မိတ်ဆွေ
အာဒံနှင့် ဧဝ
ဇန်နဝါရီ ၂၀၂၆ မိတ်ဆွေ


“အာဒံ နှင့် ဧဝ၊”မိတ်ဆွေ၊ဇန်နဝါရီ ၂၀၂၆၊ ၄၆–၄၈။

လစဉ်မိတ်ဆွေ အမှာစကား၊ ဇန်နဝါရီ ၂၀၂၆

အာဒံနှင့်ဧဝ

ဧဒင်ဥယျာဉ်ထဲတွင် တိရစ္ဆာန်များနှင့်အတူရှိနေသော အာဒံနှင့်ဧဝ

အာဒံနှင့် ဧဝသည် ကောင်းကင်ဘုံရှင်အဘ၏ ပထမဆုံးသော သားသမီးများအဖြစ် ဤကမ္ဘာမြေပေါ်တွင် နေထိုင်ခဲ့ကြသူများဖြစ်ပါသည်။ သူတို့သည် ဧဒင်ဥယျာဉ်ထဲတွင် နေထိုင်ခဲ့ကြပါသည်။

အသက်ပင်

ဘုရားသခင်သည် သူတို့အား သစ်ပင်တစ်ပင်၏အသီးမှလွဲ၍ အခြားသစ်ပင်တိုင်း၏ အသီးကို စားခွင့်ပြုတော်မူခဲ့ပါသည်။ ​အကယ်၍ သူတို့သည် အကောင်းနှင့် အဆိုးကို သိကျွမ်းရာအပင်မှ အသီးကိုစားသုံးပါက၊ သူတို့သည် ဥယျာဉ်မှ ထွက်ခွာသွားရမည်ဖြစ်ပြီး၊ နောက်ဆုံးတွင် သေဆုံးကြရမည်ဖြစ်ပါသည်။ သို့ရာတွင် စာတန်သည် သူတို့အား မုသားစကားပြောခဲ့ပါသည်။ သူတို့သည် အသီးကို စားသုံးပါက၊ အကောင်းနှင့် အဆိုးကို ခွဲခြားသိရှိရမည်ဖြစ်သော်လည်း သေဆုံးမည်မဟုတ်ဟု စာတန်က ပြောဆိုခဲ့ပါသည်။

အကောင်းနှင့် အဆိုးကို သိကျွမ်းရာအပင်မှ အသီးကို ခူးယူနေသော ဧဝ

ဧဝသည် အသီးကို စားသုံးရန် ရွေးချယ်ခဲ့ပါသည်။

ဧဝ၏လက်များမှ အာဒံ၏လက်များသို့ အသီးကို ပေးအပ်နေခြင်း

ထို့နောက် သူမသည် အာဒံအား အသီးအချို့ ပေးအပ်ခဲ့ပါသည်။ သူသည်လည်း ၎င်းကိုစားသုံးရန်ရွေးချယ်ခဲ့ပါသည်။

ကောင်းကင်ဘုံရှင်အဘနှင့် ယေရှုခရစ်တော် ပေါ်ထွက်လာသောအခါ ခြုံထဲတွင်ပုန်းအောင်းနေသော အာဒံနှင့်ဧဝ

ဘုရားသခင်နှင့် ယေရှုခရစ်တော်သည် သူတို့ထံ ကြွရောက်လာတော်မူသော်လည်း၊ အာဒံနှင့်ဧဝတို့သည် ကြောက်ရွံ့၍ ပုန်းအောင်းနေခဲ့ကြပါသည်။ ဘုရားသခင်သည် သူတို့အား ထိုအပင်မှ အသီးကို စားသုံးပြီးပြီလားဟု မေးမြန်းတော်မူခဲ့ပါသည်။

သားရေအဝတ်များကို ဝတ်ဆင်ကာ ဧဒင်ဥယျာဉ်မှ ထွက်ခွာသွားနေသော အာဒံနှင့်ဧဝ

အာဒံနှင့်ဧဝတို့က အသီးကို စားသုံးခဲ့ကြောင်း ဝန်ခံခဲ့ကြပါသည်။ ယခုအခါ သူတို့သည် ဧဒင်ဥယျာဉ်မှ ထွက်ခွာသွားရမည်ဖြစ်ပါသည်။ သို့ရာတွင် ဘုရားသခင်သည် သူတို့အတွက် အကြံအစည်တော်တစ်ခု ရှိခဲ့ပါသည်။ ယခုအခါ သူတို့သည် အမှားအမှန်ကို သိနားလည်လာကြပြီး ကလေးသူငယ်များ မွေးဖွားနိုင်ကြပါသည်။

အာဒံနှင့်ဧဝ မိသားစုနှင့်အတူရှိပုံ

အာဒံနှင့်ဧဝတို့သည် ဘုရားသခင်၏ ပညတ်တော်များကို နာခံရန် ကတိပြုခဲ့ကြပါသည်။ သူတို့သည် ဘုရားသခင်၏သားတော်၊ ယေရှုခရစ်တော်အကြောင်းကို ပိုမိုသင်ယူခဲ့ကြပါသည်။ ကိုယ်တော်သည် သူတို့၏မိသားစုအား ဘုရားသခင်ထံသို့ ပြန်လည်ရောက်ရှိစေရန် ကူညီမည်ဖြစ်သောကြောင့် သူတို့သည် ဝမ်းမြောက်ရွှင်လန်းခဲ့ကြပါသည်။

အရောင်ခြယ်စာမျက်နှာ

ယေရှုခရစ်တော်သည် ကမ္ဘာမြေကို ဖန်ဆင်းတော်မူခဲ့သည်

ပီဒီအက်ဖ်စာမျက်နှာ

အော်ဒရီ ဒေး၏ သရုပ်ဖော်ရေးဆွဲပုံ

ယေရှုခရစ်တော် ဖန်ဆင်းတော်မူခဲ့သည့် အရာများအနက်မှ သင့်အကြိုက်ဆုံးများမှာ အဘယ်နည်း။