ဆွေ၊ ဖေဖော်ဝါရီ ၂၀၂၆၊ ၄၆–၄၈။
လစဉ် မိတ်ဆွေ အမှာစကား၊ ဖေဖော်ဝါရီ ၂၀၂၆
နောဧနှင့်သင်္ဘော
နောဧနှင့် သူ၏မိသားစုသည် ကိုယ်တော်ရှင်အား နာခံခဲ့ကြပါသည်။ အခြားလူများအားလုံးသည် အလွန်ဆိုးညစ်ကြပါသည်။ လူတို့သည် နောင်တမရလျှင် ရေလွှမ်းမိုးခြင်းသည် မြေကြီးကို ဖုံးလွှမ်းသွားလိမ့်မည်ဟု ကိုယ်တော်ရှင်က နောဧအား မိန့်တော်မူခဲ့ပါသည်။
ကိုယ်တော်ရှင်သည် သူတို့ကိုချစ်တော်မူပြီး သူတို့အား နောင်တရစေလိုကြောင်းနှင့် ယေရှုခရစ်တော်၌ယုံကြည်စေလိုကြောင်း နောဧသည် လူများအား ဟောပြောခဲ့ပါသည်။ သူတို့သည် နားမထောင်ခဲ့ကြပါ။
ကိုယ်တော်ရှင်သည် သင်္ဘောကြီးတစ်စီးကို တည်ဆောက်ရန် နောဧအား မိန့်တော်မူခဲ့ပါသည်။ ထိုသင်္ဘောသည် ရေလွှမ်းမိုးမှုအတွင်း နောဧ၏မိသားစုကို လုံခြုံစွာထားရှိမည် ဖြစ်ပါသည်။
နောဧ၏မိသားစုသည် သင်္ဘောထဲသို့ အစားအစာများ သယ်ဆောင်လာခဲ့ပါသည်။ ကိုယ်တော်ရှင်သည် နောဧအတွက် သင်္ဘောထဲသို့ထည့်ရန် တိရစ္ဆာန်တစ်မျိုးစီမှ အနည်းဆုံးနှစ်ကောင်စီ စေလွှတ်တော်မူခဲ့ပါသည်။ ထို့နောက် မိုးစတင်ရွာသွန်းခဲ့ပါသည်။
မိုးသည် ရက်ပေါင်း ၄၀ နှင့် ညပေါင်း ၄၀ ကြာ ရွာသွန်းခဲ့ပါသည်။ ကိုယ်တော်ရှင် သတိပေးခဲ့သည့်အတိုင်း၊ ရေလွှမ်းမိုးခြင်းသည် မြေကြီးကို ဖုံးလွှမ်းသွားခဲ့ပါသည်။
နောဧ၏မိသားစုနှင့် သင်္ဘောထဲရှိတိရစ္ဆာန်အားလုံးသည် ရေပေါ်တွင် ဘေးကင်းစွာ မျောပါခဲ့ကြပါသည်။
ရေလွှမ်းမိုးမှု ပြီးဆုံးသောအခါ၊ သင်္ဘောသည် ခြောက်သွေ့သောမြေကြီးပေါ်သို့ ဆိုက်ရောက်ခဲ့ပါသည်။ နောဧနှင့်သူ၏မိသားစုသည် ကိုယ်တော်ရှင်အား သူတို့ကို ကာကွယ်စောင့်ရှောက်တော်မူသည့်အတွက် ကျေးဇူးတင်ခဲ့ကြပါသည်။ ကိုယ်တော်ရှင်သည် မြေကြီးအား နောက်ထပ်ဘယ်တော့မျှ ရေလွှမ်းမိုးမည်မဟုတ်ကြောင်း ကတိပြုတော်မူခဲ့ပါသည်။ ကိုယ်တော်၏ကတိတော်ကို သတိရစေရန် သက်တံတစ်ခုကို စေလွှတ်တော်မူခဲ့ပါသည်။
အရောင်ခြယ်စာမျက်နှာ
ကိုယ်တော်ရှင်၏ပရောဖက်အားလိုက်လျှောက်ခြင်းသည် ကျွန်ုပ်ကို ကောင်းချီးပေးပါလိမ့်မည်
အော်ဒရီဒေး၏သရုပ်ဖော်ပုံ
သင်သည် ပရောဖက်အားလိုက်လျှောက်ရန် မည်သည်ကို လုပ်ဆောင်နိုင်မည်နည်း။
© ၂၀၂၆ by Intellectual Reserve, Inc. All rights reserved. USA တွင်ပုံနှိပ်သည်။ အင်္ဂလိပ်စာခွင့်ပြုချက်၊ ၆/၁၉။ ဘာသာပြန် ခွင့်ပြုချက်၊ ၆/၁၉။ Monthly Friend Message, February 2026 ၏ ဘာသာပြန်။ Burmese. 19927 256